Channel Myanmar

Syafiq Kyle

Conquer: Lahad Datu (2024) Takluk: Lahad Datu 7.6
Conquer: Lahad Datu (2024) Takluk: Lahad Datu  Conquer: Lahad Datu (2024)IMDb Rating (7.6) ၂၀၁၃ ခုနှစ်တုန်းက လာဟတ်ဒါတူးကိုဝင်ရောက်ကျူးကျော်ခဲ့တဲ့ အကြမ်းဖက်သမားတစ်သိုက်နဲ့ မလေးရှားတော်ဝင်ရဲတပ်ဖွဲ့တို့ကြားက စစ်ရေးပဋိပက္ခဖြစ်ရပ်မှန်ကိုအခြေခံထားတာဖြစ်ပါတယ်။ကိုယ့်ကိုယ်ကိုအဲ့ဒီနယ်မြေရဲ့အရိုက်အရာကိုဆက်ခံရမယ့် ဆူလ်တန်တစ်ဦးလို့ကြွေးကြော်ထားတဲ့ပုဂ္ဂိုလ်တစ်ယောက်နဲ့ သူ့နောက်လိုက် လက်နက်ကိုင်တစ်စုဟာ၂၀၁၃ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ လာဟတ်ဒါတူးကို လှေတွေနဲ့ရောက်ရှိလာပြီးဝင်ရောက်ကျူးကျော်ခဲ့ပါတယ်။အစိုးရဘက်က ပြည်သူတွေမထိခိုက်စေရေးအတွက် စေ့စပ်ညှိနှိုင်းရေးအဖွဲ့တွေစေလွှတ်၊ဆွေးနွေးခဲ့ပေမယ့် မဖြစ်နိုင်လွန်းတဲ့ တောင်းဆိုချက်တွေကြောင့် ဆွေးနွေးပွဲပျက်ပြားခဲ့ပြီး စစ်ရေးပဋိပက္ခစတင်လာခဲ့ပါတယ်။ဖြစ်ရပ်မှန်ကိုအခြေခံတဲ့ ဇာတ်ကားဖြစ်ပေမယ့် ကြားညှပ်ထားတဲ့ subplot တွေ၊ emotion scenes တွေအပြင် ခမ်းနားပီပြင်တဲ့နောက်ခံဆက်တင်တွေ၊သပ်ရပ်တဲ့အက်ရှင်ခန်းတွေကြောင့် အချိန်ပေးရကျိုးနပ်စေမယ့် action/thriller ကားကောင်းတစ်ကားအဖြစ်တွေ့မြင်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(2.5 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mp4 Genre….Action, Crime, Drama, History, Thriller, War Duration….01:59:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Conquer: Lahad Datu (2024) Takluk: Lahad Datu

2024
The Experts (2024) 7.0
The Experts (2024)  The Experts (2024)IMDb Rating (7.0) ဖောက်ထွင်းခိုးယူရေး အာရှဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဟောလိဝုဒ် ဇာတ်ကွက်ကိုပဲ အာရှဟန်ဆန်းသစ်ပြီး drama ချိုးထားပေမဲ့ ဇာတ်ကွက်အလှည့်အပြောင်းတွေ သရုပ်ဆောင်တွေ တိုက်ခိုက်ရေးရိုက်ချက်တွေ မဆိုးတဲ့အတွက်အာရှသားတစ်ယောက်အနေနဲ့ အားပေးမယ်ဆိုရင် အားပေးထိုက်တဲ့ ဇာတ်လမ်းတစ်ခုပါ။ဖခင်တစ်ယောက်ဟာ တသက်လုံးလည်း ဆိုးသွမ်းလာခဲ့တယ်။သားသမီးတွေကိုလည်း ခိုးဆိုးဖောက်ထွင်းရေးပညာရပ်တွေအမွေပေးလို့ ရာဇဝတ်မှုတစ်ခုအတွင်းမှာ အသုံးချခံ ငါးစာတစ်‌ခုအနေနဲ့ မထင်မရှား သေဆုံးခဲ့ရတယ်။ကျန်ခဲ့တဲ့ သားတွေက ဖခင်ရဲ့ ကျွမ်းကျင်မှုတွေကို ခြေရာတိုင်းနိုင်ရုံမက အဖေထက် တစ်လကြီးလို့ရတဲ့ အဆင့်တွေပေါ့လေ။သူတို့အဖွဲ့ရဲ့ စုပေါင်းစွမ်းရည်က လုံခြုံပေ့ဆိုတဲ့အရာတွေကို ဖောက်ထွင်းခိုးယူနိုင်တာပါ။ဒီလိုနဲ့ သူတို့အဖွဲ့ကို လူတစ်ယောက်က အကြပ်ကိုင်ပြီး အကြီးဆုံးဆိုတဲ့ လူဆိုးဂိုဏ်းကြိး ဆင်စွယ်ငါးချောင်းအဖွဲ့ရဲ့ ထီးနန်းအရိုက်အရာအထိမ်းအမှတ် ကျောက်စိမ်းလက်စွပ်ကြီးကို ခိုးခိုင်းတဲ့အခါမှာတော့ ...။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Arr Khun Winchester ဖြစ်ပါတယ်။)File size…(1.7 GB) / (870 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, ...
movie

The Experts (2024)

2024
Sheriff: Narko Integriti (2024) 7.6
Sheriff: Narko Integriti (2024)  မလေးရှားအက်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့Sheriff: Narko Integriti ကတော့ မလေးရှားနိုင်ငံရဲ့ဒုတိယရုံတင်ဝင်ငွေအများဆုံးရုပ်ရှင်ကားဖြစ်ပါတယ်။ရုပ်ရှင်ရိုက်ကူးမှု၊ ဇာတ်လမ်းရေးသားမှု၊ သရုပ်ဆောင်ကောင်းမွန်မှု၊ကင်မရာလှုပ်ရှားမှုနဲ့ ထင်မှတ်မထားတဲ့ဇာတ်လမ်းဇာတ်ကွက်အပြောင်းအလဲတွေအတွက် ချီးကျူးမှုတွေရရှိထားပြီးနောက်ဆက်တွဲရုပ်ရှင် ထပ်မံရိုက်ကူးဖို့အထိ ကြေညာထားပါတယ်။ဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီး တရားရုံးကိုဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ မလေးရှားနိုင်ငံရဲ့အကြီးဆုံးဘိန်းဖြူဂိုဏ်းခေါင်းဆောင်တိုနီကို မူးယစ်နှိမ်းနှင်းရေးရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့နာဇရီကဥပဒေနဲ့မဟုတ်ဘဲ ဘိန်းဖြူလူသတ်သမားဆိုတဲ့နာမည်နဲ့ကိုယ်တိုင်ရှင်းလင်းဖို့လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲတိုနီရဲ့လူတွေကိုသတ်ဖြတ်နေတဲ့နာမည်ကြီးဘိန်းဖြူလူသတ်သမားကို စစ်ဆေးဖော်ထုတ်ဖို့ ရှရစ်ဖ်ဆိုတဲ့ရဲတစ်ဦးရောက်ရှိလာပြီး မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့ထဲက နာဇရီနဲ့အပေါင်းအပါတွေကို စတင်စုံစမ်းစစ်ဆေးလာခဲ့ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေကြား တိုနီရဲ့သူလျှိုတွေကဘယ်သူလဲ..ဘိန်းဖြူလူသတ်သမားက ဘယ်သူလဲဆိုတာ အချင်းချင်းသံသယတွေနဲ့ဖော်ထုတ်သွားကြပုံကို ရင်တမမနဲ့ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…2.12GB / 977MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 13m Genre ….. Action , Adventure , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Sheriff: Narko Integriti (2024)

Polis Evo 3 (2023) 6.9
Polis Evo 3 (2023) Polis Evo 3 (2023) IMDb - 6.9/10မလေးရှား ရုပ်ရှင်စီးရီးတွေထဲမှာ နံပါတ်တစ်နေရာယူထားတဲ့ Polis Evoရုပ်ရှင်စီးရီးရဲ့သုံးကားမြောက်ကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ ဘတ်ဂျတ်အများကြီး သုံးမထားပေမဲ့ အဆင့်အတန်းရှိရှိ ပုံဖော်ရိုက်ကူးထားတဲ့အတွက် ကားတိုင်းမှာ ရုံတင်ငွေအဆပေါင်းများစွာပြန်လည်ရရှိခဲ့တဲ့ ရုပ်ရှင်ကားကြီးတွေလည်း ဖြစ်ပါတယ်။ရှေ့နှစ်ကားမှာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အခွီဗားရှင်းတွေ ကြည့်ရှုခံစားခဲ့ရပြီး ဒီကားမှာဆိုရင်လည်း နောက်ထပ်မစ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ အင်စပက်တာကိုင်ရဲ့ ပါတနာဟောင်း ရီဇာဆိုတဲ့လူက စစ်ဆင်ရေးတစ်ခုပြီးတဲ့နောက်ပိုင်းမှာ ရဲကနေ လူမိုက်ဖြစ်သွားခဲ့တယ်။ ဒါကို အင်စပက်တာကိုင်နဲ့ ဆာနီတို့တွေ လူမိုက်ခေါင်းဆောင်ဖြစ်သွားတဲ့ ရီဇာနဲ့ဖြေရှင်းရမှာပါ။ ရီဇာက ရဲအဖွဲ့ဝင်တွေကိုပဲ သတ်နေတော့ အဖွဲ့ဝင်ဟောင်းအတွက် ဒီတာဝန်က ကိုင့်ခေါင်းပေါ်ပဲ ရောက်လာခဲ့တယ်။ ထုံးစံအတိုင်း ကိုင်နဲ့ဆာနီတို့ နှစ်ယောက် ဘယ်လိုအလွဲတွေနဲ့ ဒီမစ်ရှင်ကို အောင်မြင်အောင် လုပ်ဆောင်သွားမလဲဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။(aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Action, Adventure, Comedy Quality…. 1080p | 720p File size… 1.6GB | 843MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator .....  aungmo3han Encoder ...
movie

Polis Evo 3 (2023)

2023
Doh (2023)
Doh (2023) Doh (2023) "မုန့်ဆိုင်"မလေးစကားပြော မိသားစုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဖာအစ်ဇ်က ကွာလမ်လမ်ပူမှာ အလုပ်သွားလုပ်ပေမဲ့ အဖေဖြစ်သူကွယ်လွန်တဲ့အတွက် ဇာတိမြို့လေးဆီပြန်လာရပါတယ်။မောင်နှမသုံးယောက်တည်းမှာ အကြီးဆုံးဖြစ်နေတဲ့ ဖာအစ်ဇ်က အဖေဖြစ်သူကိုယ်တိုင် မုန့်လုပ်ပြီးရောင်းတဲ့ မုန့်ဆိုင်လေးကို လူငှားပြီးထားခဲ့ချင်ပေမဲ့ အမေဖြစ်သူကလက်မခံ။ဒီတော့ အဆင်ပြေတဲ့အထိ သူပဲ ဦးစီးဦးဆောင်လုပ်နေရတာပေါ့။ အဖေဖြစ်သူလုပ်တုန်းကလောက် မုန့်တွေက မကောင်းတဲ့အတွက် အဝယ်ကျဲလာရတဲ့ကြားက အနီးမှာလည်း မုန့်ဆိုင်အသစ်ဖွင့်ထားတော့ ဖာအစ်ဇ်ရဲ့မုန့်ဆိုင်လေးက ဝယ်သူမရှိသလောက်ဖြစ်လာပါတော့တယ်။ဒီမှာပဲ ဖာအစ်ဇ်တစ်ယောက် အဖေ့လက်ထက်တုန်းကလို ဆိုင်လေး ပြန်ပြီး ရောင်းကောင်းဖို့အရေးနဲ့အတူ ချစ်ရတဲ့ကောင်မလေးကိုပါ ဘယ်လိုပိုးပန်းမလဲဆိုတာ ကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.1GB / 489MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Doh (2023)

2023