Channel Myanmar

Teda Bracci

[18+] The Big Bird Cage (1972) 5.9
[18+] The Big Bird Cage (1972) The Big Bird Cage (1972)ခရမ်းချဉ်သီး ၁၀၀ ရထားတဲ့ ရှားပါး Erotic ကားလေးပါ။ မင်းသမီးပေါင်းများစွာရဲ့ အဖော်အချွတ်တွေနဲ့ survival ဆန်ဆန် သည်းထိတ်ရင်ဖိုတွေကို တွဲဖက်ခံစားရမယ့် ကားဆိုလည်းမမှားပါဘူး။မင်းသမီးက နိုင်ငံရေးပိုင်းက ဟိုးထိပ်ကလူတွေကိုပါ ပိုင်နိုင်ဩဇာရှိတဲ့လူ။ ဒါပေမဲ့ သူ့ကို အပြစ်မရှိပါဘဲ အပြစ်ရှိပါတယ်ဆိုပြီး ထောင်ချပြီး တောထဲက အမျိုးသမီးသီးသန့် ထောင်စခန်းလိုနေရာကို ပို့လိုက်ကြတယ်။ မင်းသမီးကတော့ တစ်နေ့ သူလွတ်မယ်လို့ ယုံနေပေမဲ့ တစ်နေ့ထက်တစ်နေ့ ရက်စက်တာတွေ ခက်ထန်တာတွေ သေကြကြတာတွေ ခန္ဓာကိုယ်ကိုစားသုံးခံရတာတွေ ဖျက်ဆီးခံရတာတွေ အနိုင်ကျင့်ခံရတာတွေနဲ့ပဲ ကြုံလာရတဲ့အခါ မင်းသမီးဟာ ကိုယ့်လွတ်လမ်းကို ကိုယ်ဖောက်ဖို့ ကြိုးစားဖို့ အကြောင်းဖန်လာတယ်။မင်းသမီး ထွက်ပြေးလိုက် နှိပ်စက်ခံရလိုက် ပြန်ထွက်ပြေးဖို့ ကြံလိုက်နဲ့ လူမဆန်တဲ့ကောင်တွေလက်ထဲ ကျရောက်နေတဲ့အခြေအနေနဲ့ သူ့လွတ်မြောက်ခြင်းအတွက် ကြိုးစားရင်း သူများတွေကိုပါ လွတ်မြောက်ဖို့ ကူညီပေးရင်း စည်းရုံးတာတွေ တော်လှန်တာတွေကိုလည်း ခင်ဗျားတို့မြင်ရလိမ့်မယ်။ ...
movie

[18+] The Big Bird Cage (1972)

1972
Hocus Pocus (1993) 6.9
Hocus Pocus (1993) အရင်ဆုံးပြောချင်တာက Disney က တင််ဆက်ထားတဲ့ ဒီကားလေးက ကလေးရော လူကြီးပါ အပန်းပြေကြည့်ဖို့ သင့်တော်သလို စာရေးသူအနေနဲ့လည်း witchcraft တွေကို သဘောကျသူမလို့ အတော်လေး ဘ၀င်တွေ့မိပါတယ်ဇာတ်လမ်းအကျဉ်းဟိုး လွန်ခဲ့တဲ့ အနှစ် ၃၀၀ လောက်က ၀င်နီ၊ မယ်ရီနဲ့ ဆာရာဆိုတဲ့ ဆန်ဒါဆင် စုန်းညီမသုံးယောက်ရဲ့ ပုံပြင်လေးတစ်ပုဒ် ရှိသဗျသူတို့ဟာ ငယ်ရွယ်နုပျိုဖို့အတွက် ကလေးတွေရဲ့ ဝိဉာဉ်ကို စုတ်ယူစားသုံးရတယ်။ တစ်နေ့မှာ အမ်မလီဆိုတဲ့ ကလေးမလေးကို ပြုစားပြီး သူ့ရဲ့ ဝိဉာဏ်ကို စုတ်ယူခဲ့ကြတယ်။ အမ်မလီ့ကို ကယ်ဖို့ လိုက်လာတဲ့ အစ်ကိုဖြစ်သူ ဘင်ဇ်ကိုတော့ ကြောင်နက်တစ်ကောင်အဖြစ်နဲ့ ထာ၀ရ နေသွားစေတဲ့ ကျိန်စာတိုက်ပစ်ခဲ့တယ်။ဒီအဖြစ်အပျက်တွေ ဖြစ်တဲ့ နေ့မှာပဲ မြို့သားတွေက စုန်းမ ၃ ယောက်ကို ကွပ်မျက်ခဲ့ကြတယ်။ သို့ပေမဲ့ စုန်းမတွေက အပျိုစင်တစ်ယောက်ရဲ့ ဆင့်ခေါ်မှုနဲ့ သူတို့ တစ်နေ့ပြန်လာမယ်လို့ ကျိန်စာဆိုသွားခဲ့တယ်။သူ့ကို ဘယ်သူမှ မသိတော့တဲ့ သနားစရာ ကြောင်နက်ကြီးကတော့ သူတို့တွေ ပြန်မလာနိုင်အောင် ဆန်ဒါဆင်အိမ်ကြီးကို အမြဲ စောင့်ကြပ်နေခဲ့တယ်တဲ့ဒါကတော့ ...
movie

Hocus Pocus (1993)