Channel Myanmar

Tamannaah Bhatia

Raid 2 (2025) 7.4
Raid 2 (2025) Raid 2 (2025) ******************* (Official WEB DL ထွက်ရှိလာပြီမလို့ ထပ်မံupdateပေးလိုက်ရပါတယ်)ဒီဇာတ်ကားလေးကတော့ IMDb rating 7.8အထိရရှိထားတဲ့ ဟင်ဒီစကားပြော ဘောလိဝုဒ် အမျိုးအစားCrime/Thriller ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကတော့ Raid 1ထဲက မင်းသားကြီးအားဂျေးဒေ့ဗ်ဂန်ကပဲပြန်လည်သရုပ်ဆောင်ထားပြီး မင်းသမီး ကတော့ War 2019ထဲက ပရိတ်သတ် အသည်းစွဲလေးဖြစ်တဲ့ ဗာနီကပူးရ်ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းRaid 1ထဲက ဖြောင့်မတ်မှန်ကန်ပြီး တိုင်းပြည်အပေါ် သစ္စာရှိတဲ့အပြင် ဘယ်သူဖျက်ဖျက် တရားမပျက်ပါလေသောအကောက်ခွန်အရာရှိကြီးဖြစ်တဲ့အာမေးပတနာယက်ဟာ ဆိုရင်ဖြင့်လာဘ်စားမှုနဲ့ စွတ်စွဲခံရပြီး သူ့ရဲ့ တာဝန်ကျ သက်တမ်းတလျှောက် ၇၄ကြိမ်မြောက် အနေနဲ့ ဘွဂ်ျမြို့ကို တာဝန်ပြောင်းရွှေ့ချထားခြင်း ခံလိုက်ရပါတယ်။ဘွဂ်ျမြို့ကို ရောက်တယ်ဆိုရင်ပဲ သူတော်ကောင်းယောင်ဆောင်ထားတဲ့ ပြည်ထဲ‌ရေးဝန်ကြီး ဒါဒါဘိုင်ဆိုသူနဲ့ ထိပ်တိုက် တွေ့လိုက်ရပြီး ဒါဒါဘိုင်ရဲ့ ပိုင်ဆိုင်မှုတွေကို ဝင်စီးတော့တာပေါ့။အချက်အလက် အတိအကျနဲ့ စစ်ဆင်ရေး ဝင်စီးခဲ့ပေမဲ့လည်းရန်သူ့ဘက် က ခြေတစ်လှမ်းသာသွားတာကြောင့် ဘာမှမသိမ်းလိုက်ရတဲ့အပြင် တာဝန်က‌နေပါ ရပ်ဆိုင်းခံလိုက်ရတော့တာပါပဲ။ ဒီလိုနဲ့ အာမေးပတနာယက်တစ်ယောက် ဒါဒါဘိုင်ကို ရိုက်ချိုးနိုင်ဖို့ လျှို့ဝှက်လှုပ်ရှားရာမှာတော့...ဝန်ကြီးဖြစ်တဲ့ ဒါဒါဘိုင်ကို ရာထူးမဲ့ အာမေးပတနာယက် တစ်ယောက် ...
movie

Raid 2 (2025)

4K HEVC
100% Love (2011) 7
100% Love (2011) 100 % Love (2011)IMDb - 7ဇာတ်လမ်းအညွှန်း ~~~~~~~~~~~တစ်ကျောင်းလုံး အဆင့် ၁ နေရာကို အမြဲဆွတ်ခူးနိုင်ပြီး အင်မတန် မာနကြီးလှတဲ့ စာကြမ်းပိုးလေး ဘာလူ။မွေးရာပါ ထူးချွန်တဲ့အခံကြောင့် ကြိုးစားလိုက်တာနဲ့ ဖြစ်မြောက်ပြီး အင်မတန်ကို လှရက်လွန်းတဲ့ မာဟာလက်ရှ်မီး။သူတို့နှစ်ဦးဟာ ဆွေမျိုးမကင်းတဲ့သူတွေ ဖြစ်တဲ့အလျောက် ငယ်ရွယ်စဉ်ကတည်းက ရင်းနှီးခဲ့ကြပြီး အမြဲတမ်း မျဉ်းပြိုင်နှစ်ကြောင်းလို ပြိုင်ဆိုင်နေခဲ့ကြတယ်။ ကြောင်နဲ့ ကြွက် ဆက်ဆံရေးလို ဖြစ်နေကြတဲ့ သူတို့ ၂ ဦးဟာ အချင်းချင်း ချစ်လျက်နဲ့တောင် ကိုယ်စီထားရှိတဲ့ မာနတွေကြောင့် ကတောက်ကဆဖြစ်ပြီး ဝေးကွာသွားခဲ့ကြတယ်။ဒီလိုနဲ့ ရက်လနှစ်တွေချီပြီး ပြန်တွေ့တဲ့အခါမှာတော့ အရင်က အချစ်မီးတောက်တွေ ပြန်တောက်လောင်လာမလား၊ မာနချင်းပဲ လွန်ဆွဲနေဦးမလားဆိုတာ ရင်ဖိုလှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းကိုတော့ Esthက ရေးသားထားပါတယ်)File Size - 3.45 GB/ 1.83 GB Quality - BluRay ...
movie

100% Love (2011)

Odela 2 (2025) 8.6
Odela 2 (2025) Odela 2 (2025) "မိစ္ဆာဝိညာဉ်"အသစ်ထွက်ရှိထားတဲ့ တေလဂူးဟော်ရာဇာတ်လမ်းကို ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်တွေအနေနဲ့ ဈေးအကြီးဆုံး တောင်ပိုင်းမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Tamanna Bhatia နဲ့အတူ KGF နဲ့ နာမည်ရလာတဲ့ ဗီလိန်မင်းသား Vasishta Niranjan Simha တို့ ပါဝင်ထားပါတယ်အိုဒယ်လာ အမည်ရ ရွာကလေးမှာ မင်္ဂလာဦးညမတိုင်ခင် သတို့သမီးပျိုတွေကို အဓမ္မကျင့်သတ်ဖြတ်တဲ့ တီရူပါတီဆိုတဲ့ လူယုတ်မာတစ်ယောက်ဟာ သူ့ရဲ့မိန်းမလက်ချက်နဲ့ ခေါင်းပြတ်ခဲ့ရပြီး ရွာသားတွေက စံပြအနေနဲ့ သေလူကို ကြီးလေးတဲ့ အပြစ်ဒဏ်ပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်အဲဒါကတော့ တီရူပါတီရဲ့ အလောင်းကို မကျွတ်မလွတ်စေဖို့ တစ်ရွာလုံးက အစီအရင်နဲ့မြေမြှုပ်လိုက်တာပါပဲအယုတ်ညံ့ဆုံးနည်းလမ်းနဲ့ မြေမြှုပ်အပြစ်ပေးခံခဲ့ရတဲ့ တီရူပါတီ ပြန်လည်လွတ်မြောက်လာပြီးနောက်မှာ တစ်ရွာလုံးကို လက်စားချေပါတော့တယ်ဒါကို ရွာသားတွေ ဘယ်လိုအစီအရင်တွေနဲ့ အဖြေရှာကြမလဲ စိတ်ဝင်တစား ကြည့်ရှုရမယ့် ဟော်ရာရုပ်ရှင်လေးပဲ ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 2.7 GB / 1.4 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h ...
movie

Odela 2 (2025)

4K HEVC
Sikandar Ka Muqaddar (2024)
Sikandar Ka Muqaddar (2024) Sikandar Ka Muqaddar (2024) "စိန်ခိုးမှု"ဘောလိဝုဒ်ပရိသတ်တို့အတွက် Netflix က အသစ်ထွက်ရှိလာတဲ့ သည်းထိပ်ရင်ဖိုရုပ်ရှင်တစ်ကားကို ထွက်ထွက်ချင်းဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်တွေအနေနဲ့ Avinash Tiwary, Jimmy Sheirgill နဲ့ မင်းသမီးချောလေး Tamannaah Bhatia တို့က ပါဝင်ထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်လမ်းအကျဉ်းကတော့ မွမ်ဘိုင်းက နာမည်ကြီးလက်ဝတ်ရတနာပြပွဲတစ်ခုမှာ လူလေးယောက် AK-47 တွေနဲ့ ဝင်စီးမယ်လို့ သတင်းပေးတစ်ယောက်က ဖုန်းဆက်လာပြီး အာဏာပိုင်တွေက လူတွေအားလုံး ပြပွဲခန်းမအပြင်ဘက် ဘေးလွတ်ရာကိုသွားခိုင်းကာ ဓားပြလေးယောက်ကို ထိန်းသိမ်းလိုက်နိုင်ပေမဲ့ အဲဒီလူတွေမရှိတဲ့ အခိုက်အတန့်လေးမှာပဲ တန်ဖိုးကြီးစိန်တွေပျောက်သွားတာ သိလိုက်ရတဲ့အချိန် စုံစမ်းစစ်ဆေးရေးအရာရှိ ဂျက်စ်ဝင်ဒါကို တာဝန်ပေးရပါတော့တယ်မျက်နှာထားတင်းတင်းနဲ့ လုပ်ရဲကိုင်ရဲတဲ့ ဂျက်စ်ဝင်ဒါက အပြစ်ရှိတယ်လို့ မထင်ရတဲ့ သံသယတရားခံ သုံးယောက်ကို ဆွဲထုတ်လိုက်တဲ့အခါမှာတော့ ဘယ်လိုတင်းမာမှုတွေဖြစ်လာမလဲ အမှန်တရားကို သိရဖို့အတွက် ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 3.1 GB / 1.4 GB Quality…WEB DL 1080p HEVC/ ...
movie

Sikandar Ka Muqaddar (2024)

Sye Raa Narasimha Reddy (2019) 7.2
Sye Raa Narasimha Reddy (2019) Sye Raa Narasimha Reddy 2019 (မသေမျိုး နာရက်ရှီမာရက်ဒီ) IMDb - 7.2/10ယခုတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် ၂၀၁၉ တုန်းက ထွက်ရှိထားခဲ့တဲ့ ဗြိတိသျှတွေ အိန္ဒိယကို အုပ်စိုးစဉ်အချိန် အိန္ဒိယတွေဘက်ကနေ တွန်းလှန်တိုက်ခိုက်ခဲ့တဲ့အကြောင်းကိုရိုက်ကူးထားတဲ့ သမိုင်းကြောင်းဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ဒီကားမှာဆိုရင် အမီတာဘချမ်းပါဝင်သရုပ်ဆောင်ထားပြီး မင်းသားအနေနဲ့ Chiranjeevi ကပါဝင်ထားပြီး အရန်နေရာမှာလည်း နာမည်ကြီးတွေ အများကြီးကို ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ကောင်းမယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။အိန္ဒိယနိုင်ငံကို ဗြိတိသျှတွေ ကျူးကျော်လာစဉ်အချိန်က ပြန်လည်တိုက်ခိုက်ပုန်ကန်မှုတွေ ရှိခဲ့ပါတယ်။ ဒီပုန်ကန်မှုတွေထဲမှာ အကျော်ကြားဆုံးကတော့ ၁၈၅၇ခုနှစ်တုန်းက ဆီဖိုမူတီနီပုန်ကန်မှုပဲဖြစ်ပါတယ်။ဒီပုန်ကန်မှုရဲ့ အဓိကခေါင်းဆောင်ကတော့ ဂျန်စီလက်ရှမီဖြစ်ပြီးတော့ သူတို့တွေ စတင်တိုက်ခိုက်တုန်းက လူပေါင်း ၂ထောင်လောက်နဲ့ စတင်ခဲ့ပေမယ့် ၃လလောက်လည်းကြာရော လူအယောက်၁၀၀လောက်ပဲ ကျန်ခဲ့တဲ့အတွက် စိတ်အားလျော့ကုန်ကြပါတယ်။နယ်မြေလေးတွေကို သီးသန့်အုပ်ချုပ်တဲ့ အကြီးအကဲတွေရယ်လို့ သီးသန့်ရှိခဲ့ပါတယ်။ နယ်မြေပေါင်း ၆၁ခုရှိပြီးတော့ ဒီနယ်မြေတွေကိုလည်း ဗြိတိသျှက သိမ်းပိုက်ဖို့အတွက် ကြံစည်နေတဲ့အချိန်မှာ ကိုယ့်လူမျိုးတွေကို မတရားသတ်ဖြတ်ခံနေရတာကို မကြည့်နိုင်တဲ့ နာရက်ရှီမာရက်ဒီဟာ နယ်မြေ ၆၁ခုလုံးက အကြီးအကဲတွေကို ဖိတ်ကြား ပူဇော်ပွဲလုပ်ရင်း ဗြိတိသျှတွေကို တွန်းလှန်ဖို့အတွက် လူစုပါတော့တယ်။နာရက်ရှီမာရက်ဒီဆိုတာလည်း နှယ်နှယ်ရရတော့မဟုတ်ပါဘူး။ ...
movie

Sye Raa Narasimha Reddy (2019)

Nayanthara: Beyond the Fairy Tale (2024)
Nayanthara: Beyond the Fairy Tale (2024) Nayanthara: Beyond the Fairy Tale (2024)အိန္ဒိယတောင်ပိုင်းရုပ်ရှင်နယ်ပယ်က လေဒီစူပါစတားလို့နာမည်ကြီးတဲ့ မင်းသမီးနာယန်သာရာအကြောင်းကို Netflixကနေ မှတ်တမ်းရုပ်ရှင်ရိုက်ကူးထားတာပါ။အင်တာဗျူးသိပ်မဖြေတဲ့ မင်းသမီးတစ်ယောက်က ဘာလို့မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ လက်ခံခဲ့တာလဲဆိုတော့ လူတိုင်းကို နည်းနည်းလောက်ဖြစ်ဖြစ် ပျော်စေချင်လို့ပါတဲ့။တခြားသူတွေပျော်နေတာကိုမြင်ရတဲ့ ပျော်ရွှင်မှုလေးရစေချင်လို့တဲ့။ အဓိကကတော့ မင်းသမီးနာယန်သရာ တမီးလ်ရုပ်ရှင်ဒါရိုက်တာဗစ်ဂ်နက်ရှီဗန်နဲ့ မင်္ဂလာပွဲအတွက် ပြင်ဆင်ကြပုံတွေနဲ့၊ နာယန်သရာရယ် ဘယ်လိုဖြစ်လာလဲဆိုတာကို ကြည့်ကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 1.4 GB / 646 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Nayanthara: Beyond the Fairy Tale (2024)

Oosaravelli (2011) 6.5
Oosaravelli (2011) Oosaravelli 2011 (ပုတ်သင်ညိုကောင်) ============================== 2011ခုနှစ်ကထွက်ရှိထားပြီး ရိတ်တင်လဲကောင်း မင်းသမီးချောလေး သမန်းနားရဲ့အလှတွေနဲ့ ရောစပ်ဖန်တီးထားတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားဟောင်းတကားကို တင်ဆက်ပေးချင်ပါတယ်လူမိုက်လောကမှာ နာမည်ကြီးတဲ့ တိုနီဆိုတဲ့ လူငယ်လေးတစ်ယောက်၊ သူ့ရဲ့ သတင်းတွေကတော့ မွှေးပျံ့နေရုံတင်မဟုတ်ဘဲ သူ့အကြောင်းကိုမေးကြည့်လိုက်ရင် လူတစ်ယောက်ကို တစ်မျိုးဖြေတဲ့အထိ သူ့ရဲ့ ဇာတ်ရုပ်က ပြောင်းလဲလွန်းတဲ့အတွက် လူတွေကတော့ သူ့ကို ပုတ်သင်ညိုဆိုပြီးတင်စား ခေါ်ဆိုကြပါတယ်။ဒီလိုနဲ့ တိုနီတစ်ယောက် ကတ်ရှ်မီးယားဘက်ကို အလည်သွားရင်း အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးတော့ နီဟာဆိုတဲ့ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ရပါတယ်။အဲဒီလိုဖမ်းဆီးခံနေရတဲ့အချိန်မှာ နီဟာနဲ့ တိုနီတို့ စကားတွေပြောကြရင်း မသေခင် ကောင်မလေးတစ်ယောက်နဲ့ နမ်းချင်တယ်လို့ပြောလိုက်တဲ့ တို နီ့စကားကြောင့် ပရဟိတမမလေး နီဟာက အနမ်းတစ်ပွင့်ပေးလိုက်ပါတော့တယ်။ဒါပေမဲ့လည်း ယောက်ျားတွေကို မယုံဘဲ ဇာတ်လမ်းမရှုပ်ချင်တာကြောင့် အဲဒီနေရာကနေ နီဟာတစ်ယောက်တိတ်တိတ်လေးထွက်ပြေးလာခဲ့ပြီးတော့ သူ့အိမ်ရှိရာ ဟိုက်ဒရာဘတ်ကို ပြန်လာခဲ့ပါတော့တယ်။ဘဝရဲ့ ပထမဆုံးအနမ်းကိုရလိုက်တဲ့ တိုနီတစ်ယောက်ကတော့ နီဟာ့ကို စွဲလမ်းသွားပြီး နီဟာ့နောက်ကို လိုက်သွားရာကနေ ....... ဘာပြောပြောသနားတတ်တဲ့ ပရဟိတမမလေး နီဟာနဲ့ တိုနီတို့ ဘယ်လိုတွေ ရှေ့ဆက် ဇာတ်လမ်းဆက်ကြမလဲ ...... ဆိုတာကို အချစ်,အလွမ်း,အမုန်း,အကြမ်း,ဟာသ ရသစုံလင်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ဒါ့အပြင် မင်းသားကြီး Murli Sharma ကလည်း အားဖြည့်ပါဝင်ထားတာဖြစ်လို့ မလွတ်တမ်းကြည့်ရှရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ...
movie

Oosaravelli (2011)

Vedaa (2024) 6.6
Vedaa (2024) Vedaa (2024) “ဗေဒါပျံ အံကိုခဲ…” Genre – Action, Drama, Thriller IMDB – 6.6/10မင်းသားကြီး John Abraham ရဲ့ ၂၀၂၄ အသစ်ထွက်ဇာတ်ကား ထွက်ရှိလို့ လာပါပြီ။ Maharaj နဲ့ Munjya တို့မှာလည်း ပါဝင်ထားတဲ့ မင်းသမီးချောလေး Sharvari နဲ့အတူ အတွဲညီညီ သရုပ်ဆောင်ထားကြတဲ့ အက်ရှင်ကားကောင်းလေးပါ။ဗေဒါဆိုတဲ့ ကောင်မလေးဟာ ဇာတ်နိမ့်တဲ့မျိုးရိုး ဖြစ်တဲ့အတွက် အမြဲတမ်း ဖိနှိပ်ခံနေရတဲ့ဘဝကို မကျေမချမ်းဖြစ်ကာ ပြန်တွန်းလှန်ချင်သူလေးတစ်ယောက်။အဲဒီအချိန်မှာပဲ သူတက်နေတဲ့ ကောလိပ်မှာ ဘောက်ဆင်အတန်းတစ်ခု စဖွင့်ဖို့ ကြေငြာလိုက်တော့ ကျားရဲဖြစ်မှ မြိုင်တောအလယ် ရှင်သန်နိုင်မှာကို တွေးမိပြီး ဝင်လျှောက်လိုက်တော့တယ်။ တစ်ဖက်မှာ မေဂျာအာဘီမန်ယူဆိုတာက အင်မတန်တော်ပြီး အရည်အချင်းရှိတဲ့ စစ်သားတစ်ယောက်။ ဒါပေမဲ့ စစ်ဆင်ရေးတစ်ခုမှာ ကိုယ်ရေးကိုယ်တာ အာဃာတကြောင့် စစ်သားဘဝကို အပြီးတိုင် စွန့်လွှတ်ခဲ့ရသူ။ဒီလိုမျိုး အချိန်မတန်ခင် မာန်လျှော့လိုက်ရတဲ့ ကျားရဲတစ်ကောင်နဲ့ အမြင့်ကို ပျံသန်းချင်နေတဲ့ ဗေဒါငှက်မလေးတို့ဟာ ရေစက်ပါလို့ လာဆုံတွေ့ခဲ့ပြီး ဘယ်လိုစွန့်စားခန်းတွေ ထွက်ကြရဦးမလဲဆိုတာကို အက်ရှင်ခပ်မိုက်မိုက်တွေနဲ့ ...
movie

Vedaa (2024)

Stree 2: Sarkate Ka Aatank (2024) Stree 2 7.6
Stree 2: Sarkate Ka Aatank (2024) Stree 2 Stree 2 (2024) "ဆတ္ထရီ ၂"imdb 7.6/24kတချို့သော ဝင်ငွေကောင်းတဲ့ နာမည်ကြီးရုံတင်ကားတွေထက်ကို ရုံတင်ဝင်ငွေသောက်သောက်လဲရပြီး အောင်ပွဲခံခဲ့တဲ့ မင်းသမီးချောလေး Shraddha Kapoorရဲ့ ရုံတင်ကားကြီးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။၂၀၁၈ကထွက်ခဲ့တဲ့ Stree (2018)ရဲ့ အဆက်ပေါ့။“အို ဆတ္ထရီ မနက်ဖြန်မှ လာခဲ့ပါ”လို့ ချန်ဒေရီမြို့က အိမ်တိုင်းရဲ့ရှေ့မှာ စာရေးထားရလောက်တဲ့ထိ သောင်းကျန်းခဲ့တဲ့ သရဲမလေး။ညဘက်ကြီး အပြင်ထွက်တဲ့ ယောကျ်ားသားတွေ နောက်ပြန်လှည့်ကြည့်တဲ့အခါ ဖမ်းစားတတ်တဲ့သရဲမလေး။ အပ်ချုပ်သမားလေး ဗစ်ကီချစ်ခဲ့ရတဲ့သရဲမလေး။ဒီရုပ်ရှင်မှာတော့ ပထမကားအပြီး နှစ်အနည်းငယ်အကြာနဲ့ ဆက်ပါတယ်။ ပျောက်ကွယ်သွားတဲ့ ဆတ္ထရီကိုပဲ မေ့ပျောက်မရသူ မောင်ဗစ်ကီတစ်ယောက် လွမ်းဆွတ်မှုနဲ့အတူ တမ်းတနေရချိန်။ဘယ်ကမှန်းမသိတဲ့ စာတစ်စောင်ရောက်လာတာက "သူ ပြန်လာပြီ"တဲ့။ ဘာမှ အဓိပ္ပါယ်သိပ်မရှိတာမို့ ဗစ်ကီတစ်ယောက် မေ့မေ့ပျောက်ပျောက်နဲ့နေရင်းက ဇာတ်အလှည့်အပြောင်းတွေ ဖြစ်လာတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… (6.4 GB) / (2.2 GB) / (1.1 GB) Quality…WEB DL 4K HEVC/1080p HEVC/ 720p Format…mkv/ mp4 Duration….2h 27m Subtitle….Myanmar Subtitle ...
movie

Stree 2: Sarkate Ka Aatank (2024) Stree 2

4K HEVC
Tutak Tutak Tutiya aka Devi(L) (2016) 5.5
Tutak Tutak Tutiya aka Devi(L) (2016) Tutak Tutak Tutiya (2016) "ရွာသူမတစ္ဆေ"ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် မဆလာ comedy/horror ရုပ်ရှင်အဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်မွန်ဘိုင်းကို နယ်ကနေတက်လာတဲ့ လူတွေအားလုံးမှာ အိပ်မက်ကိုယ်စီရှိကြပေမယ့် ခရစ်ရှ်နားမှာတော့ ခေတ်ဆန်တဲ့ မိန်းကလေးနဲ့ လက်ထပ်ရမယ်ဆိုတဲ့ အိပ်မက်တစ်ခုပဲ ရှိပါတယ်အင်္ဂလိပ်စာ ဂရမ်မာမှန်မှန် ပြောတတ်တဲ့ ခေတ်ဆန်တဲ့ မိန်းကလေးတွေကိုမှ ရွေးလိုက်ပေမယ့် သူ့ကိုဘယ်သူမှ ပြန်မကြိုက်ကြတာမို့ လူပျိုဂုဏ်ကို ဆက်ထိန်းထားနေရင်းမှမွေးရပ်မြေရွာက အဘွားဆုံးခါနီးလို့ ရွာပြန်ရပြီး လမ်းမှာ နွားကျောင်းနေတဲ့ ရွာသူမနဲ့ ကတောက်ကဆဖြစ်လိုက်ပါသေးတယ်ဖြစ်ချင်တော့ အဘွားမဆုံးခင် နွားကျောင်းသူမရဲ့ လက်ကိုမှ ဆွဲကိုင်သွားတဲ့အတွက် ခရစ်ရှ်နားမိဘတွေက အဲဒီကောင်မလေးနဲ့ အတင်းအကျပ်ပေးစားလိုက်ရာမှာ horror ဇာတ်လမ်းတစ်ပုဒ် ဘယ်သို့ ဘယ်ပုံဖြစ်လာမှာလဲ ဆိုတာကတော့ ...ဟုတ်သော်ရှိ မဟုတ်သော်ရှိ ခဏတာတော့ ရယ်မောလို့ရမယ့် ဇာတ်ကားလေးကို အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.18GB / 1.1GB Quality…WEB DL 1080p / 720p Format… mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard ...
movie

Tutak Tutak Tutiya aka Devi(L) (2016)

Sarileru Neekevvaru (2020) 6.8
Sarileru Neekevvaru (2020)  Sarileru Neekevvaru (2020)တေလဂူးမင်းသားချော Mahesh Babu နဲ့ ပရိသတ်တို့ရဲ့ အချစ်တော် တောင်ပိုင်းမင်းသမီး Rashmika Mandanna တို့ရဲ့ အချစ်၊အကြမ်းကားကြီး လာပါပြီ။ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ အိန္ဒိယတပ်က စစ်ဗိုလ်တစ်ယောက်ပါ။စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါ။ဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ခွင့်လည်း တောင်းထားပြီးသား။ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက် သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့... မင်းသားချောပါပဲ။ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲအဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကိုရုပ်ရှင်ရုံထဲကြည့်ရသလို ၃ နာရီနီးပါး လိုက်ပါစီးမျောကြည့်ရှုရမှာပါ။(ရုပ်ရှင်ဘာသာပြန်နဲ့အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ ...
movie

Sarileru Neekevvaru (2020)

2020
4K HEVC
Aranmanai 4 (2024) 6
Aranmanai 4 (2024) Aranmanai 4 (2024)"ကျိန်စာသင့်ကလဲ့စား ၄" ==================================== IMDb 6.1/10 နာမည်ကျော် သရဲဟာသရုပ်ရှင်တွဲဖြစ်တဲ့ Aranmanai ရုပ်ရှင်တွဲတွေရဲ့ လေးကားမြောက်ရုပ်ရှင်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီ နံပါတ် ၄ မှာလည်း တမီလ်ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့အတူ အရင်ကားတွေရဲ့သရုပ်ဆောင်တော်တော်များများပြန်ပါလာတဲ့အပြင် အားလုံးချစ်တဲ့ မင်းသမီးလေး သမန်းနားလည်း အားဖြည့်ပါဝင်လာခဲ့ပါတယ်။ဒီ လေးခုမြောက်ရုပ်ရှင်မှာလည်း Aranmanai ရုပ်ရှင်တွေရဲ့ထုံးစံ စံအိမ်ကြီးတစ်လုံးရယ်၊ အိမ်ကြီးထဲမှာ ခြောက်လှန့်နေတဲ့သရဲတွေရယ်၊ အိမ်ကြီးနဲ့ပတ်သက်နေတဲ့ ရတက်ပွေတဲ့လူတွေရယ်ကတော့ မပါမဖြစ်ပါပဲ။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့...ရှေ့နေကြီး ဆာရာဗာနန်ရဲ့ညီမဖြစ်သူတို့လင်မယား ရုတ်တရက်သေဆုံးသွားတဲ့အတွက် ဆာရာဗာနန်ဟာ သူတို့ချန်ထားခဲ့တဲ့ စံအိမ်ကြီးကိုသွားရောက်ပြီး သေဆုံးမှုနောက်ကွယ်က အကြောင်းတွေဖော်ထုတ်ရင်း လူတွေ၊ သရဲတွေနဲ့ ဇာတ်လမ်းရှုပ်မိပုံတွေကို မင်းသမီးတွေရဲ့ ငွားငွားစွင့်စွင့် အလှအပတွေနဲ့အတူ ဟာသစွက်ပြီး ကြောက်ဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ပြထားတာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…3.2GB /1.5GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Aranmanai 4 (2024)

2024
Oopiri [Thozha ] (2016) 8
Oopiri [Thozha ] (2016) Thozha (imdb 8/10 Rtscore 77 %) ......(ရင်ဘတ်မိတ်ဆွေ)......ဒီတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တာကတော့ 2016 တုန်းက ထွက်ရှိခဲ့တဲ့ ဟာသဒရာမတောင်ပိုင်းကားလေးတစ်ကားပါပဲ ဘာဟူဗလီကားထဲက မင်းသမီးချောဖြူနုအုဖတ်လေး သမန်းနားလဲပါဝင်ထားပြီး ဇာတ်ပို့မင်းသားကြီး ပရာကတ်ရာ့ဂျ်တို့လို သရုပ်ဆောင်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားပါတယ်ဒီကားလေးကတော့ မသန်စွမ်းရောဂါဖြစ်နေတဲ့ သူဌေးကြီးတစ်ယောက်ဟာ သူ့ကိုပြုစုစောင့်ရှောက်ဖို့အတွက် ဘဝမှာ ဘာကိုမှအလေးမထား အချုပ်ကျလိုက် လမ်းဘေးရှကီထုလိုက်နဲ့ အလေလိုက်နေတဲ့ စီနူဆိုတဲ့သူကို အလုပ်ခန့်လိုက်ပါတယ်..ဆရာသမားက လက်ကြောလဲမတင်း အလုပ်ကလဲကြေးများတဲ့အပြင် ဘာကိုမှလဲအလေးအနက်မရှိပါဘူး ဒီအလုပ်ကို လျှောက်တော့လဲ သူဌေးရဲ့အတွင်းရေးမှူးမလေးကို ဖွန်ကြောင်ချင်လို့ ဝင်အလုပ်လျှောက်တာပါသူဌေးကတော့ သူ့ရိုးသားပွင့်လင်းမှုကို သဘောကျပြီး အလုပ်ခန့်လိုက်တဲ့အခါမှာ တစ်ယောက်အခက်အခဲကို တစ်ယောက်ဘယ်လိုဖေးမကူပြီး ဘာဆက်ဖြစ်မလဲ....ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးပဲ မိတ်ဆွေစစ်ရဲ့အဓိပ္ပာယ် ဘာလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…2.9GB / 1.18GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Oopiri [Thozha ] (2016)

2016
K.G.F: Chapter 1 (2018) KGF 1 8.9
K.G.F: Chapter 1 (2018) KGF 1 K.G.F: Chapter 1 (2018)အညွှန်းKannada Audio အစစ်နဲ့ 4K ကိုတင်ဆက်ထားပါတယ်။******************************IMDb rating - 8.7/10 Google Users - 95%၁၉၅၁ ခုနှစ်ကို အခြေတည်ရေးသားထားတဲ့ ကိုလာရွှေလုပ်ကွက်ရဲ့ အကြောင်းအရာတွေ ပါဝင်နေတဲ့ ဂျာနယ်လစ်အာနန်းအင်္ဂလာဂီရဲ့ "El Dorado- အယ်လ်ဒိုရာဒို"စာအုပ်ကို အိန္ဒိယအစိုးရက တားမြစ်ပိတ်ပင်ပြီး ထုတ်ဝေထားသမျှ စာအုပ်အားလုံးကို မီးရှို့ဖျက်ဆီးပစ်လိုက်တယ်။မျက်မှောက်ခေတ်ကို ရောက်တော့ ဒီစာအုပ်ကိုပဲ တီဗီချန်နယ်တစ်ခုက မရမက ရှာဖွေပြီး ဂျာနယ်လစ်ကို အင်တာဗျူးလုပ်တယ်။စာအုပ်ထဲက အကြောင်းအရာတွေကို စာရေးသူက ပြန်လည်ပြောပြရာကနေ ဒီဇာတ်လမ်း ပြန်လည်အသက်ဝင်လာခဲ့တော့တယ်။"ကိုလာရွှေလုပ်ကွက် ဖြစ်တည်လာပုံနှင့် ရော်ကီမွေးဖွားလာပုံ ပြိုင်တူအဖြစ်အပျက်နှစ်ခု..."ဟိုး ၁၉၅၁ခုနှစ်တုန်းက အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ မိုင်ဆောပြည်နယ် (ယခု ကာနာတားကားပြည်နယ် - ကိုလာခရိုင်) မှာ အစိုးရအာဏာပိုင်တွေဟာ ရွှေကြောတစ်ခုကို တွေ့ရှိခဲ့ကြတယ်။ ဒီရွှေကြောကို ရှာတွေ့ခဲ့တဲ့ နေ့မှာ အဖြစ်အပျက်နှစ်ခု ပြိုင်တူဖြစ်ပွားခဲ့တယ်။တစ်ခုက ရာဂျားကရစ်ရှ်နားပါးဘိုင်ယာဆိုတဲ့ လူသားတစ်ယောက် အသက်မပြည့်သေးပဲ ကိုယ်ဝန်လွယ်ထားရတဲ့ အမိဝမ်းကနေ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီးနောက်တစ်ခုက ကိုလာရွှေကြောကို တွေ့ရှိတဲ့နေရာမှာကြီးစိုးတဲ့ ဆူရိယဗာဒန်ဆိုသူ လူမိုက်ကြီးဟာ ရွှေကြောကို တွေ့ရှိတဲ့ အစိုးရအာဏာပိုင်တွေကို လက်စဖျောက်ပစ်ပြီး ရွှေကြောကို ...
movie

K.G.F: Chapter 1 (2018) KGF 1

2018
4K HEVC
Bhola Shankar (2023)
Bhola Shankar (2023) Bhola shankar (2023) ===================ဘိုင်ရာဗာမင်းသား ရမ်ချရန်ရဲ့အဖေ မင်းသားကြီးချီရန်ဂျီဗီး၊ နာမည်ကြီး တောင်ပိုင်းမင်းသမီးချောတွေဖြစ်ကြတဲ့ သမန်းနားနဲ့ ကရီသီဆူရက်ရှ်တို့ ပါဝင်ထားကြပြီး ကုဋေ ၁၀၀၀ ကျော် ဘက်ဂျက်သုံးရိုက်ကူးခဲ့တဲ့ ရုံတင်ကားအသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ မိန်းကလေးတွေ‌ ပျောက်ဆုံးမှုက ကိုလ်ကာတာမြို့ကြီးထဲ တွင်တွင်ကျယ်ကျယ်ကို ဖြစ်နေပါတယ် ဝန်ကြီးချုပ်အထိပါ ခေါင်းခဲရတဲ့ကိစ္စတစ်ခုဖြစ်တာကြောင့် တစ်ချက်အတိမ်းစောင်းမခံဘဲ ပြစ်မှုရှင်းလင်းရေးရဲ့ အတော်ဆုံးအရာရှိကိုလွှတ်တာတောင် အသတ်ခံလိုက်ရတဲ့အမှုဆိုတော့ တော်ရုံလူမကိုင်ရဲ ပျောက်ဆုံးမှုတွေဖြစ်မြဲပါပဲဘိုလာ.. ဒီလူ့အကြောင်းပြောရမယ်ဆိုရင် တစ်ပါးလူအပေါ်ဘယ်သူရယ်ဘယ်ဝါရယ်မတွေး ကူညီချင်စိတ်အပြည့်နဲ့ပေါ့ဗျာ အဖေအမေမရှိတဲ့ သူ့မှာ မိသားစုဆိုလို့ သူ့ညီမလေးမဟာတစ်ယောက်တည်းရှိတယ် ညီမလေးက သူ့ဘဝရဲ့ အရာရာ‌ပေါ့ ညီမလေးကို တုန်နေအောင်ချစ်တဲ့လူပေါ့ တစ်နေ့ .. လူပျောက်မှုတွေဖြစ်တဲ့မြို့ထဲ အကြောင်းမသိဘဲ သွားတိုက်ခန်းငှားနေမိရာကစ ဘာတွေဆက်မယ်ဆိုတာကတော့ ...ဒီ Bhola Shankar ရုပ်ရှင်ဟာဆိုရင် တမီလ်ရုပ်ရှင်တစ်ခုဖြစ်တဲ့ Vedalam ကို တေလေဂူဗားရှင်း remake ပြန်ရိုက်ထားတာဖြစ်ပြီး မူရင်းကို မီမလားဆိုတာကို ပရိသတ်ကြီးကပဲဆုံးဖြတ်ပေးကြပါဦး...။ ( Yunni~Zwe ~Cherry ~YH~ToMo တို့က ညွှန်းဆိုဘာသာပြန်ပေးထားပါတယ်။ ) File size…4.4GB / 2.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 39m Subtitle….Myanmar ...
movie

Bhola Shankar (2023)

2023
Jailer (2023) 7.5
Jailer (2023) Jailer (2023) IMDb-7.5/10ရူပီသန်းပေါင်း၂၄၀ဝန်းကျင် အသုံးပြုရိုက်ကူးထားပြီး ရူပီ၆၃၅သန်းပြန်လည်ရရှိခဲ့တဲ့ မင်းသားကြီးရာဂျ်နီကန့်သ်ရဲ့ ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ဟာသမင်းသားကြီး ရိုဂီဘာဘူလည်း ပါဝင်အားဖြည့်ထားပါတယ်။ အကြည်ဗားရှင်းထွက်တာ အချိန်တစ်ခုကြာပြီဖြစ်ပေမယ့် ရုပ်သံစာတန်းထိုးမှန်အောင်စောင့်ဆိုင်းနေခဲ့တဲ့အတွက် စီအမ်ဘောလိဝုဒ်ပရိသတ်ကြီးကိုအနူးအညွတ်တောင်းပန်အပ်ပါတယ်။ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဆိုတာ နာမည်တစ်ခုတင်ကျန်ရစ်တတ်ပေမယ့် အတိုက်ခိုက်ခံရ ပေးဆပ်လိုက်ရတာတွေကတော့ ရှိနေတတ်တာဓမ္မတာပါပဲ။ မင်းသားကြီးရာဂျ်နီကန့်သ်က ဇနီးဖြစ်သူရယ် သားရယ် ချွေးမရယ် မြေးလေးရယ်နဲ့ အငြိမ်းစားထောင်မှူးကြီးဘ၀ကို ငြိမ်းချမ်းစွာဖြတ်သန်းနေသူတစ်ယောက်။သားဖြစ်သူကိုလည်း ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူ။ တစ်ရက်မှာတော့ ဘုရားကျောင်းရုပ်တုတွေပျောက်ဆုံးမှုကို စုံစမ်းဖော်ထုတ်နေတဲ့ သားဖြစ်သူ ပျောက်ချင်းမလှပျောက်သွားရာကစ အသတ်ခံလိုက်ရတာကိုသိလိုက်ရပါတယ်။ အဲဒီမှာပဲ အေးချမ်းတဲ့ဘ၀လေးကနေ သားကိုသတ်ခဲ့တယ်လို့သိရတဲ့ လူဆိုးဂိုဏ်းကို လက်စားချေအမြစ်ဖြတ်သုတ်သင်ဖို့ကြိုးစားတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့အမှန်တရားတွေ အသတ်အဖြတ်ကြမ်းကြမ်းရမ်းရမ်းတွေကို ကြည့်ရှုခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~YH~Cherry~Zwe Yan~BpLတို့ပဲဖြစ်ပါတယ်) File size…9.4GB/ 3.16GB / 1.2GB Quality…WEB-DL 4K HEVC/1080p/ 720p Format…mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~YH~Cherry~Zwe Yan~BpL
movie

Jailer (2023)

2023
4K HEVC
Lust Stories 2 (2023) 7.2
Lust Stories 2 (2023) Lust Stories 2 (2023) IMDb-6.2/10(Rating 18+ဖြစ်တာကြောင့် မိသားစုနဲ့အတူမကြည့်သင့်ပါ)2018ခုနစ်ကထွက်ရှိခဲ့တဲ့ Emmyဆန်ခါတင် Lust Stories(2018)ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကို Netflix မှထုတ်လွှင့်ခဲ့ပါပြီ။ပရိတ်သတ်အသဲစွဲ မင်းသမီး‌တွေဖြစ်ကြတဲ့ တောင်ပိုင်းမင်းသမီးကြီး တမန်နားဘာတီယာနဲ့ DDLJထဲက ဟင်ဒီမင်းသမီးကြီးကားဂျိုးနဲ့ ပြစ်ချက်မရှိအောင်လှပါလေသော မရူနားလ်ထာကုရ်တို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။။အရင်ကားလိုပဲ 18+အဆင့်သတ်မှတ်ထားပေမယ့် လိင်စိတ်အသားပေးထားတာမျိုးမဟုတ်ဘဲ လိင်မှုဆိုင်ရာပညာပေးသဘောအနေနဲ့ အဓိကရိုက်ကူးထားပါတယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့လက်တွဲဖော်အမျိုးသားများမသိတဲ့အချက်တွေ သူတို့ကိုယ်တိုင်တောင် မသိတဲ့စိတ်နေစိတ်ထားတွေကို အကောင်းဆုံးပုံဖော်ရိုက်ကူးထားပါတယ်။ ဒီကားမှာလည်း ဒါရိုက်တာလေးဦးကနေမတူညီတဲ့ ဇာတ်လမ်းတိုလေးပုဒ်နဲ့ အမျိုးသမီးတွေကိုအဓိကနေရာကနေ တင်ဆက်ထားပါတယ်။အိမ်ထောင်ရေးမှာ လိင်စိတ်ကအဓိကကျတာမျိုးဟုတ်မနေပေမယ့် loveနဲ့ sexနှစ်မျိုးလုံးယှဉ်တွဲမှသာ အိမ်ထောင်ရေးတခုတည်မြဲနိုင်ကြောင်းကို ဇာတ်လမ်းတိုလေးပုဒ်နဲ့ တပုဒ်ချင်းရသတွေပေါ်လွင်အောင် အကောင်းဆုံးတင်ဆက်ထားတာကြောင့် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်(အညွှန်းနဲ့ဘာသာပြန်ကတော့ Voldemort,Moon,Zwe,ThaikSanတို့ပဲဖြစ်ပါတယ်) File size…1.9GB / 736MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Voldemort~ Moon ~ Zwe ~ ThaikSan
movie

Lust Stories 2 (2023)

2023
Badrinath (2011) 4.4
Badrinath (2011) Badrinath 2011 -----------------------------ဘောလိဝုဒ် ဇာတ်ကားကောင်းတွေပဲကြည့်ရှုတတ်တဲ့ ပရိသတ်များအတွက် မင်းသားချော Allu Arjun ရဲ့ 2011ကထွက်ရှိထားတဲ့ Romance, Action ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။အရည်အချင်းရှိပြီးထက်မြတ်လှတဲ့စစ်သည်တော်တစ်ယောက်အဖြစ် ဘုန်းတော်ကြီးတစ်ပါးမှ လေ့ကျင့်ပေးထားတဲ့ ဘဒ်ဒရီတစ်ယောက်ဟာ တိုက်ရေးခိုက်ရေးမှာ ရန်သူ ၁၀၀ကို မျက်စိမှိတ်တိုက်ခိုက်နိုင်တဲ့အထိ နှလုံးရေပြည့်ဝလှပါတယ်။ "ဘဒ်ဒရီနတ်" ဘုရားကျောင်းကို စောင့်ရှောက်ပေးဖို့ တာဝန်ရရှိခဲ့ပြီး တစ်နေ့မှာ ဘုရားတွေကိုအယုံအကြည်မရှိတဲ့ ဘာသာမဲ့သူဌေးမလေး အလက္ကန်နန္ဒာရောက်လာပြီးတဲ့နောက်မှာ မတည့်ကြတဲ့သူတို့တွေ ချစ်ကြိုးသွယ်သွားမလား။ ဘယ်လိုရန်သူအနှောင့်အယှက်တွေပေါ်လာမလဲဆိုတာ ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်စွာကြည့်ရှုရမှာပါ။ US$ 5.3 million အကုန်ကျခံရိုက်ထားပြီး အဲဒီခေတ်အခါတုန်းက ကုန်ကျစရိတ်အများဆုံး ဇာတ်ကားများထဲက တစ်ကားဖြစ်ခဲ့ပါတယ်။သရုပ်ဆောင်ချက်၊ တိုက်ခိုက်ခန်း၊ ကခန်းတွေလည်း မြိုင်ဆိုင်လှတဲ့အပြင် မင်းသားချော Allu Arjun ရဲ့ ဆံပင်ပုံစံကလည်း တမျိုးလေးဆန်းနေပြီး အတော်လေးလိုက်ဖက်နေတဲ့အတွက် အမာခံပရိသတ်များအဖို့ သဘောတွေ့စေမဲ့ ဇာတ်ကားကောင်းလေးအဖြစ် ညွှန်းပေးပါရစေ။ File size…4.26GB / 1.98GB Quality…1080p BluRay / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor 
movie

Badrinath (2011)

Gurtunda Seetakalam (2022) 7.8
Gurtunda Seetakalam (2022) Gurthunda Seethakalam (2022)IMDb-7.7/10ဒီတစ်ခါတော့ ဘာဟုဗလီမင်းသမီးချောလေး သမန်နားပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်မြူးလေးပါကန်နာဒါဘာသာစကားပြော love mocktail ဇာတ်ကားကို remake လုပ်ထားတဲ့ တေလဂူစကားပြော တောင်ပိုင်းရုပ်ရှင်ပါအိန္ဒိယကားတွေထဲမှာ အိုဗာအက်တင်တွေမပါဝင်ပဲ အချစ်အကြောင်းကို ရိုးရိုးရှင်းရှင်းနဲ့ ဖော်ပြပေးထားတဲ့ ဒီကားလေးမှာ အချစ်ရဲ့အဓိပ္ပာယ်ကို အဓိကဇာတ်ဆောင် ဒေ့ဗ်ရဲ့ အချစ်ရှာပုံတော်ခရီးလေးနဲ့အတူ ဖွင့်ဆိုထားတာကို‌ တွေ့ရပါတယ် မူရင်းကားထဲကလို အိုဗာဟာသတွေဇွတ်ထည့်မနေပဲနဲ့ သင့်တော်တဲ့ရယ်ရွှင်စရာလေးတွေနဲ့ ကြည်နူးတစ်ခါပျော်ရွှင်တစ်လှည့်နဲ့ ကောင်မလေးနဲ့တူတူကြည်နူးနိုင်ဖို့ ပရိတ်သတ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.05GB / 916MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Sai ThuRein ~ Nyein Aye
movie

Gurtunda Seetakalam (2022)

2022
Plan A Plan B (2022) 6.8
Plan A Plan B (2022) Plan A Plan B (2022)အခုတစ်ခါထွက်ရှိထားတဲ့ ကားလေးကတော့ မင်းသားရီတေရှ်ဒေရှ်မွခ်နဲ့ မင်းသမီးချောလေး တမန်နားဘာတီယားတို့ရဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်...တစ်ယောက်က ကွာရှင်းပြတ်စဲပေးတဲ့ ရှေ့နေလေး ကော်စီ...နောက်တစ်ယောက်က အောင်သွယ်တော်လုပ်ပေးတဲ့ အိမ်ထောင်ရေးအေဂျင်စီမလေး နီရာလီ...ကော်စီက အတ္တကြီးပြီးတစ်ကိုယ်ကောင်းဆန်တယ် လက်ရှိအိမ်ထောင်ရေးအဆင်မပြေဘူးနီရာလီကတော့ ညှင်သာနူးညံ့လွန်းပြီး သူ့ကိုဖြတ်သွားတဲ့ ရည်းစားကို မမေ့နိုင်သေးတဲ့ ကောင်မလေး...အလုပ်မတူ စာရိတ္တချင်းမတူ စိတ်ဓါတ်မချင်းမတူတဲ့ ဒီလူနှစ်ယောက်ဟာ အဆောက်အဦးတစ်ခုထဲက ဘေးချင်းကပ်အခန်းမှာ ရုံးခန်းကိုယ်စီထိုင်ဖြစ်ကြတဲ့အခါ...သူတို့တွေ ကြောင်နဲ့ကြွက်လိုမျိုး ဘယ်လိုရန်ဖြစ်ကြမလဲ...တလွဲဟာသလေးတွေနဲ့ ဘယ်လိုတွေခွီရမလဲဆိုတာကို ဆက်လက်မြင်တွေ့ရမှာပဲဖြစ်ပါတယ်...အချစ်ဆိုတာက ဆန်းကြယ်တယ်လို့ ပြောစမှတ်တွင်ခဲ့ကြသလိုမျိုးပဲ သူတို့နှစ်ဦးကိုယ်စီကြားမှာ သံယောဇဉ်တွေ ရှိလာနိုင်မလားဆိုတာကို ဇာတ်ကားထဲမှာ ရှုစားပေးကြပါဦးနော် File size…1.8GB /  841MB Quality…1080p NF WEBDL AAC5.1CH / 720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pyae & BpL & Taylor
movie

Plan A Plan B (2022)

2022