Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
T.E. Russell
6.5
Gladiator (1992)
Gladiator (1992) IMDb: 6.5/10Shorts တွေ tiktok တွေမှာ ဗီဒီယိုအတိုလေးတွေအနေနဲ့မြင်တွေ့နေကျ လူဖြူလူမဲ လက်ဝှေ့သမား ဖိုက်တာကားကိုမြန်မာဘာသာပြန်နဲ့ တင်ဆင်ပေးလိုက်ပါပြီ။ ၁၉၉၂ကထွက်ရှိခဲ့ပြီးအတန်အသင့် ရေပန်းစားခဲ့တဲ့ ဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းတွမ်မီရိုင်လီဆိုတဲ့ လူဖြူကောင်လေးဟာ ဖခင်ရဲ့စီးပွားရေးအဆင်မပြေမှုကြောင့် ချီကာဂိုမြို့ကို ပြောင်းရွှေ့လာခဲ့ပါတယ်။သူတို့ကျောင်းမှာတော့ လူမျိုးပေါင်းစုံရှိပြီး လူမဲလူရမ်းကားတွေကဂိုဏ်းတွေဖွဲ့ မိုက်ကြေးခွဲနေကြတာပါ။ ဒါပေမဲ့ တွမ်မီကတော့အနေအေး စာတော်ပြီး သဘောရိုးဖြူစင်တဲ့ လူပါ။ ဒီလိုနဲ့ အတန်းထဲက လူမဲတချို့နဲ့ အခြေအတင်ဖြစ်ရာကနေ တစ်ဖက်ကလူမဲဂိုဏ်းကြီးလိုက် ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။လူမဲဂိုဏ်းတွေကို ဦးဆောင်နေတာကတော့ ရှော့ကတ်နဲ့ လင်ကွန်းတို့ပေါ့။အဲဒီထဲကမှ တွမ်မီလို လူဖြူလေးကို အမှုန့်ကြိတ်ချင်နေတာက ရှော့ကတ်ပါ။ရှော့ကတ်နဲ့ လင်ကွန်းတို့ကတော့ မြေအောက်လက်ဝှေ့ကြိုးဝိုင်းမှာနာမည်ကြီးလက်ဝှေ့သမားတွေဖြစ်ပြီး အချင်းချင်းလည်းတွေ့ရာသင်္ချိုင်းဓားမဆိုင်းပါပဲ။ တွမ်မီကတော့ ဘယ်သူ့ကြားမှဝင်မပါချင်တဲ့အတွက်ရှောင်နေသော်လည်း ရှော့ကတ်က ပြဿနာလိုက်ရှာတာကိုခံရပါတယ်။သူတို့ရန်ပွဲကို အမှတ်မထင်တွေ့သွားတဲ့လူက မြေအောက်ပွဲစီစဉ်သူတွေထဲကတစ်ဦးဖြစ်တဲ့ ပက်ပီဂျက်ခ်ပါပဲ။ သူ့အတွက် ထိုးပေးမယ့်လူဖြူကောင်လေးလိုအပ်နေချိန်မှာ တွမ်မီရဲ့လက်ရည်ကို မြင်ခဲ့တာမို့ တွမ်မီကို တစ်ညလက်ဝှေ့ထိုးဖို့ ဒေါ်လာ၁၂၅၀နဲ့ညှိလိုက်ပါတယ်။ဒါပေမဲ့ ထင်ထားတာထက် တွမ်မီက အရည်အချင်းပိုရှိနေတာကို မြင်တော့ လက်ဝှေ့ပွဲအဓိကဦးဆောင်သူဘော့စ် မစ္စတာဟောန်က ...
movie
Gladiator (1992)
6.3
Trespass (1992)
ဒီတစ်ခေါက်တော့ CM ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးရှိတဲ့ကြည့်ပျော်ရှုပျော် Action ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။1992 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDB လည်း 6.3/10 ရထားပါတယ်။ ဇာတ်လမ်းအားဖြင့် ဒွန် နဲ့ ဗင့်(စ်)ဆိုတဲ့ မီးသတ်သမားနှစ်ယောက်ဟာမီးလောင်နေတဲ့ တိုက်ခန်းတစ်ခုကို ဝင်ကယ်ဆယ်ရေးလုပ်ရင်းသေခါနီးအဖိုးကြီးတစ်ယောက်ဆီကနေ ရတနာမြေပုံတစ်ခုရရှိခဲ့ပါတယ်။သေချာစုံစမ်းကြည့်တဲ့အခါ အဲ့ဒီအဖိုးကြီးဟာ လွန်ခဲ့တဲ့နှစ်(၅၀)ကဘုရားကျောင်းတစ်ခုကိုဓားပြတိုက်ခဲ့တဲ့သူဖြစ်ပြီး ဒေါ်လာသန်းချီတန်တဲ့ တိုက်ရာပါ ရွှေသားပစ္စည်းတွေကို ဖွက်ထားတဲ့သူဖြစ်နေပါတယ်။ဒါနဲ့ပဲ ဒွန် နဲ့ ဗင့်(စ်)တို့ဟာ အဖိုးကြီးရဲ့ မြေပုံမှာပါတဲ့ အဆောက်အဦးအဟောင်းကြီးဆီကို ယုံတစ်ဝက်မယုံတစ်ဝက်နဲ့ ချီတက်ခဲ့ပါတော့တယ်။တစ်ဖက်မှာလည်း ဆေးရောင်းတဲ့ လူမဲဂိုဏ်းတစ်ဂိုဏ်းဟာ ဂိုဏ်းထဲကသစ္စာဖောက်တစ်ယောက်ကိုရှင်းဖို့အတွက် အဆိုပါ အဆောက်အဦးဟောင်းကြီးကိုပဲ ရွေးချယ်ထားပါသေးတယ်။ ဒီလိုနဲ့ ရွှေရှာဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တဲ့ ဒွန်နဲ့ ဗင့်(စ်)ဟာ မမျှော်လင့်ဘဲလူသတ်မှုတစ်ခုရဲ့မျက်မြင်သက်သေတွေ ဖြစ်လာပါတယ်။တစ်ဖက်ဂိုဏ်းကလည်း သူတို့လည်ပင်းကို ကြိုးကွင်းစွပ်နိုင်မယ့် ဒွန် နဲ့ ဗင့်(စ်)ကို အပျောက်ရှင်းဖို့ ကြိုးစား၊ဒွန် နဲ့ ဗင့်(စ်)ကလည်း အသက်ရှင်ဖို့ ရုန်းကန်နဲ့ဒီဇာတ်ကားဟာ မထင်မှတ်ထားတာတွေနဲ့ ကြွတက်လာပါတော့တယ်။လူနည်းနည်း၊သေနတ်တွေများများ၊အဆောက်အဦးဟောင်းကြီးတစ်ခုနဲ့ရွှေထည်ပစ္စည်းတွေပါတဲ့ ...
movie
Trespass (1992)