Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sydney Pollack
A Civil Action (1998)
ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ဥပဒေနောက်ခံဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်...1998 ခုနှစ်ကထွက်ရှိခဲ့ပြီးတော့ အော်စကာဆုနှစ်ခုအတွက် nomination ဝင်ခဲ့ပါတယ်....အဓိကဇာတ်ဆောင်တွေအနေနဲ့ Pulp Fiction နဲ့နာမည်ကြီးတဲ့မင်းသားကြီး John Travolta နဲ့မင်းသားကြီး Robert Duvell တို့ပါဝင်ပါတယ်ဇာတ်လမ်းကတော့ ဂျန်ရှလစ်မန်းဟာအောင်မြင်တဲ့၊အလျှော့မပေးတတ်တဲ့ရှေ့နေတစ်ဦးပါ....သူဟာသူတရားစွဲတဲ့ကုမ္ပဏီတွေကိုငွေပေးပြီးကျေအေးချင်လာအောင်ဖိအားပေးပြီးတော့ အနိုင်ရအောင်ယူတတ်သူပါ....ဒီတော့ သူတို့ရှေ့နေလုပ်ငန်းဆီကိုအန်းအန်ဒါဆန်ဆိုတဲ့မိန်းမကအမှုအပ်လာပါတယ်....အမှုကတော့အန်းအန်ဒါဆန်ရဲ့သားအပါအဝင် Woburn ဆိုတဲ့မြို့ငယ်လေးက ကလေးတော်တော်များများဟာသွေးကင်ဆာရောဂါကိုခံစားနေရပြီးတော့ အန်းအန်ဒါဆန်တို့ကသူတို့မြို့ရဲ့သောက်သုံးရေကြောင့်လို့ထင်လို့ပါ....သောက်သုံးရေဟာစက်ရုံတွေကထုတ်တဲ့ဓာတုပစ္စည်းတွေနဲ့ညစ်ညမ်းနေခဲ့လို့ စက်ရုံတွေကိုတရားစွဲချင်တာပါ.....အစကတော့အကျိုးရှိမှာမဟုတ်ဘူးလို့ထင်ခဲ့ပေမဲ့ ဂျန်ရှလစ်မန်းတစ်ယောက် စည်းကမ်းမရှိလုပ်ကိုင်နေတဲ့စက်ရုံတွေကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့ အမှုကိုလက်ခံလိုက်ပါတယ်....ဒီလိုနဲ့ဂျန်ရှလစ်မန်းက Beatrice ကုမ္ပဏီနဲ့ W. R. Grace ကုမ္ပဏီတို့ကိုတရားစွဲပါတော့တယ်....ထိုအခါသက်သေပြဖို့ကလည်းခဲယဉ်းပြီးတော့ အမှုကြာလေလေငွေကုန်ကြေးကျများလေလေဖြစ်လာတဲ့အခါမှတော့...ဂျန်ရှလစ်မန်းတစ်ယောက်အမှုကိုအနိုင်ရရှိသွားမလားဆက်လက်ကြည့်ရှုကြပါခင်ဗျာ....File size…(1.4 GB)/(788 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by AKM
movie
A Civil Action (1998)
7.4
Tootsie (1982)
မိုက်ကယ် ဒေါ်ဆီ ဆိုတာက အနုပညာကို အရမ်းအလေးထားတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ပေါ့။ ဒီလိုနဲ့ပဲ သူ့အမြင်မှာ မကောင်းဘူးလို့ ယူဆတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ကြုံလာရင် ငြင်းတတ် ခုန်တတ် အလုပ်ထွက်သွားတတ်လို့ နောက်ပိုင်းမှာ သူ့ကို ဘယ်သူမှ အလုပ်မခေါ်ချင်ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ သူနဲ့ သူ့သူငယ်ချင်းတို့ရဲ့ ကိုယ်ပိုင် ပြဇာတ်ကို ကပြချင်လာတော့ ပိုက်ဆံက လိုလာတယ်။ အဲဒါနဲ့ပဲ အလုပ်ရအောင် ဆိုပြီး ရှိုးတစ်ခုမှာ မိန်းမ ပုံစံနဲ့ သွားပြီး ဝင်အရွေးခံတော့တယ်။အဲဒီမှာ အရွေးခံလိုက်ရပြီး သူဟာ ယောင်္ကျားလေးတစ်ယောက်ဆိုတာကို ဘယ်သူမှမသိအောင်နေရင်း အလုပ်လုပ်တဲ့ပုံကို ဟာသစွက်ပြီး ဒီဇာတ်ကားထဲမှာ တွေ့မြင်ရမှာပါ။ အလုပ်လုပ်ရင်းကနေ လုပ်ဖော်ကိုင်ဖက် ကောင်မလေး ကိုလည်း ကြိုက်သွားမိပြီး မိုက်ကယ်တစ်ယောက် မိန်းမဘဝနဲ့ နေရတာကို ဘယ်လို ကိုင်တွယ်သွားမလဲဆိုတာ ကြည့်ရှုပေးကြပါဦး။ File size…(5.8 GB)/(2.5 GB)/(950 Mb) Quality….Blu-Ray 4KHEVC/1080p / ...
movie
Tootsie (1982)
4K HEVC
7.5
The Player (1992)
The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie
The Player (1992)
6.4
The Interpreter (2005)
Special ops: Lioness, The undoing, Aquaman 1,2 , Nice perfect stranger အစရှိတဲ့ ရုပ်ရှင်ကားကောင်းများစွာရဲ့ သရုပ်ဆောင် အမျိုးသမီး Nicole Kidmanနဲ့ I'm Sam , Mystic River, Deadman walking , Casualties of War, Black Flies အစရှိတဲ့ ရုပ်ရှင်ကောင်းများစွာရဲ့ မင်းသား Sean Penn တို့ ၂ယောက်ရဲ့ ၂၀၀၅ခုနှစ်က ထွက်ရှိထားတဲ့ The Interpreter ဆိုတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။မတိုဘူလို့ ခေါ်တဲ့ အာဖရိက နိုင်ငံလေးမှာ ဒေါက်တာ ဇူဝါနီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ရယ်၊ အဂျင်း ဇိုလာ ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့ရယ်၊ ပြည်နှင်ခံထားရတဲ့ တော်လှန်ရေးခေါင်းဆောင် ကူမန်း-ကူမန်း ဦးဆောင်တဲ့ အဖွဲ့ရယ်ဆိုပြီး ...
movie
The Interpreter (2005)
7.2
Michael Clayton (2007)
အော်စကာဆုကို ထိုင်ထိုက်တန်တန်ဆွတ်ခူးထားခဲ့တဲ့ ဒီဇာတ်ကားကတော့ Crime, Mystery, Thriller အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်ဖြစ်သူ မိုက်ကယ်ကလေတွန်ဟာဆိုရင် အကြွေးနွံနစ်နေတဲ့ fixer တစ်ယောက်ပဲဖြစ်တယ်။ သု့အလုပ်က သူများအရှုပ်တွေကို ရှင်းပေးဖို့ပဲဖြစ်ပြီး တရားခွင်ရှေ့နောက်တစ်ယောက်မဟုတ်။ဒါပေမဲ့ မိုက်ကယ်က သူ့ရဲ့လက်ရှိအသက်မွေးဝမ်းကျောင်းကို စိတ်ကုန်လာပြီး သူ့အစ်ကို တင်မီနဲ့ ဘားဖွင့်ခဲ့ပေမဲ့လဲ ဆေးစွဲနေတဲ့ တင်မီကြောင့် အကြွေးပဲတင်သွားခဲ့တယ်။ နောက်ဆုံး ကိုင်ရတဲ့အမှုက အလုပ်က စီနီယာဖြစ်သူ အာသာအီဒင်ရဲ့ ကေ့စ်။ အာသာက လယ်ယာဓာတုကုမ္ပဏီ U/North ရဲ့ ဒေါ်လာ ၃ ဘီလီယံတန် Action Lawsuit တစ်ခုတည်းကို ကိုင်တွယ်နေတာ ၆ နှစ်ရှိပြီဆိုပေမဲ့ အီဒင်က စိတ်ကစဉ့်ကလျားရောဂါကြောင့် ဆေးပုံမှန်သောက်နေရတဲ့သူတစ်ယောက်။ တစ်ရက် ဆေးပုံမှန်မသောက်မိဘဲ ကိစ္စကို အန္တရယ်တောထဲ ပို့မိသွားခဲ့တယ်။ မိုက်ကယ်ဟာ အရှုပ်တွေကို ရှင်းပေးနေတဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က သူ့ကို သတ်ဖို့ကြိုးစားခဲ့ပြန်ပါရော.....ဘယ်သူများဖြစ်နိုင်မလဲ? File ...
movie
Michael Clayton (2007)
6.9
The Majestic (2001)
The Majestic (2001)~ IMDb - 6.9/10, Rotten Tomatoes - 42% ~ဒီရုပ်ရှင်နဲ့ ပတ်သက်ရင် ပြောစရာတွေများပါလိမ့်မယ်။ ဝေဖန်သံဆူသလောက် ချီးမွမ်းသံညံခဲ့တဲ့ရုပ်ရှင်ပါ။ The Shawshank Redemption, The Green Mile နဲ့ The Mist တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီး Frank Darabont လက်ရာကို အသည်းစွဲခဲ့ဖူးတဲ့လူတွေကတော့ "ဆရာကြီး ခင်ဗျားဒီတစ်ခါ နည်းနည်းလက်ချော်သလိုပဲနော်" လို့ ပြောချင်ကြမှာပေါ့။ အနုပညာလက်ရာအားဖြင့်ဆိုတာထက် အပေါ်ကလို Box Office မှာ ဝင်ငွေအရကော အနုပညာအရပါ အောင်မြင်ခဲ့တဲ့ကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာကြီးက Jim Carrey ကို မင်းသားတင်ရိုက်တာတောင် ဝင်ငွေအရ 49 သန်းလောက် ရှုံးခဲ့လို့ပါတဲ့လေ။ရုပ်ရှင်ကားတစ်ကားကို ဝေဖန်ဖို့ Box Office လေးတစ်ခုတည်းကိုပဲ ကြည့်လို့မရမှန်း အနည်းနဲ့အများတော့လက်ခံကြမှာပါ။ လူတွေရဲ့အမြင်နဲ့ရပ်တည်ချက်တွေကိုတော့ ...
movie
The Majestic (2001)
2001
6.5
Changing Lanes (2002)
Changing Lanes (2002) ================= IMDb Rating - 6.5/10Motherfker ကြီးလို့လူသိများသူ (သို့) နောင်တစ်ချိန်မှာ Marvel ရဲ့ Nick Fury ရယ်လို့ ဖြစ်လာမယ့် အာဖရိကန်အမေရိကန်မင်းသားကြီး Samuel Jackson နဲ့ နောင်အခါမှာ DC ရဲ့ Batman ဇာတ်ကောင် သရုပ်ဆောင်ရတော့မယ့် မင်းသားချောကြီး Ben Affleck တို့ရဲ့ ကား ကောင်းလေးတစ်ကားဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ကတော့ ဒီဇာတ်ကားတစ်ကားလုံးရဲ့ ဇာတ်အိမ်ကို တစ်ရက်အတွင်းမှာဖြစ်ပျက်သွားတဲ့ဇာတ်အိမ်အဖြစ်တည် ထားတာမျိုးပါ။ တစ်ခါတလေကျရင် ကျွန်တော်တို့လူဘဝဆိုတာ ကောင်းတာ တွေကိုမျှော်လင့်နေကာမှ ဆိုးတာတွေချည်းဇာတ်တိုက်လှိမ့်ဝင်နေတတ်တာမျိုးပါ။ ဒီရုပ်ရှင်ကားမှာလည်း သားနှစ်ယောက်ရဲ့ဖခင် Samuel Jackson ကို မိခင်ဖြစ်သူ အမျိုးသမီးက ခွဲခွာပြီးနောက် ကလေးတွေရဲ့အုပ်ထိန်းခွင့်ကိုယူဆောင်ကာ ဝေးရာကို သွားဖို့အတွက် တရားရုံးမှာ အမှုရင်ဆိုင်ခွင့်တောင်းရာကနေစတင်ထားပါတယ်။ မင်းသားကြီး Ben Affleck ကလည်း ယောက္ခထီးအလိုကျ ပရဟိတသမားကြီး တစ်ယောက်ရဲ့အလှူငွေတွေကို ရုံးတော်မှာ ဘုံးတော်မူဖို့အတွက် အမှုရင်ဆိုင်ရမယ့် ဇာတ်အိမ်မျိုးနဲ့စတည်ထားပါတယ်။ဒီတော့ မတူညီသောအကြောင်းပြချက်နှစ်မျိုးကြောင့် တရားရုံးတက်ရမယ့်အမျိုးသား ၂ ဦးမည်သို့ဆုံမလဲ၊ ဆုံပြီးတဲ့နောက် ဘယ်လိုဇာတ်အိမ်အရှုပ်အထွေးတွေနွယ်လာမလဲ၊ ထိုဇာတ်အိမ်အရှုပ်အထွေတွေကြားမှာ သူတို့နှစ်ယောက် ဘယ်လိုမျိုးဇာတ်ကောင်ချင်း အားပြိုင်ကြမလဲဆိုတာကို Changing Lanes ...
movie
Changing Lanes (2002)
6.6
Death Becomes Her (1992)
Death Becomes Her (1992)ဒီဇာတ်ကားဟာ 1993ခုနှစ်တုန်းက best visual effects အော်စကာဆုရခဲ့တဲ့ ဇာတ်ကားပါ။ ဟောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲသုံးယောက်ဖြစ်တဲ့ Meryl Streep ၊Goldie Hawn နဲ့ Bruce Willis တို့ အဓိကပါဝင်ထားကြတဲ့ dark comedy ,horror, fantasy အမျိုးအစား ရုပ်ရှင်ပါ။ ဇာတ်ကားဟောင်းဖြစ်ပေမယ့် တကယ်ကို ကြည့်ဖို့ ညွှန်းပါတယ်။ဒီဇာတ်ကားရဲ့ visual effectsတွေ မိတ်ကပ်ပညာတွေဟာ တကယ်ကို သေသပ်ပါတယ်၊ ဒါတောင်1992ခုနှစ်က ကားပါ။ ဇာတ်လမ်းကလဲ တော်တော်လေးသွက်ပြီး ဟာသတွေကလဲ ပြောင်မြောက်ပါတယ်။ပြီးတော့ လူတိုင်းအတွက် လေးလေးနက်နက် တွေးကြည့်စရာ အတွေးစလေးတွေလဲ ချန်ခဲ့ဦးမှာပါ။ဇာတ်လမ်းအကျဉ်းအောင်မြင်မှုသိပ် မရှိတဲ့ မင်းသမီး မက်ဒ်လင်း နဲ့ စာရေးဆရာမ ဖြစ်ချင်တဲ့ ဟယ်လင်န် တို့ဟာဟန်ဆောင်ပေါင်းသင်းနေကြပေမယ့် တစ်ယောက် နောက်ကျော တစ်ယောက်ဓားနဲ့ထိုးဖို့ အမြဲ ချောင်းနေကြသူတွေပါ။တစ်နေ့မှာ ...
movie
Death Becomes Her (1992)
1992
7.4
Eyes Wide Shut (1999)
Eyes Wide Shut (1999) IMDb - 7.4/10_____Rotten - 75% ဒီဇာတ်ကားကတော့ နာမည်ကြီး ဒါရိုက်တာ Stanley Kubrick ရဲ့ နောက်ဆုံးလက်ရာ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Drama/Mystery/Thriller ပါ။ အက်ရှင်ကားတွေမှာပဲ ကျွန်တော်တို့ အတွေ့များတဲ့ မင်းသား Tom Cruise ကို ဒီကားမှာ ဆရာဝန်'ဘေးလ် ဟားဖို့ဒ်' အဖြစ်နဲ့ အဓိက သရုပ်ဆောင်နေရာမှာ တွေ့ရမှာဖြစ်ပါတယ်။ လူမသိသူမသိ လျှို့ဝှက်ကျင်းပတဲ့ အုပ်စုလိုက်ဆင်နွဲကြတဲ့ လိင်အပျော်အပါးပါတီတစ်ခုကို မလိမ့်တပတ်လုပ်ပြီး ဝင်ရောက်သွားတဲ့ ဆရာဝန်'ဘေး ဟားဖို့ဒ်' ရဲ့ တစ်ညတာ ကြုံတွေ့ခဲ့ရတဲ့ စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် ဒီဇာတ်ကားရဲ့ အရသာမျိုးကို အရင်က တခါမှ မခံစားခဲ့ဖူးပါဘူး။ တခြားကားတွေနဲ့ မတူတဲ့ ခံစားမှုမျိုးကို ဒီကားမှာ မိတ်ဆွေတို့ ထိတွေ့ခွင့်ရပါလိမ့်မယ်။ ပြကွက်တိုင်းကိုက အဓိပ္ပါယ်ရှိပါတယ်။ IMDB rating (7.4) နဲ့ Rotten Tomatoes (75%) ...
movie
Eyes Wide Shut (1999)
1999