Channel Myanmar
Taraji P. Henson
STRAW (2025) 6.7
STRAW (2025)  Tyler Perry ရိုက်ကူးတဲ့ Straw ရုပ်ရှင်ကတော့ စိတ်ခံစားမှုပြင်းထန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး လူမှုရေး မညီမျှမှုတွေ ၊ ဆင်းရဲမွဲတေမှုရဲ့ ဖိစီးနှိပ်စက်မှုတွေနဲ့ လူမည်းအမျိုးသမီးတစ်ဦးရဲ့စိတ်ပိုင်းဆိုင်ရာ ပြိုကွဲမှုကို ရိုက်ခတ်စေတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။ဇာတ်လမ်းအကျဉ်း ++++++++++++Janiyah ဟာ ကျန်းမာရေးပြဿနာရှိတဲ့ သမီးဖြစ်သူ Aria နဲ့ အတူ နေထိုင်တဲ့ တစ်ကိုယ်တည်းမိခင်တစ်ဦးဖြစ်ပါတယ်။Janiyah ဟာ အလုပ်နှစ်ခုမှာကြိုးစားလုပ်ကိုင်နေပေမယ့်လည်း အိမ်ငှားခ၊ ဆေးဖိုးနဲ့ ကလေးစောင့်ရှောက်ရေး ကုန်ကျစရိတ်တွေကြောင့် နေ့စဉ် ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။တစ်နေ့မှာတော့ ကားတိုက်မှု၊ အလုပ်ဖြုတ်ခံရတာ ၊ အိမ်ကနှင်ထုတ်ခံရတာနဲ့ သမီးဖြစ်သူကို လူမှုဝန်ထမ်းတွေက ခေါ်ဆောင်သွားတာတွေကြောင့် သူ့ရဲ့ စိတ်ဖိစီးမှုဟာ အကြမ်းဖက်မှုတစ်ခုဆီကို ဦးတည်သွားပါတော့တယ်။နောက်ဆုံးတော့ ဘဏ်လုယက်မှုတစ်ခုမှာ ဓားစားခံတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ ဝိုင်းဝန်းကူညီမှုတွေကြားမှာ Janiyah ရဲ့ အခြေအနေဟာ လူမှုရေးဆိုင်ရာ စကားဝိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပုံကို ဇာတ်ကွက်အလှည့်အပြောင်းတစ်ခုနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (1.43 GB) / ( ...
movie
STRAW (2025)
The Adventures of Rocky & Bullwinkle (2000) 4.3
The Adventures of Rocky & Bullwinkle (2000)  The Adventures of Rocky & Bullwinkle (2000)IMDb Rating (4.3) / Rotten Tomatoes (42%) "The Adventures of Rocky & Bullwinkle" သည် ၁၉၆၀ ဝန်းကျင်က လူကြိုက်များခဲ့သော ကာတွန်းဇာတ်လမ်းအား အသက်သွင်းထားသော ရုပ်ရှင်ဖြစ်ပါသည်။ဤရုပ်ရှင်တွင် အနေထားခက်ခဲသော ရော့ကီနှင့် ဘူးလင်ကယ်တို့သည် ကာတွန်းကမ္ဘာမှ လက်တွေ့ကမ္ဘာသို့ ရောက်ရှိလာကာ မိုးရွေး၊ ဘိုရစ်နှင့် နတ်တာရှာတို့၏ အမေရိကန်နိုင်ငံအား ထိန်းချုပ်ရန် ကြံစည်မှုကို တားဆီးရန် ရဲအရာရှိကလေးတစ်ဦးနှင့် ပူးပေါင်းလုပ်ဆောင်ရသော ဇာတ်လမ်းဖြစ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ N Ⓞ NE ဖြစ်ပါတယ်။)File size…(3 GB) / (1.2 GB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Adventure,Animation,Comedy,Family,fantasy Duration….01:32:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by N ...
movie
The Adventures of Rocky & Bullwinkle (2000)
2000
Hustle & Flow (2005) 7.3
Hustle & Flow (2005)  Hustle & Flow ဆိုတဲ့ ဒီကားက ဘဝမှာ ရုန်းကန်နေကြရတဲ့သူတိုင်း ..ကြိုးစားနေတဲ့သူတိုင်း ကြည့်ရမယ့် ဇာတ်ကားတစ်ကားပါ။ဇာတ်ကားထဲမှာ အောင်မြင်တဲ့ ရက်ပါ တစ်ယောက် ဖြစ်အောင်ကြိုးစားနေတဲ့ ဖျာခေါင်းတစ်ယောက်ရဲ့ အကြောင်းကို ရိုက်ပြပေးထားတာဖြစ်ပါတယ်။ ဖျာခေါင်းတစ်ယောက်ဟာ သူ့ဘဝကိုသူကိုယ်တိုင် မရှက်ဘဲ ဘဝရဲ့ ဆင်းရဲ မွဲတေမှုတွေကြားထဲကရုန်းထွက်ဖို့ ကြိုးစားနေတဲ့အကြောင်း၊ ဂီတဖန်တီးတဲ့အခါ ဘယ်လိုအခက်အခဲတွေ ကြုံရတတ်သလဲဆိုတဲ့အကြောင်းနဲ့ သူ့ဘဝအကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ဘွင်းဘွင်းရှင်းရှင်း ရွတ်ထားတဲ့ ရက်ပ်စာသားတွေအကြောင်း ဒီကားထဲမှာ ကြည့်ရှုလေ့လာခွင့် ရမှာ ဖြစ်ပါတယ်။ဒါ့အပြင် ဒီဇာတ်ကားထဲမှာ တကယ့် အပြင်က ရက်ပါ Ludacris လည်းပါဝင် အားဖြည့်ပေးထားပါသေးတယ်။ဒီဇာတ်ကားက လူရာမသွင်းခံရတဲ့ ဖျာခေါင်းတစ်ယောက်ရဲ့ ဘဝကိုပဲရိုက်ပြပေးထားတာ မဟုတ်ပါဘူး။ ဘဝမှာ ဘာတွေပဲ အခြေအနေတွေဘယ်လောက်ဆိုးဆိုး ကိုယ့်မှာ ရှိတဲ့ အင်အားနဲ့ ရှေ့ဆက် ကြိုးစားတဲ့သူတစ်ယောက်အကြောင်း ရိုက်ပြပေးထားတာလည်းဖြစ်ပါတယ်။ကိုယ့်အနေနဲ့ အိပ်မက်တွေ .. မျှော်လင့်ချက်တွေအကြောင်းအရမ်းကောင်းတဲ့ မက်ဆေ့နဲ့ ...
movie
Hustle & Flow (2005)
No Good Deed (2014) 5.8
No Good Deed (2014)  ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၁၄ ခုနှစ်ကထွက်ရှိထားတဲ့ No Good Deed ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကို ဒါရိုက်တာ Sam Millerကရိုက်ကူးပုံဖော်ထားပြီး rating 5.6/10 အထိရရှိထားပါတယ်ဒီဇာတ်ကားမှာ ကော်လင်းအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားIdris Elba ကအကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကိုရရှိထားပြီး မင်းသမီး Taraji Henson ကအကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကိုဆွတ်ခူးရရှိထားပါတယ်...ဇာတ်လမ်းအစမှာလူသတ်မှုနဲ့ ထောင်ငါးနှစ်ကျနေတဲ့ကော်လင်းဆိုတဲ့လူသတ်သမားတစ်ယောက် အယူခံဝင်ဖို့တရားရုံးကို သွားနေပုံနဲ့စတင်ထားပါတယ် ဒီဇာတ်ကားကလူ့လောကမှာအိမ်ထောင်ရေးဖောက်ပြန်သူတွေဟာ နောက်ဆုံးမှာဘယ်လို အဆုံးသတ် သွားမလဲဆိုတာကို ထောက်ပြထားပါတယ်ဒီလိုနဲ့ကော်လင်းတစ်ယောက် အယူခံဝင်တာမအောင်မြင်တဲ့အဆုံးထောင်ကိုပြန်တဲ့လမ်းမှာ ကားပေါ်ကနေထွက်ပြေးလွတ်မြောက်သွားပါတယ် အဲ့ဒီနောက် လက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့ချစ်သူကောင်မလေးဆီကို အရောက်ပြန်ပါတော့တယ်အချစ်ကြီးတဲ့ကောလင်းတစ်ယောက် မိမိချစ်လှပါတယ်ဆိုတဲ့ကောင်မလေးက မိမိထောင်ကျနေတဲ့အချိန်မှာ အခြားတစ်ယောက်နဲ့ဖောက်ပြန်နေတာကို သိလိုက်တဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ....ကော်လင်းတစ်ယောက် ဒီအဖြစ်မှန်ကိုရင်ဆိုင်နိုင်ပါ့မလားကောလင်းတစ်ယောက်ဘယ်လိုမျိုးတွေဂလဲ့စားချေဖို့ ကြိုးစားမလဲ..တစ်ဖက်မှာလည်း တယ်ရီဆိုတဲ့ ကလေးနှစ်ယောက်နဲ့နပန်းလုံးနေရတဲ့ အိမ်ထောင်ရှင်မ အမျိုးသမီးတစ်ယောက်ကမိမိယောကျ်ားရဲ့အရေးမထားမှုတွေ ဂရုမစိုက်မှုတွေကိုခါးစီးခံနေရပါတယ် ဒီလိုနဲ့ တစ်နေ့မှာတယ်ရီရဲ့အမျိုးသားဂျက်ဖ်ရီက သူ့အဖေမွေးနေ့မလို့ ဂေါက်ရိုက်သွားမယ်ဆိုပြီးပြောကာ အထုပ်အပိုးတွေနဲ့ မိုးထဲရေထဲကိုထွက်သွားပါတယ်တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီအချိန်မှာပဲ ကော်လင်းတစ်ယောက်ကားပျက်ပြီး တယ်ရီတို့အိမ်ကိုရောက်လာခဲ့ပါတယ်အဲ့ဒီနောက်တော့ ဘာတွေဆက်ဖြစ်ကြမလဲ...ကော်လင်းကရော ...
movie
No Good Deed (2014)
The Curious Case of Benjamin Button (2008)
The Curious Case of Benjamin Button (2008)  အချိန်တွေသာ နောက်ပြန်လည်သွားခဲ့ရင် အဲဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲတွေက လူတွေရဲ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှု‌တွေရှိစေမလဲ။ နာရီလက်တံတွေ ဆန့်ကျင်ဘက်လည်ပတ်ကုန်မလား။ အနောက်အရပ်က နေထွက်ပြီး အရှေ့အရပ်မှာ နေဝင်သွားမလား။ ကမ္ဘာကြီး ပြောင်းပြန်လည်သွားမလား။ လူသားတွေရဲ့ဘ‌ဝတွေ ကမောက်ကမဖြစ်ကုန်မလား။ အသက်‌တွေကြီးရာကနေ တဖြည်းဖြည်းငယ်ကုန်မလား။ အချိန်ရဲ့ရက်စက်မှုတွေကို ဘယ်လိုလူမျိုးကမှ အနိုင်မယူနိုင်၊ ‌မကျော်လွှားနိုင်။ဇာတ်လမ်းအကျဉ်း- ဘန်ဂျမင်ဘက်တွန်ဆိုတဲ့ကောင်လေးဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့အတူ မွေးဖွားလာတယ်။ သူ့အမေကလည်း သူ့ကိုမီးဖွားပြီးချိန်မှာပဲ ဆုံးပါးသွားခဲ့တယ်။ ဒါနဲ့ သူ့အဖေ သောမတ်ဘက်တွန်က ဒီလို အဘိုးကြီးခန္ဓာကိုယ်နဲ့ကောင်လေးကို မကောင်းဆိုးဝါးအထင်နဲ့ ဘိုးဘွားဂေဟာမှာ သွားပစ်ထားခဲ့တယ်။ အဲဒီဂေဟာက အမျိုးသမီးက ကလေးကိုတွေ့သွားပြီး မွေးစားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဒီကောင်လေးကို ဘယ်သူကမှ ကြာကြာခံမယ်လို့မထင်ကြဘူး။ ဒါပေမဲ့ ဘန်ဂျမင်ဟာ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ အသက်ကြီးရာကနေ တဖြည်းဖြည်းချင်း နုပျိုလာခဲ့တယ်။ဒီဇာတ်ကားဟာ ဟောင်းပေမဲ့ ရွှေလို့ပြောလို့ရတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။ ဇာတ်လမ်းဟာ အချိန်အားဖြင့် ၃ နာရီနီးပါးကြာမြင့်ပြီး ဝတ္ထုရှည်တစ်ပုဒ်ကို ...
movie
The Curious Case of Benjamin Button (2008)
The Color Purple (2023) 6.9
The Color Purple (2023) The Color Purple (2023)~ IMDb - 6.9/10, RT - 82%, Meta - 72% ~ကျွန်တော်တို့ရဲ့ ဂန္ထဝင်ကြီး စတီဗင်စပီးဘာ့ဂ်ဟာ ၁၉၈၅မှာ The Color Purple ကို ရိုက်ခဲ့ဖူးတယ်။ ဒီကားက အဲဒီကားနဲ့ ဇာတ်လမ်းအတူတူပဲ။ ဒါပေမဲ့ Remake ရိုက်တယ်ဆိုတာထက် Musical ဗားရှင်းအဖြစ်နဲ့ ပြန်အသက်သွင်းတယ်လို့ပဲ သုံးချင်တယ်။ မူရင်းကတော့ Alice Walker ရဲ့ ပူလစ်ဇာဆုရထားတဲ့ ဝတ္ထု။ မြူဇစ်ကယ်အနေနဲ့အသက်သွင်းထားတယ်ဆိုတော့လည်း စပီးဘာ့ဂ်ဗားရှင်းနဲ့ မတူဘဲ ပြုတ်ကျန်ခဲ့တဲ့နားတွေလည်းရှိတယ်။ ဒါပေမဲ့ ပိုခမ်းနားသွားတာလည်းရှိတယ်။ ဒါတော့ ခေတ်အရရော မြူဇစ်ကယ်အနေနဲ့ရောဖြစ်နေလို့ နည်းနည်းပိုလှပစေချင်လို့လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ လူမဲအမျိုးသမီးတွေရဲ့ အဖိနှိပ်ခံဘဝအကြောင်းကို အဓိကထားပြတဲ့ရုပ်ရှင်ဆိုတော့ စပီးဘာ့ဂ်ဗားရှင်းက ပိုပြီးပနံသင့်မယ်လို့တော့ မြင်တယ်။ ဘယ်ဒါရိုက်တာတွေ ဘယ်လိုပဲကောင်းကောင်း ကျွန်တော်တို့အချစ်ကို မပေးပစ်နိုင်စေတဲ့ ...
movie
The Color Purple (2023)
2023
4K HEVC
PAW Patrol: The Mighty Movie(2023) 6.7
PAW Patrol: The Mighty Movie(2023) PAW Patrol: The Mighty Movie(2023)********************************** ရုံတင်ပြသသွားတယ် ခွေးပေါက်လေးတွေ ကာတွန်းအသစ်လာပါပြီ။နာမည်ကျော် PAW Patrol ကာတွန်းစီးရီးကနေ ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။မိသားစုလိုက်ကြည့်ဖို့နဲ့ ကလေးငယ်လေးတွေကိုပြဖို့ အသင့်တော်ဆုံး ကာတွန်းရုပ်ရှင်ပါပဲ။ရိုင်ဒါဆိုတဲ့ ကောင်လေးမှာ PAW Patrol ဆိုတဲ့အဖွဲ့လိုက်ခွေးပေါက်လေးလေးတွေရှိပြီး သူတို့တွေဟာ စွန့်စားခန်းမြို့တော်ကြီးကို ကာကွယ်ရတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ ဗန့်စ်ဆိုတဲ့ အရူးသိပ္ပံပညာရှင်တစ်ယောက်က ဥက္ကာခဲတစ်ခုကို ကမ္ဘာပေါ်ကို ဆွဲယူခေါ်လိုက်တဲ့အခါ PAW Patrol တွေကဥက္ကာခဲကို တားဆီးရင်းနဲ့ စူပါပါဝါတွေ ကိုယ်စီရကုန်ပါတယ်။ အဲဒီ စူပါပါဝါတွေကို သိပ္ပံပညာရှင်ဗန့်စ်ကလည်းလုယူပြီး ကမ္ဘာကြီးကို ဖျက်ဆီးဖို့ ကြံစည်လာတဲ့အခါခွေးပေါက်လေးတွေအဖွဲ့နဲ့ တိုက်ပွဲဖြစ်လာပါတော့တယ်..File size… 1.7GB / 817MB Quality…WEB-D  1080P 5.1CH / 720p Format…mp4 Duration….1hr 28min Genre ….. Animation , Adventure , Action Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by Mr. Anderson
movie
PAW Patrol: The Mighty Movie(2023)
Think Like a Man (2012) 6.5
Think Like a Man (2012)  2009 ခုနှစ်ကထုတ်ဝေထားပြီး review ကောင်းတွေနဲ့နာမည်ကျော်တဲ့ Steve Harvey ရဲ့ "Act like a lady, think like a man" ဆိုတဲ့မိန်းမတွေအတွက်ယောက်ျားတွေရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် IMDb 6.5/10. Rotten tomatoes 54%ထိရရှိထားပြီးဗျူဟာအသစ်တွေနဲ့အချစ်စမ်းကြမဲ့အမျိုးသမီးတွေနဲ့ အမျိုးသားထုကြီးအကြောင်းကိုဟာသဆန်ဆန်ရိုက်ကူးထားတာကိုတွေ့ရမှာပါ Kevin Hart နဲ့သူငယ်ချင်းတွေကတော့အမျိုးသားထုကြီးကိုကိုယ်စားပြုထားတာဖြစ်ပြီး Steve ရဲ့စာအုပ်ကြောင့်သူတို့ရဲ့အချစ်ရေးကိစ္စတွေမှာပရမ်းပတာတွေဖြစ်သွားပါတော့တယ် စာအုပ်ဖတ်ပြီးတစ်ကွက်ကြိုမြင်နေတဲ့အမျိုးသမီးတွေဖက်ကစစချင်းတစ်ပန်းသာနေခဲ့ပေမဲ့ ကစားပွဲအလှည့်အပြောင်းတစ်နေရာအရောက်မှာတော့... နည်းဟောင်းတွေနဲ့တိုက်လို့မရတော့တဲ့အတွက်‌အမျိုးသားထုကြီးကလည်းဗျူဟာအသစ်တွေထုတ်သုံးရပါတော့တယ် ဒီလိုနဲ့အမြဲတမ်းလွန်ဆွဲနေတဲ့အချစ်စစ်ပွဲမှာဘယ်သူတွေကအနိုင်ရသွားမလဲဆိုတာကိုပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် File size…(1.5 GB)/(780 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:02:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie
Think Like a Man (2012)
Minions: The Rise of Gru (2022) 6.8
Minions: The Rise of Gru (2022) Minions : The Rise of Gru (2022)မီနီယံဆိုတာနဲ့ ကလေးတုန်းကအမှတ်တရတွေနဲ့အတူ အူတက်နေအောင် ရယ်ရမယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒီရုပ်ရှင်ကတော့ မီနီယံတွေဟာ ကမ္ဘာဦးကတည်းက အကြမ်းဆုံးဗီလိန်ကို လိုက်ရှာရင်း တွေ့ခဲ့သမျှ ဘော့စ်တွေကို ဒုက္ခပေးရင်းနဲ့ နောက်ဆုံးမှာ ဂရူ ပေါက်စလေးနဲ့ တွေ့ခဲ့ပါပြီ။ ဂရူကလည်း ကမ္ဘာအကောင်းဆုံးဗီလိန်အဖွဲ့ဖြစ်တဲ့ လူမိုက်ကြီး၆ယောက် အဖွဲ့ထဲကိုဝင်ဖို့ကြိုးပမ်းနေချိန်ဖြစ်ပြီး ဂရူ နဲ့ မီနီယံတွေ ဘယ်လို တလွဲတွေလုပ်ကြမလဲဆိုတာ ဆက်ကြည့်ရှုလိုက်ပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Animation, Adventur, Comedy Quality….4k HEVC WEB DL | 1080p | 720p | 480p File size… 7.08GB | 1.8GB | 1GB | 396MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie
Minions: The Rise of Gru (2022)
2022
4K HEVC Web-DL
Smokin’ Aces(2006) 7.4
Smokin’ Aces(2006) Smokin' Aces(2006) အညွှန်************************Ryan Reynolds နဲ့ Ben Affleck တို့တွေအပြင်အခြားနာမည်ကြီးတွေအများကြီးပါတဲ့ဒီဇာတ်ကားဟာ ကြမ်းလည်းကြမ်းသလို ဆုကြီး ၄ ဆုလည်းရရှိခဲ့တယ်...ဒီကားမှာတော့ မာဖီးယားတွေ ကြေးစားလူသတ်သမားတွေနဲ့ FBI တွေရဲ့ အားပြိုင်မှုကိုတွေ့မြင်ရမှာပါ ဘတ်ဒီအစ်စရယ်လို့ခေါ်တဲ့ဖျော်ဖြေရေးသမားက မာဖီးယားဂိုဏ်းခေါင်းဆောင်အပေါ်သစ္စာဖောက်ခဲ့တာကြောင့်သူ့နှလုံးကိုရဖို့ဆုငွေတစ်မီလီယံထုတ်ထားပါတယ် ဆုကြေးရချင်နေတဲ့ ကြမ်းကြမ်းရမ်းရမ်းကြေးစားအဖွဲ့တွေကလည်းသူ့နောက်လိုက်ပြီးသတ်ဖို့ကြိုးစားပါတယ်.. မာဖီးယားခေါင်းဆောင်ရဲ့လျှို့ဝှက်ချက်တွေသိရဖို့နဲ့ သက်သေထွက်ဆိုဖို့အတွက်သူ့ကိုကာကွယ်ပေးဖို့ အေးဂျင့်မက်စ်နာနဲ့အေးဂျင့်ကော်ရတ်သာတို့က တာဝန်ယူထားရပါတယ်... လူသတ်သမားကခုနစ်ယောက် အေးဂျင့်ကနှစ်ယောက်နဲ့ အစ်စရယ်မသေစေဖို့ကြိုးစားရပါတယ်.. အဲဒါအပြင် ဆွီဒင်လူမျိုးဆိုတဲ့ ထူးဆန်းတဲ့ဇာတ်ကောင်က ဘာဖြစ်နေမလဲ... တဖြည်းဖြည်းနဲ့ သူတို့ FBI ကြားက အရှုပ်အရှင်းတွေပေါ်လာချိန်မှာတော့ မာဖီးယားတွေနဲ့ဘယ်လိုပတ်သက်နေတာလဲ လျှို့ဝှက်ချက်တွေကဘာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါ  File Size : (2.7GB)(1.1GB) and (379 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:48:00 Genre : Action ,  Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Poant Encoded by Phyo Pyae
movie
Smokin’ Aces(2006)
Muppets Haunted Mansion (2021) 6.5
Muppets Haunted Mansion (2021) Muppets Haunted Mansion (2021)=========================IMDb Rating - 6.5/10ဟောလိုး၀င်းအတွက် အထူး စပယ်ရှယ် Disney က ထွက်ရှိလာတဲ့ ကိုရွှေအ တို့ လာပါပြီ။သွင်ပြင်လေးတွေကလည်း ချစ်စရာကောင်းပြီး ထွက်သမျှကားတိုင်းမှာ ပရိသတ်ကို ပြုံးပျော်စေနိုင်တဲ့ ကာတွန်းကောင်လေးတွေလည်း ဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ haunted mansion ဆိုတဲ့အတိုင်း သရဲခြောက်တဲ့ အိမ်ကြီးပါမှာတော့ အသေချာပဲဗျ။ဇာတ်လိုက်ကျော်တွေဖြစ်တဲ့ Gonzo နဲ့ သူ့သူငယ်ချင်း Pepe တို့ ၂ ယောက် ခါတိုင်း ဟောလိုး၀င်းတွေလို ဘော်ဒါတွေနဲ့ ဆုံပြီး ပါတီ မလုပ်ဘဲ . သရဲခြောက်တဲ့ အိမ်ကြီးထဲမှာ တစ်ညတာ နေရမယ်ဆိုတဲ့ စိန်ခေါ်မှုကို လက်ခံကာဟောလိုး၀င်းညမှာ သရဲအိမ်ကြီးဆီ သွားကြပါတော့တယ်။သူတို့ကို လိုက်ပို့တဲ့ ကားသမားပြောခဲ့တဲ့ စကားလေးတစ်ခွန်းကတော့ " ဒီကို လူတွေအမြဲ လိုက်ပို့ရပေမဲ့ ဘယ်တော့မှပြန်လာ မခေါ်ရဘူး " တဲ့ဗျ။ ...
movie
Muppets Haunted Mansion (2021)
2021
Coffee & Kareem (2020) 5.1
movie
Coffee & Kareem (2020)
2020
The Best of Enemies(2019) 6.8
The Best of Enemies(2019) The Best of Enemies(2019)IMDb...6.8  " မဖြစ်နိုင်ဘူးဆိုတဲ့အဖြေတစ်ခုကိုကျွန်မဘယ်တော့မှလက်မခံနိုင်ဘူး...ဒါကျွန်မရဲ့အဖြေမဟုတ်ဘူး... ကျွန်မတို့အားလုံးကထွက်တဲ့သွေးရောင်တွေဟာအကုန်အတူတူပဲမဟုတ်လား...ဒီတော့ကျွန်မယုံကြည့်ချက်အတိုင်းဆက်လုပ်တယ်...." ဒါကတော့လူမည်းအမျိုးသမီးဖြစ်သူမစ္စအေယုံကြည်ပြုမူပြောဆိုလှုပ်ရှားခဲ့တဲ့စကားပေါင်းများစွာထဲကအချို့ပါ.... ဒီကားက အမေရိကားမှာလူဖြူလူမည်းကြောင့်ပြည်တွင်းစစ်ဖြစ်ပွားပြီးခဲ့သော်လည်းတောင်ပိုင်းသားတွေကလူမည်းတွေကိုမတူမတန်သလိုနှိမ်ချချင်နေကြတုန်းကာလတစ်ခုကိုအခြေခံရိုက်ကူးထားခဲ့တာပါ။လူမည်းတွေကလည်းသူတို့ရဲ့လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်နေရချိန်လည်းဖြစ်ပြီးဒီတစ်ကြိမ်မှာတော့အစိုးရကျောင်းတွေကိုလူဖြူလူမည်းမခွဲခြားပဲနှစ်မျိုးလုံးတက်ရောက်နိုင်တဲ့ပူးတွဲကျောင်းတွေအဖြစ်ပြုလုပ်ပေးဖို့တောင်းဆိုရင်းဖြစ်ပေါ်လာတဲ့ဖြစ်ရပ်မှန်အဖြစ်တွေကိုသရုပ်ဖော်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ ဒီကားကတကယ်စိတ်ခွန်အားတွေရရှိစေသလိုဇာတ်ကားကလည်းစိတ်ဝင်စားအောင်ရိုက်ကူးထားပါတယ်.... ဒိုင်ယာလော့တွေကလည်းခမ်းနားသလိုသရုပ်ဆောင်တွေကလည်းဝါရင့်သရုပ်ဆောင်တွေမို့လို့အသက်ပါလွန်းပါတယ်.... ခံစားကြည့်လိုက်ပါဦးဗျို့... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Ye Pye Sone ပဲဖြစ်ပါတယ်... File Size : (1.1 GB) and (440MB) Quality : Web-Dl 720p, Format…mp4 Duration…02:13:00 Genre :  Biography, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by Phyo Pyae
movie
The Best of Enemies(2019)
2019
The Curious Case of Benjamin Button (2008) 7.8
The Curious Case of Benjamin Button (2008) အော်စကာဆု သုံးဆု ရရှိထားပြီး နာမည်ကျော်လူကြိုက်များတဲ့ ကားလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်တွေကလည်း ဘရက်ပစ် တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ ဘန်ဂျမင် ဘော့တွန်ဆိုတဲ့ ထူးဆန်းတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကိုဖော်ပြထားတာပါ။ လူသာမန်တွေဟာ မွေးလာတယ် တဖြည်းဖြည်း အိုမင်းလာပြီး ကွယ်လွန်ရတာက ဓမ္မတာပါပဲ။ ဒါပေမယ့် ဘန်ဂျမင်ကတော့ ဒီလိုမဟုတ်ဘူး ထူးဆန်းတဲ့ ရောဂါကြောင့် မွေးလာကတည်းက လူအိုလေးတစ်ယောက် အနေနဲ့ မွေးလာပါတယ်။ သူအသက်ကြီးလာ လေလေ ပိုနုပျိုလာလေလေပါပဲ။ဒီအခါမှာ မတူညီတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့တွေကို ခံစားလာရပါတယ်။မွေးကတည်းက အမေဖြစ်သူကွယ်လွန်ပြီး အဖေဖြစ်သူရဲ့ စွန့်လွှတ်ခြင်းကို ခံရတဲ့ ဘန်ဂျမင်တစ်ယောက် ဒေစီ ဆိုတဲ့ မိန်းကလေး တစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပါတယ်။ သူတို့ရဲ့ အချစ်ရေးဟာ ထူးဆန်းနေမယ်ဆိုတာ သိပေမဲ့လည်း သူတို့ချစ်မိခဲ့ကျပါတယ်။ သူ့ရဲ့ ရောဂါက သူတို့ရဲ့ အချစ်ရေးအတွက် အနှောက်အယှက်ဖြစ်စေမလား …. ဒါမှမဟုတ် သူတို့ ချစ်ခရီးလမ်း အဆင်ပြေမှာလား… ဘန်ဂျမင်ရဲ့ ဘဝမှာ ဘာတွေ ကြုံခဲ့ရလို့ ဘာတွေ ...
movie
The Curious Case of Benjamin Button (2008)
2008
What Men Want (2019) 5.5
What Men Want (2019) unicode အေလီ ဟာ အားကစား ကြေငြာလုပ်ငန်းတွေကို အားကစား သမားတွေ နဲ့ ချိတ်ဆက်ပေးတဲ့ အေးဂျင့် တစ်ယောက်ဖြစ်ပါတယ်... အလုပ်ထဲမှာ မိန်းမသား ဆိုလို့ သူမ တစ်ယောက်ထဲဖြစ်ပြီး လုပ်ငန်းထဲက အမျိုးသားတွေ နဲ့ မှီအောင် အမြဲရင်ဘောင်တန်းနိုင်သူပါ မိမိကိုယ်ကိုလဲ အမြဲယုံကြည်ချက် ရှိသူတစ်ယောက်ပေါ့... ဒီလိုနဲ့ တစ်ရက်မှာတော့ သူမ ကြံစည်နေတဲ့ ကစားသမားတစ်ယောက်ကို လုပ်ငန်းထဲက အေးဂျင့် တစ်ယောက်က ဖြတ်လုသွားရာကနေ အကြီးအကျယ်တင်းသွားပါတော့တယ် သူဌေးဖြစ်သူကလဲ အေလီ ကို အမျိုးသားများနဲ့ ပူးပေါင်းအလုပ်မလုပ်တက်ကြောင်း ယောင်္ကျားများကို နားမလည်တဲ့ အတွက် ရာထူးတိုးဖို့ ခက်ကြောင်း ခေါ်ပြောပါတယ် အဲ့ဒီညမှာပဲ သူငယ်ချင်းတွေ နဲ့ အေလီ မူးအောင် သောက်ပါတော့တယ် နောက်နေ့ မနက် နိုးလာတဲ့အခါမှာတော့ တစ်ခုခုက မှားယွင်းနေခဲ့ပါတယ် အေလီ ဟာ ယောင်္ကျားတိုင်းရဲ့ စိတ်ကို ဖတ်နိုင်တဲ့ အကြားအမြင်ရတဲ့ စွမ်းအားတစ်ခုကို ပိုင်ဆိုင်နေတာ သိလိုက်ရပါတော့တယ်... ကဲ ... ဟာသ ကား ကောင်းကောင်းလေး ကြည့်ချင်တဲ့သူတွေအတွက် အေလီ နဲ့ သူမ ရဲ့ အလွဲများကို ရယ်ဖို့ အသင့်ဖြစ်နေပြီလား တစ်ခုသတိပေးချင်တာကတော့ ...
movie
What Men Want (2019)
2019
Ralph Breaks the Internet 2018 (BluRay) 7.2
Ralph Breaks the Internet 2018 (BluRay) ပြီးခဲ့တဲ့ Ralph ရုပ်ရှင်မှာဆိုရင်တော့ Ralph ရဲ့ ကမောက်ကမ ဖြစ်အင်တွေနဲ့ ဇတ်လမ်းစတည်ခဲ့ပြီး ပြိုင်ကားမောင်းတဲ့ မင်းသမီးလေး Vanellope ရဲ့ မူလ ဘဝကိုပြန်လည် ကယ်တင်ပေးနိုင်ခဲ့ပြီး အရာရာ အဆင်ပြေခဲ့တာကို သိကြမှာပါ Ralph နဲ့ Vanellope တို့ဟာ အတူတကွ ပျော်ရွှင်စွာ နေသွားကြလေသတည်းဆိုပြီးအပြီးသတ်ခဲ့ပေမဲ့ အခုရုပ်ရှင်ဖြစ်တဲ့ Ralph Breaks The Internet ဆိုတဲ့ ရုပ်ရှင်မှာတော့ပြိုင်ကားမောင်းဂိမ်း ထဲက မင်းသမီးလေး Vanellope ပြိုင်ပွဲ ဝင်နေတဲ့ အချိန်Ralph တစ်ယောက် အနိုင်ရအောင် ဆိုပြီး သူ့အကြံနဲ့ သူ ဖြတ်လမ်းတွေဖောက်ခဲ့ပါတယ်... ဖြစ်ချင်တော့ အဲ့ဒီလို ပရိုဂရမ်ကနေ သွေဖယ်သွားတဲ့ လမ်းကြောင်းကိုအပြင်က ဂိမ်းဆော့သူက လိုက်ပြီး ပြန်ထိန်းချုပ်ရင်း အဲ့ဒီပြိုင်ကား ဂိမ်းစက်ဟာ ပျက်စီးသွားခဲ့ပါတော့တယ်....ဆိုင်ရှင်က အပိုပစ္စည်း မှာဖို့ ကြံစဉ်ပေမဲ့ မူလ လက်ဟောင်းဖြစ်တဲ့အတွက် ...
movie
Ralph Breaks the Internet 2018 (BluRay)
2018
Ralph Breaks the Internet (2018) 7.5
Ralph Breaks the Internet (2018) ပြီးခဲ့တဲ့ Ralph ရုပ်ရှင်မှာဆိုရင်တော့ Ralph ရဲ့ ကမောက်ကမ ဖြစ်အင်တွေနဲ့ ဇတ်လမ်းစတည်ခဲ့ပြီး ပြိုင်ကားမောင်းတဲ့ မင်းသမီးလေး Vanellope ရဲ့ မူလ ဘ၀ကို ပြန်လည် ကယ်တင်ပေးနိုင်ခဲ့ပြီး အရာရာ အဆင်ပြေခဲ့တာကို သိကြမှာပါ Ralph နဲ့ Vanellope တို့ဟာ အတူတကွ ပျော်ရွှင်စွာ နေသွားကြလေသတည်းဆိုပြီး အပြီးသတ်ခဲ့ပေမဲ့ အခုရုပ်ရှင်ဖြစ်တဲ့ Ralph Breaks The Internet ဆိုတဲ့ ရုပ်ရှင်မှာတော့ ပြိုင်ကားမောင်းဂိမ်း ထဲက မင်းသမီးလေး Vanellope ပြိုင်ပွဲ ၀င်နေတဲ့ အချိန် Ralph တစ်ယောက် အနိုင်ရအောင် ဆိုပြီး သူ့အကြံနဲ့ သူ ဖြတ်လမ်းတွေ ဖောက်ခဲ့ပါတယ်... ဖြစ်ချင်တော့ အဲ့ဒီလို ပရိုဂရမ်ကနေ သွေဖယ်သွားတဲ့ လမ်းကြောင်းကို အပြင်က ဂိမ်းဆော့သူက လိုက်ပြီး ပြန်ထိန်းချုပ်ရင်း အဲ့ဒီပြိုင်ကား ဂိမ်းစက်ဟာ ပျက်စီးသွားခဲ့ပါတော့တယ်.... ဆိုင်ရှင်က အပိုပစ္စည်း မှာဖို့ ကြံစဉ်ပေမဲ့ မူလ လက်ဟောင်းဖြစ်တဲ့အတွက် အပိုပစ္စည်းမရှိသလို အင်မတန်ဈေးကြီးတဲ့အတွက် Vanellope ရဲ့ ပြိုင်ကားဂိမ်းစက်ကို ချောင်ထိုးထားဖို့ စိတ်ကူးသာ ရရှိသွားပါတော့တယ်... ဒီလိုနဲ့ ပြိုင်ကား ဂိမ်းထဲ နေထိုင်နေကြတဲ့ သူတွေ အားလုံးဟာ ထွက်ပြေးကြရင်း ဖြတ်ကူးကြတဲ့ ကြား တစ်နေရာမှာ သောင်တင်ကုန်ကြပါတယ်.. Ralph ကလဲ ...
movie
2018
Acrimony (2018) 5.0
Acrimony (2018) IMDB.... 5.1/10ဒီတစ်ခါမှာတော့ CM ပရိတ်သတ်တွေကို psychological thriller ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်Acrimony ကို Tyler Perry ကိုယ်တိုင်ရိုက်ကူးပြီးထုတ်လုပ်ထားတာပါRating 6 တောင် မကျော်ဘူးဆိုပြီးတော့ အထင်မသေးလိုက်ပါနဲ့ဒီကားလေးက Best actress award မှာ nominate ရထားတာပါRating ကျရတဲ့အကြောင်းတစ်ခုကလည်း ရိုင်းစိုင်းကြမ်းတမ်းတာတချို့ပါနေလို့ပါပဲကိုယ်ချစ်ရတဲ့သူအပေါ် အရာရာသည်းခံကူညီပေးတဲ့စကောလောက်မှဇောက်မနက် နလပိန်းတုုံးမိန်းမတစ်ယောက်ရဲ့ခံစားချက်ကိုခံပြင်းစွာ အသည်းယားစွာနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်  (အပြစ်မမြင် ချစ်ချင်တာပဲသိတယ်ဆိုတာမျိုးပေါ့ :3)အချစ်အတွက်နဲ့ မျက်စိစုံမှိတ် ဆင်ကန်းတောတိုးအမှတ်သည်းခြေမရှိ ခွေးမြီးကောက်ကျည်တောက်စွပ်တုုံးတိုက်တိုက် ကျားကိုက်ကိုက်ဆိုပြီး အရာရာစွန့်လွှတ်အနစ်နာခံခဲ့တဲ့မယ်လင်ဒါတစ်ယောက်နောက်ဆုံး သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ဘယ်လိုမျိုး အပြတ်ပြတ်နဲ့နှာခေါင်းသွေးထွက်သွားမလဲ....(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Khin  ပါ)File Size : (950 MB) and (330 MB) Quality : Blu-Ray 720p Running Time : 2hr 00min Format : Mp4 Genre : Thriller Subtitle ...
movie
Acrimony (2018)
2018
Four Brothers (2005) 6.9
Four Brothers (2005) 2005 ခု နှစ်တုန်းက ထွက်ရှိခဲ့တဲ့ Four Brother ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာ John Singleton ကရိုက်ကူးတင်ဆက်ထားပါတယ်..IMDb Rating ကလည်း 6.9 ရရှိထားတာမို့ကားကောင်းတစ်ကားလို့ဆိုလိုရမှာဖြစ်ပါတယ်..အက်ရှင်ဇာတ်ကားအကြမ်းတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့သဘောတွေ့မယ့်ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်..ဇာတ်လမ်းပုံစံလေးကတော့..အင်မတန်ဆိုးတဲ့ ညီအကိုလေးယောက်...သူတို့ဟာဆိုးလွန်းလို့လူတိုင်းကသဘောမကျကြဘူး..အကြီးဆုံးအကိုကြီးဆိုရင်..မြို့ထဲမှာတောင်နေလို့မရတဲ့အဆင့်ထိပါပဲ..တစ်နေ့မှာ သူတို့လေးယောက် ကို ငယ်ငယ်ကတည်းက မွေးစားခဲ့တဲ့ အမျိုးသမီးအသတ်ခံရတဲ့အချိန်မှာတော့ ရဲတွေကရော..မြို့လူထု ကရော သူတို့ကိုသံသယဝင်နေကြပါတယ်..သူတို့တကယ်ပဲ သူတို့ရဲ့မွေးစားမိခင်ကိုသတ်တာလား..သူတို့ရဲ့ဆိုးသွမ်းမှုတွေကြောင့်အထင်ခံရတာလား..ဒီကိစ္စတွေကိုသူတို့ဘယ်လိုဖြေရှင်းမှာလဲ ဆိုတာတွေကို..စိတ်ဝင်တစားနဲ့ ဆက်လက်ကြည့်ရှုကြပါFile Size : (850 MB) and (355 MB)Quality : Blu-Ray 720p Running Time : 1hr 49min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPARKS Translated by Myat Noe Wutt Yi Encoded by Thanhtike Zaw
movie
Four Brothers (2005)
2005
Proud Mary (2018) 5.0
Proud Mary (2018) ေကျးဇူးကြွေးတွေကြောင့် မလုပ်ချင်တဲ့အလုပ်တွေလုပ်နေရတဲ့ မယ်ရီတစ်ယောက်သူ့ကြောင့်ဖခင်မဲ့ဖြစ်သွားရတဲ့ ၁၂အရွယ် ခပ်ရိုင်းရိုင်းကောင်လေးကိုသနားစိတ်ဝင်ပြီး စောင့်ရှောက်ဖို့ကြိုးပမ်းရာမှ ပေါ်ပေါက်လာမယ့်ပြသနာတွေနဲ့အတူ သွေးမတော်သားမစပ်တဲ့သူ နှစ်ဦးကြားက သံဃောဇဉ်နဲ့မိခင်စိတ်တို့ကိုမြင်ရမှာပါမယ်ရီအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးကတော့ နာမည်ကြီးဇာတ်ကား Hidden Figures (2016) ထဲမှာ Katherine အဖြစ်ပါဝင်ခဲ့သူ Taraji P.Henson ပဲဖြစ်ပါတယ်သူရဲ့ပြောင်မြောက်လှတဲ့သရုပ်ဆောင်ပုံကြောင့်သာ ဒီဇာတ်လမ်းဟာပိုကြွလာတယ်လို့ Rotten Tomatoes မှာတော့ဆိုထားပါတယ်Action,Crime ကားကောင်းကောင်းတောင့်တ နေသူတွေအတွက်တော့ကြည့်လို့ကောင်းတဲ့အထဲမှာပါပါတယ်။IMDB - 4.9/10 ရရှိထားပါတယ်File Size : (700 MB) and (310 MB) Quality : Blu-Ray 720p Running Time : 1hr 29min Format : Mp4 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-GECKOS Translated by May Myat Thu Encoded by Thanhtike Zaw
movie
Proud Mary (2018)
2018