Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tahmus Rounds
6.5
The Crazies (2010)
Horror/Thriller ပရိတ်သတ်တွေအတွက် ဇာတ်ကားကောင်း တစ်ကားပါ။ ၁၉၇၃တုန်းက ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးထားတာဖြစ်ပြီး Remake တွေထဲမှာ ရှားရှားပါးပါး Original ထပ်ပိုကောင်းတယ်လို့ သတ်မှတ်ခံထားရပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ Deadwood (2004) စီးရီးက ရဲအရာရှိအဖြစ် လူသိများခဲ့တဲ့ Timothy Olyphant။ Silent Hill (2006) ရဲ့ မင်းသမီး Radha Mitchell။ The Flash စီးရီးထဲက Killer Frost အဖြစ် သရုပ်ဆောင်ထားတဲ့ Danielle Panabaker တို့ပါ။အော့ဂ်ဒန်မက်ရှ်မြို့လေးရဲ့ ဘေ့စ်ဘောပွဲနဲ့ ဇာတ်လမ်းစပါတယ်။ ကွင်းထဲကို သေနတ်ကြီးကိုင်ပြီး ဝင်လာလို့ ရဲအရာရှိ ဒေးဗစ်က ဟန့်တားရင်း ပစ်ခတ်မှုဖြစ်သွားပါတယ်။ အရက်မူးနေလို့ စိတ်လွတ်နေတယ်လို့ ယူဆခဲ့ပေမယ့် စစ်ကြည့်တဲ့အခါ ဘာမှ ရှိမနေပါဘူး။ အဲဒီအချိန်က စပြီး ၄၈နာရီအတွင်း အလောင်းတွေ များလာပါတော့တယ်။ ...
movie
The Crazies (2010)
2010
6.2
Ted K (2021)
ဖြစ်ရပ်မှန် မှုခင်းရုပ်ရှင်တစ်ပုဒ်လောက် ကြည့်လိုက်ရအောင်။ အမေရိကန်ရဲ့ နာမည်ကျော် အကြမ်းဖက်သမားတစ်ယောက်အကြောင်းပေါ့။ သီအိုဒေါ ဂျေ စတင်းစကီး သို့မဟုတ် တက်ဒ် လို့ခေါ်တဲ့လူတစ်ယောက်အကြောင်းပါ။ ဒီလူဟာ အက်ဖ်ဘီအိုင်သမိုင်းမှာ အကြီးဆုံး ရှာဖွေဖမ်းဆီးရေး လုပ်ခဲ့ရတဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ကိုတော့ တစ်နိုင်ငံလုံးက Unabomber လို့ သိကြပါတယ်။ တစ်ကိုယ်တော် ဗုံးသမားလို့လည်း အဓိပ္ပါယ်ထွက်သလို UNA = တက္ကသိုလ်နဲ့လေကြောင်းတွေကိုဗုံးခွဲသူလို့လည်း သိကြပါတယ်။ သူ့ကြောင့် လူ ၂၃ ယောက်ထိခိုက်ခဲ့ပြီး လူ ၃ ဦးသေဆုံးခဲ့ပါတယ်။ နှစ်ပေါင်းများစွာ အက်ဖ်ဘီအိုင်လက်ကနေ ခြေရာဖျောက်နေနိုင်ခဲ့တဲ့သူလည်းဟုတ်ပါတယ်။ ဖောက်ခွဲရတဲ့အကြောင်းရင်းကတော့ စက်မှု နည်းပညာတိုးတက်မှုတွေဟာ ကမ္ဘာကြီးကို ဖျက်ဆီးနေတဲ့အရာတွေလို့ ယုံကြည်တာကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စက်မှုလုပ်ငန်းတွေရပ်တန့်အောင် လိုက်ပြီး အကြမ်းဖက်ခဲ့တာပါတဲ့။ သူ့ကိုဖမ်းမိတဲ့အချိန်မှာ သူ့အကြောင်းနဲ့ သူ့အတွေးအမြင်တွေကိုရေးထားတဲ့ စာမျက်နှာ ၂၅၀၀၀ လောက်ထဲကမှတ်တမ်းတွေနဲ့ စကားလုံးတွေကို အခြေခံပြီးပြန်လည်ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ စိတ်ဝင်စားရင် ကြည့်ကြည့်လိုက်ပါဦး။ File ...
movie
Ted K (2021)