Channel Myanmar

Ted Danson

Saving Private Ryan (1998) 8.6
Saving Private Ryan (1998) Saving Private Ryan (1998) IMDb Rating (8.6) / Rotten Tomatoes (94%) အကောင်းဆုံးစစ်ကားတွေအကြောင်းပြောကြရင် Saving Private Ryan က ထိပ်ဆုံးကပါလာတတ်ပါတယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Tom Hanks , Matt Damon , Vin Diesel တို့ပါဝင်သရုပ်ဆောင်ထားပြီးသရုပ်ဆောင်ချက်၊ ဇာတ်လမ်းပိုင်းတွေမှာ ပြောစရာမရှိကောင်းမွန်လှသလို ဒါရိုက်တာကလည်း နာမည်ကြီး Steven Spielberg ဖြစ်လို့ ပိုလို့တောက်ပြောင်ပါတယ်။အော်စကာဆု ၅ခုကို ဆွတ်ခူးနိူင်ခဲ့သလို တစ်ခြားဆုပေါင်း ၇၀ကျော်ကိုလဲ ရယူနိူင်ခဲ့ပါတယ်။IMDBမှာလဲ Rating 8.6 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ကာလက တကယ့်အဖြစ်အပျက်တချို့ကို ဇာတ်အိမ်တည်လို့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ရဲ့အလှည့်အပြောင်းဖြစ်တဲ့ Normandy ကမ်းခြေ တိုက်ပွဲနဲ့ အစပြုထားပြီးNormandy ကမ်းခြေကို အမေရိကန်တို့ရဲ့ မဟာမိတ်တပ်တွေ ဝင်သိမ်းတဲ့ ရိုက်ကွက်ကိုလည်း ပီပီပြင်ပြင် ရှုစားရမှာဖြစ်တယ်။ဒီကားအကြောင်းတော်တော်များများကြားဖူး သိဖူးနေလို့ထွေထွေထူးတော့မညွှန်းတော့ပါဘူး။တကယ့် ဂန္တဝင်ကားမို့ အရည်အသွေးကောင်းကောင်းလေးနဲ့ ...
movie

Saving Private Ryan (1998)

1998
4K HEVC
Ted (1) 2012 6.9
Ted (1) 2012 IMDB: 6.9 Rotten Tomatoes: 69% Genre: Comedy/FantasyTed 1 (2012) ကိုမသိတဲ့လူမရှိလောက်ပါဘူး။ဒီရုပ်ရှင်ကိုဖန်တီးခဲ့တာကတော့ Hollywood ဟာသရုပ်ရှင်လောကမှာ‌တော်တော်လေးကို အရည်အချင်းရှိတဲ့ Seth MacFarlane ဖြစ်ပါတယ်။နာမည်ကြီးတယ်သာပြောတယ် ခုမှကြားဖူးတယ်ဆိုတဲ့ လူတွေအတွက်Seth MacFarlane ကိုနည်းနည်းမိတ်ဆက်ပေးပါရစေ။Seth MacFarlane ဆိုတာFamily Guy ကိုအသက်သွင်းခဲ့တဲ့ လူဖြစ်ပါတယ်။အဲထက်ပိုပြီး အထင်ကြီးဖို့ကောင်းတာကFamily Guy မှာပါတဲ့Peter GriffinStewieBrianQuagmire တို့နေရာမှာ သူတစ်ယောက်တည်းအသံသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်ညွှန်းJohn ဆိုတာ သူငယ်ချင်းမရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။အများကဝိုင်းပယ်ခြင်းကိုခံထားရတဲ့ကောင်လေးတစ်ယောက်လည်းဖြစ်ပါတယ်။ခရစ္စမတ်စ် ညတစ်ခုမှာ ဆုတောင်းလိုက်တဲ့ တောင်းဆုတစ်ခုကြောင့်John ရဲ့ တက်ဒီဝက်ဝံလေးအသက်ဝင်လာခဲ့ပါတယ်။John ဟာ တက်ဒီလေးနဲ့ ထာဝရ အတူတူသူငယ်ချင်းတွေလုပ်ကြမယ်ဆိုပြီး ကတိထားခဲ့ကြပါတယ်။တကယ်တမ်းလည်း သူတို့နှစ်ယောက်ဟာ John ၃၅ နှစ်ရောက်တဲ့အထိအချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် John မှာ Lori ဆိုတဲ့ ကောင်မလေးတစ်ယောက်ရနေပြီးအဲဒီကောင်မလေးကြောင့်ပဲ တက်ဒီနဲ့ John တို့ကြားမှာအဖုအထစ်လေးတွေဖြစ်လာပါတော့တယ်။Seth MacFarlane ရဲ့ထုံးစံအတိုင်း "Random Bullshit Go" ဆိုတဲ့ပုံစံတွေလာမှာဖြစ်ပြီး ...
movie

Ted (1) 2012

Nobel Son (2007) 6.1
Nobel Son (2007) ဒိဇာတ်လမ်းကတော့ Harry Potter ဇာတ်လမ်းမှာ Severerus Snape ဖြစ်တဲ့ မင်းသားကြီး Alan Rickman ပါဝင်တဲ့ အသေခွီနေရမဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဘဝင်လေဟပ်ပြီး ကျောင်းသူတွေနဲ့အိပ်၊ မိန်းမပွေ၊ ​အကျင့်စာရိတ္တမကောင်းတဲ့ Eli လို့ခေါ်တဲ့ သိပ္ပံပညာရှင်ကြီးက ရုတ်တရက် နိုဘယ်လ်ဆုကြီးရလာတော့ သူ့မြင့်ပြီးသားမာနက မိုးပေါ်ထောင်တက်သွားတော့တယ်။ နိုဘယ်လ်ဆုကို ဆွီဒင်နိုင်ငံမှာသွားယူဖို့ သူ့မိန်းမနဲ့သားကို ခေါ်သွားပေမဲ့ တစ်ဦးတည်းသော သားတော် Barkley က အပြာကဗျာရေးတဲ့ စော်လေးနဲ့အိပ်နေလို့ လေယာဥ်မမီဘဲ နောက်ကျသွားတယ်။ သူ့အမေနဲ့အဖေဆီ လေယာဥ်ကိုအမြန်လိုက်ဖို့ အိမ်ပြန်ရောက်တော့ ပြန်ပေးဆွဲပါခံလိုက်ရတယ်။ အနန္တဂိုဏ်းဝင်ဖခင်ကြီး Eli ကလည်း သူ့သားပြန်ပေးဆွဲရတဲ့အကြောင်း ပြန်ပေးဆွဲသမားကဖုန်းဆက်ခြိမ်းခြောက်တော့ လိလိ့လားလားတွေလာပြောနေတယ်ဆိုပြီး ​မယုံဘဲ သူ့သားကို ဆွီဒင်အမြန်လိုက်လာခဲ့ဖို့ပြောတယ်။ အဲဒီမှာ ပြန်ပေးဆွဲသမားလည်း Berkeley လက်မကို ဖြတ်ပြီး သူ့မိဘတွေဆီကို ပို့မယ်ကြံ​၊ သူ့သား Berkeley လည်း စိတ်ခြောက်ခြားပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ...
movie

Nobel Son (2007)

Getting Even with Dad (1994)
Getting Even with Dad (1994) Getting Even with Dad (1994) IMDb - 4.9/10Home Aloneရုပ်ရှင်တွေမှာ လူကြီးတွေကို ပညာပြခဲ့တဲ့ ကောင်ဆိုးလေးက ဒီရုပ်ရှင်မှာလည်း လူကြီးတွေထက် နှာတစ်ဖျားသာပြီး ဘယ်လိုတွေပညာပြမလဲကြည့်ရမှာပါ။အမေဖြစ်သူ ကင်ဆာနဲ့ဆုံးပြီး အဒေါ်နဲ့နေတဲ့ တင်မီလေးတစ်ယောက် အဒေါ်ဖြစ်သူ ယောကျ်ားယူသွားလို့ အဒေါ်ရဲ့ ဟန်းနီးမွန်းခရီးမှာလိုက်ရင်း ပြဿနာရှာတဲ့အတွက် အဒေါ့်ယောကျ်ားငြိုငြင်မှုနဲ့အတူ ငယ်ငယ်ကတည်းက ပစ်ထားခဲ့တဲ့ အဖေဖြစ်သူရဲ့တိုက်ခန်းမှာ သွားနေရာကစပါတယ်။ အဖေဖြစ်သူကလည်း သူ ငယ်စဉ်ကတည်းက ထောင်နဲ့ ကူးချည်သန်းချည်လုပ်နေသူဖြစ်တဲ့အတွက် ကလေးဘ၀ကတည်းက အတူနေဖူးတာမရှိ။ ဒီမှာပဲ အဖေဖြစ်သူနဲ့ အတူနေရတဲ့ တစ်ပတ်တာကာလအတွင်း သားဖတွေကြား သံယောဇဉ်တွေနဲ့ အဖေဖြစ်သူလုပ်ထားတဲ့ ရာဇဝတ်မှုကို ဘယ်လိုတွေဝင်နှောင့်မလဲဆိုတာ ကြည့်ရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။Genre..... Comedy, Crime, Family Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Getting Even with Dad (1994)

1994
The One I Love (2014) 7.0
The One I Love (2014) အိမ်ထောင်သက်ကြာလာတာနဲ့အမျှ ‌ဆက်ဆံရေးတွေခြောက်ကပ်လာတာအဆင်မပြေတော့တာ၊ လင်စိတ်သားစိတ်ကုန်တာဖြစ်တတ်စမြဲပါပဲ။အဲ့ဒီလိုပဲ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့အီသန်နဲ့ဆိုဖီဟာ ထိုပြဿနာကိုကြုံနေရပါတယ်။နှစ်တွေကြာလာတာနဲ့အမျှ သူတို့ရဲ့အိမ်ထောင်‌‌ရေးက ‌အသစ်အဆန်းမရှိခြောက်ကပ်နေတာကြောင့် အရင်ကလုပ်ခဲ့ဖူးတာတွေပျော်ခဲ့ဖူးတာတွေကိုပြန်လုပ်ကြည့်ပေမယ့်လဲ အဆင်ပြေမလာတာကြောင့် တစ်နေ့မှာအိမ်ထောင်ရေးအကြံပေးတစ်ယောက်ကိုတွေ့ရပါတော့တယ်။အဲ့တာ‌နဲ့ပဲအကြံပေးက ဗီလာတစ်ခုကိုဒီပိတ်ရက်မှာသွားနေဖို့၊ အဲ့ဒီဗီလာမှာနေခဲ့ပြီးပြန်လာတဲ့စုံတွဲတွေလင်မယားတွေက ဘယ်လောက်ပြန် အဆင်ပြေသွားကြောင်းပြောပြတဲ့အခါအီသန်တို့လဲ သွားနေဖို့ ဆုံးဖြတ်လိုက်ကြတာ‌ပေါ့။ဆိုတော့ အဲ့ဒီဗီလာကြီးကြောင့်စုံတွဲတွေဘယ်လိုပြန်အဆင်ပြေလာကြတာလဲ၊တကယ်အဆင်ပြေတာရောဟုတ်ရဲ့လား၊အဲ့ဒီဗီလာကြီးကဘယ်လိုထူးခြားနေတာလဲဆိုတာကိုThriller ဆန်ဆန် Ro-Comedy လေးနှောပြီးတော့ကြည့်ရမှာပဲဖြစ်ပါတယ်။Genre fusion လေးကတော့တော်တော်လှတယ်ဗျ။IMDB 7.0 နဲ့ ခရမ်းချဥ်သီး ၈၀ရာခိုင်နှုန်းတောင်ရထားတာမလို့ဒီလိုပုံမှန်မြင်တွေ့နေကြနဲ့မတူတဲ့ကားလေးကိုရုပ်ရှင်ချစ်သူများလက်လွှတ်မခံဖို့ပဲအကြံပေးပါရစေဗျာ။ File size…  1  GB /  582MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac
movie

The One I Love (2014)

2014
[18+] Body Heat (1981) 7.4
[18+] Body Heat (1981) Body Heat (1981)~ IMDb - 7.4/10, Rotten Tomatoes - 98% ~ဒီကားက Neo-Noir ကိုမှ Erotic ကားပါ။ Neo-Noir ကားတွေ ကြမ်းရင် ဘယ်လောက်ထိကောင်းလဲ အားလုံးသိကြလောက်ပါတယ်။ ဒီကားကလည်း ရိတ်တင်၉၈ရာခိုင်နှုန်းတောင်ရထားတဲ့ Neo-Noir ကားပါ။ David Fincher ရဲ့ နာမည်ကြီးကားဖြစ်တဲ့ Seven တို့ Zodiac တို့ထက်တောင် များပါတယ်။ ဆိုတော့ ဒီကားဘယ်လောက်ကောင်းမလဲ စဉ်းသာစားကြည့်ပေါ့။ရှေ့နေနက်ဒ်ရာဆင်းဟာ အကျင့်ပျက်ခြစားမှုတွေ မရှားပါးတဲ့ သူ့မြို့မှာ သူလည်သလို ဖျံကျလိုက်၊ လူလွတ်ဘဝနဲ့ ပျော်ပါးလိုက်နဲ့ ဘဝကိုဖြတ်သန်းနေရာက တစ်ညမှာ မတ်တီဝေါ်ကာဆိုတဲ့ မိန်းမတစ်ယောက်ကို ဆုံမိပြီးတော့ စွဲလမ်းသွားခဲ့တယ်။ မတ်တီက အိမ်ထောင်ရှိအမျိုးသမီးပေမဲ့ အဲဒီလိုစည်းမျိုးကို သောင်ပြင်ပေါ်ကခြေရာလောက် သဘောထားတဲ့ နက်ဒ်က မရမကလိုက်တဲ့နောက်မှာ အစတည်းက ခင်ပွန်းသည်အပေါ် အလိုမကျတဲ့ မတ်တီကလည်း ...
movie

[18+] Body Heat (1981)

1981
Mad Money (2008) 6.2
Mad Money (2008) ဒီတခါတော့ အဟောင်းပေမယ့်ကောင်းနေသေးတဲ့ ဟာသဇာတ်မြူးကားလေး တစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ. Imdb 5.8ရထားပြီး Comedy/Heistဆိုတော့ လူတိုင်းကြိုက်ကြမယ့် ကားလေးပေါ့ဗျာ. ဇာတ်လမ်းအကျဉ်းကတော့ ဘရစ်ဂတ်ရဲ့ခင်ပွန်း ဒွန်ဟာ နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ အလုပ်ကနေ ပြုတ်သွားတာကြောင့် တသက်လုံး အေးဆေးနေခဲ့တဲ့ ဘရစ်ဂတ်တို့မိသားစုဟာ ဒုက္ခရောက်တာပေါ့ဗျာ. ခင်ပွန်းဒွန်ကလဲ အလုပ်ပြုတ်ပြီး စိတ်ဓာတ်တွေ တဖြုတ်ဖြုတ်ကျတာကြောင့် ဘာမှမလုပ်နိုင်ဖြစ်ပြီး စီးပွားရေးအခြေအနေက ပို ဆိုးလာခဲ့ပါတယ်. ဘယ်လောက်တောင် ဆိုးလဲဆို သူတို့အိမ်ဖော်ကိုတောင် လခမပေးနိုင်လို့ အကြွေးတောင်းခံရတဲ့ထိပါပဲ. ကံကောင်းချင်တော့ အဲ့ဒီအိမ်ဖော်မလေးကပဲ ဘရစ်ဂျတ်ကို အလုပ်တစ်ခုလုပ်ဖို့ အကြံပေးခဲ့ပါတယ်. အဲ့ဒီအလုပ်ကတော့ ဘဏ်မှာ သန့်ရှင်းရေးလုပ်တာပါပဲ. ဘရစ်ဂျတ်ကလဲ ငွေလိုနေတာဆိုတော့ ဝင်လုပ်တာပေါ့ဗျာ. ဝင်လုပ်ရင်းနဲ့ ပဲ ဘဏ်ရဲ့ဟာကွက်တချို့ကို တွေ့ပြီး အဲ့ဒီကနေ ငွေရပေါက်အကြီးကြီးဖြစ်သွားတာပေါ့. ဒါပေမယ့် သူတစ်ယောက်တည်းလုပ်ဖို့ကျ အဆင်မပြေတာကြောင့် ဘဝတူ ဘဏ်ဝန်ထမ်းအဖော်နှစ်ယောက်စုပြီး သုံးယောက်ပေါင်းကာ ကွက်ကျော်ရိုက်ကြပါတယ်. သူတို့ရဲ့ ငွေရပေါက်ဟာ တရားမဝင်တော့ လူအင်အားပိုလိုလာလို့ လူစုရင်းနဲ့ အုပ်စုတစ်ခုလိုဖြစ်ပြီး အတူတူ ကွက်ကျော်ရိုက်ကြရင်း အလွဲတွေဖြစ်ပြီး တိုင်ပတ်တာကို ရိုက်ပြထားတဲ့ ဟာသဇာတ်မြူးလေးပေါ့ဗျာ. ဒီဇာတ်လမ်းကိုကြည့်ရင် ဘဝအမောတွေ ကျိန်းသေပြေစေမှာမလို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦးဗျာ    File Size - 1.1 gb Quality - bluray 1080p Subtitle -  burmese Translator - YK Encoder - ...
movie

Mad Money (2008)

2008