Channel Myanmar

Tanya Moodie

Joy (2024) 7.1
Joy (2024)  နာမည်ကျော် ဇာတ်ကားများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပြီးCMပရိတ်သတ်တို့နဲ့မစိမ်းတဲ့ မင်းသားကြီး Bill Nighy၊Jojo Rabbit (2019) နဲ့ Late Night in Soho (2021)တို့နဲ့လူသိများတဲ့ မင်းသမီး Thomasin McKenzieအပြင်မင်းသားချော James Norton တို့ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်တစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ရုပ်ရှင်ကတော့ အားလုံးကြားဖူးလောက်မဲ့ ဖန်ပြွန်သန္ဓေသားနည်းပညာအကြောင်းကို အပြင်ကဖြစ်ရပ်မှန် သမိုင်းအတိုင်းရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။အခုခေတ် မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာတောင် အမျိုးသမီးတွေကလေးမရနိုင်ရင် "အိမ်ထောင်ရေးတာဝန်မကျေသူ၊ အမြုံမ"စသည်ဖြင့် ခေါ်ဝေါ်သတ်မှတ်နေကြတုန်းပါပဲ။ဒါဆို ဒီလိုနည်းပညာတွေ မတိုးတက်ခင် 50s 60s ကာလတွေမှာအမျိုးသမီးတွေဘယ်လောက်များခက်ခဲခဲ့ကြမလဲ။ဒီမျိုးဆက်မပွားနိုင်တဲ့ပြဿနာကို ဆေးသိပ္ပံပညာပိုင်းလိုအပ်ချက်တစ်ခုပါလို့ မှတ်ယူပြီး မျိုးဆက်မပွားနိုင်တဲ့အမျိုးသမီးတွေကို ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကလေးရအောင်လုပ်ပေးမယ်လို့ စတင်အကောင်အထည်ဖော်ခဲ့သူကဒေါက်တာရောဘတ် အက်ဒ်ဝက်ပါ။သိပ္ပံပညာရှင် ဒေါက်တာရောဘတ်အက်ဒ်ဝက်ရယ်၊အရည်အချင်းအပြည့်နဲ့ သားဖွားဆရာဝန်ကြီး မစ္စတာစတပ်တိုးရယ်၊ဓာတ်ခွဲခန်းမန်နေဂျာသူနာပြုမလေး ဂျင်းပါဒီတို့ရယ်သုံးယောက်ပေါင်းပြီး အမျိုးသမီးတွေအတွက် အနာဂတ်တစ်ခုကိုဖန်တီးပေးဖို့ကြိုးစာခဲ့ကြပါတယ်။ပြောလို့သာလွယ်လွယ်လေးထင်ရပေမဲ့ နည်းပညာပိုင်းအရရောဆေးသိပ္ပံပညာပိုင်းအရရော ခေတ်ကာလအရပါ အခက်အခဲတွေအများကြီးရှိခဲ့တာကြောင့် ဖန်ပြွန်သန္ဓေသားနည်းပညာရယ်လို့ဖြစ်ပေါ်လာဖို့ အချိန် ၁၀ နှစ်တောင်ကြာမြင့်ခဲ့ပါတယ်။ကမ္ဘာ့ ပထမဆုံး ဖန်ပြွန်သန္ဓေသား ရင်သွေးလေး "Joy"မွေးဖွားလာဖို့ သူတို့တွေ ဘယ်လောက်ပေးဆပ်ခဲ့ကြရလဲဆိုတာကောင်းကောင်းကြီးမြင်တွေ့ရမှာပါ။နာမည်ရ ...
movie

Joy (2024)

Star Wars: Episode IX – The Rise of Skywalker (2019) 6.8
Star Wars: Episode IX – The Rise of Skywalker (2019) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Star Wars: Episode IX – The Rise of Skywalker (2019)

2019
4K HEVC
Empire of Light(2022) 7.0
Empire of Light(2022) Empire of Light(2022)*********************"အင်ပါယာ" ဆိုတဲ့ ပင်လယ်နားကရုပ်ရှင်ရုံကြီး။ အဲဒီမှာအလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေလည်းမိသားစုလိုချစ်ချစ်ခင်ခင်နဲ့ပါ။ ထူးခြားနေတာကတော့ ဟီလာရီဆိုတဲ့အမျိုးသမီးပဲ။သူက စိတ်ကစဉ့်ကလျားရောဂါကြောင့် ဆေးရုံပြပြနေရသူ.. တစ်နေ့မှာတော့ စတီဖင်ဆိုတဲ့ လူမည်းကောင်လေးတစ်ယောက်ဝန်ထမ်းအသစ်အနေနဲ့ သူတို့ဆီရောက်လာခဲ့ပါတယ်.. စိတ်ဓါတ်ကျနေတတ်တဲ့ဟီလာရီ့ဘဝထဲဝင်လာတဲ့ စတီဖင်၊လူမည်းလို့အမြဲခွဲခြားခံနေရပြီး အိပ်မက်တွေလက်လျှော့ခဲ့ရတဲ့ စတီဖင့်ဘဝထဲဝင်လာတဲ့ ဟီလာရီ.. သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ဘယ်လိုတွေအကူအညီဖြစ်သွားစေမလဲဆိုတာကတော့..... File Size :(1.4 GB) and (554 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:55:00 Genre : Romance  , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Shin Rina Encoded by Phyo Pyae
movie

Empire of Light(2022)