Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thomas Rosales Jr.
6.4
Need for Speed (2014)
Need For Speed (2014)IMDb - 6.4ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~~~ပြိုင်ကားချစ်သူတို့အကြိုက်တွေ့စေမဲ့ Need for Speed (2014) ဟာ အမေရိကန် လူငယ်အက်ရှင်-ဒရာမာ ဇာတ်ကားဖြစ်ပြီး Need for speed ဗီဒီယိုဂိမ်းတွေကိုအခြေခံရိုက်ကူးထားပါတယ်။အမေရိကန်ရဲ့ နာမည်ကြီးပေ့ဆိုတဲ့ ကားအကောင်းစားတွေကိုမှ CGI နည်းနည်းပဲသုံးထားပြီး တကယ့်ကားစတန့်ပြကွက်တွေ ထည့်သွင်းရိုက်ကူးထားတာကြောင့် Golden Trailer Awards (2014), World Stunt Awards (2015), Teen Choice Awards (2014), BMI Film & TV Awards စတဲ့ဆုတံဆိပ်ပေါင်းများစွာ သိမ်းပိုက်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ နာမည်ကျော် Breaking Bad ထဲမှမင်းသား Aaron Paul က Tobey Marshall အဖြစ်လည်းကောင်း၊ Captain America ထဲကမင်းသား Dominic Cooper က ...
movie
Need for Speed (2014)
7.3
Running Scared (2006)
Paul Walker နဲ့ Conjuring ဇာတ်ကြားတွေနဲ့လူသိများတဲ့ Vera Farmiga တိုရဲ့ အက်ရှင်ကားကောင်းတစ်ကားကို Paul Walker အလွမ်းပြေတင်ဆက်ပေးလိုက်ပါတယ်။ဂျိုဝီဟာ လူမိုက်ဂိုဏ်းတစ်ခုကဖြစ်ပြီး တစ်နေ့မှာ တိုက်ခိုက်လူသတ်မိကြရာ သူတိုသတ်လိုက်တဲ့သူတွေက အကျင့်ပျက်ရဲတွေဖြစ်နေတယ်။ သက်သေဖျောက်ရမယ့်တာ၀န်က ဂျိုဝီရဲ့တာ၀န်ဖြစ်တာမိုလို သေနတ်တွေကို လက်စဖျောက်ဖို ယူလာခဲ့တယ်။လက်စဖျောက်ရမယ့်သေနတ်ကို မဖျောက်ဘဲ သိမ်းထားရာကနေ သေနတ်တစ်လက်ကြောင့် ဂျိုဝီတစ်ယောက် အရူးမီးဝိုင်းရပြီ။ သေနတ်ကို ဘေးအိမ်က ဂျိုဝီ့သားရဲ့သူငယ်ချင်း ရုရှားကောင်လေးကယူသွားခဲ့တယ်။ သူတိုဟာလည်း ရုရှားမာဖီးယားတွေနဲ့ ဆက်စပ်နေလေတော့ ဂျိုဝီတစ်ယောက် ဘယ်လိုမျိုးတွေဖြေရှင်းရမလဲ။ ဇာတ်လမ်းက ၁၈ နာရီအတွင်း ဖြစ်ပျက်တာတွေကို ရိုက်ထားတာဖြစ်ပြီး တစ်ကားလုံး intense ဖြစ်ပါတယ်။ File size…(2.4 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:02:00 Genre... Action, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie
Running Scared (2006)
6.9
Con Air (1997)
Con Air (1997) ****************** IMDb.....6.9 နီကိုးလတ်စ်ကေ့စ်ချ် ရဲ့ ဒီဇာတ်လမ်းကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါရဲ့....စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး (နီကိုးလတ်စ်ကေ့စ်ချ်) ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ အရက်သမားတွေက ကိုယ်ဝန်သည်မိန်းမကို ထိကပါးရိကပါးပြောတာကိုကာကွယ်ရင်း လူသတ်မိသွားပြီးထောင်ကျသွားပါတယ်.. ထောင်နှစ်ရှည်ကျပြီး နောက်ဆုံးမှာတော့Jail Baird ဆိုတဲ့ ထောင်သားရွှေ့ပြောင်းမယ့် လေယာဥ်ကြီးကိုစီးပြီး အိမ်ပြန်ရတော့မှာပါ...ဒါပေမဲ့ လေယာဥ်ပေါ်မှာ အဆိုးတကာ့ အဆိုးဆုံးထောင်သားတွေပါ ပါလာတဲ့အခါမှာတော့...ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုးတစ်ဖြစ်လဲ နီကိုးလတ်စ်ကေ့စ်ချ် ဟာ ကျွန်တော်တို့ရဲ့ ဟီရိုးဖြစ်ခဲ့တယ်....မတော်တဆကြောင့် ထောင်ကျသွားရလို့ မချင့်မရဲ ဖြစ်ခဲ့ရပြီး ထောင်ထဲမှာ ဆံရှည် မုတ်ဆိတ်ကျင်စွယ်ဗရပွနဲ့အေးစက်စက်စကားတွေပြောတတ်တဲ့ ဒီဘဲကြီးကို ဇာတ်လမ်းအစမှ အဆုံးထိ အားပေးခဲ့ရတာတွေပြန်ကြည့်လည်း ဒီအရသာကို ခံစားနေရတုန်းပါပဲ.... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Pyae Moe Han ပဲဖြစ်ပါတယ်) File Size : 3.08GB/ 1.19GB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:၀၀:00 Genre ...
movie
Con Air (1997)
7.7
Ocean’s Eleven (2001)
Ocean's Eleven (2001)IMDb Rating (7.7) / Rotten Tomatoes (83 %)George Clooney ၊ Brad Pitt ၊ Matt Damon ၊Don Cheadle ၊ Bernie Mac ၊ Julia Roberts တို့လိုနာမည်ကြီး မင်းသားမင်းသမီးတွေအပြင် တခြား နာမည်ကျော် သရုပ်ဆောင်များစွာလဲ ပါဝင်ထားလို့ ဒိတ်ဒိတ်ကြဲတွေကို တစ်ချိန်တည်းမြင်တွေ့ရမယ့် ဇာတ်ကားပါ၊ဆုပေါင်း ၄ ဆု ရရှိခဲ့ပြီးတော့ အခြား ၂၀ ဆုအတွက် ဇကာတင် စဉ်းစားခံခဲ့ရပါတယ်။ဒီဇာတ်လမ်းမှာတော့ George Clooney (Dapper Dany Ocean) က ခေါင်းဆောင် နေနဲ့ သရုပ်ဆောင်သွားမှာပါ။Dapper Danny Ocean (George Clooney) သူ့အပေါင်းအပါ ၁၁ ယောက် Las Vegas ...
movie
Ocean’s Eleven (2001)
2001
4K HEVC
7.1
Brother (2000)
Brother (2000)IMDb Rating (7.1) / Rotten Tomatoes (47%) Brother ဆိုတာ တကာရှီ ကီတာနိုရဲ့ ဒါရိုက်တာအဖြစ်နဲ့ ဂျပန်-အမေရိကန် ယာကူဇာဇာတ်ကားတစ်ကားပါ။ယာကူဇာအဖွဲ့ပြိုကွဲပြီးတဲ့အခါ ယမမတိုဆိုတဲ့ ဇာတ်လိုက်က ဂျပန်ကို စွန့်ခွာပြီး လော့စ်အိန်ဂျလိစ်ကို သွားရပါတယ်။အဲဒီမှာ သူ့ညီဖြစ်သူ ကင်ကို ရှာဖွေပြီး မိမိရဲ့အခြေခံကို ပြန်တည်ဆောက်ဖို့ ကြိုးစားပါတော့တယ်။ယမမတိုအနေနဲ့ တကာရှီ ကီတာနိုရဲ့ သရုပ်ဆောင်မှုက တကယ်ကိုအေးဆေးတည်ငြိမ်နေတာနဲ့ ကြမ်းတမ်းမှုတွေကို တစ်ပြိုင်နက်တည်းပေးစွမ်းနိုင်တာ အံ့သြစရာပါပဲ။ဇာတ်လမ်းက မိသားစုတန်ဖိုး၊ သစ္စာရှိမှု၊ ယာကူဇာရဲ့ယဉ်ကျေးမှုတွေအပြင် အကြမ်းဖက်မှုရဲ့ကျိန်စာတွေကိုပါ ထိထိရောက်ရောက် ဖော်ပြထားပါတယ်။ဂျပန်ယာကူဇာယဉ်ကျေးမှုနဲ့ အမေရိကန်လမ်းသရဲဂိုဏ်းတွေ ပေါင်းစပ်မှုကလည်း တမူထူးခြားတဲ့ ပုံစံတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ဇာတ်လမ်းရဲ့အဆုံးသတ်ကတော့ ဝမ်းနည်းစရာဖြစ်စေနိုင်သလို တကယ်တန်ဖိုးရှိတဲ့ သင်ခန်းစာကိုလည်း ပေးစွမ်းနိုင်ပါတယ်။ရိုက်ချက်ကလည်း ရိုးရှင်းပြီး တကာရှီရဲ့ထုံးစံအတိုင်း ဟာသနဲ့ ကြမ်းတမ်းမှုတွေကို သေချာပေါင်းစပ်ထားတာဆိုတော့ ကြည့်ရတာ တကယ်ပျော်ဖိုလည်းကောင်းသလိုအထာလည်းကျပါတယ်။ယာကူဇာဇာတ်ကားတွေကို ကြိုက်တယ်ဆိုရင်တော့ Brother ကို လက်မလွှတ်ဘဲ ကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie
Brother (2000)
2000
8.3
Heat (1995)
HEAT (1995) ****************** IMDb...8.3,,,,Rotten...86 ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၂၀ ခုနှစ်မှာ နေထိုင်တဲ့ခင်ဗျားတို့အမြင်မှာရိုးစင်းလွန်းတယ် ...ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့အဲဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်....ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး ..ဒါပေမဲ့ ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်.... ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ....တစ်ယောက်က ရဲ။... သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. .ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်.....အယ် ဒါပေမဲ့ တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်..တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်... အဲဒီဓားပြက အကွက်ချတာတော်တယ်... ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်းအကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ....လက်အောက်ငယ်သားတွေကိုကြည့်တယ်...ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ...ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ...အရံသရုပ်ဆောင်တွေကလည်း ထိပ်တန်းသရုပ်ဆောင်တွေအတော်များတယ်..ဇာတ်အိမ်ခိုင်သလား ...
movie
Heat (1995)
7.6
Collateral (2004)
Collateral (2004)IMDb Rating (7.5) / Rotten Tomatoes (86 %)နာမည်ကျော် မင်းသားနှစ်လက်ဖြစ်တဲ့ တွမ်ခရုစ်နဲ့ဂျေမီဖောက်စ်တို့ရဲ့ လိုက်ဖက်ညီလှတဲ့ သရုပ်ဆောင်ချက်တွေကို ရင်တစ်ဖိုဖို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Crime/Thriller ရုပ်ရှင်ကားကြီးပါ။ဇာတ်လမ်းကတော့... မိသားစုကို Taxi မောင်းရင်း လုပ်ကျွေးနေတဲ့ Max... ခေါက်ရိုးကျိုးနေ့ရက်တွေကို ဖြတ်သန်းရင်း တစ်နေ့မှာ လူတစ်ယောက်က သူ့ကို ကားငှားလာပါတယ် ... သူ့ကိုကားငှားတဲ့ခရီးသည်ကို နေရာတစ်ခုကိုလိုက်ပို့တယ် ဒါပေမယ့် ခရီးသည်က အဲ့ဒီနေရာမှာပဲသူ့ကိုစောင့်ခိုင်းထားလေတော့ သူစောင့်နေမိတယ်....အဲ့လိုချိန်မှာ မမျှော်လင့်ဘဲ အလောင်းတစ်လောင်းဟာ Max ရဲ့ကားပေါ်ပြုတ်ကျလာတယ်.... သူလိုက်ပို့တဲ့ခရီးသည်ရဲ့လက်ချက်ပါပဲ ... သူ့ကိုငှားတဲ့ခရီးသည် ဟာ သာမန်လူမဟုတ်ဘဲ ကြေးစားလူသတ်သမားဖြစ်နေတယ်...မျက်မြင်သက်သေဖြစ်သွားတဲ့ Taxi သမား Max နဲ့ ကြေးစားလူသတ်သမားတို့ကြား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ.....။ File size…(7.7 GB)/ (1.7 GB )/(980 MB) Quality…BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Trasnlated by ...
movie
Collateral (2004)
2004
4K HEVC
5.1
Stealing Harvard (2002)
Stealing Harvard (2002) ကြမ်းကျွံသော်နုတ်ရ စကားကျွံသော်နုတ်မရဆိုတဲ့အတိုင်းပဲ ဂျွန်တစ်ယောက် သူ့ရဲ့တူမလေးကို ရုတ်တရက်ပြောမိတဲ့စကားကြောင့်သူ့ရဲ့သာမန်လက်လုပ်လက်စားဘဝကနေ လတော်တော်ကြာစကားမပြောဖြစ်တဲ့ သူ့ရဲ့အချစ်တော် သူငယ်ချင်းဒက်ဖ်နဲ့ပြန်ပေါင်းထုပ်မိပြီး တစ်လွဲတွေစတင်လာပါတော့တယ်။Comedy Movieဖြစ်လို့ jokesတွေက မပေါ့တဲ့အပြင် plot twistတွေကလည်းမိုက်တဲ့အတွက်ကြောင့်Underrated ဖြစ်သော်ငြားလည်း ကြည့်ပျော်တယ်လို့ ပြောလို့ရတဲ့အတွက်ကြောင့် တစ်ခါလောက်တော့tryကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။)File size…(2.1 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy, Crime, Drama Duration….01:25:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Myat Noe Yamone
movie
Stealing Harvard (2002)
2002
7
The Guardian (2006)
The Guardian(2006)IMDb...7.0ကယ်ဆယ်ရေး ရေကူးသမားသမိုင်းတစ်လျောက်မှာ ထင်ရှားတဲ့ ဘန် ရန်ဒဲလ် ဟာကယ်ဆယ်ရေးအလုပ်ကိုအလွန်ခုံမင်ပြီး ရာထူးတိုးမယူဘဲ ပင်လယ်မှာ စွန့်စားရတာကိုပဲ အထူးနှစ်သက်သူတစ်ယောက်ပါ...လှိုင်းတံပိုးကြားမှာ သေမင်းနဲ့လက်တစ်ကမ်းအလိုရောက်နေတဲ့ ဒုက္ခသည်ကိုကယ်ရတာလည်းမလွယ်လှပါဘူး...ပုံမှန်စိတ်ပျောက်ဆုံးနေတတ်တဲ့အပြင် သဘာဝဘေးအန္တရယ်ကလည်း မျှော်လင့်မထားတဲ့နည်းမျိုးစုံကြုံတွေ့နိုင်တာကြောင့်ဘန် တို့အဖွဲ့အတွက် အတော်ခက်ခဲတဲ့အလုပ်ပါပဲ...သူဟာဒီကယ်ရေးအလုပ်ကို အချိန်ပေးလွန်းလို့ချစ်ဇနီးနဲ့တောင်ကွာရှင်း၇တဲ့အနေအထားရောက်ခဲ့ပါတယ်..တစ်နေတော့ ညဘက် သဘေ်ာတစ်စီးဒုက္ခရောက်တာကို အရေးပေါ်ကယ်ဆယ်ဖို့အကြောင်းဖန်လာတယ်...ဒီကယ်ဆယ်ရေးလုပ်တဲ့အချိန်မှာ ဒုက္ခသယ်တစ်ယောက်ကိုမကယ်နိုင်တဲ့အပြင်ရဟတ်ယာဉ်နဲ့ သူကလွဲလို့ကျန်တဲ့သူတွေ အသက်ဆုံးရှုံးသွားတယ်...ဒီဖြစ်ရပ်ဆိုးပြီးတဲ့နောက်မှာတော့ ဘန်အတွက်အပြောင်းအလဲတွေအများကြီးဖြစ်ပါတော့တယ်...ဒီဇာတ်ကားဟာ မင်းသားကြီး Kevin Costner ဉီးဆောင်ထားပြီး Ashton Kutcher နဲ့ အခြားနာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပါတယ်...ဆုကြီးတစ်ဆုရရှိခဲ့သလို အခြားဆု(၄)ဆုအတွက်လည်းဆန်ကာတင်စာရင်းဝင်ခဲ့တယ်...အစမှ အဆုံးထိ တော်တော်ကြီးကိုကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါ..ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်… File Size : 5.17GB / 1.85GB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:20:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard ...
movie
The Guardian (2006)
6.4
Once Upon a Time in Mexico (2003)
ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ ဟုတ်ပါတယ်....အဲ့ဒီရုပ်ရှင်တွေကတော့... Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။ ၃ ကားလုံးကို ...
movie
Once Upon a Time in Mexico (2003)
2003
5.8
The Green Hornet (2011)
The Green Hornet (2011)နာမည်ကျော်ဟာသမင်းသား seth rogen အော်စကာဆုပိုင်ရှင် သရုပ်ဆောင်ဆရာကြီး Christoph Waltz , တရုတ် ကိုရီးယား အမေရိကန် ဂျပန် ကားမျိုးစုံကို ရိုက်ခဲ့တဲ့ ထိုင်ဝမ်အဆိုတော် မင်းသားJay Chou တစ်ခေတ်တစ်ခါက အလှနတ်ဘုရားမဖြစ်ခဲ့ဖူးတဲ့ Cameron Diaz ဒီလိုနာမည်ကြီးတွေ အစုံပါတဲ့အပြင် seth rogenရဲ့ ဘော်ဒါ ဂျိန်းဖရန်ကိုကလည်း ဧည့်သည်အဖြစ်သရုပ်ဆောင်ပေးထားသေးတယ်။ဒီဇာတ်လမ်းကတော့ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက နာမည်ကြီးခဲ့ဖူးတဲ့ စူပါဟီးရိုးရုပ်ရှင်ပဲဆိုတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါ။ ချမ်းသာတဲ့ သတင်းစာတိုက်ပိုင်ရှင်ရဲ့သားနဲ့ သိုင်းလည်းတော် တီထွင်တာလည်းတော်တဲ့ တရုတ်ကလေးတစ်ကောင်ပေါင်းပြီး မြို့ကြီးကို ကယ်တင်ဖို့ ဘတ်မန်းလိုလို စူပါဟီးရိုးထလုပ်တဲ့ ဇာတ်လမ်းပါပဲ။ ထူးတာက ဒီကားက စူပါဟီးရိုးဇာတ်ဖြစ်ပေမဲ့ ရိုက်တဲ့ဒါရိုက်တာက Michel Gondryပါ။ Eternal Sunshine of the Spotless Mindရဲ့ ဒါရိုက်တာပေါ့။ ကြည့်ဖူးရင်လည်း အမှတ်တရပြန်ကြည့်ဖို့ကောင်းသလို ...
movie
The Green Hornet (2011)
7.9
Bound by Honor (aka) Blood In, Blood Out (1993)
ဒီရုပ်ရှင်ကတော့ ၁၉၉၃ ခုနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်အမျိုးအစားက Crime/Thriller ဆိုပေမယ့်လည်း Drama ပါရောနေတဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး Runtime ကလည်း ၃ နာရီတောင်ကြာတာမလို့ အတော်လေးကိုကြည့်ရတာအရသာရှိမယ့် ရုပ်ရှင် ဖြစ်ပါတယ်။ မက္ကစီကိုဂိုဏ်းတွေအကြောင်းစိတ်ဝင်စားတဲ့လူတွေ မက္ကစီကိုပုံစံ အင်္ဂလိပ်လိုစကားပြောတာတွေကိုကြိုက်နှစ်သက်သူတွေအဖို့ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အတော်လေးကိုစွဲမက်ဖွယ်ကောင်းပြီးအတော်လေးလည်းကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ဇာတ်ညွှန်း:မစ်ကလို ပါကိုနဲ့ ခရုဇ်ဇီတိုတို့သုံးယောက်ဟာ ညီအကိုဝမ်းကွဲတွေဖြစ်သလိုအရမ်းလည်းချစ်ကြတဲ့ လူသုံးယောက်ဖြစ်ပါတယ်။ ခရုဇ်ဇီတိုက ပါရမီပါတဲ့ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး ပါကိုကတော့အကြမ်းပတမ်းလမ်းဘေးဂိုဏ်းကလူတစ်ယောက်ဖြစ်ပါတယ်။ မစ်ကလိုကတော့သုံးယောက်ထဲမှာအငယ်ဆုံးနဲ့ ဘာမှမသိသေးတဲ့လူတစ်ယောက်ဖြစ်ပြီး သူဟာ အမေရိကန်မှာဖွားတဲ့လူဖြူမက္ကစီကိုဖြစ်နေပါတယ်။ ဒါပေမယ့်ဘဝဆိုတာဘယ်လိုမှထင်မထားသလိုဖြစ်တတ်တယ်ဆိုတာ အကုန်သိကြမယ်ထင်ပါတယ်။ခရုဇ်ဇီတိုဟာဆေးစွဲပြီးအမှားကြီးတစ်ခုကိုကျူးလွန်မိတယ်။ သူ့ရဲ့ပါရမီပန်းချီပညာကလည်းဆေးနောက်ကိုပါသွားတယ်။ သူလုပ်ခဲ့တဲ့အမှားကအရိပ်မည်းကြီးလိုနောက်ကနေထပ်ကြပ်မကွာလိုက်နေပါတော့တယ်။ပါကိုကတော့ လမ်းဘေးမှာပေတေနေတဲ့ကောင်လေးကနေပြီး မူးယစ်ရဲအရာရှိတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။မစ်ကလိုကတော့ကံဆိုးစွာနဲ့ ထောင်ထဲရောက်သွားခဲ့ပါတယ်။ ကံကြမ္မာဇာတ်ဆရာကသူတို့သုံးယောက်ကိုမထင်မှတ်ထားလောက်အောင်ကြိုးဆွဲခဲ့ပါတယ်။မစ်ကလိုတစ်ယောက်ထောင်ထဲရောက်ပြီး ထောင်ထဲမှာ ဂိုဏ်းတွေနဲ့တွေ့ခဲ့ပြီးအရှုပ်တော်ပုံထဲရောက်သွားခဲ့ပါတယ်။ အတော်လေးကိုဆွဲမက်ဖွယ်ကောင်းတဲ့ရုပ်ရှပ်ရှင်မလို့လက်လွှတ်မခံသင့်တာတော့အမှန်ပါပဲ။ File size…(4.8 GB)/(2.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….03:00:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LuciferMaximoff
movie
Bound by Honor (aka) Blood In, Blood Out (1993)
6.1
(18+) Vampires (1998)
ဒါရိုက်တာ John Carpenter ရိုက်ကူးထားတဲ့ 1998 ခုနှစ်ထွက် သွေးစုပ်ဖုတ်ကောင် ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ပုံမှန်ဆိုရင် သွေးစုပ်ဖုတ်ကောင်တွေကို ကြက်သွန်ဖြူကြောက်ပြီး လင်းနို့အဖြစ်လည်းပြောင်းနိုင်တဲ့အပြင် လက်ဝါးကပ်တိုင်ကိုကြောက်တဲ့ မကောင်းဆိုးဝါးတွေအဖြစ် ဖန်တီးပုံဖော်ကြပေမဲ့ ဒီရုပ်ရှင်ရဲ့ သွေးစုပ်ဖုတ်ကောင်တွေကတော့ နေရောင်ခြည်နဲ့ သစ်သားချောင်း နှလုံးထဲထိုးစိုက်ခံရမှာကိုပဲ ကြောက်ကြပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ - ဂျက်ခ် ခရိုး ဦးဆောင်တဲ့ သွေးစုပ်ဖုတ်ကောင်အမဲလိုက်အဖွဲ့ဟာ သွေးစုပ်ဖုတ်ကောင်အသိုက်တစ်ခုကိုဝင်ရှင်းရင်း ကျေးကျွန်တွေအကုန် ရှင်းလိုက်နိုင်ပေမဲ့ သခင်ဖြစ်တဲ့ သွေးစုပ်ဖုတ်ကောင်ကိုတော့ ရှာမတွေ့ခဲ့ပါဘူး။ အဲဒီနေ့ ည သူတို့တည်းနေတဲ့ မိုတယ်မှာ အောင်ပွဲခံနေတုန်းမှာပဲ သူတို့ရှာမတွေ့ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင် သခင်တိုက်ခိုက်တာခံလိုက်ရလို့ တစ်ဖွဲ့လုံးအသတ်ခံလိုက်ရပြီး ဂျက်ခ်နဲ့ သူ့ရဲ့တွဲဖက် မွန်တိုယာပဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ဂျက်ခ်လည်း သူနဲ့တွေ့ဖို့ ဗာတီကန်ကနေ လွှတ်လိုက်တဲ့ ကာဒီနယ် အယ်ဘာနဲ့တွေ့ပြီး သူ့အဖွဲ့တစ်ဖွဲ့လုံးကို သတ်သွားတဲ့ သွေးစုပ်ဖုတ်ကောင်က ယန် ဗဲလက်ခ်လို့ခေါ်တဲ့အပြင် ပထမဆုံးသွေးစုပ်ဖုတ်ကောင်ဖြစ်နေတာကိုပါ သိလိုက်ရတဲ့အခါမှာတော့ ဒီဗဲလက်ခ်ဆိုတဲ့ သွေးစုပ်ဖုတ်ကောင်သခင်က ဘာလို့ဒီလောက် စွမ်းအားကြီးနေရတာလဲ၊ သူ့ရဲ့ရည်ရွယ်ချက်အစစ်ကတော့ ...
movie
(18+) Vampires (1998)
Commando (1985)
တောင်းဆိုနေကြတဲ့ အာနိုးကား တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၈၅ ခုနှစ်က Commando ဆိုတဲ့ဇာတ်ကားပါ။ သူရဲကောင်းဝါဒနဲ့ မင်းသားအသားပေးရိုက်ချက်တွေ ခေတ်စားတဲ့ကာလက ဇာတ်ကားဆိုတော့ မင်းသားက လေးလုံးပြူးလောင်ချာကြီးထမ်းပြီး လူအယောက် ၂၀ လောက် ဝိုင်းပစ်နေတဲ့ကြားကနေ ကားကားကြီးထရပ်ပြီး လမ်းလျှောက်နေတာမျိုးပေါ့။ဇာတ်လမ်းအကျဉ်းကတော့အာဏာရူး သမ္မတရူးတစ်ယောက်က သမ္မတလုပ်ချင်တာနဲ့ပဲ အမေရိကန်ကို လာပါသတဲ့။ သူ့ရဲ့နိုင်ငံက ဇာတ်လမ်းထဲမှာပဲရှိတယ်။ ဘာတဲ့ ဗော်လ် ဗယ်ရ်ဒေး ဆိုလားပဲ။ အဲဒီနိုင်ငံက သမ္မတကို လုပ်ကြံဖို့ မင်းသားဆီ လာအပူကပ်တာပေါ့လေ။ သတ်ပေးပါနော် ကိုကို လို့ အပူကပ်တာမဟုတ်ဘူးနော်။ မင်းရဲ့ သမီးကို ငါတို့ဖမ်းထားတယ်။ သူ့ကို မသေစေချင်ရင် လက်ရှိသမ္မတကို လုပ်ကြံပြီး ငါ့ကို သမ္မတမြောက်ပေး ဘာညာပေါ့ဗျာ။ကျွန်တော်တို့ အာနိုးကြီးက ဂဂျိုးဂဂျောင်ကောင်မှ မဟုတ်ဘဲဗျာ။ သူ့သမီးကို ဖမ်းသွားတဲ့သူတွေ သေခြင်းဆိုးနဲ့သေအောင် လိုက်သတ်တာများ စူပါမန်းထက်မိုက်တယ်။ သိတဲ့အတိုင်းပဲ။ တုတ်ပြီးဓားပြီး သေနတ်ပြီးတဲ့ ကာနယ်ကြီး ...
movie
Commando (1985)
6.1
Universal Soldier (1992)
90 ခုနှစ်တွေက ထွက်ရှိခဲ့တဲ့ ဗန်ဒိန်းရဲ့ Universal Soldier ဇာတ်ကားတွေကို ကြည့်ဖူးကြမှာပါ။၁၉၉၂ မှာထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားက Universal Soldier ရုပ်ရှင်တွေရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်ပြီး Action/Sci-fi အမျိုးအစားဖြစ်ပါတယ်။ ဗန်ဒိန်းရဲ့နာမည်ကျော်ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပြီး ငွေကြေးအရလည်းအောင်မြင်မှုရရှိခဲ့ပါတယ်။ ရုရှားအာနိုးလို့လူသိများတဲ့ Dolf Lundgren ကလည်း ဗီလိန်အဖြစ်အပြိုင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဗီယက်နမ်စစ်ပွဲအတွင်းမှာ Luc (ဗန်ဒိန်း) နဲ့ ဆာဂျင် Andrew Scott တို့အချင်းများပြီးပစ်ခတ်ကြရာကနေ နှစ်ယောက်လုံးသေဆုံးသွားကြပါတယ်။ သူတို့အလောင်းတွေကို အမေရိကန်အစိုးရက ပြန်အသက်သွင်းပြီး မှတ်ဉာဏ်တွေဖျက်သိမ်းကာ Unisol စစ်သည်တွေအဖြစ် ဖန်တီးခဲ့ပါတယ်။ တစ်နေ့မှာတော့ Luc တစ်ယောက်တာဝန်ထမ်းဆောင်နေချိန်မှာ မှတ်ဉာဏ်ဟောင်းတွေကို သတိရလာပြီး သတင်းထောက်မလေး Veronica Robert နဲ့အတူထွက်ပြေးပါတယ်။ Luc ရဲ့ရန်သူဖြစ်တဲ့ ဆာဂျင် Andrew Scott ကလည်း Luc လိုပဲ မှတ်ဉာဏ်တွေပြန်ရရှိပြီး အထိန်းအကွပ်မဲ့သွားပါတယ်။ Luc ကိုသတ်ဖြတ်ဖို့ ဆုံးဖြတ်ထားတဲ့ ...
movie
Universal Soldier (1992)
6.4
Unknown (2006)
Unknown 2006 (IMDB 6.4/10)Thriller ကားကောင်းတွေ ကြိုက်နှစ်သက်တဲ့ CM ပရိသတ်တွေအတွက် ဇာတ်လမ်းတစ်ခုလုံးဘာဖြစ်နေမှန်း သေချာမသိရဘဲ အဆုံးသတ်မှ အထုပ်ဖြေပြတဲ့ The Usual Suspects တို့ Seven တို့လို အထာနဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်ဟိုကားတွေလို rating တွေပျံလန်နေပြီး မာစတာပိစ်တွေ မဟုတ်ပေမဲ့ သူ့တန်းသူ့ဘောင်နဲ့တော့ plot twist ဘာညာကတော့ ဟာဟင်ဖြစ်လောက်စရာပါပဲဇာတ်လမ်းအကျဉ်းကတော့ ဂိုဒေါင်တစ်ခုထဲမှာ လူငါးယောက်က သတိမေ့နေရာကနေ ရှေ့ဆင့်နောက်ဆင့်နိုးလာပြီးတော့အတိတ်ပါမေ့နေပါတယ် သူတို့ထဲက တစ်ယောက်ကတော့ သေနတ်နဲ့ဖြစ်ပြီး ကျန်တဲ့သူတွေက အဖမ်းခံထားရသူတွေရော ဒဏ်ရာရထားသူတွေရော စုံနေတာပါပဲ ဂိုဒေါင်ကြီးကလဲ အလုံပိတ် အားလုံးကလဲ ကိုယ့်ကိုယ်ကိုဘာဖြစ်နေမှန်း မမှတ်မိတဲ့အခါမှာ အစအဆုံး ပရိသတ်ကိုယ်တိုင်ပဲ အဖြေရှာကြည့်လိုက်ပါလို့….. ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Mystery Quality…. 1080p | 720p File size… 1.2GB | 557MB Format… mp4 Duration…. ...
movie
Unknown (2006)
2006
7.6
Dawn of the Planet of the Apes (2014)
Dawn of the Planet of the Apes (2014) IMDb - 7.6/10_____Rotten - 90% ဒီဇာတ်ကား အကြောင်းမပြောခင်မှာ Planet of the Apes အကြောင်း နည်းနည်းပြောပြချင်ပါတယ်။ Planet of the Apes ဇာတ်လမ်းတွေက ၁၉၆၈ ထဲက စတင် ရိုက်ကူးခဲ့တာဖြစ်ပြီး၊ Planet of the Apes (February 8, 1968), Beneath the Planet of the Apes (May 27, 1970), Escape from the Planet of the Apes (May 21, 1971), Conquest of the Planet of the Apes (June 29, 1972), Battle for ...
movie
Dawn of the Planet of the Apes (2014)
2014
4K HEVC
Last Action Hero (1993)
IMDB 6.4/10 ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားကြီးအာနိုးလို့ချစ်စနိုးခေါ်ကြတဲ့ Arnold Schwarzeneggerရဲ့ ၁၉၉၃ ခုနှစ်က Action/Fantacy/Comedy ကားလေးပဲဖြစ်ပါတယ်.. တကယ်လို့ ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့ဟီးရိုးရဲ့ရုပ်ရှင်ကားထဲ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့မယ်ဆိုရင်.. ဇာတ်လမ်းအကျဉ်း ဒန်နီမက်တီဂန်ဆိုတဲ့ ကောင်လေးက ဂျက်စလေ့တာဆိုတဲ့ ဟီးရိုးဇာတ်ကောင်ကို အလွန်အမင်း ကြိုက်နှစ်သက်ပြီး အရူးအမူးဖြစ်သူပါ.. တစ်နေ့မှာတော့ သူသွားကြည့်နေကျ ရုပ်ရှင်ရုံက နစ်ခ်ဆိုတဲ့ ရုံပိုင်ကြီးက သူ့ကို မှော်ဆန်တဲ့လက်မှတ်တစ်စောင်ပေးခဲ့ပါတယ်.. ဒီလိုနဲ့ မက်ဒီဂန်လေးတစ်ယောက် ဘုမသိဘမသိနဲ့ ဂျက်စလေ့တာရဲ့ အသစ်ထွက်ရုပ်ရှင်ထဲ မှော်လက်မှတ်တစ်စောင်ကို အရင်းပြုပြီး ရောက်ရှိသွားတော့တာပေါ့.. ဂျက်ရဲ့စွန့်စားခန်းတွေထဲ မျောပါသွားတဲ့ မက်ဒီဂန့်ဆီက မှော်လက်မှတ်က ကံမကောင်းစွာနဲ့ ဗီလိန်ဖြစ်တဲ့ ဘန်နက်ဒစ်တ်လက်ထဲ ရောက်ရှိသွားပြီး ဘန်နက်ဒစ်တ်က မှော်လက်မှတ်ရဲ့အသုံးဝင်ပုံကို သိရှိသွားချိန်မှာတော့.. ဟိုဘက်ကမ္ဘာနဲ့ ဒီဘက်ကမ္ဘာကို ကူးရင်း..ရုပ်ရှင်တွေထဲ ကူးရင်း.. ဗီလိန်ဇာတ်ကောင်တွေကို ခေါ်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်.. မက်ဒီဂန်နဲ့ ဂျက်တို့က ဘန်နက်ဒစ်တ်ကို ဘယ်လိုတားဆီးဖို့ကြိုးပမ်းကြမလဲ.. ...
movie
Last Action Hero (1993)
Blue Thunder (1983)
၁၉၈၃ခုနှစ် မေလ၁၃ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ Blue thunder ဟာဆိုရင် action thirller ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ၁၉၇၅ နဲ့ ၁၉၇၈ ခုနှစ်တို့မှာ ထွက်ရှိခဲ့တဲ့ Jaws , Jaws2 စတဲ့ရုပ်ရှင်တွေနဲ့ နာမည်ကြီးတဲ့ မင်းသား Roy Scheiderမှ Frank Murphy နေရာမှ ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် home alone ဇာတ်ကားတွေထဲက သူခိုးအဖြစ်နာမည်ကြီး သွား Daniel Stern က richard lymangoodaနေရာမှ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းရဲ့ အသွားကတော့ ဖရန့်ခ်မာဖီဆိုတဲ့ ရဲရင့်တဲ့ လော့စ်အိန်ဂျယ်လိစ် ရဲအရာရှိက အသစ်ရောက်ရှိလာတဲ့ blue thunder အမည်ရှိတဲ့ အဆင့်မြင့် နည်းပညာတွေတပ်ဆင်ထားတဲ့ တိုက်ခိုက်ရေးသုံး ဟယ်လီကော်ပတာ တစ်စီးကို စမ်းသပ်ဖို့ရွေးချယ်ခံခဲ့ရပါတယ်တယ်။ဒါပေမယ့် သူနဲ့ သူပါတနာက ဟာ Blue thunder ကိုပျံသန်းနေစဥ်မှာပဲ အစိုးရက ...
movie
Blue Thunder (1983)
The Replacement Killers (1998)
ဇာတ်လမ်းအကျဥ်းလေးကတော့ မူးယစ်မှောင်ခိုဂိုဏ်းခေါင်းဆောင် တာရန့်စ်ဝေရဲ့ သားဖြစ်သူဟာ ရဲတစ်ယောက်ကြောင့် အသတ်ခံခဲ့ရတယ်။ တာရန့်စ်ဝေက ရဲကို လက်စားချေဖို့အတွက် ဂျွန်လီ့ကို တာဝန်ပေးခဲ့တယ်။ ဂျွန်လီဆိုတာကတော့ တာရန့်စ်ဝေ ခိုင်းတဲ့ မစ်ရှင်၃ခုကို ဆောင်ရွက်ပေးဖို့အကြွေးရှိတဲ့သူပေါ့။ပထမမစ်ရှင်နှစ်ခုကို အဆင်ပြေပြေလုပ်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမစ်ရှင်ကို ဂျွန်လီတစ်ယောက် မလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးမစ်ရှင်ဆိုတာကလည်း ရဲရဲ့၇နှစ်အရွယ်သားလေးကို ရဲရဲ့လက်ထဲမှာပဲသတ်ဖို့ပါ။ ဟုတ်ပါတယ် တာရန့်စ်ဝေက အဲလောက်ထိရက်စက်တာပါ။ သားသမီးကို ဆုံးရှုံးရတဲ့နာကျင်မှုကို ရဲကို ထပ်တူနာကျင်စေချင်တာပါ။ ရဲနဲ့ သူ့ရဲ့သားလေးအတူရှိနေတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေက သူတို့အတွက် ဘေးကင်းပါတယ်။မစ်ရှင်မအောင်မြင်တဲ့အချိန်ကနေစပြီး ဂျွန်လီက တာရန့်စ်ဝေရဲ့ပစ်မှတ်ဖြစ်သွားတော့တာပါပဲ။ တာရန့်စ်ဝေက ဂျွန်လီရဲ့မစ်ရှင်ကို အပြီးသတ်ဖို့ အစားထိုးလူသတ်သမားတွေကို ထပ်ဌားခဲ့ပြီး အဲဒီလူသတ်သမားတွေကပဲ ဂျွန်လီ့အပြင် ရဲရဲ့သားလေးကိုသတ်ပေးရမှာပါ။ ဂျွန်လီ့ရဲ့စကေးနဲ့ဆိုရင် အသာလေး လွတ်မြောက်နိုင်ပေမဲ့ မိသားစုကို ကာကွယ်ဖို့နဲ့ ရဲရဲ့သားလေးကို ကာကွယ်ဖို့ဆိုတဲ့ ရွေးချယ်မှုကြုံလာတဲ့အခါ ဂျွန်လီ့အနေနဲ့ မဆိုင်တဲ့သူကို လျစ်လျူရှုထားနိုင်မလား အပြစ်မဲ့တဲ့သူတွေကို ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါပြီနော်။File size…(2.4 ...
movie
The Replacement Killers (1998)
1
2
Next