Channel Myanmar

Sumit Gulati

Talvar (2015) 8.1
Talvar (2015) Talvar 2015 တရားခံဘယ်သူလဲIMDb - 8.1/10Box Office အမြတ်ငွေ သုံးဆလောက်ရထားပြီး ဝေဖန်သူတွေရဲ့ ချီးကျူးမှုတွေပိုင်ဆိုင်ထားတဲ့အပြင် ဆုတွေလည်း အများကြီးရရှိထားတဲ့ မင်းသားကြီး Irrfan Khanရဲ့ crime thriller genre ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ Rashomo effectဆိုတဲ့ Crime genreတွေကြားမှာ မြင်နေကြပြဿနာလေးကို မီးမောင်းထိုးပြထားတာဖြစ်ပြီး 2008 ခုနှစ် နိုအင်ဒါနှစ်လောင်းပြိုင်လူသတ်မှုကို အခြေခံထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။အမှန်တော့ Rashomo effectဆိုတာ ကျနော်တိုနေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ပြဿနာထဲကတစ်ခုပါပဲ။ ၃ ဘက်ကြည့်တဲ့သူက ၃ လိုမြင်ပြီး ၄ ဘက်ကကြည့်တဲ့သူက ၄ လိုမြင်သလိုပဲ ဖြစ်ရပ်တစ်ခုအပေါ် မျက်မြင်သက်သေတွေရဲ့ရှုထောင့်အရ ထွက်‌ဆိုချက် အမျိုးမျိုးဖြစ်နေလို တရားသေယူမရဖြစ်နေတာမျိုးကိုခေါ်တာပါ။ ဆိုတော့ ဇာတ်လမ်းလေးအကြောင်း ဆက်လိုက်ကြပါဦးစို။ရှရူသီဆိုတဲ့ ၁၄ နှစ်အရွယ်ကောင်မလေးတစ်ယောက် အသတ်ခံရတယ်ဆိုတဲ့သတင်းက ဆမီးဗီဟာတစ်ဝိုက်မှာ အတော်လေး ပျံ့နှံသွားပါတယ်။ ‌ကောင်မလေးက ခပ်ငယ်ငယ် မိသားစုကောင်းကနေလာတဲ့ ကောင်မလေးဖြစ်ပြီး ...
movie

Talvar (2015)

Jewel Thief – The Heist Begins (2025) 4.2
Jewel Thief – The Heist Begins (2025) Jewel Thief - The Heist Begins (2025) "လက်ဝတ်ရတနာသူခိုးလေးရေဟန်"မင်းသား ဆေ့ဖ်အလီခန်း ခေါင်းဆောင်ပါဝင်ထားတဲ့ Netflix က အသစ်ထွက် ဟင်ဒီအက်ရှင် ရုပ်ရှင်လေးကို တင်ဆက်လိုက်ပါပြီလက်ဝတ်ရတနာ ပရော်ဖက်ရှင်နယ်သူခိုး ရေဟန်ဟာ နိုင်ငံခြားမှာ ကိုယ်ယောင်ဖျောက်နေတာ သုံးနှစ်ရှိပြီးမှ သူ့မိသားစု ထိပါးခံရတော့ အိန္ဒိယကို ပြန်ရဖို့ဖြစ်လာပါတယ်အကြောင်းကတော့ အာဖရိကမှ သယ်လာတဲ့ Red Sun အမည်ရ တန်ဖိုးကြီးစိန်ကို ခိုးယူဖို့ရာ ဂန်းစတားတစ်ယောက်ဖြစ်တဲ့ ရာဂျန်က ကျွမ်းကျင်လိမ္မာတဲ့ ရေဟန့်ကို အသုံးချချင်လို့ပါသူခိုးဖြစ်နေလို့ဆိုပြီး သူ့ကိုစွန့်လွှတ်ခဲ့တဲ့ မိသားစုကို ပြန်ကယ်ရတဲ့အခါ ဘယ်လိုဒရာမာတွေဖြစ်လာမှာလဲ Red Sun စိန်ကြီးကိုရော ဘယ်လိုစွန့်စားခန်းတွေနဲ့ ခိုးမှာလဲ ဆိုတာကတော့အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.2 GB / 1.1 GB Quality…WEB DL 1080p HEVC ...
movie

Jewel Thief – The Heist Begins (2025)

Roohi (2021) 4.3
Roohi (2021) Roohi ( 2021 ) ပြန်ပေးဆွဲလက်ထပ်ပွဲဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ Roohi အမည်ရ ဟင်ဒီစကားပြော Comedy-Horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ -စက်မှုမြို့တော်မူဂျီရာဘတ်ရဲ့ အစွန်အဖျားမှာရှိတဲ့ ဘာဂတ်ပါဆိုတဲ့ မြို့ငယ်လေးတစ်မြို့မှာ ထူးဆန်းတဲ့ ဓလေ့ထုံးစံတစ်ခုရှိပါတယ်။ အဲဒါကတော့ ပြန်ပေးဆွဲလက်ထပ်ပွဲပါ။ မိန်းကလေးတစ်ယောက်ကို ကြိုက်မိတာနဲ့ ကောင်လေးဘက်က လက်ထပ်ပွဲကို အတီးအမှုတ် အကအခုန်တွေနဲ့ ကြိုတင်ပြင်ဆင်ထားပြီးမှ မိန်းကလေးကို သွ ားပြီးဖမ်းခေါ်ရတဲ့ဓလေ့ပဲဖြစ်ပါတယ်။ကိုယ်တိုင်ဖမ်းခေါ်ဖို့မလွယ်တဲ့အတွက် ဒါကို အခကြေးငွေယူပြီး လုပ်ပေးတဲ့ကြေးစားအဖွဲ့တွေလည်း ရှိပါသေးတယ်။ တစ်ရက်မှာတော့ အဲဒီကြေးစားအဖွဲ့အတွက်အလုပ်လုပ်တဲ့ ဘာဝရာပန်ဒေးနဲ့ ကတ်တန်နီဆိုတဲ့ သတင်းထောက်ယောင်ယောင် ၊ ဗေဒင်ဆရာယောင်ယောင် သူငယ်ချင်းနှစ်ယောက်ဟာ ပြန်ပေးဆွဲလက်ထပ်ပွဲအတွက် မိန်းကလေးတစ်ယောက်ကို သွားရောက်ဖမ်းခေါ်ဖို့ အမိန့်ကျလာပါတော့တယ်။ အတွေ့အကြုံမရှိတဲ့ နှစ်ယောက်ဟာ မိန်းကလေးကို မနည်းဖမ်းဆီးခေါ်ဆောင်လာပြီးခါမှပဲ လက်ထပ်ပွဲဟာ တစ်ပတ်လောက် ရွှေ့ဆိုင်းဖို့အကြောင်းဖန်လာပါတယ်။အဲဒီနောက်တော့ သူတို့နှစ်ယောက်နဲ့ ကောင်မလေးဘယ်လိုစခန်းသွားမလဲ ၊ ဘာကြောင့် ဇာတ်ကားရဲ့ Genre က Horror ဖြစ်နေသလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုအဖြေရှာလိုက်ကြပါခင်ဗျ( ဘာသာပြန်နဲ့အညွှန်းကတော့ Bpl , Alex , V . Thura , Linn တို့ဖြစ်ပါတယ် ) File ...
movie

Roohi (2021)

Kade Dade Diyan Kade Pote Diyan (2024) 6
Kade Dade Diyan Kade Pote Diyan (2024) ဒီဇာတ်ကားကတော့ IMDbမှာ rating 6.1 အထိ ရရှိထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂိုဂဲနဲ့ ကာမာလ်ဟာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပြီးတော့ လက်ထပ်ချင်နေကြတဲ့ ချစ်သူတွေပဲဖြစ်ကြပါတယ်၊ ဒါပေမဲ့လည်း ကာမာလ်ရဲ့ အဘွားကတော့ သူတို့နှစ်ယောက်လက်ထပ်မှာကို သဘောမတူချင်ဘူးတဲ့။အဲဒီတော့ ဂိုဂဲက ကာမာလ်ရဲ့ အဘွားဖြစ်သူ သေသွားပါစေဆိုပြီးတော့ ဆုတောင်းလိုက်တာ အဘွားက တကယ်ပဲ သေသွားပါတော့တယ်။ သူ့ဆုတောင်း တကယ်ပြည့်သွားတဲ့အချိန်မှာ ဂိုဂဲက လန့်သွားတာပေါ့။ အဲဒီလိုနဲ့ သူလည်း သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် အဆင်ပြေပြီလို့ ထင်ခဲ့ပေမဲ့ အဘွားရဲ့ ဝိညာဥ်ကို ပြန်တွေ့လိုက်ရတော့ သူ့ကို မြင်နေရပါတယ်ဆိုတဲ့အကြောင်းကို တခြားသူတွေကို သက်သေပြဖို့ လုပ်ပါလေရော။ဒါပေမဲ့လည်း သူကလွဲပြီး တခြားဘယ်သူမှမမြင်ရတော့ ဒုက္ခရောက်နေတော့တာပေါ့။ အဲဒီလိုနဲ့ တစ်ရက်ကျတော့ ဂိုဂဲကို ဘုရားကျောင်းက ဘုန်းကြီးကနေ သူ့အဘိုးဝိညာဥ်ကို ခေါ်ပြီး အကူအညီတောင်းခိုင်းဖို့ အကြံပေးတော့ အကြံအတိုင်း လုပ်ဖြစ်လိုက်ရော။ ဒါပေမဲ့ ဖြစ်ချင်တော့ အဘိုးရဲ့ ဝိညာဥ်ကို မြင်ရတာက ကာမာလ်တစ်ယောက်ပဲ ဖြစ်နေတယ်တဲ့။ ဒီလိုအရှုပ်တွေ၊ အမှားတွေကြားကနေ ...
movie

Kade Dade Diyan Kade Pote Diyan (2024)

2024
Apurva (2023) 7.7
Apurva (2023) Apurva 2023 (အမြန်လမ်းမှ ကြမ္မာဆိုး)ဘောလီးဝုဒ်ဇာတ်ကားတွေထဲမှာ အရမ်းကိုမှရှားပါးတဲ့ Thriller ဇာတ်လမ်းကောင်းလေးတစ်ခုကို Disney plus က Streaming လုပ်လုပ်ချင်းမှာပဲ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဒီထဲက မင်းသမီးက heopanti 2 Student of the tear 2 Marjaavaav ဇာတ်ကားတို့နဲ့လူသိများမှာဖြစ်တဲ့ ညှို့အားပြင်း လုံးကြီးပေါက်လှ မင်းသမီးလေး Tara Sutaria (တာရာ) ပဲ ဖြစ်ပါတယ်မင်းသမီးလေးက လှသလောက် ဇာတ်ကတော့ ပိုးစိုးပက်စက်နာပါတယ် I spit on your grave လိုမျိုးလူဆိုးဓားပြတွေကြား ရောက်သွားလို့ အနှိပ်စက်ခံ အနိုင်ကျင့်ခံရတာကို လက်လွတ်ထွက်ပြေးပြီး လက်စားပြန်ချေရမယ့် ဇာတ်လမ်းလေးပါအဓိကဇာတ်ဆောင် အပရူဗာအဖြစ် မင်းသမီးချောလေးတာရာက အထူးသရုပ်ဆောင်ပေးထားပြီး သူ့ရဲ့စေ့စပ်ထားတဲ့ သတို့သားလောင်း ဆစ်ဒါ့သ်ရှိရာသို့အသွားမှာ အဝေးပြေးလမ်းမှာ သူခိုးဂျပိုးတွေ ဓားပြတိုက်ဖမ်းခေါ်တာခံလိုက်ရကာ ဘယ်လိုလွတ်အောင် ကြိုးစားမလဲဆိုတာ survival အရသာအပြည့်အဝခံစားရမဲ့ thriller ကားကောင်းလေးလို့ ချက်ချင်းပြေးကြည့်ကြပါလို့ လက်တို့ပေးပါရစေ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie

Apurva (2023)

2023
Aligarh(2015) 7.8
Aligarh(2015) Aligarh (2015)IMDb-7.8/10အိန္ဒိယနိုင်ငံ Aligarh University မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုရိုက်ကူးထားတာ ဖြစ်ပါတယ် အဓိကဇာတ်ဆောင်မင်းသားကြီး Manoj Bijpayeeဟာလည်း ဒီထဲက စီရပ်ဇာတ်ကောင်နဲ့ Best Actor ဆု 3 ဆုဆွတ်ခူးရရှိခဲ့ပြီး nomination 2 ဆု၀င်ခဲ့ပါတယ် ဒီဆုတွေရခဲ့လောက်အောင်လည်း ဒီထဲကသူ့ရဲ့ ဇာတ်ရုပ်ကိုပီပြင်ဟာသရုပ်ဆောင်မှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀ ကျော်က ပုဂ္ဂိုလ်တစ်ဦးကို မျက်မြင်တွေ့ကြုံရသလိုပါပဲ ဒီပူးဇာတ်ကောင်နဲ့ Rajkumar Rao က Best Supporting actor nomination ငါးဆုထိ၀င်ခဲ့ပါတယ်"ငါ့ရဲ့ခံစားချက်တွေကို ဒီ (g a y) စကားလုံးလေးသုံးလုံးနဲ့ ဘယ်လိုဖော်ပြလို့ရမှာလဲ"ပရော်ဖက်ဆာစီရပ်ဟာ အူရဒူဘာသာစကားပြောတဲ့မြို့မှာ မာရသီဘာသာစကားသင်ပေးတဲ့ ပရော်ဖက်ဆာတစ်ယောက်ပါ အိမ်ထောင်သည်ဆရာတွေကြားမှာလည်း သူတစ်ယောက်တည်းလူပျိုလူလွတ်တစ်ယောက်ဖြစ်နေခဲ့တယ် ဒါတွေတင်မက သူ့ရဲ့ချစ်စိတ်တိမ်းညွှတ်မှုဟာလည်း အများသတ်မှတ်ထားတဲ့စံညွှန်းတွေနဲ့မတူ တစ်မူထူးခြားနေလေတော့... သူ့ရဲ့ထူးခြားထူးချွန်မှုတွေကို အမြင်မကြည်တဲ့တက္ကသိုလ်အကြီးအကဲတွေရဲ့ ချောက်ချခံရပါတော့တယ် သူ့ရဲ့လိင်တိမ်းညွှတ်မှုမတူကွဲပြားမှုကိုသာ ထောက်ပြပြစ်တင်တဲ့ တက္ကသိုလ်အသိုင်းအဝိုင်းနဲ့ စီရပ်ရဲ့ လူအခွင့်အရေးချိုးဖောက်ခံရပြီး အိမ်ထဲထိကိုယ်ထိလက်ရောက်ကျူးလွန်ခံရမှုတွေအတွက် ရပ်တည်ပေးသူတို့ တရားရုံးမှာထိပ်တိုက်တွေ့ရင်ဆိုင်ကြပါတော့တယ်ဒီဇာတ်လမ်းမှာလူ့အဖွဲ့အစည်းရဲ့ လိုရာဆွဲတွေးတစ်ဖက်စောင်းနင်းပြုမူသူတွေနဲ့ မတူကွဲပြားမှုအရှိတရားကိုလက်ခံကျင့်သုံးသူတို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာဖြစ်ပါတယ် File size…2.3GB / 879MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 54m Subtitle….Myanmar ...
movie

Aligarh(2015)

2015
Thank God (2022) 6.1
Thank God (2022) Thank God (2022)ကဲ ဂိမ်းကစားရတာကြိုက်တဲ့ပရိတ်သတ်ကြီးတွေအတွက် "Game Of Life" ဆိုတဲ့ ဘဝရဲ့သေရေးရှင်ရေးအားသွန်ခွန်စိုက်ကစားရမယ့် ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ။ ရုံတင်ငွေအနေနဲ့လည်း ကုဋေ ၄၈.၉၂ ပြန်ရခဲ့ပြီး လူတိုင်းအသည်းစွဲမင်းသားကြီးအဂျေးအပြင် အချစ်တော် မင်းသားဆစ်ဒါးလ်လဲ ပါဝင်သရုပ်ဆောင်ထားတာကြောင့် ဇာတ်ကားကတော့ အပျံ့စားဖြစ်နေမှာပါ။ဂိမ်းတစ်ခုကို‌ပေါ့ပေါ့ပါးပါးပဲဆော့ကြပေမယ့် အဲဒီဂိမ်းရဲ့အနိုင်အရှုံးက မိမိအသက်ပေါ်မူတည်နေမယ်ဆိုရင်တော့ တစ်ချက်မမှားရဲဘဲ အားသွန်ခွန်စိုက်ဆော့ရတော့မှာမဟုတ်ပါလား? ဒီကားထဲမှာဆိုရင် အာရန်ကပူးက အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းရှင်ပါ ပိုက်ဆံဆိုတာ သူ့အတွက်တန်ဖိုးမရှိတော့တဲ့အထိ ပိုက်ဆံတွေအများကြီးရှာဖို့ကတော့သူ့အိပ်မက်ပေါ့။ဒါပေမယ့်ငွေကြေးအပြောင်းအလဲမှာ လက်ထဲပိုင်ဆိုင်သမျှငွေတွေက သူ့အိပ်မက်အတိုင်း တန်ဖိုးမရှိတော့ဘဲ ကုမ္ပဏီဒေဝါလီခံရတဲ့အပြင်ကို အိမ်ပါရောင်းဖို့ထိဖြစ်လာခဲ့ပါတယ်။ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလိုပဲ တစ်နေ့ထင်မှတ်မထားတဲ့ အက်ဆီးဒင့်နဲ့ကြုံရပြီး အသက်ပြန်ရှင်အောင် ပြုခဲ့သမျှကောင်းမှုတွေကသာသူ့ကိုကယ်နိုင်မယ့် ဂိမ်းကစားပွဲထဲပါသွားတဲ့အခါမှာတော့...ကပူးတစ်ယောက်ဘယ်လိုတွေရုန်းကန်ရမလဲ? သူ့ရဲ့ကောင်းမှုနဲ့မကောင်းမှုမှာ ဘယ်တစ်ဖက်ကအနိုင်ရသွားမလဲဆိုတာတော့ ခုပဲ Channel Myanmar မှာဆက်လက်ကြည့်ရှုလိုက်ပါရှင်။ File size…1.86GB  / 943MB Quality…1080p HQ HD RIP  /720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Hay Man ~ Yunni
movie

Thank God (2022)

2022
Janhit Mein Jaari (2022) 7.4
Janhit Mein Jaari (2022) Janhit Mein Jaari (2022)————————————————————တကယ်လို့ကိုယ်က မိန်းကလေးတစ်ယောက်ဖြစ်နေပြီး ဆွေမျိုးမိဘကရော ပတ်ဝန်းကျင်အသိုင်းဝိုင်းကရော ရှေးရိုးစွဲဖြစ်နေတဲ့ နေရာမျိုးမှာ ကွန်ဒုံးရောင်းရမယ်ဆိုရင် ....ကိုယ်ရည်မှန်းထားတဲ့အလုပ်နဲ့ ကိုယ်လုပ်နေရတဲ့အလုပ် မကိုက်လို့စိတ်ညစ်နေလား ဒါမှမဟုတ် ကိုယ်လုပ်နေရတဲ့ အလုပ်အပေါ် မကျေမနပ်ဖြစ်နေပါသလား ဒီရုပ်ရှင်လေးကိုစီးမျောခံစားရင်း သင်ခန်းစာနဲ့ ခွန်အားရယူဖို့တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ===============မာစတာဘွဲ့ပါရထားပေမယ့် ထူထပ်လွန်းတဲ့ လူဦးရေနဲ့အိန္ဒိယမှာ အလုပ်ရဖို့ခက်နေတဲ့ မိန်းကလေးတစ်ယောက်.. အများလိုအချိန်တန်အရွယ်ရောက်အိမ်ထောင်ပြုပြီး လင်ယောက်ျားပေါ်မှီခိုရမယ့်ဘဝမှာမနေချင်တဲ့အမှီအခိုကင်းသူဖြစ်ချင်တဲ့ မိန်းကလေးတစ်ယောက်..ကွန်ဒုံးကုမ္ပဏီမှာ အလုပ်ရဖို့ဖြစ်လာပြီး ကွန်ဒုံးရောင်းရဖို့ မားကတ်တင်းဆင်းရတဲ့အခါ…ရှေးရိုးစွဲအယူဝါဒတွေမပျောက်ပျက်သေးတဲ့နယ်မြေမှာ ကွန်ဒုံးရောင်းဖို့ ဘယ်လိုအခက်အခဲတွေတွေ့ရမလဲအချစ်နဲ့ဆုံတွေ့တဲ့အချိန်မှာလည်း ဘယ်သူမှမလုပ်တဲ့အလုပ်ကို လုပ်နေသူတစ်ယောက်မို့ ဘယ်လိုပြဿနာရင်ဆိုင်လာရမလဲ။ ကိုယ့်ရဲ့ရည်မှန်းချက်အတွက် မိသားစုဖိအား အသိုင်းအဝိုင်းဖိအားတွေကို ဘယ်လိုကျော်ဖြတ်မယ်ဆိုတာကို ဇာတ်လမ်းအစကတည်းက ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ စိတ်ဝင်စားအောင်ဆွဲခေါ်သွားနိုင်မယ့် comedy-drama film လေးဖြစ်လို့ ဘောလိဝုဒ်ပရိသတ်များ လိုက်ပါစီးမျောခံစားကြည့်ဖို့အကြုံပြုပေးလိုက်ပါတယ်။ File size…2.07GB / 1.04GB Quality…1080p WEB DL AAC2.0Ch / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lai Laii ~ Lwin Htoo Aung ~  Go-O ...
movie

Janhit Mein Jaari (2022)

Tadap (2021) 6.0
Tadap (2021) Tadap (2021) --------------------- ဒီကားလေးကတော့ RX100 (2018) တုန်းကဇာတ်ကားကိုအခြေခံပြီးရိုက်ကူးထားတဲ့ အချစ်ဇာတ်ကားချိုချိုလေးပဲဖြစ်ပါတယ်မဆူရီမြို့မှာ လူတိုင်းက ဒယ်ဒီလို့ခေါ်ကြတဲ့ လူတစ်ယောက် အီရှာနာကိုငယ်ငယ်လေးကတည်းက မွေးစားခဲ့ပါတယ်။ ဒယ်ဒီဟာ ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ ဒမိုဒါ နောတ့်တီရယ်နဲ့အလွန်တရာမှ ရင်းနှီးကြတဲ့မိတ်ဆွေတွေပါ။အီရှာနာ တစ်ယောက်ကတော့ အဖေဖြစ်သူဒယ်ဒီနဲ့ နောတ့်တီရယ်ကို အဖက်ဖက်မှကူညီအားဖြည့်ပေးနေသူပေါ့။ တစ်နေ့မှာ လန်ဒန်မှ ပညာတော်သင်ပြန်လာတဲ့ဒမိုဒါ ရဲ့ သမီးဖြစ်သူ ရမီဆာ က အီရှာနာကို သဘောကျပြီး ဖွင့်ပြောခဲ့ရာမှကြည်နူးစရာအချစ်ဇာတ်လမ်းလေးတစ်ပုဒ်စတင်လာပါတယ်။ အချစ်စစ်မှန်ရင်လမ်းကြမ်းစမြဲပါပဲ။ သူတို့ကြား ဘယ်လိုအတားအဆီးတွေ ဝင်ရောက်လာမှာလဲ။ဒမိုဒါရဲ့ပြိုင်ဘက်ပါတီဝင်ကရော ဘယ်လိုကောက်ကျစ်ယုတ်မာမလဲ။မင်းသမီး မင်းသားချောချောလေးနဲ့အတူ စောင်ကိုက်ပြီး ကြည့်ရှုရမဲ့အချစ်ခန်းချိုချိုအီအီလေးတွေပါတာကြောင့် မသေခင်ကြည့်ရှုသွားသင့်တဲ့ရိုမန့်တစ်ဇာတ်ကားကောင်းလေးလို့ညွှန်းလိုက်ပါရစေ............  File size…2.3Gb / 1.2Gb / 400MB  Quality…1080p AAC 2.0CH / 720p / 360p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pwint & Haruko &  Yunni 
movie

Tadap (2021)

Door Ke Darshan(2020) 6.5
Door Ke Darshan(2020) Door Ke Darshan(2020)IMDb...6.5ကား မတော်တဆမှုတစ်ခုကြောင့် ဒရ်ရှန်ဆိုတဲ့ အဖွားကြီးတစ်ယောက် ကိုမာဝင်ပြီး သတိလစ်နေခဲ့ပါတယ်။ ဆူနီးလ်ဘတေဂျာဟာ မိန်းမနဲ့ ကွာခါနီးအခြေအနေဖြစ်နေပြီး သူက သူ့ရဲ့သူငယ်ချင်းကို အကူအညီတောင်းတယ်....အမေနေကောင်းတဲ့အခါ အိမ်ပေါ်က ဆင်းပေးပါ့မယ်ဆိုပြီး   အိမ်မှာကပ်နေပါတယ်...ကပ်နေတဲ့ကာလကလည်းသိပ်မများရှာပါဘူး ...နှစ်(၃၀)ပဲရှိပါသေးတယ်....သားသမီးတွေတောင်အရွယ်ရောက်ကုန်ပြီ...အိမ်ရှင်ဖြစ်တဲ့သူငယ်ချင်းကလည်း သူ့ကတိအတိုင်း အမေနေကောင်းပြန်သတိရမှ ဆင်းဖို့သဘောတူထားလေတော့နှင်ချဖို့လည်းတိုင်ပတ်နေတယ်...ဒီလိုနဲ့ နှစ်(၃၀)ပြည့်ပြီးလို့ တစ်ရက်မှာ အမယ်အိုကြီးသတိရလာတဲ့အခါမှာတော့...ဒီ ကားက တော်တော်ရယ်ရပါတယ်....အခွီတွေကြီးပြောထားသလိုကလိုထိုးအတင်းရယ်ခိုင်းတာမျိုးတွေမဟုတ်ဘဲ တစ်စိမ့်စိမ့်ရယ်ရတာမျိုးတွေပါ....ဇာတ်လမ်းလေးလည်းအတော်မိုက်ရှာတာမို့ ခံစားကြည့်ကြပါဉီး.... ဘာသာပြန်ပေးထားတာကတော့ Thaik San ပဲ ဖြစ်ပါတယ်။File Size :(908 MB) and (326 MB) Quality : WEB-DL720p Format…mp4 Duration…01:59:00 Genre : Comedy  , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

Door Ke Darshan(2020)