Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Surabhi Lakshmi
7.5
Rifle Club (2024)
Rifle Club (2024)ခပ်ကြမ်းကြမ်းမှကြိုက်တဲ့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် ဇာတ်လမ်းနာမည်အတိုင်း အပစ်အခတ်အတိုက်အခိုက်ခန်းတွေ တ၀ကြီးကြည့်ရမဲ့ မလေယာလမ်စကားပြော အက်ရှင်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းရဲ့ ထူးခြားချက်တစ်ခုကတော့ Hanumankind လို့ လူသိများတဲ့ အိန္ဒိယ Rapper အဆိုတော်ရဲ့ ပွဲဦးထွက်ရုပ်ရှင် ဖြစ်နေတာပါပဲ။ဇာတ်လမ်းကို လက်နက်မှောင်ခိုသမား ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကြီး ဒါယာနမ်ရဲ့သားအငယ်ဖြစ်သူဘီချူ မွေးနေ့ပွဲကျင်းပနေတာနဲ့ အစပျိုးထားပါတယ်။ အဲဒီနေ့ညမှာပဲ လူရမ်းကားလေးဘီချူ မတော်တဆ သေဆုံးသွားတာကနေ တကယ့်ပြဿနာ စတော့တာပါပဲ။ဘီချူတိုနေထိုင်ရာမြိုနဲ့အဝေးက အိန္ဒိယအနောက်ပိုင်း တောင်တန်းဒေသတစ်နေရာမှာတော့ မုဆိုးတွေစုပေါင်းဖွဲစည်းထားတဲ့ "Rifle Club" ဆိုတဲ့ သမိုင်း၀င်အသင်းအဖွဲတစ်ခုရှိပါတယ်။တစ်နေ့တော့ ရုပ်ရှင်မင်းသားတစ်ယောက်ဟာ သူ့ရုပ်ရှင်အတွက် လေ့လာရေးအဖြစ် အဲဒီကလပ်ကို ရောက်ရှိလာပါတယ်။ ဖြစ်ချင်တော့ သူရောက်ပြီး သိပ်မကြာခင်မှာပဲ ဒါယာနမ်ရဲ့လက်နက်မှောင်ခိုဂိုဏ်းနဲ့ Rifle Club က အဖွဲ၀င်တွေရဲ့ တကယ်တိုက်ပွဲအစစ်နဲ့ ကြုံတွေ့ရပါတော့တယ်။အဲဒီသူသေကိုယ်သေတိုက်ကျတဲ့ ရန်ပွဲကြီးမှာ ဘယ်သူက အနိုင်ရသွားမလဲ၊ Rifle Club ကို မှောင်ခိုဂိုဏ်းသားတွေ လာရောက်ရန်မူရတဲ့ အဓိကအကြောင်းအရင်းက ဘာဖြစ်မလဲ ဆိုတာကို ဇာတ်လမ်းဇာတ်ကွက် အပြောင်းအလဲများနဲ့အတူ စိတ်၀င်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~ToMo~V~KKKZ ဖြစ်ပါတယ်။) File size… 1.4 ...
movie
Rifle Club (2024)
6.4
Kumari (2022)
Kumari 2022 (ကူမာရီ) IMDb - 6.4/10ယခုတစ်ခါမှာတော့ အမုန်းတွေ အာဃာတတွေနဲ့ မျိုးဆက်တစ်ခုလုံးအပေါ်မှာ အငြိုးထားပြီး ကျိန်စာတွေတိုက်ခဲ့တဲ့ မလေယာလမ် ဟော်ရာဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ဟိုးအရင်တစ်ချိန်တုန်းက ကာဟီရန်ဂတ်မိသားစုဆိုတာရှိပါတယ်။ ဒီမိသားစုကိုတော့ သူတို့နယ်မြေမှာ ဂုဏ်သိက္ခာရှိရှိနဲ့ ရွာသားအားလုံးကို ကြည့်ရှုစောင့်ရှောက်ပေးနေတဲ့ သခင်ကြီးသူပန်က အုပ်ချုပ်နေပါတယ်။သူတို့ရွာရဲ့ ဘေးနားမှာ အီလီမာလာတောဆိုတာလည်းရှိနေပါတယ်။ ဒီတောကိုတော့ အီလီမာလာချာသန်ဆိုတဲ့ နတ်ဘုရားတစ်ပိုင်းက အုပ်ချုပ်နေတာပေါ့။အီလီမာလာချာသန်မှာ သူသဘောကျရတဲ့ လူသားကလေးလေး ချိုကန်ဆိုတဲ့ မိဘမဲ့လေးတစ်ယောက်ရှိပါတယ်။ ချိုကန်ကတော့ တောထဲမှာပဲ တစ်ကိုယ်တည်းနေထိုင်ပြီး ရွာက ခိုင်းတာလေးတွေ လိုက်လုပ်ပြီး အသက်ဆက်နေရသူပေါ့။ ချိုကန့်ကို သခင်ကြီးသူပန်ရဲ့ ဇနီးဖြစ်သူက သဘောကျတဲ့အတွက် အစားအသောက်များခေါ်ခေါ်ကျွေးမွေးလေ့လည်းရှိပါတယ်။ဒီလိုနဲ့တစ်နေ့မှာတော့ သခင်ကြီးတို့ပိုင်တဲ့ ရေကန်မှာ ရေချိုးတယ်ဆိုပြီး ချိုကန့်ကို သခင်ကြီးသူပန်က သတ်လိုက်ပါတော့တယ်။ ဒီအချိန်မှာပဲ ချိုကန့်ကိုချစ်မြတ်နိုးတဲ့ ချာပန်က ကာဟီရန်ဂတ်မိသားစုကို ကျိန်စာတိုက်ပြီး ဘေးဥပဒ်ဖြစ်အောင်ပြုလုပ်လိုက်ပါတော့တယ်။ဒီနောက်ပိုင်းမှာတော့ ကာဟီရန်ဂတ်မိသားစုဟာ နတ်ဘုရားတွေကို ပြန်လည်ပူဇော်ပသရင်းနဲ့ ဒီကျိန်စာကနေ လွတ်မြောက်ဖို့ ကြိုးစားလာခဲ့ကြတာပေါ့။ဒီလိုနဲ့ မျိုးဆက် ၁၂ဆက်မြောက်ကျော်လွန်လာတဲ့အခါမှာတော့ အဲဒီမိသားစုမှာတော့ သားအကြီး အချူသန်နဲ့ သားအငယ် ဒူရူဗန်ဆိုပြီးတော့ ရှိပါတယ်။ သားအငယ်ကိုတော့ လူတွေက ရူးနေတာဆိုပြီး ပြောကြပါတယ်။ဒီလိုနဲ့ သားအငယ် ဒူရူဗန်ကို ကူမာရီဆိုတဲ့ ကောင်မလေးနဲ့ အိမ်ထောင်ချပေးလိုက်ပြီး ကူမာရီ သူတို့မိသားစုကို ...
movie
Kumari (2022)
7.6
A.R.M (2024)
A.R.M (2024) "အာဂျာယန်ရဲ့ ဒုတိယမြောက်ခိုးယူမှု" IMDb - 7.6/10ဒီနေ့တော့ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်အပေါင်းတို့ ရေငတ်တုန်းရေတွင်းထဲကျဆိုသလို ရသမျိုးစုံနဲ့ အိန္ဒိယရုပ်ရှင်တွေထွက်ရှိလာတဲ့နေ့တစ်နေ့ပါပဲ။ အခုတဖန်တင်ဆက်ပေးမှာက အလန်းစား မလေယာလမ်းရုပ်ရှင်ကားကြီး။ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ ကြယ်တစ်စင်းကြွေသတဲ့ကွယ်။ ဘုရင်ကြီးက ဒီအကြောင်းကိုကြားလေတော့ ကြယ်အကြွေကိုသိမ်းယူပြီး နာမည်ကြီးပန်းပဲဆရာကြီးဆီမှာ မီးအိမ်တစ်လုံး သွန်းလုပ်စေခဲ့တာပေါ့။ဒီမီးအိမ်လေးကြောင့် တိုင်းပြည်ဟာ ကြွယ်၀ချမ်းသာတယ်လို့ တစ်ယောက်စကားတစ်ယောက်နား ပြောကြသတဲ့ကွယ်။တစ်နေ့ ဘုရင်ကြီးမှာ ဒုက္ခကြုံလာရတော့ ကြယ်ကြွေခဲ့တဲ့ရွာက သူရဲကောင်းကြီးတစ်ဦး ဖြေရှင်းပေးခဲ့ပါလေရော။ ဒီလိုနဲ့ ဘုရင်ကြီးက လိုရာဆုလာဘ်တောင်းစေတဲ့အခါ မီးအိမ်ကိုပဲ သူတို့ရွာမှာ ပြန်လည်ထိမ်းသိမ်းထားချင်ပါတယ်လို့ ဆိုသတဲ့ကွယ်။ ဒါက သူရဲကောင်းကြီးရဲ့ဇာတ်လမ်း။ဒီရုပ်ရှင်ကတော့ အာဂျာယန်ရဲ့ဇာတ်လမ်း။ တစ်ရွာလုံးကို ဒုက္ခပေးတဲ့ ဘဲလ်သံတချွင်ချွင်နဲ့ သူခိုးကြီးရဲ့ မြေးဖြစ်သူပေါ့။ အဘိုးဖြစ်သူသမိုင်းကြောင်းကြောင့် အနှိမ်ခံခဲ့ရတဲ့ကောင်လေးတစ်ယောက်။ ဒီကောင်လေး ဘယ်လိုဖြစ်လာမလဲ၊ သူ့ကိုအနိုင်ကျင့်လှောင်ပြောင်တဲ့ တစ်ရွာလုံးကို သူ ဘယ်လိုတုံ့ပြန်မှာလဲ။ ခံစားကြည့်ရှုပေးကြပါဦး(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.2 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
A.R.M (2024)
6.7
Vaayai Moodi Pesavum (2014)
Vaayai Moodi Pesavum (2014) "စကားမပြောရ"IMDb 6.7/10မင်းသား Dulquer Salmaan ရဲ့ အမှန်တကယ်ရယ်ရတဲ့ ရုပ်ရှင်အဟောင်းလေးကို တင်ဆက်လိုက်ရပါတယ်စကားပြောတာကိုဘယ်သူစပြီးတီထွင်ခဲ့တာလဲ ဘာအကြောင်းပြချက်နဲ့တီထွင်ခဲ့တာလဲ စကားပြောတယ်ဆိုတာ တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်နားလည်နိုင်အောင် ကြားထဲကဖွင့်ဟပေးတဲ့တံခါးတစ်ချက်လို့ပဲဆိုရပါမယ်ကျွန်တော်တို့စကားတွေအမျိုးမျိုးပြောကြတယ် တစ်ချို့ကအားနေလို့ပြောတယ် တစ်ချို့ကအချိန်အခါမသိပြောတယ် တစ်ချို့ကချိုချိုသာသာပြောတယ် တစ်ချို့ကကြမ်းကြမ်းတမ်းတမ်းပြောတယ် တစ်ချို့ကမလိုအပ်တာတွေပြောတယ် အမျိုးမျိုးသောနည်းလမ်းတွေနဲ့စကားကိုပြောကြတယ် ဒါပေမဲ့စကားသာ မပြောနိုင်ကြတော့ရင်ဘယ်လိုဖြစ်သွားမလဲ တစ်ရက်မှာ ပန်နီမယ်လိုင်တောင်ကြားစခန်းအကြား ဆွံ့အတုပ်ကွေးဟာ မြို့သားတွေကြားစတင်ပျံ့နှံ့ကူးစက်လာပါတော့တယ် ဆွံ့အတုပ်ကွေးကစကားပြောရင်းနဲ့မှကူးနိုင်တာမို့ ကျမ်းမာရေးဝန်ကြီးဌာနကအကုန်လုံးကို စကားမပြောရအမိန့်ထုတ်ပြန်လိုက်ပါတော့တယ်အဲဒီမှာတင်တစ်မြို့လုံးအကြပ်ရိုက်ကုန်ကြပြီး စကားပြောရတာအလွန်ကြိုက်တဲ့ အာရ်ဗင်တစ်ယောက်လည်းဒုက္ခရောက်ရပါတော့တယ် မြို့သူမြို့သားတွေစကားမပြောနိုင်တဲ့တုပ်ကွေးအကြားဘယ်လို ဘယ်လိုတွေနှစ်ပါးသွားကြမယ်ဆိုတာကြည့်ရင်းရယ်နေရမဲ့ဟာသကားလေးပါ(အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်) File size…2.8 GB / 1.25 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Vaayai Moodi Pesavum (2014)
6.4
CIA: Comrade In America (2017)
CIA : Comrade in America (2017) "ချစ်သူရှိရာသို့..."IMDb 6.4Sita Ramam၊ King of Kotha နဲ့ Charlie တို့လို ရုပ်ရှင်တွေထဲက မင်းသား Dulquer Salmaan အဓိကပါဝင်ထားပြီး Dunki လို စာရွက်စာတမ်း မရှိဘဲ အမေရိကားသွားမယ့် ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်အာဂျီဟာ ကီရယ်လာ ကွန်ဂရက်ပါတီက နိုင်ငံရေးသမားတစ်ယောက်ရဲ့ သားဖြစ်နေပေမယ့် သူယုံကြည်ရာဝါဒကိုသာ စွဲကိုင်ထားသူပါဘာနေနေ အပြုံးမပျက်ဘဲ ဘဝကို ကိုယ်နေချင်သလို ဖြတ်သန်းရင်း တစ်နေ့ အမေရိကန်နိုင်ငံသူလေး ဆာရာနဲ့ ချစ်သူတွေ ဖြစ်လာတယ်ဆာရာက သူနဲ့ အမေရိကားကို လိုက်ဖို့ခေါ်တိုင်း တွင်တွင်ငြင်းပေမယ့် တစ်နေ့တော့ သူ့ချစ်သူကောင်မလေးဟာ အမေရိကားကို ပြန်သွားပြီဖြစ်ကြောင်း၊ တခြားယောကျာ်းတစ်ယောက်နဲ့ အတင်းအကျပ်လက်ထပ်ခိုင်းဖို့ စီစဥ်နေပြီဖြစ်ကြောင်း သိရတော့ ....နှစ်ပတ်ဆိုတဲ့အချိန်အတွင်း ချစ်သူရှိရာ အမေရိကားကို စာရွက်စာတမ်းတွေမပါဘဲ ရောက်အောင်ဘယ်လိုသွားမလဲ... အခက်အခဲမျိုးစုံနဲ့ စွန့်စားခန်းလေးကို ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ...
movie
CIA: Comrade In America (2017)
2017
ABCD: American-Born Confused Desi (2013)
ABCD: American Born Confused Desi (2013) ဒေစီမှာရွာလည်IMDb-5.4/10အမေရိကမှာမွေး ဇိမ်ခံပစ္စည်းတွေကြား ပျော်ရွှင်မှုမျိုးစုံ သာယာနေတဲ့ ဂျွန်စ်(ဂျိုး) တစ်ယောက် ဥရောပတစ်ခွင်လည်ပတ်ရင်း စာမေးပွဲတွေတဖုန်းဖုန်းကျနေလေရဲ့အသက်ပြည့်လာတဲ့လူငယ်တစ်ယောက်ကို ကိုယ့်အားကိုယ်ကိုးရပ်တည်စေချင်လို့ အိမ်ကနေထွက်သွားခိုင်းတာတောင် ဟာဝိုင်အီကိုသွားမယ်ကြံနေတဲ့ ဂျွန်စ်တစ်ယောက်ကိုဖခင်က သင်ခန်းစာပေးပါတော့တယ်အဖေနဲ့အမေရဲ့ မွေးရပ်မြေကိုသွားလည်ဆိုပြီး ချောင်ကျကျနေရာကအိမ်တစ်လုံး အနံ့အသက်မလုံတဲ့အိမ်သာနဲ့ အိန္ဒိယရဲ့ အခြေခံလူတန်းစားဘဝကို နေထိုင်စေပြီး credit card တွေပါပိတ်ပစ်လိုက်တော့တယ်လိုတိုင်းရ ပျော်ရွှင်မှုအပြည့်နဲ့ ဂျွန်စ်တစ်ယောက် တစ်ခါမှမရောက်ဖူးတဲ့နေရာမှာ တစ်ခါမှမကြုံဖူးတဲ့အခြေအနေကို ရင်ဆိုင်ကျော်လွှားနိုင်မလား အပျော်တွေနောက်လိုက်ရင်းမိုက်တွင်းနက်နေဦးမလားဆိုတာတော့...အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…4.6GB / 1.8GB Quality…1080p Blu Ray /720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
ABCD: American-Born Confused Desi (2013)
8.6
Valatty (2023)
Valatty (2023)"အာဝု တို့ရဲ့ ချစ်ပုံပြင်"IMDb 8.6လောလောလတ်လတ် ဒစ်ဂျစ်တယ် ဗားရှင်း Disney+ Hotstar မှာ ထွက်ရှိလာတဲ့ Malayalam စကားပြော ရုပ်ရှင်ဟာ အထူးပြုလုပ်ချက် VFX လုံးဝမပါပဲ ခွေးအစစ်တွေနဲ့ရိုက်ထားတဲ့ ပထမဆုံး အိန္ဒိယ ခွေးရုပ်ရှင်ပါခွေးလေးတွေက နောက်ခံစကားတော့ ပြောတာပေါ့ခင်ဗျာ...ခွေးလေးတွေရဲ့ point-of-view သဘောနဲ့ ရိုက်ထားတဲ့ ဒီ adventure-comedy romance ကားလေးဟာဆိုရင် IMDb rating လည်းမြင့်သလို ဝေဖန်ရေးဆရာတွေကလည်း ရုပ်ရှင်ရဲ့ ဆန်းသစ်ဖန်တီးနိုင်မှုကို ချီးကျူးခြင်း ခံထားရပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ရွိုင်းဆိုတဲ့ ခရစ်ယာန်သခင်ရဲ့ ခွေးထီးလေး "တွန်မီ"က ခြေမွေးလက်မွေးမီးမလောင်ပဲ အချစ်ခံထားရတဲ့ ခွေးလေးဖြစ်ပြီးသားစပ်ဖို့လာကြတဲ့ ခွေးမလေးတွေကိုလည်း သခင်က မျိုးရိုးမကောင်းလို့ဆိုပြီး ဇွတ်တွေ ငြင်းလွှတ်ရတဲ့အထိ ဂရုစိုက်ခံရပါတယ်တစ်ဖက်အိမ်မှာလည်း အထက်ပုဂ္ဂိုလ် ဘရာမင် မိသားစုက မျိုးနဲ့ရိုးနဲ့ "အာမလူ" ဆိုတဲ့ ခွေးမချောလေးတစ်ကောင် ရှိနေပါတယ်ကိုကြက်ဖကြီးရဲ့ အကူအညီနဲ့ သူတို့နှစ်ကောင် ဆုံစည်းခဲ့ရပြီး ခွေးငယ်သဘာဝ ချစ်ကြိုက်မိကြပါတယ် ဒါပေမယ့်လည်း မျိုးရိုးဘာသာမတူကြတဲ့နှစ်ဖက်မိသားစုက ကန့်ကွက်တာကြောင့် ...
movie
Valatty (2023)
2023
7.9
Kurup (2021)
1984 ခုနှစ်ကစလို့ အိန္ဒိယရဲ့ အလိုအရှိဆုံး၀ရမ်းပြေးတစ်ယောက်ဖြစ်တဲ့ကူရွတ်ရဲ့အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်လာပြန်ပါပြီ။ မာယာလာရမ်း ဘာသာစကားပြောဒီရုပ်ရှင်ဟာ IMDB မှာ 7.9ထိရထားကြည့်ရတန်မယ့် စုံထောက်ကားကောင်းတစ်ကားပါ။ အက်ရှင်တွေမပါပဲဇာတ်လမ်းဇာတ်ကွက်နဲ့ 420 တစ်ယောက်အကြောင်းကို အရသာရှိရှိဆွဲခေါ်သွားမှာမို့ လိုက်ပါစီးမျောခံစားလိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်းထည့်မရေးတော့တာကတော့ အတ္ထုပ္ပတ္တိဖြစ်လို့Spoiler ဖြစ်မှာစိုးလို့ပါ။အညွှန်းကိုတော့ Lwin Htoo Aung မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Shwe Pyae Sone ~Lwin Htoo Aung ~ ThuRa Hein တို့ပဲဖြစ်ပါတယ်။ File size…1.5GB / 2.28GB Quality…720p / 1080p AAC 5.1CH Format…Mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ Shwe Pyae Sone ~ ThuRa Hein
movie
Kurup (2021)
2021