Channel Myanmar

Taz Skylar

Cleaner (2025) 5.8
Cleaner (2025)  Star wars နာမည်ကြီး မင်းသမီး Daisy Ridley ရဲ့ထိုင်ရာမထကြည့်ကောင်းမယ့် Non stop actionကားလေးထွက်လာပါတယ် ..စစ်ပြန် မရိန်းအဖွဲ့၀င်ဟာင်း ဂျိုအန်နာဟာ တပ်ထဲမှာပြဿနာဖြစ်ခဲ့ပြီး ထွက်လာခဲ့ကာ မစ်တန်ညီအစ်ကိုပိုင်တဲ့Aangan ဆိုတဲ့ စွမ်းအင်ကုမ္ပဏီကြီးရဲ့ အထပ်မြင့်ပြတင်းပေါက်တွေကိုသန့်ရှင်းရေးလုပ်တဲ့သူအဖြစ် ဘ၀ကိုရှေ့ဆက်နေပါတယ်...တစ်နေ့ ဒီကုမ္မဏီက အစုရှယ်ယာ၀င်တွေ့ဆုံညစာစားပွဲလုပ်နေတုန်း သဘာ၀ပတ်၀န်းကျင်လှုပ်ရှားသူ အစွန်းရောက်အဖွဲ့က ပွဲလာတဲ့သူတွေအားလုံးကို ဓားစာခံဖမ်းဆီးခြိမ်းခြောက်ပြီး ကုမ္ပဏီနဲ့ အစိုးရအဖွဲ့ကြားက အကျင့်ပျက်ခြစားမှုတွေကိုဖော်ထုတ်ဖို့အတွက် အနုကြမ်းစီးပါတော့တယ်...ဒီအဖွဲ့က ခေါင်းဆောင်က ဂျိုအန်နာရဲ့ သူငယ်ချင်းဖြစ်နေတာကိုသိလိုက်ရတဲ့အချိန် ဒီလူတွေကိုကယ်တင်ဖို့အတွက် ရဲတပ်ဖွဲ့SWAT အဖွဲ့တွေရဲ့ တာ၀န်ကို အောက်ခြေသန့်ရှင်းရေးသမားဂျိုအန်နာက တာ၀န်ယူရပါတော့တယ်......  File size… (1.24 GB) / (728 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre …. Action , Drama , Thriller Subtitle….Myanmar Subtitle ...
movie

Cleaner (2025)

The Kill Team (2019) 6
The Kill Team (2019) The Kill Team (2019)IMDb...6.0ဒီဇာတ်လမ်းထဲမှာ ဘရစ်မန်းဆိုတဲ့ မရိန်းတပ်သားတစ်ဦးဟာ ငယ်ငယ်လေးကတည်းက စစ်သားကောင်းတစ်ယောက်ဖြစ်ချင်နေတဲ့သူပီပီ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခွင့်ရဖို့က သူ့အိပ်မက်ပဲ.. ကံကောင်းထောက်မစွာ မရိန်းတပ်သားဖြစ်လာပေမဲ့ အာဖဂန်စစ်မြေပြင်ကို ပို့ခြင်းခံရတယ်... အာဖဂန်စစ်မြေပြင်ဟာ အချိန်မရွေးရန်သူတွေနဲ့ထိတွေ့နိုင်သလို အရပ်သားလား လက်နက်ကိုင်သူပုန်လားဆိုတာ ဝေခွဲရခက်ခဲလွန်းတဲ့ နေရာပါပဲ..ဆုံးဖြတ်ချက်လေးတစ်ချက်မှားတာနဲ့ ဘဝထဲက ပေးဆပ်ရနိုင်သလို အသက်လည်းအချိန်မရွေးပျောက်သွားနိုင်ပါတယ်... ဒီနေရာကိုသူရောက်ခဲ့ပေမဲ့ သူစိတ်မပျက်ခဲ့ဘူး.... ရောက်တဲ့အချိန် ကင်းထောက်တွေ မကြာခဏ ထွက်ရသလို အခက်အခဲမျိုးစုံလည်းတွေ့ခဲ့ရတယ်... ဒီနေရာမှာ သူမမျှော်လင့်ထားတဲ့ ဥပဒေပြင်ပ ကိစ္စမျိုးတွေကို သူ့ရဲ့ဘော်ရဲဘက်တွေက လုပ်ဆောင်တာကို သူတွေ့လိုက်ရတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ပါဦး... ဒီကားက ဝုန်းဒိုင်းကြဲပစ်ခတ်သတ်ဖြတ်နေတဲ့စစ်ကားမဟုတ်ပေမယ့် တော်တော် စိတ်ဝင်စားဖို့ကောင်းသလို စစ်သည်တစ်ယောက်ရဲ့ ခံစားချက်တွေ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ကိစ္စတွေကို တွေ့ရတာမို့ တော်တော်ကို ကြည့်လို့ကောင်းပါတယ်...ခံစားကြည့်ကြပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်... File Size : 1.21GB/ 520MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:29:00 Genre : Action, Drama, Thriller Subtitle : Myanmar Subtitle (Hard ...
movie

The Kill Team (2019)

Boiling Point (2023) 7.6
Boiling Point (2023) စားသောက်ဆိုင်တစ်ဆိုင်ကို စီမံရတဲ့စားဖိုမှူးခေါင်းဆောင်တစ်ယောက်လုပ်ရတာက တစ်ကယ်ပဲလွယ်ကူမှုရှိရဲ့လားစားသောက်ဆိုင်တစ်ဆိုင်လည်ပတ်ရတာကရော ရိုးရှင်းရဲ့လားစားဖိုမှူးတစ်ယောက်က အစားအသောက်လေးကိုချက်ပြုတ်ရုံလေးပဲလို့ထင်မိလားဒီလိုထင်မိရင်တော့ ဒီကားလေးကိုကြည့်လိုက်ပါ။အန်ဒီဆိုတဲ့ စားဖိုမှူးခေါင်းဆောင်နဲ့အတူ စားသောက်ဆိုင်ရဲ့လည်ပတ်ပုံတွေကို ကိုယ်တိုင်လိုက်ပါကြည့်ရှုလိုက်ပါ။မိသားစုပြဿနာတွေကြားဗျာများနေရပေမယ့်အန်ဒီတစ်ယောက် ခရစ်စမတ်အကြိုသောကြာနေ့ညအတွက် စားဖိုဆောင်မှာအကောင်းဆုံးတာဝန်ထမ်းဆောင်နေပုံတွေစားသောက်ဆိုင်အလုပ်ရဲ့ ဖိအားတွေပြဿနာတွေကို ကိုယ်တိုင်စားသောက်ဆိုင်ထဲမှာရောက်နေသယောင်ဖြစ်အောင် Single Shot နဲ့ပဲရိုက်ကူးထားပြီး ဆုလေးဆုရကာ ဆု(၁၄)ဆုမှာဇကာတင်စာရင်းဝင်ထားတဲ့ဇာတ်ကားဆိုတော့ ကြည့်လိုက်မိလို့နောင်တရစရာမရှိမှာတော့သေချာပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__(1.66GB) / (850MB) Quality__1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__01:36:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by a hao 
movie

Boiling Point (2023)

Villain (2020) 5.9
Villain (2020) Villain (2020) =========== IMDb Rating - 5.9/10အက်ဒီဖရန့်ခ်ဟာ ဆယ်နှစ်ကျော်ထောင်ဒဏ်ကျခံပြီးလွတ်မြောက်ကာစ ဖြစ်ပါတယ်။ သူဖွင့်ထားခဲ့တဲ့အရက်ဆိုင်ကို သူ့ညီက ဦးစီးနေပြီး ဆိုင်အခြေ အနေကိုကြည့်ရတာ အားရစရာမရှိလှပါဘူး။ အက်ဒီဟာ တစ်ချိန်က ဆိုးခဲ့ မိုက်ခဲ့တဲ့အတွက် သူ့သမီးက သူ့ကိုအဆက်အဆံမလုပ်သလို အတူနေ သူ့ညီ နဲ့လည်း အစေးမကပ်ပါဘူး။ ဒါပေမယ့်လည်း ထောင်ထဲမှာ အကျွတ်တရားရ ခဲ့ပုံရခဲ့တဲ့အတွက် ဘဝကိုပြန်လည်ကောင်းမွန်အောင်တည်ဆောက်ဖို့ကြိုးစား ရင်း သူ့ဆိုင်ကိုလည်း အကောင်းဆုံးဖြစ်အောင်ပြန်လည်ပြင်ဆင်နေခဲ့ပါတယ်။ဒါပေမယ့်လည်း ဒေသခံဂန်းစတားခေါင်းဆောင်တွေဖြစ်တဲ့ ရွိုင်းနဲ့ ဂျွန်ဆိုတဲ့ လူဆိုးနှစ်ယောက် သူနဲ့လာတွေ့ပြီး သူထောင်ကျနေချိန် သူ့ညီရှုပ်ခဲ့တဲ့ဇယားတွေ ကြောင့်သူတို့ဆီကို ငွေပမာဏအများကြီးအကြွေးတင်နေတာကိုသိရတဲ့အချိန်မှာ ဒီပြဿနာတွေကို အက်ဒီခေါင်းခံဖြေရှင်းဖို့ဖြစ်လာပါတယ်။ အဲ့ဒီလိုဖြေရှင်းဖို့အ တွက်တော့ သူစွန့်လွှတ်ခဲ့ပြီးသား ဒုစရိုက်လမ်းကိုပြန်ရွေးဖို့တစ်နည်းသာရှိပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.31 GB) / (475 MB) Quality............WEB-DL 1080p / 720p Duration........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Drama Translator......Alias Encoder..........SWM
movie

Villain (2020)

2020