Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Swayam Siddha
6.2
Ring Ring (2025)
Ring Ring (2025) "ကလင် ကလင်" IMDb - 8.3/10ချစ်သူ၊ လင်မယားတွေကြားက အလွဲတွေကို ဟာသနှောပြီးရိုက်ကူးပုံဖော်ထားတဲ့ တမီးလ်ဟာသဒရာမာရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။မိန်းမရှိတဲ့ကောင်တွေကလည်း မိန်းမကွယ်ရာမှာ ဖောက်ပြန်၊ ရည်းစားရှိပြီးသားကောင်ကလည်း နှစ်ယောက်ပြိုင်တွဲ၊ဒီလိုမျိုး ငရှုပ်ငပွေးသူငယ်ချင်းလေးယောက်ထဲကတစ်ယောက်ရဲ့မွေးနေ့မှာ လက်ရှိဇနီးသည်တွေ ချစ်သူတွေကို ခေါ်လာကြပြီး ပါတီကျင်းပကြရာကစလိုက်တဲ့ ဇာတ်လမ်း။ဒီလိုငရှုပ်ငပွေးတွေက ရိုးသားမှု၊ သစ္စာရှိမှု၊ ခင်မင်မှုချစ်မေတ္တာတွေကို စမ်းသပ်ဖို့အတွက်ဂိမ်းတစ်ခု ကစားကြတဲ့အခါမှာတော့။ချစ်သူ၊ လင်မယား၊ သူငယ်ချင်းတွေကြားက ဖုံးကွယ်ထားတာတွေ ပေါ်ပေါက်လာတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…1.6 GB / 800 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 2min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Ring Ring (2025)
7.6
Black (2024)
Black 2024 (အမှောင်လောက)ဟိုးတစ်ချိန်ပေါ့ ညအမှောင်အချိန်မှာ မိဘတွေက သဘောမတူလို့ ခိုးရာလိုက်ပြေးခဲ့တဲ့ စုံတွဲတစ်တွဲ၊ သူတို့ကို လိုက်ပြီးကူညီပေးနေတဲ့သူကတော့ သူတို့ရဲ့အချစ်ဆုံးသူငယ်ချင်းပေါ့။သူငယ်ချင်းဖြစ်သူရဲ့ ကမ်းခြေအိမ်မှာ ပုန်းခိုပြီးတော့ နေခဲ့ကြတာပေါ့။ အဲဒီစုံတွဲမသိလိုက်တာကတော့ ကောင်မလေးဖြစ်သူကို သူငယ်ချင်းဖြစ်သူကလည်း တိတ်တိတ်လေးချစ်နေပြီးတော့ သူ့ဆီကို လာအကူအညီတောင်းမိတဲ့အတွက် ရင်ထဲမှာ အစိုင်အခဲတွေရှိနေတယ်ဆိုတာပါပဲ .....လက်ရှိကာလအချိန်မှာတော့ လူငယ်စုံတွဲလေးဖြစ်တဲ့ ဗာဆန့်နဲ့ အာညာတို့ဟာ ဘားမှာ ပြဿနာဖြစ်ခဲ့ပြီးတော့ အခုလက်ရှိအိမ်ကနေ ကမ်းခြေအိမ်ကို ပြောင်းရွေ့လာဖို့ ဖြစ်လာပါတော့တယ်။ သူတို့စုံတွဲ ကမ်းခြေအိမ်ကို ရောက်သွားတဲ့အခါမှာတော့ ဘယ်လိုကိစ္စတွေ ဖြစ်လာမလဲ...... ဟိုးတစ်ချိန်တုန်းက ခိုးရာလိုက်ပြေးခဲ့တဲ့ စုံတွဲနဲ့ ဗာဆန့်တို့စုံတွဲကရော ဘာတွေ ဆက်စပ်နေမလဲ ...... ဘယ်လို ရှုပ်ထွေးနက်နဲတဲ့ ပြဿနာတွေကြားထဲမှာ ဘယ်လို ခြောက်ခြားဖွယ်ရာတွေ ကြုံတွေ့ကြရမလဲဆိုတာကို ကြည့်ရှုရမယ့် Thriller ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်၊(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Yunni~KKKZ~Linn ဖြစ်ပါတယ်) File size… 1.2 GB / 649 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Black (2024)
7.8
The Akaali (2024)
Akaali (2024)မသေမျိုးမေလ ၃၁ ရက်နေ့မှာ စတင်ရုံတင်ပြသခဲ့တဲ့ အိန္ဒိယ Thriller ရုံတင်ကားကြီး Akaali နဲ့ မိတ်ဆက်ပေးပါရစေ အိန္ဒိယကားတွေထဲမှာမှ ထူးထူးခြားခြား အောက်လမ်းပညာပါတဲ့မှုခင်းတစ်ခုအကြောင်း ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာတော့... လွန်ခဲ့တဲ့ ၇ နှစ်က ဖြစ်ပျက်ခဲ့တဲ့မှုခင်းတစ်ခု...အစကတော့ မူးယစ်ဆေးဝါးမှုအနေနဲ့ပဲ စတင်စုံစမ်းခဲ့တာ စုံစမ်းရင်းနဲ့ နက်နဲလာတဲ့အခါ ကောင်မလေး တစ်ယောက်ပြန်ပေးဆွဲခံရတာတွေ မြို့တစ်မြို့ထဲမှာတင် လူ ၁ သောင်းကျော် ပျောက်ဆုံးသွားတာတွေ သင်္ချိုင်းဖောက် အလောင်းတွေ တူးထုတ်ခံရတာတွေနဲ့ ဆက်စပ်နေတာ တွေ့ရတယ်ဒါပေမဲ့ အဲဒီအမှုက အကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းခဲ့ပြီး ၇ နှစ်အကြာမှာမှ ပြန်စစ်ဆေးဖို့ ဖြစ်လာခဲ့တယ် အဲဒီအမှုကို ခေါ်တာက "ဂျာနစ်လူသတ်မှု"ဂျာနစ်ဆိုတာက လူလား အဖွဲ့အစည်းလားတော့ ဘယ်သူမှမသိခဲ့ကြဘူး နည်းပညာ တိုးတက်ပြီးသားနိုင်ငံမှာ အောက်လမ်းတွေ အယူသည်းတာတွေ ယဇ်ပူဇော်တာတွေက ရှိနေသေးတယ်ဆိုရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်ခဲ့တာလဲမှုခင်းတွေရဲ့ နောက်ကွယ်မှာရော ဘယ်လိုရည်ရွယ်ချက်တွေ ရှိနေတာလဲ အဖြေထုတ်ရခက်တဲ့ ပွေလီရှုပ်ထွေးမှုတွေနဲ့ အောက်လမ်းနည်းပညာတွေ၊ နောက် စုံစမ်းစစ်ဆေးမှုတွေကြားထဲက ကွက်လပ်တွေ မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ သဲထိတ်ရင်ဖို ဖြစ်ရပ်တွေကို cinematic ရိုက်ကူးချက်အလန်းစားတွေနဲ့ ကြည့်ချင်တော့ ဒီကားလေးကို ဆက်ဆက်ကြည့်ရှုဖို့ ...
movie
The Akaali (2024)
2024
9.1
Enaku Endey Kidaiyaathu (2023)
Enaku Endey Kidaiyaathu (သို့) အငမ်းမတော်တစ်ခွက်IMDb-9.1/10 တစ်ပတ်လုံးပင်ပန်းထားတဲ့သောကြာညအတွက် အပန်းဖြေဖို့အသင့်တော်ဆုံးဖြစ်မယ့် suspenseနဲ့comedyကို အချိုးကျရောစပ်ထားတဲ့ ဟာသကားလေးတစ်ကားကို စီအမ်ချစ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီရုပ်ရှင်လေးကလည်း သောကြာညမှာ သပွတ်အူလိုက်သွားတဲ့ ကြောင်ခံတွင်းပျက် တက္ကစီသမားတစ်ယောက်အကြောင်းပေါ့။ တစ်ပတ်လုံးတက္ကစီဆွဲထားရတဲ့ ကားဆရာကြီး ဆေကာတစ်ယောက် ယမကာလုလင်တို့ထုံးစံအတိုင်း တစ်ပတ်တာအမောကို အရက်ဝိုင်းလေးနဲ့ ဖြေဖျောက်ဖို့ကြံတာပေါ့။ဒီလိုနဲ့ နောက်ဆုံးခရီးသည်ကိုပို့ပြီးရင် သူငယ်ချင်းနဲ့အတူ အမှောက်ကစ်မယ်ဆိုတဲ့မိုတီနဲ့ သွားအကြိုမှာတော့ ခရီးသည်ဟာ ဘားကနေထွက်လာတဲ့ ဂုဏ်သရေရှိအမျိုးသမီးတစ်ယောက်ပုံနဲ့ လှလှပပဝတ်စားထားပေမဲ့ မျက်နှာမသာမယာဖြစ်နေတဲ့ မဒမ်တစ်ယောက်ဖြစ်နေပါသတဲ့။ အချိန်မတော်ကြီး မျက်ဝန်းမှာ မျက်ရည်စတွေတွဲခိုလို့ထွက်လာတဲ့ မဒမ်ကိုကရုဏာသက်မိသွားတဲ့ဆေကာလည်း စိတ်ပြေလက်ပျောက်ဖြစ်အောင် ထွေရာလေးပါးစကားတွေဖောင်ဖွဲ့ပြောပေးရင်း အထီးကျန်နေတဲ့မဒမ်လေးတစ်ယောက် စကားပြောကောင်းတဲ့ ကားဆရာကြီးနဲ့ မသိမသာခင်မင်သွားကြတော့တာပေါ့။ဒီလိုနဲ့ မဒမ်ရဲ့အိမ်မှာ ချပေးခဲ့တာကို မဒမ်ကအရက်သောက်မှာနဲ့တူတူ သူငယ်ချင်းနဲ့မသောက်ဘဲ သူနဲ့သောက်ဖို့ ရှယ်ပလန်နဲ့ဆွယ်ပါတော့တယ်။ အစကတော့ ဆေကာလည်း စည်းကမ်းဘာညာအကြောင်းပြပြီးမူနေပေမဲ့ မဒမ်အချောလေးကလည်း အဆွယ်ကကောင်း အိမ်ကြီးအိမ်ကောင်းကြီးမှာ အရက်အကောင်းစားတွေလည်းရှိနေမှာဆိုတော့ အာဂပါးစပ် လူဖြစ်ကျိုးနပ်အောင် မဒမ့်အိမ်ကိုလိုက်ဝင်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။လောဘဇောရယ်လို့ဖြစ်လာရင် အရှိန်သတ်ရခက်တဲ့ လူ့သဘာဝအရ ဆေကာလည်း အစကတော့ အရက်သောက်ဖို့ပဲသွားတာပေမဲ့ အိမ်အကြီးကြီးထဲမှာ မိန်းမချောလေးနဲ့ နှစ်ယောက်တည်းရှိနေတဲ့အပြင် ဒီလောက်ခမ်းနားတဲ့အိမ်ကြီးရဲ့ရတနာတွေနဲ့အတူ အထီးကျန်နေတဲ့ အိမ်ကြီးရှင်သခင်မကိုပါ ဖြည့်ဆည်းပေးချင်၊ အပိုင်သိမ်းချင်တဲ့စိတ်ရိုင်းတွေဝင်လာချိန်မှာတော့.....(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ...
movie
Enaku Endey Kidaiyaathu (2023)
2023
7.2
Captain Miller (2024)
Captain Miller (2024) "ကပ္ပတိန် မီလာ"IMDb 7.2 ရထားတဲ့ တမီးလ်စကားပြော ဗြတိသျှခေတ် နောက်ခံကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဝါရင့်မင်းသား ဒနွတ်ရှ်နဲ့အတူ Shiva Rajkumar နဲ့ မင်းသမီး Priyanka Mohan တို့ ပါဝင်သရုပ်ဆောင်ထားကြပြီး ရီဗျူးကောင်းတွေရထားရုံမက ရုံတင်ငွေ ၁၀၄ ကုဋေ ရထားတဲ့ ကားလေး ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ၁၉၃၀ ဗြိတိသျှခေတ်မှာ အီဆာဆိုတဲ့ ခပ်ဆိုးဆိုးရွာသားတစ်ယောက်က မျိုးရိုးဇာတ်နိမ့်ဇာတ်မြင့် ကွာခြားမှုတွေကို မနှစ်မြို့သူဖြစ်ပြီး လူလေးစားခံရမှုလိုချင်တာကြောင့် အိန္ဒိယ-ဗြိတိသျှ စစ်တပ်ကို ဝင်နေချင်ပါတယ်ဒါပေမဲ့ ဗြိတိသျှကို တော်လှန်ပုန်ကန်နေတဲ့ သူ့အစ်ကိုကတော့ ဒါကို သဘောမတူပါဘူး တစ်နေ့ ဗယ်လာမီဆိုတဲ့ ဇာတ်မြင့်မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိပြီး သူနဲ့အဆင်ပြေရင် ဗြိတိသျှစစ်တပ်ထဲ မဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ပေမဲ့ ကောင်မလေးမှာ ပိုင်ရှင်ရှိနေတာကြောင့် ကောင်မလေးကို မေ့ပစ်ပြီး ဗြိတိသျှစစ်တပ်ထဲ ဝင်သွားပါတယ်အီဆာတစ်ယောက် "ကပ္ပတိန်မီလာ" ဆိုတဲ့ နာမည်နဲ့ သူ့သူငယ်ချင်း ရာဖစ် စတီဖင်တို့နဲ့အတူ သောင်းကျန်းပါတော့တယ် ...
movie
Captain Miller (2024)
2024
4K HEVC
7.6
Sathiya Sothanai (2023)
Sathiya Sothanai (2023) "အမှန်တရားရဲ့တိုက်ပွဲ" IMDb 8.6/10၂၀၂၃ အစောပိုင်းက ထွက်ရှိခဲ့တဲ့ "A Jackfruit Mystery" ဆိုတဲ့ ဇာတ်လမ်းရဲ့ပိန္နဲသီးပျောက်ရှာပုံတော်လိုမျိုး ယခုတစ်ခေါက် Sathiya Sothanaiဆိုတဲ့ဇာတ်လမ်းထဲမှာတော့ အလောင်းပျောက်ရှာပုံတော်ကို ကြည့်ရှုရမှာပါ။ဒီဇာတ်လမ်းထဲမှာ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကတော့ Premgi Amaren, Swayam Siddhaနဲ့ Reshma Pasupuletiတို့ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ... ရွာပြင်က စားကျက်မြေမှာ ဆိုင်ကယ်ပတ်စီးနေတဲ့ ရိုးသားတဲ့ဖိုးသခွားလေး ပရာဒိတစ်ယောက် လူတစ်ယောက် သေနေတာကို မြင်လိုက်ရပါတယ်။ ဒီလိုနဲ့ ပရာဒိဟာ သက်သေတွေပျောက်မှာစိုးပြီး အလောင်းဆီက လက်ဝတ်ရတနာတွေကို သူ့ကိုယ်ပေါ်ပြောင်းဝတ်လို့ ရဲစခန်းဆီ ဦးတည်ခဲ့ပါတယ်။လမ်းမှာ အဘွားကြီးတစ်ယောက်နဲ့တွေ့လို့ ပတ်ရစ်ပြီး ဘွားတော်ပါ ဆိုင်ကယ်ပေါ်တင်လာခဲ့ပါတယ်။ ဒီလိုနဲ့ ရဲစခန်းကို ရောက်သွားပြီး ရဲတွေပြန်အလာကို စောင့်နေတုန်း ကိုယ်ပေါ်က ပစ္စည်းတွေ ပျောက်သွားပါတယ်။ ပစ္စည်းတွေကလည်းပျောက် တိုင်စရာကလည်း မရှိနဲ့ ရွာပဲ ပြန်မယ်ဆိုတော့ ရဲတွေက အလောင်းကို လိုက်ပြခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ အလောင်းတွေ့ခဲ့တဲ့ဆီ ရောက်သွားတော့ အလောင်းပါ ပျောက်နေပါလေရော။ ဒီလိုကနေ ...
movie
Sathiya Sothanai (2023)
2023
5
Love (2023)
Love (2023) ===========အလုပ်မှန်သမျှ အရှုံးပေါ်နေတဲ့ အဂျေးနဲ့ ဖခင်ရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေတဲ့ ဒီဗီယာတို့ဟာ မိဘတွေက တွေ့ခိုင်းလို့ ကော်ဖီဆိုင်တစ်ခုမှာ ဒိတ်ကျရင်း တစ်ယောက်နဲ့တစ်ယောက် သဘောကျသွားကာ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။Love ဆိုတဲ့ ခေါင်းစဉ်အတိုင်း သူတို့တွေဟာ ကြည်နူးစရာအချစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ကြပေမဲ့ အဲဒါဟာ ရုပ်ရှင်အစ ငါးမိနစ်လောက်ပါပဲ။သူတို့လက်ထပ်ပြီး နှစ်ချီကြာလာတဲ့ထိ အဂျေးဟာ ပြောင်းလဲမလာခဲ့ဘဲ အရက်သမားလုံးလုံးဖြစ်ကာ ကိုယ်ဝန်လွယ်ထားရတဲ့ ဒီဗီယာနဲ့ ပြဿနာတက်ရင်း လက်လွန်ခြေလွန်ဖြစ်ကြတဲ့နောက်မှာတော့...။Love ဆိုတဲ့ အချစ်ကားမဟုတ်တဲ့ အချစ်ကားလေးကို ပရိသတ်တွေအတွက် စီအမ်ကနေ တင်ဆက်ပေးလိုက်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုသူတွေကတော့ V, BpL, YH, Yunni နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ) File size…1.4GB / 700MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~ BpL~ YH~ Yunni ~ Zwe Yan
movie
Love (2023)
2023
9.1
Irudhi Pakkam (2021)
Irudhi Pakkam (2021) Crime/ThrillerIyal ဆိုတဲ့ ကလောင်နာမည်နဲ့ အမျိုးသမီး စာရေးသူတစ်ယောက်။ Iyal ဆိုတဲ့အဓိပ္ပါယ်က သဘာဝတဲ့။ ဒီလိုပဲ Iyal ဟာလည်း သဘာဝနဲ့ တစ်သားတည်းဖြစ်နေခဲ့။သူဟာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတာမျိုး လိုက်လျောညီထွေဖြစ်အောင်လည်းမကြိုးစားခဲ့။ မွေးကတည်းက တောင်ပံနှစ်ဖက်ကျိုးလာခဲ့တဲ့ မိဘမဲ့ Iyal ဟာသူဆယ်ကျော်သက်အရွယ်ကနေ စာရေးရင်းနဲ့ပဲ အချိန်တွေ တရွေ့ရွေ့ကုန်လာခဲ့တာပေါ့။သက်လတ်ပိုင်းအရွယ် အောင်မြင်ခါစ မျိုးဆက်သစ်တစ်ယောက်။ တစ်နေ့မှာတော့ သူ့ရဲ့တိုက်ခန်းမှာပဲအသတ်ခံလိုက်ရပါတယ်။ ဘယ်သူနဲ့မှ အဆက်အဆံမရှိ အပေါင်းအသင်း သူငယ်ချင်းရောရန်သူဆိုတာမျိုးရော မရှိတာမို့ အသတ်ခံရတဲ့ အကြောင်းအရင်းဟာ ရှာဖို့မလွယ်။ ဒီတော့ Iyalဘာလို့အသတ်ခံလိုက်ရသလဲ။ ဘယ်သူက သူ့ကိုသတ်ဖို့ကြိုးစားတာလဲ။ လူတစ်ယောက်ကိုသတ်ပစ်ရလောက်တဲ့ထိ ဘယ်လို အကြောင်းပြချက်တွေ ဒီနောက်မှာရှိနေမလဲ။Iyal ကရော လူအများရဲ့အမြင်ကလိုပဲ အေးဆေးပြီး တစ်ကိုယ်တည်း သီးသန့်နေတတ်တဲ့မိန်းကလေးဆိုတာ ဟုတ်ရဲ့လား။ သူ့ရဲ့သရုပ်မှန်ကရော ဘာလဲ။ သူဖုံးကွယ်ထားတဲ့မျက်နှာဖုံးနောက်မှာ ဘာတွေရှိနေမလဲ။ သူ့စာအုပ်တွေရဲ့နောက်ကွယ်က မြုပ်ကွက်တွေ။ဒါတွေရဲ့အဖြေကို တစ်ခုချင်း လိုက်စုံစမ်းရင်း ...
movie
Irudhi Pakkam (2021)
2021