Channel Myanmar

T. J. McGibbon

Remember (2015) 7.5
Remember (2015) black and white ခေတ်ကမင်းသားကြီးChristopher Plummerပါဝင်သရုပ်ဆောင်ထားတဲ့2015မှာထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးပါဒုတိယကမ္ဘာစစ်တုန်းက ဟစ်တလာခေါင်းဆောင်တဲ့နာဇီတွေက'ခရစ်စတယ်ည'နာမည်တွင်ခဲ့တဲ့ ၁၉၃၈ ခုနှစ် နိုဝင်ဘာ ၉-၁၀ ရက်နေ့တွေမှာဂျူးတွေနဲ့ဂျူးတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေဆိုင်ခန်းတွေကို အကြမ်းဖက်ဖျက်ဆီးခဲ့ကြပါတယ်ဒီဖြစ်စဉ်မှာ ဂျူးလူမျိုး၃သောင်းခန့် အဖမ်းခံရကာစစ်အကျဉ်းစခန်းကို ပို့ခံခဲ့ရပြီး ဂျူး၁၀၀ထက်မနည်းသေဆုံးခဲ့ပါတယ်ဒီဖြစ်ရပ်ဟာ Holocaust Genocide ကိုဦးတည်စေခဲ့ပါတယ်Holocaust မှာ ဂျူးများအပြင်LGBTတွေ, လူမည်းတွေ, ဂျစ်ပစီတွေ, မသန်စွမ်းတွေပါ နာဇီတွေရဲ့သားကောင်ဖြစ်ခဲ့ရပါတယ်Auschwitzလိုစစ်အကျဉ်းစခန်းတွေမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု, အဆိပ်ဓာတ်ငွေ့ပေးနှိပ်စက်မှုတွေပါပြုလုပ်ခဲ့ကြပါတယ်ဒီဖြစ်ရပ်တွေကိုအခြေတည်ထားတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် သမိုင်းကြောင်းစိတ်ဝင်စားသူတွေအကြိုက်တွေ့စေမှာပါဇာတ်လမ်းအကျဉ်းကတော့သူငယ်ပြန်ရောဂါရှိနေတဲ့ဇက်ဖ်က သူ့မိန်းမဆုံးသွားပြီးနောက်ပိုင်းမှ ာ နာဇီလက်ထက်က သူ့ရဲ့မိသားစုကိုသတ်ခဲ့တဲ့ တရားခံဖြစ်တဲ့စစ်အကျဉ်းစခန်းက ခေါင်းဆောင်ပိုင်းတစ်ယောက်ကိုလိုက်ရှာဖို့အကြောင်းဖန်လာပါတယ်ဘိုးဘွားရိပ်သာက သူ့သူငယ်ချင်းမက်စ်ရဲ့အကူအညီနဲ့ဘယ်လိုစိတ်ဝင်စားစရာ ရှာပုံတော်ဖွင့်မလဲဘယ်လို ဇာတ်လမ်းလှည့်ကွက်တွေ ကြုံရဦးမလဲဆိုတာနာဇီနဲ့ဂျူးတွေကြားကပဋိပက္ခ သမိုင်းကြောင်းတွေကို ပြန်လည်ခံစားရင်း ရှုစားကြပါဦး File size…    1.6 GB /  794 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ..... Drama/Thriller Subtitle…. Myanmar Subtitle ...
movie

Remember (2015)