Channel Myanmar

Sung Dong-il

200 Pounds Beauty (2006) 6.7
200 Pounds Beauty (2006) 200 Pounds Beauty (2006)**************************IMDb... 6.7 "မာရီယာ~~~" ဆိုတဲ့ သီချင်းလေးကို ကြားလိုက်တာနဲ့ ဒီဇာတ်ကားလေးကို ပြန်အမှတ်ရသွားစေတဲ့အထိဝက်ဝက်ကွဲပေါက်ခဲ့တဲ့ ဒီ 200 Pounds Beauty ဆိုတဲ့ ဇာတ်ကားလေးကို quality၊ ဘာသာပြန် အလန်းဖြင့်ပြန်လည် တင်ဆက်ပေးလိုက်ရပါတယ်ရှင်။ဇာတ်လမ်းလေးကတော့ အကုန်သိပြီးကြတဲ့အတိုင်း သီချင်းဆိုတဲ့နေရာမှာ တော်ပေမဲ့လည်း ရုပ်ဆိုးပြီးဝတဲ့အတွက် ကန့်လန့်ကာနောက်ကနေ သူများအတွက် သီချင်းဆိုပေး‌နေရတဲ့ အဆိုတော်မလေး ဟန်နာ။သူသဘောကျရတဲ့သူကတော့ သူနဲ့ အလုပ်တွဲလုပ်နေတဲ့ ပရိုဂျူဆာ ဆန်းဂျွန်းဆိုသူပေါ့။ဒါပေမဲ့ တစ်ရက် သူသဘောကျရတဲ့သူက သူ့နောက်ကွယ်မှာ သူ့ကိုအသုံးချပြီး မကောင်းပြောတာကြားလိုက်ရတဲ့အခါမှာတော့ ဟန်နာတစ်ယောက် တစ်ကိုယ်လုံး ခွဲစိတ်ပြုပြင်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ ခွဲစိတ်ပြုပြင်ပြီး အရမ်းလှသွားတဲ့ ဟန်နာတစ်ယောက် သူဖြစ်ချင်တဲ့ အဆိုတော်ဖြစ်သွားမလား...ဆန်းဂျွန်းနဲ့ရော ဘယ်လိုဖြစ်သွားမလဲဆိုတာအပြင် အဖေတစ်ခု သမီးတစ်ခုဖြစ်တဲ့ ဟန်နာနဲ့သူ့အဖေရဲ့ အကြောင်းကလည်း ရင်ထဲထိစေမှာဖြစ်တဲ့အတွက် ကြည့်ပြီးတဲ့သူရောမကြည့်ရသေးတဲ့သူတွေပါ ကြည့်ရှုကြည့်ကြဖို့ ညွှန်းလိုက်ရပါတယ်နော်။ File Size : 2.18GB/ 1.06GB Quality ...
movie

200 Pounds Beauty (2006)

The Suicide Forecast (2011) 7
The Suicide Forecast (2011) The Suicide Forecast (2011) ***************************IMDb-7လူတွေအများကြီးနဲ့ ဇာတ်အိမ်တည်ထားပြီးတော့ ဘဝဆိုတဲ့အရာကို တန်ဖိုးထားရကောင်းမှန်းနားလည်အောင် ရိုက်ကူးတင်ပြထားတဲ့ ၂၀၁၁ ခုနှစ်ထွက်ဇာတ်ကားပဲဖြစ်ပါတယ်။ Main Cast အနေနဲ့ကတော့ Moving ထဲမှာ Frank နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Ryoo Seung-Bum ပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း ***************ဘယ်ဗြောင်းဝူ (Ryoo Seung-Bum) ဟာ ကျွမ်းကျင်ဘေ့စ်ဘောကစားသမားအဖြစ်မှ အနားယူထားရပြီးတော့ အခုချိန် ဂျယ်အီအသက်အာမခံကုမ္ပဏီမှာ ထိပ်တန်း salesman အဖြစ် အလုပ်လုပ်ကိုင်နေသူတစ်ဦးပါ။သူဟာ ကိုရီးယားရဲ့ Top 1% ပဲ ရှိတဲ့လူချမ်းသာတွေရဲ့ ငွေကြေးကိုပါ စီမံပေးရလောက်တဲ့ထိ ထူးချွန်တဲ့သူဖြစ်ပေမဲ့လည်း အောင်မြင်ဖို့ ချမ်းသာဖို့အရေးကိုသာ ကြည့်ပြီးနေလာခဲ့တာကြောင့် အရင်ကနဲ့မတူတော့ဘဲ ဘုဂလန့် လူ့ဂွစာတစ်ယောက်ဖြစ်လာခဲ့တာပေါ့။တစ်ရက်...ဘယ်ဗြောင်းဝူရဲ့ဧည့်သည်တွေထဲကတစ်ယောက်ဟာ အသက်အာမခံအဖွဲ့ဝင်ပြီးနောက် ရည်ရွယ်ချက်ရှိရှိနဲ့ အာမခံငွေအတွက် သတ်သေသွားခဲ့ပါတယ်။ဒါ့အပြင် ကျန်ရစ်သူမိသားစုကပါ ဘယ်ဗြောင်းဝူကို သတ်သေဖို့အတွက် လှုံ့ဆော်အားပေးမှုနဲ့ တရားစွဲလိုက်တဲ့အခါ အာမခံကုမ္ပဏီဘက်က ဘယ်ဗြောင်းဝူရဲ့ အရင် မှတ်တမ်းတွေကိုပါ ပြန်လည် ...
movie

The Suicide Forecast (2011)

Circle of Atonement (2015) 6.7
Circle of Atonement (2015) Circle of atonement (2015) ***************************မင်းသမီးချောလေး Kim You-Jung ငယ်စဉ်တုန်းက ရိုက်ကူးထားပြီး မင်းသမီး Seo Yea-Ji, မင်းသား Son Ho-Jun, Sung Dong-Il တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Mystery ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ရက်စက်တဲ့လူသတ်မှုတစ်ခုအပြီး ၁၀ နှစ်အကြာမှာ...Nam Chul-Woong(Son Ho-Jun)ဆိုတဲ့ ထူးဆန်းတဲ့ဆရာတစ်ယောက်ဟာ Lee Jung-Hyun (Kim You-Jung)တို့ရဲ့ကျောင်းကို ပြောင်းလာခဲ့ပါတယ်။Lee Jung-Hyunရဲ့ အဖေကတော့ ထူးချွန်ထက်မြက်တဲ့ စုံထောက် Lee Sang-won (Sung Dong-il) ဖြစ်ပါတယ်။တစ်ဦးချင်းစီမှာ လျှို့ဝှက်ချက်တွေရှိနေကြတဲ့ သူတို့ ၃ ယောက်ဟာ တကယ်ပဲ ကံကြမ္မာအရ တွေ့ဆုံဖို့ ဖြစ်ခဲ့လေသလား...ဒါမှမဟုတ် တွေ့ဆုံရအောင် တမင်အကြောင်းဖန်ပြီး လက်စားချေဖို့အတွက်ပဲ လာခဲ့လေသလား...အတိတ်က လူသတ်မှုရဲ့နောက်ကွယ်မှာ သူတို့သုံးယောက်ဟာ ဘယ်လိုအကြောင်းတရားတွေနဲ့ ပက်သက်မှုရှိနေသလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် ခံစားကြည့်ရှုကြည့်ကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…1.2GB / 510MB Quality… WEB-DL ...
movie

Circle of Atonement (2015)

Lobby (2025) 6.8
Lobby (2025) Lobby (2025)***************ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ကိုရီးယားနိုင်ငံရဲ့ ဝါရင့်သရုပ်‌ဆောင်‌Ha Jung Woo  ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ပြီး၊ ကိုယ်တိုင် ရိုက်ကူးထားတဲ့ စီးပွားရေးနဲ့ဟာသဇာတ် ရောယှက်ထားတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။သရုပ်ဆောင်တွေကလည်း ပရိသတ် ရင်းနှီးပြီးသား ဖြစ်တဲ့ Ha Jung Woo, Park Byung Eun,Kim Eui Sung, Lee Dong Hui, Kwak Sun Young, Choi Si Won, Cha Ju Young တို့ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းလျှပ်စစ်ကားနဲ့ ပတ်သက်တဲ့ နိုင်ငံတော် ပရောဂျက်ကို တင်ဒါ အောင်ဖို့ ကြိုးစားနေတဲ့ ယွန်းချန်းအုနဲ့ဆွန်းဂွမ်အူတို့ဟာ လုပ်ငန်း ပြိုင်ဖက်တွေ ဖြစ်ပြီးတော့ မတူညီတဲ့ နည်းပညာ နှစ်ခုကို ပိုင်ဆိုင်ထားကြပါတယ်။ရင်းနှီးမြှုပ်နှံငွေ လိုအပ်နေတဲ့ သူတို့ နှစ်ယောက်ဟာ အစိုးရ အာဏာပိုင်တွေဆီမှာ လော်ဘီ ...
movie

Lobby (2025)

The Accidental Detective 2: In Action (2018) 6.5
The Accidental Detective 2: In Action (2018) The Accidental Detective 2: In Action (2018)IMDb Rating (6.5)ကိုရီးယားမင်းသား Kwon Sang-woo နဲ့ Sung Dong-il တို့ရဲ့ အတည်ပေါက်နဲ့ရယ်နေရမယ့် အက်ရှင်ဟာသစုံထောက်ဇာတ်ကား The Accidental Detective(2015) ရဲ့အဆက် နံပါတ် ၂ ကား လာပါပြီ။Sherlock Holmes ကိုအားကျပြီး စုံထောက်ဖြစ်ချင်နေတဲ့ ဂန်ဒေးမန်ဆိုတဲ့Comicbook အရောင်းဆိုင်ရှင်ဟာ ဆိုင်ကို ရောင်းပြီး ရဲအုပ်ဟောင်း နိုတေးဆူနဲ့ အတူစုံထောက်အေဂျင်စီတစ်ခု ဖွင့်ခဲ့ပါတယ်။စိတ်ကူးနဲ့လက်တွေ့က ကွာခြားလွန်းလေတော့အမှုအပ်မဲ့လူမရှိပဲ အိမ်က မိန်းမတွေရဲ့ အငြိုအငြင်ခံနေရတဲ့ သူရဲကောင်းကြီးတွေပေါ့။ ရထားတိုက်သေပြီး ရဲတွေက မတော်တဆမှုလို့အမှုပိတ်လိုက်တဲ့ အမှုကို ပြန်လိုက်စေချင်သူကျန်ရစ်သူ အမျိုးသမီးတစ်ယောက်ရဲ့ အမှုကိုလက်ခံလိုက်မိရာက.. အမှုကြီးတစ်ခုနဲ့ ပက်သက်မိပါတော့တယ်။Running Man ထဲက သစ်ကုလားအုတ် လီဂွမ်ဆူရဲ့ မျက်ခွက်ပြောင် ပုံစံတွေလည်းမြင်ရဦးမှာပါ။ တနေ့တာအမောတွေကို စိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါးဟာသဆန်ဆန်ကားလေး ကြည့်ချင်ရင် ကြည့်ကိုကြည့်သင့်တဲ့ကားလို့ Recommend ပေးချင်ပါတယ်။ဒီဇာတ်ကားရဲ့ ရှေ့ကဇာတ်ကားကိုတော့ ...
movie

The Accidental Detective 2: In Action (2018)

2018
The Accidental Detective (2015) 6.7
The Accidental Detective (2015) The Accidental Detective (2015)IMDb Rating (6.7)ကိုရီးယားမင်းသား Kwon Sang-woo နဲ့ Sung Dong-il တို့ပါဝင်ထားတဲ့ အတည်ပေါက်နဲ့ရယ်နေရမယ့် အက်ရှင်ဟာသစုံထောက်ဇာတ်ကားလေးပါ။ဇာတ်လမ်းကတော့... ငယ်ငယ်တည်းက အတူကြီးပြင်းလာပြီး အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိပါတယ် တစ်ယောက်ကတော့ ရဲသင်တန်းကျောင်းကို တက်ခွင့်ရပြီး စုံထောက်အဖြစ်လုပ်ကိုင်ခွင့်ရခဲ့ပေမယ့် နောက်တစ်ယောက်ကတော့ သူ့ခြေထောက်ကြောင့် ဆေးစစ်ချက်ကျခဲ့လို့ စုံထောက်ဖြစ်ခွင့်မရခဲ့ရှာပါဘူးသူက စုံထောက်အလုပ်ကို အရမ်းဝါသနာပါလွန်းလို့ အလုပ်ပျက်အကိုင်ပျက် မိန်းမ အဆူအဆဲခံပြီး သူ့သူငယ်ချင်းတို့ရဲစခန်းကို အမြဲသွားပြီး ပေကပ်နေလေ့ရှိပါတယ် သူ့သူငယ်ချင်းဂျွန်စုရဲ့ တွဲဖက်စီနီယာကတော့ Legendary ကြီး နိုတေးဆူပါ ဒေးမန်ရဲ့ ဝါသနာ စုံထောက်အရည်အချင်းတွေက နိုတေးဆူအသိအမှတ်မပြုလို့မရအောင်ထိ ဖြစ်နေခဲ့ပေမယ့် သူ့ခမျာ စုံထောက်ဖြစ်ခွင့်မရခဲ့ပါဘူးတနေ့မှာတော့ လူသတ်မှုတစ်ခုမှာ ဂျွန်စုကို ချောက်တွန်းခံရတဲ့အခါ တတ်သိပညာမနေသာ သူငယ်ချင်းထိ ဓားကြည့်ဆိုတဲ့ ဒေးမန်တစ်ယောက် နိုတေးဆူနောက်ကို အတင်းလိုက်ကပ်ပြီး အမှုမှန်ပေါ်အောင် ကြိုးစားရပါတော့တယ် ဒီအခါ သူ့စုံထောက်စကေးတွေက သူငယ်ချင်းကို ကယ်တင်ဖို့ လုပ်နိုင်ပါ့မလားဆိုတာ....။ဇာတ်လမ်းမြှုပ်ကွက်အဆန်းလေးတွေနဲ့အတူ နိုတေးဆူနဲ့ ဒေးမန် နှစ်ယောက်သား ဘယ်လို ...
movie

The Accidental Detective (2015)

2015
Real (2017) 5.5
Real (2017) Real (2017)************ကိုးရီးယားရဲ့ နာမည်ကျော် မင်းသား Kim Soo Hyun နဲ့ မင်းသမီး Sulli တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး US$ 7 သိန်းအကုန်အကျခံရိုက်ကူးခဲ့တဲ့ Action ဇာတ်ကားဖြစ်ပါတယ် .. ။ဒီဇာတ်ကားမှာ နာမည်ကျော်မင်းသမီးတွေဖြစ်တဲ့ Suzy, IU , Ahn Soo He နဲ့ မင်းသား Park Seo Joon တို့ကလည်း Cameo အနေနဲ့ ပါဝင်ထားပေးပါသေးတယ်။Suzy ဆိုရင် ဆေးမှင်ကြောင်ထိုးပေးတဲ့အမျိုးသမီးအဖြစ် စက္ကန့်ပိုင်းလေး သရုပ်ဆောင်ဖို့ကို ၁၂နာရီလောက် အချိန်ကုန်ခံပြီး ယာယီတက်တူးတွေ တစ်ကိုယ်လုံးမှာ ဆေးခြယ်ပြီးမှကို သရုပ်ဆောင်ပေးခဲ့တာပါ။ဇာတ်လမ်းအကျဉ်းကတော့ .. ***********************ဂျန်ထယ်ယောင်းဆိုတဲ့ သတင်းရေးဆရာတစ်ယောက်က မူးယစ်ဆေးစွဲနေပြီး ဝေဒနာခံစား နေရတဲ့ သူ့ရဲ့ချစ်သူကို မကြည့်ရက်လို့ သတ်ပစ်မိသွားခဲ့ရာကနေ ခန္ဓာကိုယ်တစ်ခုတည်းမှာတင် စိတ်နှစ်မျိုးကွဲသွားတဲ့ ဝေဒနာလိုစတင်ခံစားလာရတယ် .. ။ကြမ်းတမ်းခက်ထန်တဲ့ ဂျန်ထယ်ယောင်းက နောက်ထပ်စိတ်ခွဲတစ်ခုအနေနဲ့ ပေါ်လာခဲ့ပြီး အဲဒီဝေဒနာကိုကုသဖို့ စိတ်ရောဂါဆရာဝန်နဲ့ ကုသရင်း ကြမ်းတမ်းတဲ့စိတ်ဖြစ်လိုက် နူးညံ့တဲ့စိတ်ဖြစ်သွားလိုက်နဲ့ ပြောင်းလဲနေခဲ့ပါတယ် .. ။တစ်နေ့ ...
movie

Real (2017)

Forbidden Fairytale (2025) 7.7
Forbidden Fairytale (2025) Forbidden Fairytale (2025)**************************IMDb....7.7 ‌(ဒီဇာတ်လမ်းလေးဟာ 19+ အပြောအဆိုတွေ ဇာတ်လမ်းဇာတ်ကွက်တွေကို ကွက်ကွက်ကွင်းကွင်းထည့်သွင်းပြသထားတာမို့ ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါနော်။)Forbidden Fairytail ဇာတ်လမ်းလေးဟာ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲတဲ့ Romantic comedyရုပ်ရှင်အမျိုးအစားဖြစ်ပြီးတော့ Choi Si-won. Park Ji-hyun နဲ့ Sung Dong-il တို့ကအဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။နေ့ခင်းဘက်မှာ ဒန်ဘီက ကလေးငယ်များ ကာကွယ်ရေးအဖွဲ့ မှာ မရေမတွက်နိုင်တဲ့Adult Content တွေကို ဆက်တိုက် ကြည့်ရှုသုံးသပ်ပေးရတဲ့ အလုပ်ကို လုပ်ပြီး ညဘက်မှာတော့ပုံပြင်ပြိုင်ပွဲအတွက် သူ့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကို သုံးကာ ပုံပြင်တွေကို ရေးပါတယ်။တစ်နေ့မှာ ကံဆိုးစွာနဲ့ အပြာဝတ္ထုတွေကို ထုတ်ဝေတဲ့ ကုမ္ပဏီက ကိုယ်စားလှယ်ရဲ့ ရှေးဟောင်းကားနောက်ကြည့်မှန်ကို ထိခိုက်အောင် လုပ်လိုက်မိပြီး လျှော်ကြေးအနေနဲ့ Adult Romanceတွေကိုရေးပေးဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒါက သူ့ဘဝအတွက် ကြီးမားတဲ့ အလှည့်အပြောင်းကြီးဖြစ်လာလိမ့်မယ်လို့ ဒန်ဘီတစ်ယောက် မထင်မှတ်ထားခဲ့ပေ...အဖေ့ကို ကတိ ...
movie

Forbidden Fairytale (2025)

The Great Battle (2018) 7
The Great Battle (2018) The Great Battle (2018)************************မင်းကြီးဂျူမုံတည်ထောင်ခဲ့တဲ့ ဂိုဂူလျောပြည်ကို တရုတ်ထန်ဘုရင် ကျူးကျော်ခဲ့တဲ့အကြောင်းကို စစ်တိုက်ပုံမျိုးစုံ ဝေဝေဆာဆာနဲ့ ရိုက်ကူးထားတဲ့ ရာဇဝင်ကားကောင်းလေးဖြစ်တဲ့The Great Battle ဆိုတဲ့ ဇာတ်ကားလေးကို ပြန်တင်ပေးလိုက်ပါတယ်နော်။ဂိုဂူလျောက စစ်သေနာပတိယွန်းဟာ အန်ရှီခံတပ်ရဲ့ တပ်မှူး ယန်မန်ချွန်းရဲ့ အမိန့်မနာခံမှုကိုအပြစ်ပေးဖို့အတွက် သူ့ဆီကို သူလျှိုတွေ စေလွှတ်ပေါင်း မနည်းပါဘူး။အန်ရှီမြို့သား ဆာမူကို စေလွှတ်လိုက်ချိန်မှာတော့ ဆာမူဟာ တပ်မှူးယန်ရဲ့ခေါင်းဆောင်ပီသမှုတွေကို မြင်တွေ့ရပြီး လုပ်ကြံမှု မအောင်မြင်ခဲ့သလိုတိုက်ပွဲပေါင်းများစွာကို ရှုံးပွဲမရှိ တိုက်ခိုက်အောင်မြင်ခဲ့တဲ့ တရုတ်ထန်စစ်တပ်ဟာအန်ရှီခံတပ်ကို တိုက်ဖို့ လာတဲ့အခါ ယန်မန်ချွန်းရဲ့ ပါးနပ်မှု လက်ရုံးရည်နှလုံးရည်ပြည့်ဝမှုတွေကြောင့် လွယ်လွယ်နဲ့ မအောင်မြင်ခဲ့ပြန်တဲ့အခါမှာတော့..တရုတ်ဘက်ကို ဘယ်လိုတွေတိုက်လာပြီး အန်ရှီခံတပ်ဘက်ကရောဘယ်လိုပြန်ခုခံမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပါ ရှုစားလိုက်ရအောင်နော်။၃ လလောက်တိုက်ပွဲဝင်ရတာကို တိုက်ခန်းခိုက်ခန်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရိုက်ကူးထားလို့ကြည့်ရတန်တဲ့ ရာဇဝင်ကားကောင်းတစ်ကားဖြစ်သလို အချစ် အလွမ်း နဲ့ တိုင်းပြည်ချစ်စိတ်တွေကိုပါပေါ်လွင်အောင် ရိုက်ပြထားလို့ ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ။ File ...
movie

The Great Battle (2018)

Once Upon a Time (2008) 7
Once Upon a Time (2008) Once Upon a Time (2008)*************************ကိုရီးယားက ဂျပန်လက်အောက်ကို ကျရောက်နေတဲ့အချိန်ဖြစ်တဲ့ 1940 ခုနှစ်ကိုဇာတ်အိမ်တည်ရိုက်ကူးထားပြီး စိန်ခိုးကြမယ့် ဒီရုပ်ရှင်ကားမှာတော့"Hide, Agency"စတဲ့ ဇာတ်လမ်းတွဲတွေထဲက မင်းသမီး Lee Bo Young,"Priest, Tracer" ဇာတ်ကားထဲက မင်းသား Park Yong Woo,"Reply 1988, Hospital Playlist"တို့လို နာမည်ကြီးဇာတ်ကားအများစုမှာ ပါဝင်ခဲ့တဲ့ဇာတ်ပို့မင်းသားကြီး Sung Dong-il တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီးအခြားနာမည်ကြီး ဇာတ်ပို့ဇာတ်ရန်များစွာက ပါဝင်အားဖြည့်ထားကြပါတယ်။ဇာတ်လမ်းအညွှန်း-ကာနယ်မူရာ (Park Yong Woo) ဆိုတဲ့ ကိုရီးယားသူခိုးဟာဆိုးလ်မြို့တစ်ခွင်လျှောက်သွားပြီး ဂျပန်အာဏာပိုင်တွေဆီကတန်ဖိုးကြီးရတနာပစ္စည်းတွေကို ခိုးယူနေတဲ့သူပါ။ဟာရူကို (Lee Bo Young) ကတော့ ကာနယ်မူရာ ပုံမှန်သွားနေကျဘားတစ်ခုရဲ့ ဂျက်ဇ်အဆိုတော်မ‌လေးပေါ့။ဒါပေမဲ့ သူမကလည်း သာမန်အဆိုတော်မလေး မဟုတ်ဘဲနာမည်တုနဲ့လှုပ်ရှားနေတဲ့ အကျော်ဇေယျ သူခိုးတစ်ယောက်ပါပဲ။တစ်နေ့မှာတော့ ဂျပန်အာဏာပိုင်တွေက ပွဲအခမ်းအနားကျင်းပပြီး အလွန်ရှားပါးတဲ့"အရှေ့ဘက်ရဲ့ အလင်းရောင်"လို့ခေါ်တဲ့ ၃၀၀၀ ကာရက်တန် စိန်တုံးတစ်တုံးကိုကိုရီးယားကနေ ...
movie

Once Upon a Time (2008)

Hijack 1971 (2024)
Hijack 1971 (2024) Hijack 1971 (2024)*******************ဒီတစ်ခေါက် CM ကနေ တင်ဆက်ပေးသွားမှာကတော့1971 ခုနှစ်တုန်းက တောင်ကိုးရီးယားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့​လေယာဥ်ပြန်ပေးဆွဲခံရမှုအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ရုံတင်ဇာတ်ကားကြီးဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကိုးရီးယားလေတပ် တိုက်လေယာဥ်မှူးဖြစ်ခဲ့ဖူးတဲ့ ဂျွန်ထယ်အင်းဟာကိစ္စတစ်ခုကြောင့် တပ်ထဲကနေထွက်ခဲ့ရပြီး ပုဂ္ဂလိကလေကြောင်းလိုင်းမှာတွဲဖက်လေယာဥ်မှူးအဖြစ် စတင်ပြီးအလုပ်လုပ်ကိုင်ဖြစ်သွားပါတော့တယ်။ဒီလိုနဲ့ 1971 ခုနှစ်ရဲ့ နေ့တစ်နေ့မှာ ခရီးသည်တွေတင်ဆောင်ပြီး ပျံသန်းနေရင်းဂင်ယုံးဒယ်လို့ခေါ်တဲ့ ထောင်ထွက်လူမိုက်တစ်ယောက်ရဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုကိုခံရပြီး  မြောက်ကိုးရီးယားသို့ ပျံသန်းရန် ဖိအားပေးခံခဲ့ရပါတော့တယ်။အာခံသူမှန်သမျှ အကြမ်းဖက်ခံရရင်း လေယာဥ်မှူး ဂင်ဂယူရှစ် ထိခိုက်သွားမှုကြောင့်တွဲဖက်လေယာဥ်မှူးဖြစ်တဲ့ ဂျွန်ထယ်အင်းတစ်ယောက်တည်း လေယာဥ်ဆက်မောင်းဖို့ဖြစ်လာတဲ့အခါမှာတော့....တကယ်တော့ တခြားနိုင်ငံရဲ့နယ်နိမိတ်ကို ဖြတ်ကျော်ဖို့ရာ တစ်ဖက်နိုင်ငံအစိုးရရဲ့ခွင့်ပြုချက်မရရှိဘဲ ဖြတ်ကျော်လို့မရပါဘူး..အထူးသဖြင့် စစ်ရေးတင်းမာမှုရှိပြီး အချိန်မရွေးစစ်ဖြစ်ဖို့ အသင့်ပြင်နေတဲ့တောင်မြောက် နှစ် နိုင်ငံအတွက်ဒီလိုအခြေအနေဟာ ပိုပြီးလက်မခံနိုင်စရာပါ..မြောက်လေပိုင်နက်ကို တစ်လမလောက်ကျူးကျော်လိုက်တာနဲ့မြောက်ကိုရီးယား တိုက်လေယာဉ်တွေက တစ်စစီဖြစ်အောင် ပစ်ချသွားနိုင်ပါတယ်..ဒီလိုအခြေအနေတွေအားလုံးကို ဂျွန်ထယ်ရင်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့..သရုပ်ဆောင်တွေအနေနဲ့ အဓိကဗီလိန် ပြန်ပေးသမားအဖြစ် အားလုံးသိပြီးသားဖြစ်တဲ့မင်းသား Yeo Jin-goo၊ တွဲဖက်လေယာဥ်မှူး ဂျွန်ထယ်အင်းအဖြစ်မင်းသားကြီး Ha Jung-woo၊ လေယာဥ်မယ်အဖြစ် အလှလေး Chae Soo-bin နဲ့လေယာဥ်မှူးအဖြစ် ...
movie

Hijack 1971 (2024)

Proof of Innocence (2016) 6.5
Proof of Innocence (2016) Proof of Innocence (2016) ************************* Detective K ရုပ်ရှင်ကားတွေနဲ့ကြည့်ရှုသူတွေကို အူလှိုက်သည်းလှိုက်ရယ်မောစေခဲ့တဲ့ မင်းသားကြီး ဂင်မြောင်မင်း၊ရုပ်ရှင်ဇာတ်ကားပေါင်း မြောက်မြားစွာမှာ အပြစ်ကင်းတဲ့မျက်နှာနဲ့ချစ်ခင်သနားဖွယ်ဇာတ်ရုပ်တွေကို အများအပြား သရုပ်ဆောင်ခဲ့တဲ့ ဂင်ဆန်းဟို၊Along with the Gods ရုပ်ရှင်ကားတွေထဲ နတ်မင်း ၃ ပါးကြားက တစ်ဦးတည်းသောမိန်းကလေးဇာတ်ရုပ်နဲ့မြန်မာပရိသတ်တွေ စတင်လူသိများလာခဲ့တဲ့ မင်းသမီးလေး ဂင်ဟျန်းဂီ၊Reply 1988 က ဒေါ့ဆွန်းအဖေတစ်ဖြစ်လဲ သဘောကောင်းတဲ့ Character တော်တော်များများမှာ တွေ့ရတဲ့ မင်းသားကြီး ဆောင်ဒုံအီတို့လိုဇာတ်ပို့ဇာတ်ရံတွေနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ************** ဂွမ်ဆွန်းထယ်ဆိုတဲ့ တက္ကစီဒရိုင်ဘာက ကိုရီးယားရဲ့တရားဥပဒေကိုလိုက်နာတဲ့ နိုင်ငံသားကောင်းတစ်ဦးဖြစ်ပြီးအရမ်းချစ်ရတဲ့သမီးလေးတစ်ယောက်လည်း ရှိပါတယ်။တစ်နေ့မှာတော့ သူ့တက္ကစီကိုငှားစီးခဲ့တဲ့ လုပ်ငန်းစုကြီးတစ်ခုရဲ့ချွေးမက အသတ်ခံလိုက်ရတဲ့အတွက်အရင်ပြစ်မှုဟောင်းတွေရှိခဲ့ဖူးတဲ့သူ့ကို လူသတ်မှုအဓိကတရားခံအဖြစ် သတ်မှတ်လိုက်ကြပြီးသေဒဏ်ချမှတ်ကာ အကျဉ်းချလိုက်ပါတယ်။သူမသတ်ပါဘူးဆိုပြီး ဘယ်လိုပဲအသည်းအသန် ငြင်းဆန်ပေမဲ့ နားထောင်ပေးသူမရှိတဲ့အခါသတင်းစာဖြတ်ပိုင်းမှာတွေ့တဲ့ စံပြရဲအရာရှိဖြစ်သူ ရဲကြပ်ကြီး "ချွဲဖီဂျယ်" ဆီကို အသနားခံစာတစ်စောင် ရေးပို့လိုက်ပါတယ်။တစ်ဖက်မှာလည်း အဖေဖြစ်သူက ထောင်မင်းသားဖြစ်ခဲ့တာကြောင့်ကိုယ့်အတွက်ရော၊ ကိုယ့်အဘိုးအတွက်ပါ အကျိုးမပေးတဲ့အဖေကို ...
movie

Proof of Innocence (2016)

Chronicle of a Blood Merchant (2015) 6.38
Chronicle of a Blood Merchant (2015) Chronicle of a Blood Merchant (2015)ကိုရီးယားရဲ့ ၁၉၅၀ ပြည့်နှစ်တွေမှာ သာမန်မိသားစုလေးတစ်ခုရဲ့ စီးပွားရေး၊ မေတ္တာတရားနဲ့ မိသားစုသံယောဇဉ်တွေကို ထိထိမိမိလေး ဖော်ပြပေးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဆမ်းဂွမ်းက အလုပ်ကြမ်းလုပ်တဲ့ သာမန်အလုပ်သမားလေးဖြစ်ပြီး တစ်ဖက်သတ်သဘောကျတဲ့ အို့ရန်ဆိုတဲ့ကောင်မလေးကို ရည်းစားရှိတဲ့ကြားကနေ လုယူခဲ့ပါတယ်နှစ်တွေကြာလာတော့ သားသုံးယောက်ပိုင်ဆိုင်လာပြီး နဂိုကညီတူညီမျှ ချစ်ပေးပေမဲ့ အကြီးဆုံးသားလေးက သူ့သွေးသားမဟုတ်တာကို သိပြီးတဲ့နောက်မှာ အရင်လိုအဆင်ပြေမှုတွေရပ်တန့်သွားပါတော့တယ်ဒါပေမဲ့ နောက်ဆုံးမှာတော့ သွေးထက်ပျစ်တဲ့သံယောဇဉ်ကြောင့်ပဲ ဆမ်းဂွမ်းတို့မိသားစုလေးက အခက်အခဲတွေကို အတူတကွရင်ဆိုင်ကျော်လွှားပြီး မိသားစုဘဝလေး ပြန်လည်နွေးထွေးလာခဲ့ပုံလေးတွေကို ကြည့်ရမှာဖြစ်ပါတယ်ဒီဇာတ်လမ်းလေးက မင်းသား Ha Jung Woo ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး ကိုယ်တိုင်သရုပ်ဆောင်ထားသလို မင်းသမီးအနေနဲ့ Ha Ji Won တို့ပါဝင်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.7GB | 876MB Format… mp4 Duration…. 2h 4min Subtitle…. Myanmar Subtitle ...
movie

Chronicle of a Blood Merchant (2015)

2015
The Suck Up Project (2012)
The Suck Up Project (2012) The Suck Up Project (2012)အိုဒုံရှစ်က အာမခံစီမံရေးကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူ့ကို ဌာနက အရောင်းပိုင်းကို လွှတ်လိုက်လို့ အလုပ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ သူလည်း အိမ်ပြန်အရောက် မွစာကြဲနေတဲ့ အိမ်နဲ့ သူ့အမေကို တွေ့လိုက်ရပါတယ်။ အကြောင်းအရင်းက သူ့အမေဟာ သူ့အဖေ လူရိုးလူမှန် ဒုကျောင်းအုပ်ကို သူ့အဖေမသိဘဲ လာဘ်ထိုးကာ ကျောင်းအုပ်ဖြစ်အောင် လုပ်ပေးဖို့အတွက် လူမိုက်တွေဆီက အကြွေးတွေ ယူခဲ့တာကြောင့် အကြွေးလာတောင်းရင်း လာသောင်းကျန်းသွားခဲ့ပါတယ်။ဒုံရှစ်ကတော့ သူ့အဖေလည်း မသိအောင် သူ့ဘာသာ အကြွေးပြန်ဆပ်မယ်ဆိုပြီး အာမခံအရောင်း အလုပ်ကိုပဲ ပြန်ဝင်လုပ်ခဲ့ပါတယ်။ပြဿနာက သူများကို မဖားတတ် အပြောမချို အနေအေးတဲ့ အိုဒုံရှစ်လိုလူက အာမခံရောင်းရတယ်ဆိုတော့ ဘယ်သူက သူ့လိုလူဆီ အာမခံဝယ်တော့မလဲ... သူ့မှာလည်း အကြွေးဆပ်ချိန်က တစ်လပဲ ရှိတာမလို့ အာမခံရောင်းတဲ့သူတွေရဲ့ လက်စွဲစာအုပ်ကို ရေးတဲ့ အဖားမာစတာကို ရှာဖွေရပါတော့တယ်။အဖားမာစတာကို ရှာတွေ့တဲ့အခါ သူ့ကို တပည့်အဖြစ် လက်ခံပေးအောင် ပြောပြီး လူတွေကို ဖားနည်းကို အခြေခံကနေစပြီးတော့ သင်ယူပါတော့တယ်။အဖားမာစတာဆီက ...
movie

The Suck Up Project (2012)

Children…(2011) 7.1
Children…(2011) Childern (2011)ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီး ရိုက်ကူးထားတဲ့ စုံထောက်ဇာတ်လမ်းလေးဖြစ်ပါတယ် ဆိုးလ် MBC ရုပ်သံဌာန ကထုတ်လုပ်သူဂန်ဟာ သူတာဝန်ယူရိုက်ကူးခဲ့တဲ့အစီအစဥ်တစ်ခုက ဥပဒေနဲ့မညီတာကြောင့် ဌာနကအကြီးအကဲတွေကသူ့ကို နယ်မြို့လေးတစ်မြို့ကရုပ်သံလွင့်ဌာနခွဲဆီပို့လိုက်ကြပါတယ် တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီမြို့ကရွာလေးတစ်ရွာမှာကလေး ၅ ယောက်ကထူးဆန်းစွာတစ်ပြိုင်ထဲပျောက်ဆုံးမှုဖြစ်ခဲ့ပြီး သူကလည်း သူ့နာမည်ပြန်ရဖို့အတွက် အဆိုပါအမှုကို တာဝန်ယူထားရတဲ့ စုံထောက်နဲ့ပူးပေါင်းပြီး ကလေးပျောက်မှုကိုစစ်ဆေးပါတော့တယ် သူတို့ရော ပျောက်သွားတဲ့ကလေးတွေကိုပြန်ရှာပြီးလူသတ်သမားကိုဖော်ထုတ်နိုင်ပါ့မလား က‌လေးတွေကရောအသက်ရှင်လျက်ပြန်လာနိုင်ပါ့မလား လူသတ်သမားကရောဘယ်သူဖြစ်မလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်လိုက်ကြရအောင်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p File size…3GB | 1.1GB Format… mp4 Duration…. 2h 12min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thae Thae Encoder ..... Aaron
movie

Children…(2011)

2011
Take Off (2009) 6.9
Take Off (2009)  ၁၉၉၈ ခုနှစ် ဂျပန်ပြည်မှာအိုလံပစ်ကျင်းပတာကိုနောက်ခံရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပါ။၁၉၉၈ ခုနှစ်မှာ ကိုးရီးယားနိုင်ငံက ပထမဆုံးအကြိမ် အိုလံပစ်အားကစားပြိုင်ပွဲမှာ နှင်းလျှောစီးဝင်ပြိုင်ခဲ့ပါတယ်။ အစိုးရကသေချာမထောက်ပံ့ပေးနိုင်ခဲ့ပေမဲ့ ကိုယ့်အစွမ်းအစနဲ့ အိုလံပစ်ဝင်ပြိုင်ခဲ့ကြတဲ့နှင်းလျှောစီးကစားသမားအဖွဲ့အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ချာဟွန်းထယ်ဟာ အသက်၇နှစ်မှာ အမေရိကကိုမွေးစားဖို့အပို့ခံခဲ့ရပါတယ်။နှစ် ၂၀ ကြာတဲ့အခါမှာ သူ့အမေရင်းကိုရှာနိုင်ဖို့ ကိုးရီးယားကိုပြန်လာခဲ့ပေမဲ့ဘယ်လိုကြိုးစားကြိုးစားသူ့အမေကိုရှာမတွေ့ပါဘူး။အခြားတစ်ဖက်မှာ နည်းပြဘန်ဟာ နှင်းလျှောစီးပြိုင်ပွဲဝင်မယ့်ကစားသမားတွေကိုလိုက်ရှာနေရင်းက အမေရိကမှာ နှင်းလျှောစီးကစားသမားဖြစ်ခဲ့ဖူးတဲ့ချာဟွန်းထယ်ကိုသူ့အသင်းသားဖြစ်လာဖို့ စည်းရုံးပါတော့တယ်။ အမေ့ကိုရှာဖို့စိတ်အားပြင်းပြနေတဲ့ ချာအွန်းထယ်ဟာ အိုလံပစ်ကိုသွားနိုင်ရင် အမေကတီဗီမှာသူ့ကိုတွေ့မှာပဲဆိုတဲ့ယုံကြည်ချက်နဲ့ အဖွဲ့ထဲဝင်လာခဲ့ပါတယ်။နည်းပြဘန်ရဲ့နှင်းလျှောစီးအဖွဲ့မှာ အဖွဲ့ဝင်ငါးယောက်ရှိပါတယ်။တစ်ယောက်ချင်းစီတိုင်းက အကျင့်စရိုက်တွေကွာခြားလှတာကြောင့်အမြဲတကျက်ကျက်ရန်ဖြစ်ကြပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ခိုင်မာလာတဲ့သူငယ်ချင်းဆက်ဆံရေးတွေ၊ တစ်ယောက်ချင်းစီရဲ့ချို့တဲ့လှတဲ့ဘဝဇာတ်ကြောင်းတွေ၊သူတို့အိမ်မက်အတွက်ကြိုးစားအားထုတ်ကြပုံတွေကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ဟာသနှောပြီးရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်။အိုလံပစ်မှာရွေတံဆိပ်ဆုယူနိုင်ဖို့အိမ်မက်မက်ပြီး ခက်ခဲလှတဲ့အခြေအနေတွေကြားထဲက သူတို့ပန်းတိုင်ကိုရောက်နိုင်ဖို့ကြိုးစားကြတာတွေကို ကြည့်ရှုရမှာဖြစ်တာကြောင့် စိတ်ဓါတ်ခွန်အားကိုပေးနိုင်တဲ့အပြင် ဘဝအမောတွေလည်းပြေပျောက်စေနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။  File size…2.92GB / 1.43GB Quality…1080p / 720p Format…mp4 Duration….2h 17m Genre ….. Comedy . Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai
movie

Take Off (2009)

Project Wolf Hunting (2022) 6.6
Project Wolf Hunting (2022) Project Wolf Hunting (2022)စကားများတာမကြိုက်ဘူး Action ဆိုဖိုက်မှကြိုက်တယ်ဆိုတဲ့သူတွေအတွက် ရူးသွားစေလောက်တဲ့ ရုပ်ရှင်တစ်ကားထွက်လာပြန်ပါပြီ Action ဆိုတာထက် survival လို့ပြောလို့လည်း ရပါသေးတယ်ဇာတ်လမ်းအကျဉ်းကတော့ ထောင်သားတွေကို ဖိလစ်ပိုင်ကနေ တောင်ကိုရီးယားကို ရွှေ့ပြောင်းတဲ့ သင်္ဘောပေါ်မှာ ထောင်ဖောက်မယ့် လူမိုက်တွေနဲ့ သူတို့မသိလိုက်ဘဲ သင်္ဘောပေါ်မှာပါလာတဲ့ မကောင်းဆိုးဝါးနဲ့ အကြိတ်အနယ်တွေ အသက်လုရမှာဖြစ်ပါတယ်နောက်ဆုံးအချိန်ထိ ပင်လယ်ရဲ့အလယ်ခေါင်မှာ ရပ်နေတဲ့ သင်္ဘောပေါ်ကလူတွေ လွတ်မြောက်နိုင်မလား အသက်ရှင်ကျန်တဲ့သူရှိမလားကိုတော့ ကြည့်လိုက်ကြပါဦးAction, Crime အမျိုးအစားဖြစ်ပြီးတော့ Seo In Guk, Jang Dong Yoon နဲ့ မူဒေါ့တဖြစ်လဲ Jung So Min တို့က အဓိကပါဝင်ထားပါတယ်သွေးထွက်သံယိုခန်းတွေအလွန်အကျွံသုံးထားသလို ဇာတ်ဝင်ခန်းတွေက အင်မတိအင်မတန်ကို ကြမ်းတမ်းပါတယ် တချို့အခန်းတွေမှာ မနှစ်မြို့စရာတွေပါတာကိုတော့ သတိပေးထားချင်ပါတယ်*** မွေးရာပါ နှလုံးရောဂါ ရှိသူများ၊ အသည်းငယ်တတ်သူများနှင့် ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါဘူး ***အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, ...
movie

Project Wolf Hunting (2022)

2022
The Pirates: The Last Royal Treasure (2022) 8.6
The Pirates: The Last Royal Treasure (2022) The Pirates: The Last Royal Treasure (2022) ဇာတ်လမ်းအညွှန်း****************************************************ကဲ...အားလုံးမျှော်နေကြတဲ့ ပင်လယ်ဓားပြကားလေးကို CM ကနေ အမြန်ဆုံး တင်ဆက်ပေးလိုက်ပါပြီနော်။cast တွေအနေနဲ့ Kang Ha Neul,Han Hyo Joo, Lee Kwang Soo, EXO's Sehun, Chae Soo Bin, Kwon Sang Woo ... စတဲ့ နာမည်ကြီးမင်းသား၊မင်းသမီးတွေ ပါဝင်ထားတာမို့ စောင့်ကြည့်ဖို့ထိုက်တန်တဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်မှာ အသေအချာပါပဲ။ဒီကားလေးက The Pirates:The Bandit Who Went To The Sea (2014) ရဲ့ အဆက်ဖြစ်ပေမယ့်လည်း plot ရော cast တွေရော မတူညီကြတာမို့ အရှေ့ကားမကြည့်ရသေးတဲ့သူတွေလည်း ဒီကားလေးကို တန်းကြည့်လို့ရပါတယ်နော်။ ဇာတ်လမ်းအကြောင်းအရာလေးကတော့ သဲလွန်စမရှိဘဲ ပျောက်ဆုံးသွားတဲ့ ဂိုလျောတော်ဝင်မိသားစုရဲ့ ရတနာတွေကို ...
movie

The Pirates: The Last Royal Treasure (2022)

2022
Miss GO (2012)
Miss GO (2012) Miss GO/Miss Conspirator (2012) ဇာတ်လမ်းအညွှန်း*****************************************ချောင်းဆူရိုဟာ အကြောက်လွန်ရောဂါသည်ဖြစ်ပြီး ဖုန်းတောင် တစိမ်းတွေနဲ့ စကားမပြောရဲတဲ့သူ တစ်ယောက်ပါ နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ညီမဖြစ်သူက ကူညီဖြေရှင်းပေးပေမဲ့ ပညာတော်သင်အနေနဲ့ ညီမဖြစ်သူက ဂျပန်ကို သွားဖို့ ဖြစ်လာခဲ့ပါတယ်ညီမဖြစ်သူကို ဘူတာရုံ လိုက်ပို့ပြီး ပြန်တဲ့လမ်းမှာ အကြောက်လွန်ရောဂါ ထဖောက်လာတဲ့ ချောင်းဆူရိုကို စစ်စတာတစ်ယောက်က တွေ့ပြီး ကူညီပေးခဲ့ပါတယ် သူ့ကို ကူညီပေးလို့ စစ်စတာရဲ့ အကူအညီတောင်းမှုကို လက်ခံပြီး ဟိုတယ်ကို ကိတ်နဲ့ ပန်းစည်းသွားပို့တဲ့ ချောင်းဆူရိုဟာ ဟိုတယ်ခန်းထဲမှာ ဓားတန်းလန်းနဲ့ လူတစ်ယောက် သေနေတာကို တွေ့ပြီး ထိတ်လန့်သွားခဲ့ပါတယ်ရိုးရိုးတန်းတန်း ကိတ်မုန့်လာပို့တဲ့သူ မဟုတ်ဘဲ မူးယစ်ဆေး သယ်ပို့တဲ့သူ ဖြစ်သွားရတဲ့ ချောင်းဆူရိုကို မူးယစ်ဂိုဏ်းတွေဆီက ဖြတ်စားနေတဲ့ အကျင့်ပျက်ရဲတစ်ဖွဲ့က ဖမ်းဆီးပြီး အသုံးချဖို့ ကြံစည်ပါတော့တယ်နေ့ချင်းညချင်း ရဲတွေနဲ့ မူးယစ်ဂိုဏ်း နှစ်ခုရဲ့ အလိုရှိစာရင်း အသွင်းခံလိုက်ရတဲ့ ချောင်းဆူရိုဟာ ...
movie

Miss GO (2012)