Channel Myanmar

T.J. Jagodowski

Oz the Great and Powerful (2013) 6.3
Oz the Great and Powerful (2013) သက္ကရာဇ် ၁၉၀၅ ခုနှစ်မှာ အော်စကာ လို့အမည်ရတဲ့ မျက်လှည့်ဆရာတစ်ယောက်ဟာလေမုန်တိုင်းတိုက်ခံရတာကနေတစ်ဆင့် The Land of OZ ခေါ်တဲ့နေရာကို ရောက်ရှိသွားပါတယ်။သူရောက်ရှိသွားတဲ့ နေရာမှာ သီအိုဒေါဆိုတဲ့ မိန်းမလှလေးနဲ့ တွေ့ဆုံခဲ့ပါတယ်အဲ့မိန်းမလှလေးက အော်စကာ ဟာဆိုရင် သူတို့ရဲ့ မြေကို ရက်စက်တဲ့စုန်းမကြီးလက်ထဲကနေကယ်တင်မဲ့ ဟောကိန်းလာ မှော်ဆရာကြီးလို့ ယုံကြည်ခဲ့ပါတယ်။ဒါပေမဲ့ အော်စကာဟာ မှော်ပညာတက်တဲ့ သူတစ်ယောက်မဟုတ်ပဲ သာမန် မျက်လှည့်ဆရာလေးဖြစ်ပါတယ်။ဒီလိုနဲ့ အော်စကာဟာဆိုရင် နန်းတော်ကို ရောက်သွားပြီး သီအိုဒေါရဲ့ အစ်မ ဘုရင်မတို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ထို့နောက် မှာတော့ အော်စကာဟာ စုန်းမကြီးကို နှိမ်နှင်းပေးဖို့ ကတိပေးပြီး ဟန်ကိုယ့်ဖို ဆိုသလို ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ စုန်းမကြီး နေထိုင်တဲ့နေရာကိုရောက်တော့ သူထင်နေသလို စုန်းမကြီး မဟုတ်တဲ့အပြင်တစ်ကယ့် အမှန်တရားတစ်ခုကိုသိလာရတဲ့ အခါမှာတော့...ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို ဆက်လက်ရှုစားကျပါခင်ဗျာ။ File size…   6.4 GB / 2.9 ...
movie

Oz the Great and Powerful (2013)

4K HEVC
The Ice Harvest (2005)
The Ice Harvest (2005)  ခရစ္စမတ်​ဇာတ်လမ်း​လည်းဖြစ်၊ Comedy​ အမျိုး​အစား​လည်း​ဖြစ်​ပေမဲ့ Home Alone လို ပျော်ရွှင်​ကြည်နူး​ရမှာမျိုးမဟုတ်ဘဲ မသတီစရာဇာတ်ကောင်တွေက မမျှော်လင့်​ထားတဲ့ အခင်းအကျင်းတွေမှာ ရုန်းကန်​ရှင်သန်​ဖို့ကြိုးစားပုံကို လက်ရာ​မြောက်​စွာ ရိုက်ကူး​တင်ဆက်​ထားတဲ့ Black Comedy​ / Crime ရုပ်ရှင်​ကောင်း​တစ်ခုဖြစ်​ပါတယ်။ John Cusack က အဓိက​ဇာတ်​ကောင်​ Charlie အဖြစ် သရုပ်ဆောင်​ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့​ Charlie က ကလိမ်​ကကျစ်ကျတဲ့ ရှေ့နေလူလည်ဖြစ်ပြီး Wichita မြို့​မှာနေထိုင်​ပါတယ်။ ​ခရစ္စမတ်အကြိုညမှာ Charlie နဲ့ Vic တို့နှစ်ယောက်သား ဒုစရိုက်​လုပ်ငန်း​ရှင်သူဌေး Bill ဆီက ဒေါ်လာ​နှစ်သန်းအလစ်သုတ်လာခဲ့ပြီး Bill မရိပ်မိခင် Wichita က လစ်ပြေးဖို့ကြံပေမဲ့ ရာသီဥတု​အခြေအနေကြောင့် ချက်ချင်း​ပြေး​လို့​မရဘဲ ခရစ္စမတ်​အ​ကြို​ညကို Wichita မှာပဲကုန်ဆုံးဖို့ဖြစ်လာပါတော့တယ်။ အဲဒီ​အချိန်​မှာ​ပဲ သူတို့​နှစ်ယောက်​ကို Bill​ ရဲ့တပည့်လူဆိုး Roy က စုံစမ်း​နေတာကို Charlie သိရှိသွားတဲ့အချိန်မှာတော့ ဘာတွေ​ဆက်​ဖြစ်​မလဲ ...
movie

The Ice Harvest (2005)

Stranger Than Fiction (2006)
Stranger Than Fiction (2006) လူတိုင်း ဘဝမှာ ကြိုးစားနေကြတာ ရုန်းကန်လှုပ်ရှားနေကြတာက နောက်တော့ ပိုကောင်းတဲ့ ဘဝမှာနေနိုင်မှာပါ ဒီနေ့ သိပ်အဆင်မပြေပေမဲ့ မနက်ဖြန်တော့ ပိုကောင်းလာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးကြောင့် ဖြစ်မယ်ထင်ပါတယ်။ ဒါပေမဲ့ ဘဝက အဆုံးသတ်ကို ကြိုရေးထားပြီးသား ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေမယ်ဆို ဘယ်လို အသက်ဆက်ရှင်ကြမလဲ ဟာရိုးခရစ်ခ်က IRS က စာရင်းစစ်တစ်ဦးပါ။ သူ့ဘဝက တစ်‌နေ့တစ်နေ့ ဘာထူးခြားမှုမှမရှိဘဲ ပုံသေကားချပ်ကြီးအတိုင်းပါပဲ။ တစ်နေ့မှာတော့ သူ့လုပ်တဲ့အပြုအမူတိုင်းကို ဇာတ်ကြောင်းပြန်ပြောပြနေတဲ့ အသံတစ်ခုကို သတိထားလိုက်မိပါတယ်။ တုန်လှုပ်စရာကောင်းတာက သူ မကြာခင် သေရတော့မယ်လို့ ဇာတ်ကြောင်းပြန်နေတဲ့အသံက ပြောလိုက်ပါတယ်။ ဇာတ်လမ်းတစ်ခုထဲကို ရောက်နေပြီဆိုတာ သူသိလိုက်ပါတယ်။ သူရောက်နေတဲ့ ဇာတ်လမ်းက ဟာသဇာတ်မြူလား အလွမ်းဇာတ်လား။ ဘာပဲဖြစ်ဖြစ် စာရေးဆရာကို ရှာပြီး မကြာခင်သေရတော့မယ်ဆိုတဲ့ ဇာတ်သိမ်းကို ပြောင်းဖို့ ကြိုးစားမှဖြစ်မယ်။ ဒါပေမဲ့ သူ့အကြောင်း ဝတ္ထုရေးနေတဲ့ စာရေးဆရာက အဓိကဇာတ်ကောင်တိုင်းက သေပြီး ...
movie

Stranger Than Fiction (2006)

Get Hard(2015) 6.0
Get Hard(2015) Get Hard (2015)=============IMDb - 6.0ဟာသသရုပ်ဆောင် မင်းသားကြီး Will Ferrell နဲ့ Kevin Hart တို့ပါဝင်သရုပ်ဆောင်ထားပြီး 2015 တုန်းကထွက်ရှိခဲ့တဲ့ အခွီကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။R-rated ဖြစ်ပြီး 18+ အခန်းတချို့ပါဝင်တဲ့အပြင် ကြမ်တမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် မိသားစုနဲ့အတူတော့မကြည့်သင့်ပါဘူး။ဇာတ်လမ်းအကျဉ်းလေးကတော့ချမ်းသာတဲ့စီးပွားရေး မန်နေဂျာတယောက်ဖြစ်တဲ့ ဂျိမ်းစ်ကင်း(Will Ferrell) ဟာငွေကြေးအလွဲသုံးစားလုပ်မှု၊ လိမ်လည်မှုစတဲ့စွဲချက်တွေနဲ့ အဖမ်းခံလိုက်ရပြီး ထောင်ဆယ်နှစ်အချခံလိုက်ရပါတယ်။ထောင်ထဲကိုမဝင်ခင် ပြင်ဆင်စရာတွေပြင်ဆင်ဖို့ဆိုပြီး အချိန်ရက်သုံးဆယ်လည်းပေးလိုက်ပါတယ်။ သူ့ကိုယ်သူထောင်ထဲမှာ မိနစ်ပိုင်းတောင်မခံမှန်းသိနေတဲ့ ဂျိမ်းစ်တစ်ယောက်ကယောင်ခြောက်ခြားတွေဖြစ်နေတုန်းမှာ အင်မတန်ကိုဖြူစင်ပြီးကားပါကင်ဖြတ်ပိုင်းတောင်မရဖူးတဲ့ ဒါနဲလ် (Kevin Hart) နဲ့တွေ့ပြီး ဒါနဲလ်ကိုထောင်ထွက်လူမိုက်တယောက်လိုမျိုးအထင်မှားသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ထောင်ထဲမှာရှင်သန်နိုင်အောင်သင်ပေးဖို့အတွက် ဒါနဲလ်ကိုဆရာတင်ရင်း နှစ်ယောက်လုံးဘယ်လိုတလွဲတွေဖြစ်ကြမလဲ၊ သူက‌ရောငွေတွေကိုတကယ်လိမ်ခဲ့တာလား၊နောက်ကွယ်မှာရောဘယ်သူတွေရှိနေမလဲ၊ နှစ်ယောက်သားဘယ်လိုအရှုပ်တွေနဲ့ရင်ဆိုင်ကြရမလဲဆိုတာကို တချိန်လုံးခွီရင်းကြည့်ရမှာပါ။ဟာသကားကောင်းကြည့်ချင်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…2.3GB / 831MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Comedy , Crime Subtitle….Myanmar Subtitle (Hard ...
movie

Get Hard(2015)

2015