Channel Myanmar

Tara Strong

The Croods: A New Age (2020) 7.1
The Croods: A New Age (2020) The Croods: A New Age (2020)IMDb Rating (6.9) / Rotten Tomatoes (76%) ဂိုင်းဆိုတဲ့တစ်ကောင်ကြွက်လေးတစ်ယောက် မိဘတွေကွယ်လွန်ခါနီးမှာခဲ့တဲ့"မနက်ဖြန်"ဆိုတဲ့နေရာလေးကို ရှာဖွေရင်းတစ်နေ့မှာ ဂူတွေထဲနေထိုင်ကျက်စားကြတဲ့ ခရုစ်မိသားစုနဲ့တွေ့သွားတဲ့အခါ ရင်းနှီးသွားပြီးခရုစ်မိသားစုရဲ့သမီးပျိုလေး အိဗ်နဲ့လည်း ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ဒီလိုနဲ့ ခရုစ်မိသားစုဟာလည်း ဒီဂူတွေထက်ပိုကောင်းပြီး အစာရေစာပေါများတဲ့"မနက်ဖြန်"ဆိုတဲ့နေရာလေးကို ဂိုင်းနဲ့တူတူ ရှာပုံတော်ထွက်ခဲ့ကြပါတော့တယ်။ဒီလိုနဲ့ခရီးဆက်ရင်း နတ်ပြည်ကြီးလိုလှပပြီး အစာရေစာလည်းပေါများတဲ့ နေရာလေးတစ်ခုကိုရောက်သွားတဲ့အခါမှာ၊အဲဒီနေရာလေးက ဂိုင်းမိဘတွေရဲ့အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်တဲ့ ဘတ်တားမန်းမိသားစုရဲ့ အိမ်ကြီးဖြစ်နေတဲ့အခါမှာ၊ဘတ်တားမန်းမိသားစုရဲ့သမီးပျိုလေး ဒေါန်ကလည်း ဂိုင်းရဲ့အခင်ဆုံးငယ်သူငယ်ချင်းဖြစ်နေတဲ့အခါမှာ မိသားစုနှစ်စုရဲ့ မတူညီတဲ့ယဥ်ကျေးမှုတွေကနေဘယ်လိုပဋိပက္ခလေးတွေဖြစ်လာမလဲ?တောရိုင်းတိရစ္ဆာန်ရဲ့အန္တရာယ်တွေကနေရော ဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမှာလဲဆိုတာကို မိဘမေတ္တာ၊ သူငယ်ချင်းသံယောဇဥ်လေးတွေကိုပါ ထည့်သွင်းပုံဖော်ထားတဲ့ ဒီ comedy-adventure animation movie လေးမှာ ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…(5 GB) / (1.5 GB) / (940 MB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure,Animation,Comedy Duration….01:35:30 Subtitle….Myanmar ...
movie

The Croods: A New Age (2020)

2020
4K HEVC
Tom and Jerry: A Nutcracker Tale (2007) 6.3
Tom and Jerry: A Nutcracker Tale (2007) ခရစ္စမတ်အချိန်အခါ နီးလာတာနဲ့အမျှ ကျွန်ုပ်တို့ငယ်စဉ်က သဘောကျခဲ့ရတဲ့ Tom and Jerryတို့ရဲ့ ခရစ္စမတ်ကာလဇာတ်ကား‌ကောင်းလေးတစ်ကားကို ပြန်ပြီးတင်ဆက်ပေး လိုက်ပါတယ်။ဒီဇာတ်ကားလေးကို ကြည့်ဖူးသူအများစုရှိလောက်ပေမဲ့ ငယ်ဘဝအမှတ်တရအနေနဲ့ ပြန်ကြည့်နိုင်ဖို့Quality updateပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့ ခရစ္စမတ်စစ်သားရုပ်ဘဲလေးပြဇာတ်ကို အရမ်းသဘောကျတဲ့ Jerryလေးတစ်ကောင်မထင်ထားတဲ့အံ့ဖွယ်မှော်အစွမ်းတစ်ခုကြောင့် သူကိုယ်တိုင် စစ်သားလေး ဖြစ်သွားသလိုစံစားစရာ တိုင်းပြည်တစ်ခုကိုပါ ပိုင်ဆိုင်သွားပါတယ်။ဒါပေမဲ့ အဲဒီမှော်အစွမ်းက Jerry ရဲ့ မဟာရန်ဘက် Tomတို့ ကြောင်အဖွဲ့ကိုပါ သက်ရောက်သွားတဲ့အခါJerryတို့ကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နှင်ထုတ်ပြီး အဲဒီတိုင်းပြည်လေးကို အပိုင်စီးဖို့ကြိုးစားပါတော့တယ်။ဒါကြောင့် Jerry နဲ့ သူ့ရဲ့မိတ်ဆွေတစ်သိုက်တို့ Tomတို့အဖွဲ့ရဲ့လက်ထဲကနေ သူတို့ပိုင်ဆိုင်တဲ့ တိုင်းပြည်ကို ပြန်ရအောင် ကြိုးစားရပါတော့တယ်။ File Size :  1.1 GB, 540 MB Quality : Blu-Ray 1080p / 720p Running Time : 47min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : ...
movie

Tom and Jerry: A Nutcracker Tale (2007)

Batman: The Dark Knight Returns, Part 1 (2012) 8.0
Batman: The Dark Knight Returns, Part 1 (2012) Frank Miller ရဲ့ အရမ်းDeep Dark ဖြစ်ပြီးအောင်မြင်ခဲ့တဲ့ The Dark Knight return Comic ကို Animation ပြန်ရိုက်ထားတဲ့ကားလေးပါ ။ဒီဇာတ်လမ်းကို DC ရဲ့ Snyder verses လုပ်ခဲ့တဲ့ Zack Snyder ကိုယ်တိုင်က Batman Live action ရိုက်ရရင် ဒီဇာတ်လမ်းကို ရိုက်ချင်တယ် ပြောတဲ့အထိပါ။ဒီ animation က Part 1 နဲ့ Part 2 ဆိုပြီး နှစ်ပိုင်းထွက်ထားပါတယ် ။Part 1 ထဲမှာတော့ ဘရုစ်ဝိန်းဟာ Batman လုပ်တဲ့ဆီကနေ အနားယူထားတ ဆယ်စုနှစ်တစ်ခုကြာခဲ့ပါပြီ။ဂေါ်သမ်မြို့မှာလည်း Batman မရှိတော့ ကြောင်မရှိကြွက်သောင်းကျန်း ဆိုသလို ဒုစရိုက်မှုတွေ ကများပြားနေပါတယ်။ရဲမင်းကြီးဂျိန်းဂေါ်ဒွန် ကလည်း အငြိမ်းစားယူဖို့ တစ်လ အလိုမှာပဲ Mutant လို့ခေါ်တဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုကပေါ်လာပြီးဂေါ်သမ် ...
movie

Batman: The Dark Knight Returns, Part 1 (2012)

2012
Scooby-Doo! Stage Fright (2013) 6.8
Scooby-Doo! Stage Fright (2013) စကူဘီဒူးတို့အဖွဲ့ကတော့ Talent star ဆိုတဲ့ ရှိုးပွဲအတွက် ချီကာဂိုမြို့ကို ရောက်လာကြပါတယ်။ဒီရှိုးမှာ ပါဝင်မှာကတော့ ဒက်ဖနီနဲ့ ဖရတ်ဒ်တို့ နှစ်ယောက်ပါ။ဒီလိုနဲ့ ရှိုးပွဲကျင်းပဖို့ ပြင်ဆင်နေချိန်မှာ တစ္ဆေတစ်ကောင် ပေါ်လာပါတယ်။ဒီတစ်ခေါက် တစ္ဆေကရော ဘယ်လိုအဖြစ်အပျက်တွေနဲ့ ဆက်စပ်နေမလဲ၊စကူဘီဒူးတို့အဖွဲ့ ဘယ်လိုအဖြေရှာဖော်ထုတ်ကြဦးမလဲ ဆိုတာ ကြည့်ရှုရမှာပါ။သဲလွန်စလေးတွေ ဟိုတစ်စဒီတစ်စနဲ့ အဖြေလိုက်ရှာကြည့်ရမယ်။မထင်မှတ်ထားတဲ့ plot twist တွေ ထည့်ထားတဲ့အပြင် ထုံးစံအတိုင်း horror ပါးပါးလေးနဲ့ humor လေးလည်း ရောစပ်လို့ စကူဘီဒူးဖန်တွေ အကြိုက်တွေ့မှာပါ။CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ File Size :  1.5 GB, 833 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle ...
movie

Scooby-Doo! Stage Fright (2013)

Scooby-Doo! & Batman: The Brave and the Bold (2018) 6.5
Scooby-Doo! & Batman: The Brave and the Bold (2018) စကူဘီဒူးတို့အုပ်စု ထူးဆန်းထွေလာတွေနဲ့အတူပြန်လာခဲ့ပါပြီဒီတစ်ခါမှာတော့ ခါတိုင်းနဲ့မတူဘဲ Batman ရဲ့အမှုကို သူငယ်ချင်းတစ်သိုက်က ပါဝင်အားဖြည့်ပေးကြမှာပဲဖြစ်ပါတယ်တစ်နေ့မှာ ဂေါ့သန်မြို့က ဓာတုသိုလှောင်ရုံတစ်ခု ဖောက်ထွင်းခံလိုက်ရပေမဲ့ဒီအမှုက သာမန်ဟုတ်မနေဘဲ batmanရဲ့ အတိတ်က မပြီးပြတ်သေးတဲ့ အမှုတစ်ခုနဲ့ ဆက်စပ်နေတဲ့အခါမှာတော့မေးခွန်းထုတ်စရာအခြေအနေတွေပေါ်လာပါတော့တယ်DC Universeက ဟီးရိုး‌တွေနဲ့ စကူဘီဒူးတို့စကွက်ရဲ့ ဂယက်တွေကို ဟာသနှောလျက်သားကြည့်ရှုရမှာဖြစ်ပြီးတော့အကုန်လုံးပူးပေါင်းပြီး အမှုကိုတစ်ဆင့်ချင်းဖြေရှင်းသွားကြပုံတွေကို ဒီmovieထဲမှာ စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ  File Size :  1 GB, 537 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Adventure, Animation, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : SO Encode by : Thit San Khant
movie

Scooby-Doo! & Batman: The Brave and the Bold (2018)

Scooby-Doo! Mask of the Blue  (2012) 6.6
Scooby-Doo! Mask of the Blue (2012) စကူးဘီတို့ အကြိုက်ဆုံးကာတွန်းဇာတ်ကောင် Blue Falcon သိမ်းငှက်ပြာနဲ့အံ့ဖွယ်ခွေး Dynomutt တို့ကို ကာတွန်းပွဲတော်မှာ သွားကြည့်ရင်းကစကူးဘီတို့ ပဟေဠိကို ဖြေရှင်းဖို့ ဖန်လာပြန်ပါတယ်။ဒီတစ်ခေါက်မှာ မစ္စတာဟိုက်ဒ် အသွင်ရတဲ့ မိစ္ဆာတစ်ကောင်က Blue Falcon ရဲ့ပြန်လည်ဆန်းသစ်ဇာတ်ကား ပြသချိန်တိုင်း တိုက်ခိုက်မှုမျိုးစုံနဲ့ လူတွေကို ဒုက္ခပေးလာပါတယ်။ဘယ်သူက လုပ်နေမှန်းမသိ တိုက်ခိုက်မှုတွေက San De Padro မြို့မှာ ဆက်တိုက်ဆိုသလို ဖြစ်လာပါတယ်။ဒီတော့ ဒီပဟေဠိကို ဖြေရှင်းဖို့ စကူးဘီတို့ဆီ မြို့တော်ဝန်မှ တာဝန်ရောက်လာပါတယ်။ဖြစ်ရပ်ရဲ့ နောက်ကွယ်ကသူကို အဖြေရှာဖို့က Blue Falcon သရုပ်ဆောင်ဟောင်း Owen Garrison ကနေအမှူးပြုပြီး အခြားသံသယရှိသူတွေအနက်မှာ ဘယ်သူက မစ္စတာဟိုက်ဒ်ရဲ့ ကြိုးကိုင်ရှင်ဖြစ်မလဲ။ဘာကြောင့် ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်နေရသလဲ အကြောင်းရင်းမှန်ကို ဖော်ထုတ်ကြပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ။  File Size :  1.3 GB, 647 MB Quality : Blu-Ray ...
movie

Scooby-Doo! Mask of the Blue (2012)

Ted 2 (2015) 6.3
Ted 2 (2015) IMDB: 6.3 Rotten Tomatoes:44% Genre: ComedyTed 2 ကတော့ Ted 1 ရဲ့အဆက်ဖြစ်ပါတယ်။Seth MacFarlane ရဲ့ထုံးစံအတိုင်း "Random" ဆန်တဲ့ဟာသတွေကိုမြင်ရမှာဖြစ်ပါတယ်။အတော်လေးလည်း ရယ်ရပြီး အတော်လေးလည်း ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်ညွှန်းဇာတ်လမ်းအစမှာတော့ တက်ဒ်နဲ့ တယ်မီလင်းတို့နှစ်ယောက်မင်္ဂလာဆောင်လိုက်ပါပြီ။ဂျွန်ကလည်း အိမ်ထောင်ကွဲတစ်ယောက်ဖြစ်ပြီးအမြဲတမ်းလိုလိုမှိုင်တွေနေပါပြီ။ခက်တာက တက်ဒ်ဟာ လူသားတစ်ယောက်စစ်စစ်မဟုတ်ဘူးဆိုပြီးမင်္ဂလာဆောင်ကိုပြန်ရုတ်သိမ်းလိုက်ပါတယ်။ သူ့ကို"ပစ္စည်း" တစ်ခုအနေနဲ့သက်မှတ်လိုက်တဲ့အတွက်ဒီကိစ္စခေါင်းငုံ့ခံလို့မဖြစ်ဘူးဆိုပြီး တရားထစွဲပါတော့တယ်။ဒါပေမယ့် နောက်ကွယ်မှာ သူတို့မသိတဲ့အကြောင်းအရင်းလေးတွေကရှိနေပါသေးတယ်။ဘယ်လိုပေါက်ကရတွေလာဦးမလဲဆိုတာကိုတော့ ကြည့်လိုက်ကြပါ။တက်ဒီအဖြစ်မင်းသား/ဒါရိုက်တာ Seth MacFarlaneJohn အဖြစ်အချစ်တော် မင်းသား Mark Wahlbergရှေ့နေမလေး Sam အဖြစ် မင်းသမီးချော Amanda SeyfriedMorgan Freeman လည်းပါဝင်ထားပါသေးတယ်။  File Size :  2.3 GB / 1 GB Quality : Blu-Ray (Unrated) 1080p / 720p Running Time : 1h 46m Format : Mkv and ...
movie

Ted 2 (2015)

Ted (1) 2012 6.9
Ted (1) 2012 IMDB: 6.9 Rotten Tomatoes: 69% Genre: Comedy/FantasyTed 1 (2012) ကိုမသိတဲ့လူမရှိလောက်ပါဘူး။ဒီရုပ်ရှင်ကိုဖန်တီးခဲ့တာကတော့ Hollywood ဟာသရုပ်ရှင်လောကမှာ‌တော်တော်လေးကို အရည်အချင်းရှိတဲ့ Seth MacFarlane ဖြစ်ပါတယ်။နာမည်ကြီးတယ်သာပြောတယ် ခုမှကြားဖူးတယ်ဆိုတဲ့ လူတွေအတွက်Seth MacFarlane ကိုနည်းနည်းမိတ်ဆက်ပေးပါရစေ။Seth MacFarlane ဆိုတာFamily Guy ကိုအသက်သွင်းခဲ့တဲ့ လူဖြစ်ပါတယ်။အဲထက်ပိုပြီး အထင်ကြီးဖို့ကောင်းတာကFamily Guy မှာပါတဲ့Peter GriffinStewieBrianQuagmire တို့နေရာမှာ သူတစ်ယောက်တည်းအသံသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်ညွှန်းJohn ဆိုတာ သူငယ်ချင်းမရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။အများကဝိုင်းပယ်ခြင်းကိုခံထားရတဲ့ကောင်လေးတစ်ယောက်လည်းဖြစ်ပါတယ်။ခရစ္စမတ်စ် ညတစ်ခုမှာ ဆုတောင်းလိုက်တဲ့ တောင်းဆုတစ်ခုကြောင့်John ရဲ့ တက်ဒီဝက်ဝံလေးအသက်ဝင်လာခဲ့ပါတယ်။John ဟာ တက်ဒီလေးနဲ့ ထာဝရ အတူတူသူငယ်ချင်းတွေလုပ်ကြမယ်ဆိုပြီး ကတိထားခဲ့ကြပါတယ်။တကယ်တမ်းလည်း သူတို့နှစ်ယောက်ဟာ John ၃၅ နှစ်ရောက်တဲ့အထိအချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် John မှာ Lori ဆိုတဲ့ ကောင်မလေးတစ်ယောက်ရနေပြီးအဲဒီကောင်မလေးကြောင့်ပဲ တက်ဒီနဲ့ John တို့ကြားမှာအဖုအထစ်လေးတွေဖြစ်လာပါတော့တယ်။Seth MacFarlane ရဲ့ထုံးစံအတိုင်း "Random Bullshit Go" ဆိုတဲ့ပုံစံတွေလာမှာဖြစ်ပြီး ...
movie

Ted (1) 2012

Despicable Me 3 (2017) 6.2
Despicable Me 3 (2017) Despicable Me 3 (2017) Genre – Animation, Adventure, Comedy IMDB – 6.2/10Gru တို့ မိသားစုတွေ တတိယမြောက်အကြိမ် ပြန်လာကြတဲ့ ဇာတ်ကားလေးပါ။ အရှေ့ ၂ ကားနဲ့ ယှဉ်ရင် Rating လေး ကျသွားတယ်ဆိုပေမဲ့လည်း ကြည့်ပျော်ရှုပျော်ကတော့ ဖြစ်နေဆဲဆိုတာ အမှန်ပါပဲ။ ဒီကားလေးမှာတော့ ဆရာသမား Gru လည်း အေးဂျင့်ဖြစ်သူ Lucy နဲ့ ချစ်သူဖြစ်ပြီးတော့ လိမ်မာနေပါပြီ။ ချစ်သူနဲ့အတူ ဗီလိန်-တန်ပြန် တိုက်ဖျက်ရေး အဖွဲ့အစည်းမှာတောင် အလုပ်တွေလုပ်လို့ ပျော်နေပြီပေါ့လေ။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ အကြောင်းအရာ ပေါ်လာပါတယ်။ အဲဒါကတော့ အမွှာညီအစ်ကို ရှိနေတာဖြစ်ပြီး ငယ်စဉ်ကတည်းက ကွဲကွာနေလို့ မသိခဲ့ရပဲ ယခုမှ သိရတဲ့အတွက် အမွှာညီအစ်ကိုတွေ ပြန်ဆုံဖို့ ဖြစ်လာပါတယ်။ ဒါပေမဲ့ ညီအစ်ကိုဆိုတော့ သွေးထဲက ဇာတိပြတဲ့အတိုင်း သူကလည်း ...
movie

Despicable Me 3 (2017)

4K HEVC
Despicable Me 4 (2024) 6.3
Despicable Me 4 (2024) Despicable Me 4 (2024)IMDb Rating (6.3) / Rotten Tomatoes (56%)နာမည်ကျော် ကာတွန်းရုပ်ရှင်တွဲတွေ ဖြစ်တဲ့ Despicable Me လေးကားမြောက်လာပါပြီ။ ရှေ့ကထွက်ခဲ့တဲ့ ၃ ကားနဲ့ Minions ၂ ကား ကိုလည်း Channel Myanmar Web နဲ့ App မှာ ကြည့်ရှုနိုင်ပါတယ်။Despicable Me 1 Despicable Me 2 Despicable Me 3 Minions : The rise of Gru 2022 Minions 2015 တို့ပြီးရင် အခုရုပ်ရှင်လာပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...ဗီလိန်တိုက်ဖျက်ရေးအဖွဲ့ရဲ့အေးဂျင့် ဖြစ်လာတဲ့ ဂရု ဟာ ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ သူ့ရဲ့ပြိုင်ဘက်ဟောင်း ဗီလိန် မက်ဆင်းကို ဖမ်းပေးလိုက်ပါတယ်။ ဒါပေမဲ့ မက်ဆင်းက ထောင်ကနေ ဖောက်သွားပြီး ဂရုကိုလက်စားချေဖို့ ကြိုးစားလာတဲ့အတွက် ဗီလိန်တိုက်ဖျက်ရေးအဖွဲ့က ဂရုတို့ မိသားစုကို နာမည်ဝှက်နဲ့ မြို့လေးတစ်မြို့မှာ ...
movie

Despicable Me 4 (2024)

4K HEVC
Superman: Brainiac Attacks (2006)
Superman: Brainiac Attacks (2006) Superman: Brainiac Attacks (2006) IMDb: 5.8/10 Rotten Tomatoes: 60% Genre: Action/Sci-fi/Animationဇာတ်ညွှန်း ဘရိန်းနီးရာ့ခ်တစ်ယောက် ကမ္ဘာကိုတဖန်ပြန်ရောက်လာခဲ့ပြီး လက်စ်လူသာ ပိုင်ဆိုင်တဲ့ လက်စ်ဓာတ်ခွဲခန်းတစ်ခုကို အနုကြမ်းဝင်စီးခဲ့ပါတယ်။ ဓာတ်ခွဲခန်းမှာရှိသမျှ အသိဉာဏ်တွေအားလုံးကို စုပ်ယူနေတဲ့အချိန်မှာ စူပါမန်းရောက်လာပြီး ဘရိန်းနီးရာ့ခ်ကိုအနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း စူပါမန်းမသိခဲ့တာက ဘရိန်းနီးရာ့ခ်ရဲ့ အစိတ်အပိုင်းလေးတစ်ခုကျန်ခဲ့တယ်ဆိုတာပါပဲ။အဲဒါကိုပထမဦးဆုံးမြင်ခဲ့တဲ့လူကတော့ လက်စ်လူသာဖြစ်ပါတယ်။ လက်စ်လူသာဟာလည်းခေသူမဟုတ်တော့ ဘရိန်းနီးရာ့ခ်ကိုအသက်ပြန်သွင်းခဲ့ပြီး အရင်ကထက်ပိုကောင်းတဲ့ ဝတ်စုံတစ်ခုကိုပေးခဲ့ပါတယ်။နောက်ထပ်ကျန်ခဲ့တဲ့အရာတစ်ခုကတော့ စူပါမန်းရဲ့ ဒီအန်အေပဲဖြစ်ပါတယ်။ လက်စ်လူသာနဲ့ ဘရိန်းနီးရာ့ခ်တို့နှစ်ယောက်လက်တွဲပြီး စူပါမန်းကိုဘယ်လိုမျိုးတိုက်ခိုက်မှာလဲ။ ကမ္ဘာကိုအုပ်စိုးချင်နေတဲ့လူနှစ်ယောက်လက်တွဲလိုက်ခြင်းက မက်ထရိုပိုလစ်မြို့ကိုရော၊ ကမ္ဘာကိုရော ဘယ်လောက်ထိ အန္တရာယ်များစေလဲ။ File size…    1.2 GB /  544 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 16m Genre ..... Animation/Action/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff
movie

Superman: Brainiac Attacks (2006)

Superman/Batman: Apocalypse (2010) 7.2
Superman/Batman: Apocalypse (2010) Superman Batman: Apocalypse 2010 ကမို့ ကြာခဲ့ပါပြီ... သို့သော် Superman နဲ့ Supergirl ရဲ့ Super Action တွေဟာ ခုအချိန်ထိ မဟောင်းသေးပါဘူး။ Sir Bat က Action နည်းတယ်လို့ပြောလို့ရပေမယ့် သူ့လုပ်ကွက်တွေကလဲ ခုချိန်ထိ အရမ်းကို Batman ဆန်နေဆဲပါ။ Batman ဆန်နေမှတော့ ကြည့်လို့ကောင်းပြီရယ်ပေါ့။ အကောင်းဆုံး ဇာတ်ကားတစ်ကားလို့မပြောပေမယ့် အစကနေ ပြီး အဆုံးထိ ပေါ့ပေါ့ပါးပါးလေး သူခေါ်သွားပါလိမ့်မယ်။ DC Trinity ရဲ့ ချစ်စရာ အမူအကျင့်လေးတွေကို Supergirl ရဲ့ အပြစ်ကင်းစစ် ချစ်စရာကောင်းမှု နဲ့ အတူ ကြည့်ရမှာပါ။ BatFan တွေ ကြိုက်ကြသလို Superman Fan တွေလဲ အားရကြပါတယ်... DC ဟာ Animation မှာ နာမည်ရှိပါတယ်.... အဲ့လိုဖြစ်စေတဲ့ Animations များစွာထဲမှာ ဒီ Animation လေး အပါအဝင်ပါပဲ... ဒီ Animation Movie လေးကို ဘာသာပြန်ပေးထားတာကတော့ Han Minn ဖြစ်ပြီး Review ကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။   File ...
movie

Superman/Batman: Apocalypse (2010)

2010
Batman: Mystery of the Batwoman (2003) 6.6
Batman: Mystery of the Batwoman (2003) Batman: Mystery of Batwoman(2003) IMDb: 6.6/10 Rotten Tomatoes: 60% Genre: Animation/Action/Crime Batman: Mystery of Batwoman ဟာ ၂၀၀၃ခုနှစ်ထွက် ရုပ်ရှင်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ဇာတ်ညွှန်း ဘတ်မန်းနဲ့ ရော်ဘင်တို့နှစ်ယောက် ပြဿနာတစ်ခုကြုံနေရပါတယ်။ အဲဒါကတော့ စူပါဟီးရိုးအသစ် ဘတ်ဝူးမန်းပေါ်လာတာဖြစ်ပါတယ်။ သူ(မ)ဟာ ဘာဘရာ(ဘတ်ဂဲလ်) မဟုတ်သလို အရင်ကရှိခဲ့ဖူးတဲ့လူလည်းမဟုတ်ပါဘူး။ လုံးဝကိုအသစ်ဖြစ်ပါတယ်။နာမည်ကျော်လူဆိုး ပင်ဂွင်း၊ ဒစ်ကမ့်နဲ့ ရူးပတ်သွန်းတို့သုံးယောက်ဟာ ကက်ရှ်နီးယားဒေသအတွက် တရားမဝင်လက်နက်များကိုထုတ်ပေးနေခဲ့ပါတယ်။ ဒါပေမယ့်လည်းတင်ပို့ခါနီးမှာ အမျိုးသမီး စူပါဟီးရိုးအသစ်တစ်ယောက်က သူတို့ကိုလာတားခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ခါပေါ်လာတဲ့ တစ်ယောက်ကဘယ်သူမှမမြင်ဖူးတဲ့ ဟီးရိုးအသစ်ဖြစ်ပါတယ်။ ဘတ်မန်းနဲ့ရော်ဘင်တို့နှစ်ယောက်တောင် ဘယ်သူမှန်းမသိခဲ့ပါဘူး။တစ်ဖက်မှာက ပင်ဂွင်းတို့အုပ်စု... တစ်ဖက်မှာက ဘတ်ဝူးမန်း... ဘတ်မန်းတစ်ယောက်ဘယ်လိုမျိုးကိုင်တွယ်ဖြေရှင်းသွားမှာလဲ။File size…    1.2 GB /  573 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre ...
movie

Batman: Mystery of the Batwoman (2003)

Teen Titans: Trouble in Tokyo (2006) 7.0
Teen Titans: Trouble in Tokyo (2006) ဇာတ်လမ်းအကျဉ်းတစ်ရက်မှာ တင်းန်တိုက်တန်စ်မျှော်စင်ကို သူတို့မမြင်ဖူးတဲ့ လူဆိုးတစ်ယောက်က လာဖျက်ဆီးခဲ့တယ်။လူဆိုးကိုဖမ်းပြီး စစ်မေးတဲ့အခါမှာ သူ့ကိုဂျပန်က ဘရက်ရှိုးဂန်း (Brushogun) ဆိုတဲ့လူဆိုးတစ်ယောက်ကအတင်းခိုင်းလို့ရောက်လာတာပါလို့ ပြောတာကြောင့် တိုက်တန်တို့ တိုကျိုမြို့ကိုသွားဖို့ အကြောင်းဖန်လာပါတယ်။ဂျပန်စကားလည်းမတတ်ကြသလို ဂျပန်စာလည်းမဖတတ်တဲ့ တင်းန်တိုက်တန်အဖွဲ့သားတို့ အမှန်တရားကိုဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကိုသိရဖို့တော့ ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ကြပါ။File size…    1.32 GB /  679 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre ..... Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Kasashi
movie

Teen Titans: Trouble in Tokyo (2006)

2006
The Batman vs. Dracula (2005) 6.6
The Batman vs. Dracula (2005) The Batman vs. Dracula (2005) ======================= IMDb Rating - 6.6/10Old but Gold, Batman animation ဇာတ်ကားလေး တစ် ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ် က ထွက်ရှိထားခဲ့ပြီး Dc Elseworld Universe ထဲက အကောင်း ဆုံး animation ကားတွေထဲက တစ်ကား အပါအဝင်ပါပဲ။ ကျွန် တော်တို့ ကလေးဘဝက အခွေထဲမှာကြည့်ခဲ့ဖူးတဲ့ animation ကားကို ပြန်ကြည့်ရင်း ကလေးဘဝက အမှတ်တရတွေကို ပြန်ခံ စားလိုက်ကြပါစို့။ဇာတ်လမ်းအကျဉ်းကတော့ အာခမ်စိတ္တဇဆေးရုံမှာ ရောက်နေတဲ့ ထောင်သားတစ်ယောက်ဟာ ပျောက်ဆုံးနေတဲ့ ရတနာတွေ ရှိတဲ့ နေရာကို သိကြောင်း၊ သူ့ကို လွတ်အောင်ကူညီပေးမယ်ဆိုရင် တစ် ဝက်ခွဲပေးမယ်ဆိုပြီး ပင်ကွင်းကို ပြောပါတယ်။ ဒါပေမယ့် အဲအ ကြောင်းကို ဂျိုကာလည်း သိထားပါတယ်။ ဒီလိုနဲ့ ဂျိုကာ ထောင် ဖောက်ထွက်ပြေးသလို၊ ပင်ကွင်းလည်း ထွက်ပြေးပြီး အဲရတနာ တွေကို လိုက်ရှာဖို့ ကြိုးစားပါတယ်။ပင်ကွင်းလည်း သူများအပြောနဲ့ ...
movie

The Batman vs. Dracula (2005)

2005
Star Wars: Episode IX – The Rise of Skywalker (2019) 6.8
Star Wars: Episode IX – The Rise of Skywalker (2019) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Star Wars: Episode IX – The Rise of Skywalker (2019)

2019
4K HEVC
The Secret Life of Pets 2 (2019) 6.5
The Secret Life of Pets 2 (2019)   Secret Life Of Pets (2016) ရဲ့ Sequel အနေနဲ့ထွက်ရှိထားတဲ့ဒုတိယမြောက်ဇာတ်ကားလေးပါ။ပထမကားထက် Character ပိုစုံလာသလို ဇာတ်လမ်းဇာတ်ကွက်ကလည်းမြိုင်မြိုင်ဆိုင်ဆိုင်ရှိတဲ့အတွက် ပရိသတ်ကြီးတို့ သဘောကျကြဦးမှာပါ။ကျွန်တော်တို့ ဇာတ်လိုက်လေး Max ဟာ အခုတော့ Duke နဲ့အတော်လေး အပေးအယူမျှသွားကြပါပြီ။ဆိုတော့ အရင်ကလို သခင်နဲ့အတူအပူအပင်ကင်းကင်းနေတော့မယ်ဆိုတဲ့အချိန်မှKatie ဟာ ရုတ်တရက် အိမ်ထောင်ကျသွားပါတယ်။ ဒီလိုနဲ့ Liam ဆိုတဲ့ ကလေးလေး မွေးဖွားလာခဲ့ပါတယ်။အာရုံနောက်တာ မကြိုက်တဲ့ Max တစ်ယောက် တိုင်ပတ်တာပေါ့ဗျာ။မြင်မြင်ရာ အလွတ်မပေးတတ်တဲ့ Liam နဲ့ ထိပ်တိုက်မတွေ့အောင်ရှောင်ရင်းတိမ်းရင်းပဲ အချိန်တွေကုန်လာခဲ့ပါတယ်။ဒီလိုနဲ့ Liam လေး အရွယ်ရောက်လာတဲ့အခါမှာ Max နဲ့သံယောဇဉ်တွယ်လာခဲ့သလို Max ဟာလည်းမျက်စိရှေ့က အပျောက်မခံနိုင်လောက်အောင်ကို အဖြစ်သည်းလာခဲ့ပါတယ်။Liam ကို ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်ကာကွယ်ရင်း ဗျာများနေရတဲ့ Max အဖြစ်ကို မြင်ရမှာဖြစ်သလိုတစ်ဖက်မှာလည်း ယုန်လေး Snowball ဟာအရင်ကလို ယုန်ကြမ်းကြီး မဟုတ်တော့ဘဲတိအကျိုးကို သယ်ပိုးထမ်းရွက်မဲ့ ဟီးရိုးတစ်ယောက်ဖြစ်လို့နေပါပြီ။ တိဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်နိုင်ဖို့ ကြံဆနေတုန်းသူ့ကို အကူအညီလာတောင်းတဲ့ ...
movie

The Secret Life of Pets 2 (2019)

2019
4K HEVCHDR
Ice Age (2002) 7.5
Ice Age (2002) ဒီကားဟာ Ice Age franchiseရဲ့ ပထမဆုံးဇာတ်ကား ဖြစ်သလိုကျွန်​တော်တို့ ချစ်ရတဲ့ ဇာတ်​ကောင်​တွေကို ပထမဆုံး မြင်ဖူးခဲ့တဲ့Animationလည်း ဖြစ်ပါတယ်။ မန်နီ၊ ဒီ​ယေဂို၊ ဆစ်ဒ​နေ ​ဘော်ဒါသုံး​​ယောက်ဟာ အဖွဲ့မဖြစ်သေးပါဘူး။သူတို့ကိုဆုံ​စေခဲ့တဲ့ အဓိကအ​ကြောင်းရင်းက​တော့က​လေးတစ်​ယောက်ပါပဲ။ဒီ​ယေဂိုရဲ့ ကျားအုပ်က လူ​သားတွေကို တိုက်ခိုက်ရင်း ထွက်​ပြေးလွတ်​မြောက်လာတဲ့ မိခင်တစ်​ယောက်နဲ့ က​​လေးတစ်​ယောက်ကဆစ်ဒ် မန်နီတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ပြီး မိခင်ဆုံးပြီး​နောက်ကျန်ခဲ့တဲ့ လူမမယ်က​လေး​​လေးကို သူ့ဖခင်လူသား​တွေဆီ ပြန်ပို့​ပေးဖို့က မန်နီတို့ရဲ့တာဝန် ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်းဒီ​ယေဂိုရဲ့ခေါင်း​ဆောင်ကျားက အဲဒီက​လေးကို အရှင်လတ်လတ်ပြန်ဖမ်း​ခေါ်လာဖို့ အမိန့်​ပေးထားလို့ ဒီ​ယေဂိုအ​နေနဲ့ မန်နီနဲ့ ဆစ်ဒနီ၂​​ကောင်ကြား ဝင်​ရောဖို့ ကြိုးစားရင်း အလွဲလွဲအ​ချော်​ချော်​​တွေ၊ပဋိပက္ခ​တွေ ​ပေါင်းစုံနဲ့ ဗရုတ်သုက်ခအဖွဲ့ကြီးရဲ့ မဟာစွန့်စားခန်းစတင်ခဲ့ပါ​တော့တယ်။  File size…  4.2 GB / 1.6 GB /  837 MB Quality… Web-DL  4K HDR /  1080p / 720p Format… ...
movie

Ice Age (2002)

2002
4K HEVCHDR
Bolt (2008) 6.8
Bolt (2008) Walt Disney Animation Studio ရဲ့၂၀၀၈ ခုနှစ်ထွက် Animationဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင် ပါတယ်ဘို့တ် ဆိုတဲ့ ခွေးလေးနဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီတို့ဟာထူးခြားတဲ့ဆက်နွယ်မှုနဲ့ တစ်ယောက်ကိုတစ်ယောက်ရှာတွေ့ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူ့ရဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီရဲ့အဖေပြန်ပေးဆွဲခံရပြီးနောက်ဘို့တ်ဟာလည်း သူ့ရဲ့စွမ်းအားတွေနဲ့ သခင်ဖြစ်သူ ပန်နီကိုကာကွယ်ပေးရတဲ့သူလေး ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် သူကိုယ်တိုင်ထင်မှတ်ထားသလိုမဟုတ်ခဲ့ဘဲ သူ့ဘဝတစ်ခုလုံးကို တီဗီရှိုးတစ်ခုထဲမှာအချိန်ကုန်ခဲ့ရပြီး သူ့ရဲ့ စူပါပါဝါတွေကလည်းအတုအယောင်တွေသာ ဖြစ်နေခဲ့ပါတယ်။ သူ့ရဲပိုင်ရှင် ပန်နီဖြစ်သူ ပြန်ပေးဆွဲခံရပြီး နောက်မှာတော့ဘို့တ်ဟာ ရိုက်ကွင်းကနေ ထွက်ပြေးပြီး သခင်ဖြစ်သူကိုကယ်တင်ဖို့ လိုက်လံရှာဖွေနေခဲ့ပါတယ်။ဆက်တင်ကနေ တစ်ဖဝါးမှ မခွာဖူးသူ ဘို့တ်ဟာ သူ့စူပါပါဝါတွေဟာအစစ်အမှန်တွေလို့ ယုံကြည်နေပြီးအပြင်လောကကြီးထဲမှာ လိုက်လျောညီထွေနေနိုင်ဖို့ ခက်ခဲလာပါပြီ။နောက်ဆုံးမှာတော့ လမ်းကြားကကြောင်လည်လေး မစ်တမ်းစ် နဲ့ သူ့ရဲ့ပရိသတ်အကြီးစားဖြစ်သူကြွက်ကလေး ရိုင်နို တို့နဲ့အတူပြည်နယ်ကျော်ပြီး အိမ်အပြန်စွန့်စားခန်းထွက်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ခွေးအစစ်ပီပီသသ မဖြစ်ဖူးသူ ခွေးလေးဘို့တ်ဟာသူသိထားတဲ့ကမ္ဘာကြီး ပြိုလဲသွားချိန်မှာတော့အပြင်လောကရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကိုနဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပုံ နဲ့ ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှု နဲ့ရဲစွမ်းသတ္တိတို့ရဲ့ စွမ်းအားအစစ်တွေကို ထင်ဟပ်ပြသနိုင်တဲ့ Animation ...
movie

Bolt (2008)

2008
Leroy & Stitch (2006) 6.1
Leroy & Stitch (2006) Leroy & Stitch (2006) ================= IMDb Rating - 6.1/10ဒီတစ်ခါ Movie လေးမှာတော့ သုတေသန ၆၂၅ ကောင်ကို မရလိုက်ဘဲ ထောင်ကျသွားတဲ့ Dr. Hamsterviel ကို Gantu က ထောင်ဖောက်ပြီး ပြန်ကယ်လိုက်ပါတယ်။ Lilo နဲ့ Stitch ကတော့ အလေအလွင့်ဖြစ်ပြီး ကျွန်းပေါ်ပျံ့ကုန်တဲ့ သုတေသနတွေကို ပြန်စုဆောင်းပေးတဲ့အပြင် အိမ်ပါ ရှာပေးလိုက်နိုင်လို့ ဆုအချီးမြှင့်ခံနေရချိန်ပေါ့။Stitch, Jumba, Pleakley တို့သုံးယောက်ကို ရာထူးကြီးတွေပေးပြီး ဂြိုလ် ပေါ်ပြန်ခေါ်ဖို့လုပ်ပေမယ့် Lilo မျက်နှာကြောင့် မနေခဲ့ဖြစ်ကြပါဘူး။ ဒါပေ မယ့် ဝါသနာပါတဲ့နေရာအသီးသီးကို ဆုရထားတဲ့ ၃ယောက်ကတော့ လူက ဟာဝိုင်အီ စိတ်က Turo ဂြိုလ်ဖြစ်နေခဲ့ကြတယ်လေ။ ငိုချင်လျက် လက်တို့ ဖြစ်နေသူ ၃ယောက်သားကို မကြည့်ရက်လို့ Lilo ကပဲ ဂြိုလ်ပေါ်သွားနေဖို့ ပြန်ဖျောင်းဖျလိုက်ရပါတယ်။ Jumba တစ်ယောက် ဂြိုလ်ပေါ်ရောက်ပြီး သိပ္ပံပညာရှင်အလုပ်ပြန်ရသွားခြင်းက Hamsterviel အတွက် အကွက်တွေ့ စရာပါပဲ။ ရှိနေပြီးသား သုတေသနတွေအားလုံးက Lilo ...
movie

Leroy & Stitch (2006)

2006