Channel Myanmar

Terry O'Neill

Entrapment (1999)
Entrapment (1999) Entrapment ကတော့ မင်းသားကြီး Sean Connery ရဲ့ ၁၉၉၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ thriller, crime အမျိုးအစား ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အာမခံကုမ္ပဏီအေးဂျန့် ဗာဂျီးနီးယား ဘာကာဆိုတဲ့အမျိုးသမီးငယ်လေးဟာ အခိုးခံလိုက်ရတဲ့နာမည်ကျော် တန်ဖိုးကြီးပန်းချီကားအမှုကိုစုံစမ်းနေရင်း သံသယဖြစ်စရာတရားခံကဟာ ဂန္တဝင်သူခိုးကြီးတစ်ဦးဖြစ်ကြောင်း သိလိုက်ရပြီးနောက် သူမအနေနဲ့ ဒီပန်းချီကားကိုပြန်ရဖို့ ဘယ်လိုတွေအကွက်ချစီစဉ်ပြီး သူခိုးကြီးအနားကိုရောက်သွားမလဲဆိုတာကို ဇာတ်အိမ်တည်ထားတာပါ…ဒါပေမယ့် ဒီကောင်မလေးကတစ်ကယ်ပဲအမှုစုံစမ်းနေတာလား တစ်ခြားဘာရည်ရွယ်ချက်တွေရှိနေသေးလဲ … ဂန္တဝင်သူခိုးကြီးကရော ကောင်မလေးရဲ့လှည့်ကွက်ကိုကြိုမမြင်နိုင်ဘူးလား … ဘယ်သူကဘယ်သူ့ကိုလှည့်စားအသုံးချနေတာလဲဆိုတာကို စိတ်ဝင်စားဖွယ် အကွက်ကျကျဖန်တီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် … မင်းသားကြီး Sean Connery နဲ့ မင်းသမီးချော Catherine Zeta-Jones တို့ရဲ့တွဲဖက်ညီညီ chemistry မိမိသရုပ်ဆောင်ချက်တွေကို mind game ဆန်ဆန် action လန်းလန်း mission ကြမ်းကြမ်းတွေအပြင် romance လေးပါရောထားတော့ ရသစုံစုံနဲ့ Old but gold ...
movie

Entrapment (1999)

Gangs of New York (2002) 7.5
Gangs of New York (2002) Gangs of New York(2002) *************************ကားဟောင်းအများစုဟာ ဇာတ်လမ်းပြသချိန်ရဲ့ ၃ပုံ ၁ပုံလောက်ထိ သည်းခံပြီးကြည့်ရပါတယ်.. ပြီးမှ ကားရဲ့ဆိုလိုရင်းနဲ့ ဇာတ်လမ်းဇာတ်ကွက်ကို အနည်းငယ်ရိပ်မိလာတာပါ...ဒီလိုကားကောင်း ကားဟောင်းတွေကြားထဲမှာ Gangs of new york ကတော့ ဇာတ်လမ်းစစချင်းပဲ ခပ်သွက်သွက်နဲ့ မပျင်းမရိအောင် စထားတယ်...ပြီးတော့ မင်းသားတွေကလည်း နာမည်ကြီး Leonardo DiCaprioနဲ့ Daniel Day-Lewisတို့ ဖြစ်တဲ့အပြင် မင်းသမီးကလည်း , Cameron Diaz, ဗျ...ဒီဇာတ်ကားဟာ အမေရိကန် ပြည်တွင်းစစ် ဖြစ်နေတုန်းအချိန်က ရှိခဲ့တဲ့ နယူးယောက်မြို့ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားခဲ့တာပါ။ နယူးယောက်ဟာ ဂိုဏ်းပေါင်းစုံ အဖွဲ့အသီးသီး နှင့် ရှိနေကြပြီး အဓိက ဂိုဏ်းကြီးနှစ်ခုဖြစ်သည့် ဒေသခံဂိုဏ်းနှင့် ယုန်သေဂိုဏ်းတို့ဟာ သမိုင်းကြွေးတွေ ရှိခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ခိုးဝင်လာတဲ့ အိုင်ရစ်တွေရဲ့ အရေးကလည်း ရှိပါသေးတယ်။ ဒါ့အပြင် ပြည်တွင်းစစ်အတွက် စစ်မှုမထမ်းမနေရ အမိန့်ကို မကျေနပ်တဲ့ သာမန်လက်လုပ်လက်စား ဆင်းရဲသား တွေကလည်း ရှိပါသေးတယ်။ပြဿနာပေါင်းများစွာနဲ့ လွန်ခဲ့တဲ့ ...
movie

Gangs of New York (2002)

The 51st State (2001)
The 51st State (2001) IMDb - 6.3မားသားဖာ့ကာကြီး Samuel L. Jackson ကိုယ်တိုင် ဓာတု‌ဗေဒပညာရှင်တယောက်အနေနဲ့ဝင် cook ပေးထားတဲ့ 2001 ထွက် မှုခင်းဟာသရုပ်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အယ်မို မက်ကယ်ရွိုင် (Samuel L. Jackson) ဟာကျွမ်းကျင် အမေရိကန်ဓာတုပညာရှင်တစ်ယောက်ဖြစ်ပြီးဘွဲ့ရလာတဲ့နေ့မှာတင် ဆေးခြောက်မှုနဲ့အဖမ်းခံလိုက်ရလို့ မူးယစ်ဆေးချက်ပညာရှင်ဖြစ်သွားခဲ့ပါတယ်။နောက်အနှစ် ၃၀ အကြာမှာတော့ အယ်မိုက ပီအိုအက်စ် ၅၁ လို့ခေါ်ပြီး သမိုင်းမှာရှိခဲ့ဖူးသမျှမူးယစ်ဆေးအားလုံးထပ် ၅၁ ဆ ပိုပြင်းတဲ့ဆေးကို ချက်နိုင်ခဲ့တဲ့အပြင်ဆေးဖော်မြူလာကိုလည်း ဒေါ်လာ သန်း ၂၀ နဲ့ ရောင်းဖို့ဖြစ်လာခဲ့ပါတယ်။ဒီဖော်မြူလာကို လီဗာပူးလ်မြို့က မူးယစ်ကုန်သည် ဒူးရန့်နဲ့အရောင်းအဝယ်လုပ်ဖို့ သဘောတူထားပေမဲ့လည်း အမေရိကန်မှာအယ်မိုလုပ်လာတဲ့အရှုပ်တွေက သူ့ရဲ့အရောင်းအဝယ်ကို ဝင်နှောက်ယှက်လို့ပျက်သွားပြီးအယ်မိုတယောက် ဒူးရန့်နဲ့ တပည့် ဖီးလစ်နဲ့ လီဗာပူးလ်မြို့မှာ ပိတ်မိသွားခဲ့ပါတယ်။ဒေါ်လာ သန်း ၂၀ ပိုက်ပြီး အေးဆေးနေချင်တဲ့ အယ်မိုတယောက်သူ့ရဲ့ ပီအိုအက်စ် ၅၁ ဖော်မြူလာကို ရောင်းချဖို့လုပ်ရင်း ဖီးလစ်နဲ့အတူအခက်အခဲပေါင်းစုံဖြတ်‌ကျော်ကြတာကို ...
movie

The 51st State (2001)

In the Name of the Father (1993) 8.1
In the Name of the Father (1993)   ဒီရုပ်ရှင်ဟာ ၁၉၇၄ ခုနှစ်က အင်္ဂလန်နိုင်ငံ ဂေလ်ဖို့ဒ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ သားကောင်တွေဖြစ်တဲ့ ကွန်လန်မိသားစုအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။အချိန်ကာလအားဖြင့် ၁၉၇၄ ခုနှစ်ဖြစ်ပြီး ဗြိတိသျှအင်ပါယာ‌လက်အောက် ကျရောက်နေတဲ့ အိုင်ယာလန်နိုင်ငံကနေ ပေါက်ဖွားလာခဲ့တဲ့ အိုင်ယာလန် ရီပဗ္ဗလစ်ကန်အာမီ (Provisional IRA)ဟာ အင်္ဂလန်နိုင်ငံတဝှမ်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ဂေလ်ဖို့ဒ်ဗုံးခွဲမှုကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ ဗြိတိသျှစစ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ ထိုဗုံးခွဲတိုက်ခိုက်မှုမှာ ဗြိတိသျှစစ်သား ၄ ယောက် ပြည်သူ ၁ ယောက် သေဆုံးပြီး ၆၅ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဘဲလ်ဖက်စ်မြို့မှာနေထိုင်တဲ့ အလုပ်လက်မဲ့ လူငယ်တဦးဖြစ်တဲ့ ဂျယ်ရီကွန်လန်ဟာ နေအိမ်တစ်လုံးရဲ့ အိမ်ခေါင်မိုးပေါ်က သံတိုသံစကိုခိုးယူနေရင်းကနေ ဗြိတိသျှစစ်သားတွေက IRA စနိုက်ပါသမားအဖြစ် အထင်မှားပြီး ပစ်ခတ်ဖမ်းဆီးဖို့လုပ်ပါတယ်။ ဗြိတိသျှနဲ့ IRA အကြား မီးမွှေးခဲ့တဲ့ ဂျယ်ရီကို အဖေဖြစ်သူ ဂျစ်ဆပ်ပီကွန်လန်က ဂေလ်ဖို့ဒ်မြို့မှာ ...
movie

In the Name of the Father (1993)

Quills (2000) 7.3
Quills (2000) မင်းသမီး Kate Winslet , Amelia Warner တို့နဲ့ မင်းသားကြီး Geoffrey Rush , Joaquin Phoenix , Michael Caine တို့ပါဝင်ထားတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Quills ( က​လောင်​တံများ)IMDB - 7.3 ခရမ်​းချဉ်​သီး - ၇၅ လုံးဒီပုံပြင်​မှာ ဘယ်​သူက မတရားတာလဲ။* တစ်​စက်​မှ အဓိပ္ပါယ်​မရှိတဲ့ ဘဝကြီးမှာ သူခံစားရသလို ​ရေးချပြီး သူ​သေပြီးတဲ့​နောက်​ တစ်​စုံတစ်​ရာ ချန်​ခဲ့ချင်​တဲ့ စာ​ရေးဆရာ အရူးတစ်​​ယောက်​....။* ​မေတ္တာတရား ခွင်​့လွှတ်​ခြင်​းကို အ​လေးထားတဲ့ ခရစ်​ယာန်​ ဘုန်​း​တော်​ကြီး တစ်​​ယောက်​....။* အရူး​တွေကို သူ့နည်​းသူ့ဟန်​နဲ့ နှိပ်​စက်​ပြီး ကုသတတ်​တဲ့ ​ဒေါက်​တာ တစ်​​ယောက်​..။ကျွန်​​တော်တို​့ ကြားဖူးတဲ့ စကားလိုပါပဲ လှံသွား ဓားသွား မြှားသွားထက်​ က​လောင်​သွားထက်​တယ်​တဲ့..။ လိင်​မှု ကိစ္စ​တွေကို အပွင့်​လင်​းဆုံး ​ရေးထားပြီး ဂုဏ်​သိက္ခာ​တွေ စည်​း​တွေ မပါပဲ လူ့​လောကကြီးကို အရိုးသားဆုံး အမြင်​နဲ့ ​ရေးသားခဲ့တဲ့ စာ​ရေးဆရာတစ်​​ယောက်​ရဲ့ ​ရေးသားမှု​တွေဟာ တစ်​ချို့လူ​တွေရဲ့ ဆုံးဖြတ်​ချက်​​တွေကို သက်​​ရောက်​​စေခဲ့ပါတယ်​။ဒါ့အပြင်​ အဲ့​ခေတ်​အဲ့ဒီအခါအ​နေနဲ့ ညစ်​ညမ်​းလွန်​း​နေပြန်​ပါတယ်​။ ဒီ​တော့ ...
movie

Quills (2000)

2000