Channel Myanmar

Terence Yin

The Return of the Sister-in-Law ( 2021 ) 6.1
The Return of the Sister-in-Law ( 2021 ) ကြမ်းတာရမ်းတာလေးမှကြိုက်တယ်ဆိုတဲ့ CMပရိတ်သတ်ကြီးအတွက် အခုတင်ဆက်ပေးမဲ့ကားလေးကတော့ 2021ကထွက်ရှိတဲ့ တရုတ်အက်ရှင်ကားကောင်းလေးဖြစ်ပါတယ်အစ်ကိုဖြစ်သူနဲ့ ရိုးရိုးသားသားနေထိုင်နေတဲ့ မိန်းကလေးချင်းချိန် တစ်နေ့ကိုယ့်အစ်ကိုဖြစ်သူကို ကိုယ့်မျက်သိရှေ့တင်သတ်ပြီး ကိုယ့်ကိုပါစော်ကားသွားတဲ့အခါ ကလဲ့စားချေချင်စိတ်များပြီး လူဆိုးဂိုဏ်းတစ်ခုဆီရောက်သွားပါတော့တယ်နာမည်ကြီးဂိုဏ်းခေါင်းဆောင် ဟေးဟော်ဟာ တရားမဝင်မူးယစ်ဆေးတွေရောင်းပြီး လူငယ်တွေဘဝကိုဖျက်ဆီးနေသူပါ သူချစ်ရတဲ့ချစ်သူဟာလည်း သူ့ကိုကာကွယ်ရင်း အသတ်ခံလိုက်ရပါ တော့တယ်ချင်းချိန်ဟာ ဟေးဟော်ရဲ့အရင်ချစ်သူနဲ့တစ်ပုံစံထဲတူနေသောအခါ ချင်းချိန်ကိုတိုက်နည်းခိုက်နည်းတွေ ကိုယ်တိုင်သင်ပေးရင်း အနားမှာခေါ်ထားလိုက်ပါရော ဒါပေမဲ့အရင်ထဲက ရိုးသားသူချင်းချိန်ဟာ ဒီလိုမကောင်းမှုတွေထဲ သူဘယ်လိုနေထိုင်မလဲ? လျှိဝှက်ချက်တွေ သိသွားချိန်မှာရော ဘာတွေဆက်ဖြစ်မလဲ? ဓမ္မနဲ့အဓမ္မမှာ ဘယ်ဟာအနိုင်ရမလဲ?ကဲဇာတ်လမ်းလေးထဲစောင့်ကြည့်ရအောင်နော် မှော်တွေသိုင်းတွေမကြိုက်ဘဲ တိုက်တာခိုက်တာ သီးသန့်ကြိုက်တဲ့လူတွေအတွက်တော့ ကြည့်ကောင်းတဲ့ကားလေးတစ်ကားပါ Filesize : 1.46 GB / 791 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Drama Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
movie

The Return of the Sister-in-Law ( 2021 )

Midnight Inn ( 2024 ) 5.8
Midnight Inn ( 2024 ) သည်းထိတ်ရင်ဖိုရုပ်ရှင်တွေမှ ကြိုက်တတ်တဲ့ ပရိသတ်ကြီးတို့အတွက် Midnight Inn ဆိုတဲ့ တရုတ်သည်းထိတ်ရင်ဖိုရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့......စန်းကန်းတည်းခိုခန်းဟာ လူသေရော လူရှင်ရော တည်းခိုဖို့ လက်ခံတဲ့နေရာ တစ်ခုဖြစ်ပါတယ်။ အရှေ့ခြံမှာ မီးဖြူထွန်းပြီး ဖြတ်သွားဖြတ်လာခရီးသည်တွေကို ကြိုဆိုပြီး အနောက်ခြံမှာ မီးနီထွန်းပြီး မသင်္ဂြိုလ်ရသေးတဲ့ လူသေတွေကို လက်ခံပါတယ်။ ဒီစန်းကန်းတည်းခိုခန်းအတွက် ကြောက်စရာ ကောလာဟလတွေလည်း အများကြီး ရှိခဲ့တာပေါ့။မိုးသည်းတဲ့ ညတစ်ညမှာ စန်းကန်းတည်းခိုခန်းမှာ ဆိုက်ရှန်ရှန်းရဲ့ အလောင်းကို လာရှာတဲ့ လူ ၂ ယောက် ရောက်လာပါတယ်။ ဂုဏ်သရေနဲ့ပြည့်ဝတဲ့ သူဌေးကတော်နဲ့ နာမည်ကြီးပြဇာတ်က ဇာတ်ဆောင်မင်းသားကြီးတစ်ယောက်ပေါ့။ သူတို့နှစ်ယောက်ကနေပြီး ဆိုက်ရှန်ရှန်းရဲ့ အတိတ်က အကြောင်းတွေကို ပြန်ပြောပြတဲ့အခါ......လွန်ခဲ့တဲ့ ၁၀ နှစ်က အန်းမိသားစုမှာ ဖြစ်ခဲ့တဲ့ ၂ လောင်းပြိုင် လူသတ်မှုရဲ့ တရားခံက ဘယ်သူဖြစ်မလဲ...... ဆိုက်ရှန်ရှန်းက တကယ်ပဲ သူတို့ပြောသလို ရက်စက်ယုတ်မာတဲ့ လူတစ်ယောက်လား...... လူ့စိတ်ကို တကယ်ခြောက်လှန့်နေတဲ့အရာက ဘာဖြစ်မလဲ...... ဆိုတာကို ရုပ်ရှင်ထဲမှာ မထင်ထားတဲ့ လှည့်ကွက်တွေနဲ့ တင်ဆက်ပေးထားတာမလို့ ဆက်ကြည့်လိုက်ရအောင်နော်။ Filesize : 1.15 GB / 618 MB Quality : ...
movie

Midnight Inn ( 2024 )

The Drunken Prodigy ( 2024 ) 6
The Drunken Prodigy ( 2024 ) ရှောင်လင်ဘုန်းကြီးလေး Ashton Chen ရဲ့ 2024 မှာထွက်တဲ့ကားသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ သိုင်းပညာကိုအရူးအမူးဖြစ်နေတဲ့ လူ့ပေါ်ကျော့သူဌေးသားလေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။သူဌေးသားလင်ယောက်ဟာ ငယ်ငယ်ကတည်းကသိုင်းလေ့ကျင့်ခဲ့ပြီးတော့ သူ့ကိုယ်သူအရမ်းတော်တဲ့သူတစ်ယောက်လို့ထင်နေခဲ့တယ်။ တကယ်တော့ သူ့အဖေကနောက်ကွယ်ကနေလာဘ်ထိုးပြီး တခြားသူတွေကိုအရှုံးပေးခိုင်းခဲ့တာဆိုတာကိုသူမသိခဲ့ဘူး။ တစ်နေ့မှာတော့ လူလိမ်တစ်ဖွဲ့က လင်မိသားစုပိုင်အိမ်ကိုမျက်စိကျပြီးတော့ သူဌေးသားလေးကိုအကွက်ဆင်ပြီးလိမ်လိုက်ကြတယ်။သူဌေးသားလေးကလဲ ပိုင်ဆိုင်မှုတွေအားလုံးကိုဆုံးရှုံးလိုက်ရတဲ့အချိန်မှပဲ သူဟာဘာမှမဟုတ်ခဲ့ဘူးဆိုတဲ့အမှန်တရားကိုသိလိုက်ရတယ်။ သူပိုင်ဆိုင်တဲ့အရာတွေကိုပြန်ရဖို့ တရားမျှတမှုပြန်ရယူဖို့ အရက်မူးသမားသိုင်းကိုလေ့ကျင့်ပြီး ပြန်ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ရှောင်လင်ဘုန်းကြီးလေးတို့ထုံးစံအတိုင်း အက်ရှင်ပိုင်ပိုင်နိုင်နိုင်နဲ့ ချပြသွားတဲ့အတွက် သိုင်းလောကသားတွေအကြိုက်တွေ့ကြမှာဖြစ်ပါတယ်။ Filesize : 1.52 GB / 916 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Drunken Prodigy ( 2024 )

Dog Days Are Over ( 2024 ) 5.9
Dog Days Are Over ( 2024 ) မာရှန့်ဟာ သက်လတ်ပိုင်းအရွယ်မှာ မိန်းမနဲ့ ကွာရှင်းခဲ့ရပြီး အကြွေးတွေ တင်နေတဲ့အတွက် ဘဝကြီးဟာ လမ်းဆုံးကို ရောက်နေသလို ခံစားနေရပါတယ်။ နေ့စဉ်နဲ့အမျှ သေဖို့ စဉ်းစားနေတဲ့ သူ့အပေါ် ကံကြမ္မာရဲ့ စနောက်မှုဟာ မပြီးဆုံးသေးပါဘူး။သူ့အရင်ဇနီးကို လုသွားတဲ့လူကို လိုက်သတ်ဖို့အတွက် လိုက်ရင် လမ်းမှာ တောင်ပြိုတဲ့အတွက် လှိုဏ်ခေါင်းထဲမှာ ပိတ်မိနေပါတော့တယ်။ လှိုဏ်ဂူထဲမှာ သူ့အရင်ဇနီးနဲ့ လက်ထပ်သွားသူ မိုက်ကယ်၊ မင်္ဂလာပွဲက ထွက်ပြေးလာသူ ရွှယ်လီ ကုန်ကားဒရိုင်ဘာ လောင်ဝမ်တို့နဲ့ ပိတ်မိနေတဲ့အခါ......သူတို့တွေ အသက်ရှင်ဖို့ ဘယ်လို ကြိုးစားကြမလဲ...... နောက်ပိုင်းမှာရော ဘယ်လို အန္တရာယ်ကြီးတွေက စောင့်နေလိမ့်မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded ...
movie

Dog Days Are Over ( 2024 )

Rob-B-Hood (2006) 6.6
Rob-B-Hood (2006) IMDb 6.6 ရထားတဲ့ ဂျက်ကီချန်း ဟာသကားဟောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဒီကားဟာ ဂျက်ကီချန်းနဲ့ ဒါရိုက်တာ ဘန်နီချန်းတို့ရဲ့ Who Am I? နဲ့ New Police Story တို့နောက်ပိုင်း တတိယမြောက် လက်တွဲရိုက်ကူးခဲ့တာ ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ထောန် နဲ့ ရေဘဝဲတို့သူငယ်ချင်းနှစ်ယောက်က သူခိုးတွေဖြစ်ပြီး သူတို့ဆရာ Landlord နဲ့အတူတူ ဖောက်ထွင်းမှုတွေ လုပ်ကြတာ ဖြစ်ပါတယ်ထောန်က လောင်းကစားဝါသနာပါပြီး ရေဘဝဲကတော့ သူ့ဇနီးကွယ်ရာမှာ ချမ်းသာတဲ့ မိန်းမတွေနဲ့ ဖောက်ပြန်တတ်သူ ဖြစ်ပါတယ် တစ်နေ့ သော့ဝိဇ္ဇာ Landlord ကိုယ်တိုင် အိမ်မှာစုဆောင်းထားသမျှ ပိုက်ဆံတွေ အခိုးခံလိုက်ရတဲ့ နောက်မှာတော့ ဒေါ်လာ ၇ သန်းတန် မစ်ရှင်တစ်ခုကို လုပ်ဖို့ ထောန်နဲ့ ရေဘဝဲကို စည်းရုံးရပါတော့တယ်အဲဒီမစ်ရှင်က မာဖီးယားခေါင်းဆောင်တစ်ယောက်ရဲ့ မြေးဖြစ်သူ ယူဆရတဲ့ "မွေးကင်းစကလေး" တစ်ယောက်ကို ပြန်ပေးဆွဲပြီး မာဖီးယားခေါင်းဆောင်ဆီ ...
movie

Rob-B-Hood (2006)

Anaconda ( 2024 ) 5.7
Anaconda ( 2024 ) ဒီကားလေးကတော့ ထိုင်ဝမ်မင်းသမီးနဲ့ ဟောင်ကောင်မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ဧရာမမြွေဆိုးကြီးကိုရင်ဆိုင်တဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။သွေးအေးပြီးရက်စက်တဲ့တရားမဝင်မုဆိုးကြီးတစ်ယောက်ဟာ ထိုင်းမိုးရေတောမှာနေတဲ့ အန်ဒါကွန်ဒါဧရာမမြွေကြီးကိုဖမ်းဖို့ကြိုးစားနေပါတယ်။ အဲဒီအချိန်မှာ ဖျော်ဖြေဖို့အတွက်ရောက်လာတဲ့ ဆက်ကပ်အဖွဲ့လေးဟာ လမ်းတစ်ဝက်မှာမြစ်ကြောင်းပိတ်နေတာနဲ့ကြုံပြီး ဖြေရှင်းဖို့ကြိုးစားရင် မုဆိုးကြီးနဲ့ဆုံတွေ့တဲ့အခါ ကယ်တင်ရှင်လို့ထင်ထားခဲ့ပေမယ့် တကယ်တော့ ဂြိုလ်ဆိုးဒုက္ခတွေကိုသယ်လာပေးတဲ့သူဖြစ်နေပါတယ်။ဘယ်လိုနည်းလမ်းနဲ့ဖမ်းရပါစေ ဧရာမမြွေကြီးကိုရအောင်ဖမ်းဖို့ ကြိုးစားတဲ့မုဆိုးကြီးကြောင့် ဆက်ကပ်အဖွဲ့လေးဟာ အန္တရာယ်ထဲရောက်သွားခဲ့ပါတော့တယ်။ သားရဲတိရိစ္ဆာန်တို့ကြီးစိုးတဲ့တောထဲမှာ သူတို့ဟာအသက်ရှင်လွတ်မြောက်ဖို့ဖြစ်နိင်ပါဦးမလား။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Adventure Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Anaconda ( 2024 )

Who’s The Suspect ( 2023 ) 6.2
Who’s The Suspect ( 2023 ) ဘယ်တော့မှမရူံးနိမ့်ဖူးတဲ့ နာမည်ကြီးရှေ့နေ ချန်ကျစ်ချီဆိုတဲ့ အမျိုးသမီးမှာ (၈) နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပါတယ် တစ်နေ့ကျတော့ တက္ကသိုလ်ကျောင်းသူ တစ်ယောက် အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့အမှုဖြစ်ပွားခဲ့ပြီး အဲ့ဒီအမှုမှာ စွဲချက်တင်ထားရတဲ့ ဒန်နီရယ်ဆိုသူ သံသယရှိသူကို သေဒဏ်ချမှတ်ခဲ့ပြီးနောက်ပိုင်း အမည်မသိလူတယောက်က ချန်ကျစ်ချီရဲ့ သမီးကို ပြန်ပေးဆွဲပြီး ဒန်နီရယ်ကိုလွတ်မြောက်အောင်လုပ်ပေးဖို့ဖိအားပေးခဲ့တယ်။ဒီလိုနဲ့နာမည်ကြီး ရှေ့နေသမားချန်ကျစ်ချီတစ်ယောက် ဒန်နီရယ်ကိုလွတ်မြောက်အောင်လုပ်ပေးနိုင်မလား။ အဲ့အမှုရဲ့ လူသတ်သမားကကောဘယ်သူလဲ။ ဘာကြောင့်သတ်ရတာလဲ..... မှုခင်းစုံထောက်လေးတစ်ပုဒ်ဖြစ်တာကြောင့် ဒီဇာတ်ကားလေးကို ဆက်လက်ကြည့်ရူအားပေးလိုက်ကြရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery , Crime Runtime : 1h 59 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

Who’s The Suspect ( 2023 )

The Puppet ( 2023 ) 5.9
The Puppet ( 2023 ) အခုတစ်ခေါက် CM ရဲ့ ပရိတ်သတ်တွေအတွက် The Puppet ဆိုတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကျောင်းသူလေး ရှောင်မန့်ဟာ သူမအဖေရှိရာ ရွာပြန်ပြီး သိပ်မကြာခင်မှာ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ သမီးကို အချစ်ကြီးတဲ့ အဖေခမျာ သူ့သမီးရဲ့ ဝိညာဉ်ကို အရုပ်ထဲထည့်ဖို့ ပူဇော်ပွဲကြီးလုပ်ပါတော့တယ်။ ထိုပူဇော်ပွဲမှာ အလောင်းစစ်ဆေးသူ ၂ ဦးနဲ့ ဦးလေးကျိုတို့ သေဆုံးခဲ့ပြီးနောက် တစ်ရွာလုံးမှာ ရှောက်မန့်ရဲ့ ဝိညာဉ်ပါတဲ့ အရုပ်က လူသတ်ကြောင်း သတင်းပျံ့သွားပါတော့တယ်။ရှောင်မန့်ရဲ့ သူငယ်ချင်းဖြစ်သူ ချန်းချန်းဟာ ဆရာနဲ့ သူငယ်ချင်း ၃ ယောက်နဲ့အတူ ယွမ်ယောင်ရွာသို့ ရှုခင်းကြည့်ရှုလေ့လာရန် ရောက်လာခဲ့ပါတယ်။ တကယ်တော့ သူမဟာ စကားမပြောတတ်တဲ့ ရှောင်မန့်သေဆုံးရတဲ့ အကြောင်းရင်းကို လာရောက်ရှာဖွေပြီး ကလဲ့စားချေရန် ဖြစ်ပါတယ်။သူမတို့အဖွဲ့ သရဲခြောက်တယ်လို့ နာမည်ထွက်နေတဲ့ ဟွမ်အိမ်မှာ တည်းခိုရဖို့ အကြောင်းဖန်လာပြီး ထူးဆန်းတဲ့ကိစ္စတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ သူတို့တစ်ဖွဲ့လုံး အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ပြဇာတ်အဖွဲ့ခေါင်းဆောင်ရဲ့ သမီးဖြစ်သူ ရှောင်မန့်တစ်ယောက် ဘာလို့ အရုပ်ကိုပွေ့ပြီး မြစ်ထဲမှာ သေနေရတာလဲ...... ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းလား အကြံအစည်တွေ ရှိနေတာလား...... တရားခံအစစ်က ဘယ်သူဖြစ်မလဲ...... ဆိုတာကို ရုပ်ရှင်လေးကြည့်ပြီး ...
movie

The Puppet ( 2023 )

My Dear Bodyguard ( 2022 ) 6
My Dear Bodyguard ( 2022 ) တရုတ်ဘော်ဒီဂတ် အက်ရှင်ကားတွေကြိုက်တဲ့ CMပရိသတ်ကြီးအတွက် ဘော်ဒီဂတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင် ...... Hang Bin ဟာပုဂ္ဂလိကလုံခြုံရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။ Sherry တို့သားအဖကိုစောင့်ရှောက်ပေးရတဲ့တာဝန်ကျရှုံးခဲ့ပြီး တစ်မိသားစုလုံးသတ်ခံလိုက်ရပါတယ်။Sherryအဖေရဲ့ အန္တရာယ်ရှိ စမ်းသပ်ပစ္စည်းဟာလဲ ပျောက်ကွယ်သွားခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုခွင့်မလွှတ်နိုင်တဲ့ Hang Bin ဟာ ကိုယ့်ကိုယ်ကိုအပြစ်တင်ရင်း ဘဝကိုဖြစ်သလိုဖြတ်သန်းနေပါတော့တယ်။ ၁၅နှစ်ကြာပြီးနောက်.....လုပ်ဖော်ကိုင်ဖက်ဟောင်းကြောင့် အဆိုတော်မလေးရဲ့သက်တော်စောင့်ဖြစ်လာဖို့အကြောင်းဖန်လာပါတယ်။အဆိုတော်မလေးဟာအသက်ခြိမ်းခြောက်မှုတွေဆက်တိုက်ခံရပြီး အန္တရာယ်တွေဆက်တိုက်ကြုံတွေ့နေရပါတယ်။ Hang Binဟာအခက်အခဲတွေရင်ဆိုင်ကျော်ဖြတ်ရင်း တရားခံရဲ့ပစ်မှတ်ဟာ တကယ်တော့ အဆိုတော်မလေးမဟုတ်ပဲ သူကိုယ်တိုင်ဆိုတာသိလိုက်ရတယ်။ နောက်ကွယ်ကနေထိန်းချုပ်နေတဲ့သူကဘယ်သူဖြစ်လိမ့်မလဲ..... ဘာကြောင့်များသူ့ကိုအညှိုးထားနေရတာလဲ...... ပဟေဠိတွေအပြည့်နဲ့ပီပြင်တဲ့ ဖိုက်တင်ခန်းတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရမယ့်အက်ရှင်ကားကောင်းလေးဖြစ်လို့ အကြိုက်တွေ့ကြမှာသေချာပါတယ်။ Reviewed By Nu Mon Quality : WEB-DL 1080p ,480p Format : mp4 Genres : Action , Drama Runtime : 1h 22min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

My Dear Bodyguard ( 2022 )

The Legend Of Aquawitch ( 2022 ) 5.9
The Legend Of Aquawitch ( 2022 ) ဟိုး....ကိုယ်မမြင်နိုင်တဲ့ ရေအောက်တစ်နေရာမှာ ကိုယ်တွေမသိနိုင်တဲ့ အရာတွေရှိနေတတ်ပါတယ် ထူးဆန်းထွေလာ/သည်းထိတ်ရင်ဖိုဇာတ်ကားတွေ သဘောကျတဲ့သူတွေအတွက်တော့ ဒီဇာတ်ကားလေးက အကြိုက်တွေ့စေမှာအသေချာပါပဲရှင် ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရမယ်ဆိုရင်တော့......,ချန်အန်းမြို့ရဲ့ ညနက်ယံအချိန်ကာလ..., ချွီကျန်းရေကန်မှာ လေဆင်နှာမောင်းတိုက်ခတ်ပြီးတဲ့နောက် ရေထဲမှ မကောင်းဆိုးဝါးတစ်ကောင်ဟာ လူတွေကို ဝါးမျိုစားသောက်တယ်ဆိုတဲ့ ကိစ္စတစ်ခုဟာ တိုင်းပြည်တစ်ခွင်ပျံ့နှံ့လို့လာခဲ့ပါတော့တယ် တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားဟာ ဆောင်းဦးလယ်ပွဲတော်နေ့အချိန်မှာ ထီးနန်းကိုဆက်ခံပြီး ချွီကျန်းရေကန်မှာ မိခင်ဖြစ်သူအတွက် အောင့်မေ့သတိရဖွယ် အခန်းအနားတစ်ခု ကျင်းပဖို့ စီစဥ်ထားတာလဲဖြစ်ပါတယ် အဲ့ဒါကြောင့် ဆောင်းဦးလယ်ပွဲတော်မတိုင်ခင်မှာ တရားရုံးချုပ်ကို ရေထဲကမကောင်းဆိုးဝါးနဲ့ ပတ်သတ်တဲ့အမှုစစ်ဆေးစုံစမ်းဖို့အတွက် အမိန့်ပေးခြင်းခံရပါတယ်အဲ....ဒီလိုနဲ့ , ဆောင်းဦးလယ်ပွဲတော် ညမှာ အိမ်ရှေ့စံရဲ့ လှေဟာ ရေကန်ရဲ့ အလယ်တည့်တည့်ကို ရောက်သွားတဲ့အချိန်မှာတော့ ဧရာမ ရေသတ္တဝါကြီးရဲ့ တိုက်ခိုက်ခြင်းကို ခံရပါတော့တယ် အဲ့ဒီအချိန်မှာပဲ ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူက ကဘယ်သူဖြစ်မလဲ ဒီကိစ္စကြီးဟာ ကြောက်ဖို့ကောင်းလှတဲ့ ပူးပေါင်းကြံစည်မှုတစ်ခုဖြစ်တဲ့အကြောင်း သိရှိသွားတဲ့အချိန်မှာတော့ ....?❏ သူဒီကိစ္စကိုဘယ်လိုကိုင်တွယ်မလဲ ❏ နောက်ကွယ်ကြိုးကိုင်သူတွေကိုရော သူအဆုံးသတ်နိုင်ပါ့မလား ❏ ရေမိစ္ဆာကြီးကို သူနှိမ်နှင်းနိုင်ပြီး အိမ်ရှေ့စံနဲ့ အပြစ်မဲ့ ပြည်သူတွေကို ကယ်တင်နိုင်ပါ့မလာဆိုတာ? ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080 , 480p Format : mp4 Genres : Mystery Runtime : 1h 24 min Subtitle ...
movie

The Legend Of Aquawitch ( 2022 )

Don’t Go Breaking My Heart (2011) 6.5
Don’t Go Breaking My Heart (2011) Don't Go Breaking My Heart (2011) =========================IMDb Rating - 6.5/102011 ခုနှစ်မှာထွက်ရှိခဲ့ပြီး 2011 Best Asian Award ရရှိထားပြီး Louis Koo၊ Gao Yuan Yuan နဲ့ Danial Wu စတဲ့နာမည်ကြီးတွေ အတွဲညီညီရိုက်ကူးထားတဲ့ အချစ်ဒရာမာကားလေး လာပါပြီ။♥ ကိုယ်တို့သုံးယောက်ဆက်ဆံရေးမှာ အဆုံးသတ်တော့ရှိရမှာပဲ။ တစ်ခုခုတော့ ရွေးချယ်ရမှာပဲဆိုတဲ့ အချစ်ကိုယုံကြည်ပြီး စောင့်ဆိုင်းနေတဲ့အချစ်ကြီးသူ ဖန်းချီဟုန်း ။♥ ယောက်ျားလေးဆယ်ယောက်မှာ ကိုးယောက်ကခြေရှုပ်ကြတယ်။ ကျန်တဲ့ တစ်ယောက် ကတော့ ခြေရှုပ်ဖို့ကြိုးစားနေကြတယ်ဆိုပြီး ဆင်ခြေအမြဲပြတတ်တဲ့ စော်ကြည်ဘဲ ကျန်းချန်ရန် ။♥ ကျွန်မ သူ့ကိုအရမ်းချစ်တယ်။ ဒါပေမဲ့ အခုတော့ရှင့်ကိုချစ်မိသွားပြီဆိုပြီးတော့ ခံစားချက်ခြယ်လှယ်ရာကို မျက်စိစုံမှတ်ပြီး နှစ်မြောနေတတ်တဲ့ ချန်ကျီရှင်း ။သူတို့သုံးယောက်ရဲ့ကံကြမ္မာကလည်း အချစ်ဆိုတဲ့ဝင်္ကပါထဲ တစ်ဝဲလည်လည်ပါပဲ။ ကြည့်နေရင်းနဲ့ကြည်နူးရမယ်။ တစ်ခါတစ်လေ အားမလိုအားမရဖြစ်လာမယ်။ ခံစားချက်နဲ့ တိုက်ဆိုင်ပြီး သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းရှိသူဆိုရင်တော့ ချက်ချင်းဒေါင်းပြီးကြည့်လိုက်ပါတော့။ လုံးဝလက်မလွတ်သင့်တဲ့ကားကောင်းလေးတစ်ကားလို့ ညွှန်းဆိုချင်ပါတယ်။ ပါဝင်တဲ့သရုပ်ဆောင်သုံးယောက် ဘယ်လောက်တောင်ဓါတုဗေဒမိလဲဆိုရင် အတွဲ(၂) ဆက်ရိုက်ဖို့ တောင်းဆိုကြတဲ့အထိပဲဆိုတော့ မြန်မြန်လေးခံစားကြည့်လိုက်ပါဦးဗျာ....(ဒီဇာတ်လမ်းရဲ့အညွှန်းကို ...
movie

Don’t Go Breaking My Heart (2011)

2011
The Calm Beyond (2020) 5.3
The Calm Beyond (2020) The Calm Beyond (2020)==================IMDb Rating - 5.3/10ကမ္ဘာဖျက် တိုင်ဖုန်းမုန်တိုင်းကြီးတစ်ခုကြောင့် နိုင်ငံတော်တော်များမှာ ဆူနာမီကြီးတွေဖြစ်ပြီး ဟောင်ကောင်ဟာလည်းရေနစ်မြုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာအမျိးသမီးတစ်ယောက်ကတော့ လူသူကင်းမဲ့နေတဲ့ တိုက်ပျက်တစ်လုံးထဲ တိတ်တဆိတ်နေနေလေရဲ့..ဒါပေမယ့်မကြာခင်မှာပဲ သူ့ဆီကိုမျောပါလာတဲ့ ကလေးငယ်တစ်ဦးကြောင့် သူ့ဘဝဟာလည်း ရုတ်ချည်းပြောင်းလဲသွားပါတော့တယ်....ဒါဆိုရင် သူမကဘာလို့တစ်ယောက်တည်းတိတ်တဆိတ်ပုန်းအောင်းနေရတာလဲ.. နောက်ပြီးတော့ ကလေးငယ်နဲ့တွေ့ပြီးနောက် သူမဘာတွေပြောင်းလဲသွားမလဲ... စတာတွေကို ကြည့်ရှုရမယ့် ဂရုဏာရသပေါ်အောင်ရိုက်ကူးထားပြီး ဇာတ်လမ်း ဇာတ်ကွက်များကိုလည်း စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဖန်တီးထားတဲ့ ဇာတ်ကား ကောင်းလေးလည်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်)File Size - (1.31 GB) / (557 MB) / (354 MB) Quality – WebRip 1080p / 720p/480p Duration - 1h 35mins Subtitle – Myanmar Hardsub Format – MP4 Genre : Sci-Fi, Thriller Translator – Zaw Myo Thu Encoder – SWM
movie

The Calm Beyond (2020)

2020
Firestorm (2013) 6.2
Firestorm (2013) Firestorm (2013)Firestorm ဟာ ကိုးဆယ်ခုနှစ်ဟောင်ကောင် ရဲအက်ရှင်ကားတွေဟန်မျိုးရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး အက်ရှင်ပရိသတ်တွေ စိတ်မပျက်ရအောင် အက်ရှင်ခန်းတွေ ဆက်တိုက်သလို ထည့်သွင်းထားတဲ့ကားပါ။ Infernal Affairs လို ရဲတွေနဲ့ ဒုစရိုက်သမားတွေကြားက လောဘတွေ အတ္တတွေကို နှစ်ဖက်လုံးပုံဖော်ထားတဲ့ကားလို့လည်း ဝေဖန်ရေးသမားတွေက ဆိုပါတယ်။"ပြည်သူ့တာဝန်ကို ကြည်ညို ဥပဒေကို လက်ကိုင်ထားပါ" တဲ့။ ဒါပြည်သူ့ရဲတစ်ယောက်ဖြစ်တဲ့ အထူးတပ်ဖွဲ့ အရာရှိ လူမင်းချင်ရဲ့ လက်ကိုင်စကားပါ။"ရဲလောကမှာ အရက်သမားတွေ လောင်းကစားသမားတွေ ပုံနေသလို မုဆိုးမဖြစ်သွားတဲ့ မိန်းမတွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့ ငါတို့ ဒီအလုပ်ကို ဘာလို့ဆက်လုပ်နေလဲဆိုတော့ အပြစ်မဲ့တဲ့ ပြည်သူတွေ မသေစေချင်လို့ပဲ"တဲ့။ဒီလိုမျိုး တာဝန်သိတဲ့ စုံထောက်လူမင်းချင်နဲ့ ငွေအားလူအား တောင့်တင်းတဲ့ လူဆိုးဂိုဏ်းတစ်ခုနဲ့ ရင်ဆိုင်အားပြိုင်ရတဲ့အချိန်မှာ ဘယ်သူတွေက မြေစာပင်ဖြစ်ကျန်ခဲ့မလဲ ဘယ်သူတွေကို ပေးဆပ်ပြီး အဲ့ဂိုဏ်းကြီးကိုဖြိုခွင်းရမှာလဲ စသည်ဖြင့် အပစ်အခတ် ဒရာမာစုံလင်စွာနဲ့ ကြည့်ရှုရမဲ့ ပရိသတ်တွေနဲ့ မစိမ်းတဲ့ ...
movie

Firestorm (2013)

2013
Lara Croft: Tomb Raider – The Cradle of Life (2003) 5.6
Lara Croft: Tomb Raider – The Cradle of Life (2003) အမျိုးသမီးဖိုက်တာဇာတ်ရုပ်တွေဆိုရင် Angelina Jolie ရဲ့ Lara Croft: Tomb Raider ရုပ်ရှင်တွေက ထိပ်ဆုံးကပါလာတတ်ပါတယ်။ဂိမ်းဇာတ်ကောင် Lara Croft ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာဖြစ်ပြီးLara Croft ဇာတ်ကားတွေရဲ့ တင်ဆက်ပုံက ဇာတ်လမ်းဇာတ်ကွက်ထက် ဇာတ်ကောင်ရဲ့ မိမိုက်နေမှုကိုပဲ ဦးစားပေးပုံဖော်ထားပါတယ်။ဇာတ်ကောင်မင်းသမီးကလဲ အင်ဂျလီနာဂျိုလီဆိုတော့ လိုတာထက်ပိုတဲ့ မိမိုက်နေမှုတွေကို ခံစားကြည့်ရှုရမှာပါ။ရှေးခေတ်က သဘာဝလွန်ပစ္စည်းတွေကို ရှာဖွေရာမှာ ကမ္ဘာကိုဒုက္ခပေးမယ့် လူဆိုးတွေနဲ့ အပြိုင်အဆိုင် အနိုင်ကြဲမယ့်မိန်းမ ဂျိမ်းစ်ဘွန်း အဖြစ် ဂျိုလီကိုရှုမြင်ရတာ လိုက်ဖက်လွန်းပါတယ်။Action, Adventure, Fantasy ဆိုတဲ့ အရသာကို အပြည့်အဝခံစားရမှာပါ။BluRay 4K Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ File size…(6.2 GB)/(1.7 GB)/(900 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:57:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by KiKi
movie

Lara Croft: Tomb Raider – The Cradle of Life (2003)

2003
4K HEVC