Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Stuart Holmes
8.1
The Man Who Shot Liberty Valance (1982)
ဒီရုပ်ရှင်ဟာဆိုရင် ဒါရိုက်တာ ဂျွန်ဖို့ဒ် ရိုက်ကူးခဲ့တဲ့ အနောက်တိုင်းဂန္တဝင်ရုပ်ရှင်ကား တစ်ကားပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာဆိုရင် ဥပဒေသမားလေး ရန်ဆမ် စတောဒတ် နဲ့ ဥပဒေဆို မထီမဲ့မြင်ပြုပြီး ကမ်းကုန်အောင် မိုက်ရိုင်းတဲ့ လစ်ဘာတီ ဗဲလန့်စ် ကြားထဲက ဇာတ်လမ်းအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အထက်လွှတ်တော်အမတ် ဖြစ်တဲ့ ရန်ဆမ် စတောဒတ် ဟာ သူ့နယ်မြို့လေးကို ချစ်ဇနီး ဟယ်လီ နဲ့အတူ ပြန်ရောက်လာပါတယ်။ လာရင်းကတော့ ရန်ဆမ်ရဲ့ သူငယ်ချင်း ဇာပနအတွက်ပါ။ အဲဒီမှာ သတင်းထောက်သမားတွေက အထက်လွှတ်တော်အမတ်တစ်ယောက်က နယ်မြေလေးကို ဒုန်းဆိုင်းပြန်လာရတဲ့အကြောင်းရင်းကို သိချင်ဇောနဲ့ အင်တာဗျူးဖို့ ကြိုးစားကြပါတော့တယ်။ ဒီတော့ ရန်ဆမ့် အနေနဲ့ အတိတ်က ဇာတ်လမ်းဟောင်းလေးဖြစ်တဲ့ "လစ်ဘာတီ ဗဲလန့်စ် ကို ပစ်ခဲ့သူ" အကြောင်း ပြန်ပြောပြဖို့ရာ အကြောင်းဖန်လာပါတော့တယ်...ဒီရုပ်ရှင်ဟာဆိုရင် ရန်ဆမ် စတောဒတ် နဲ့ သူ့သူငယ်ချင်း၊ နောက်ပြီး ဟယ်လီတို့ ...
movie
The Man Who Shot Liberty Valance (1982)
8.3
North by Northwest (1959)
ဒီတစ်ခါမှာတော့ ၁၉၅၉ ခုနှစ်က စပိုင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Thriller/Mystery အမျိုးအစားဖြစ်ပြီး IMDB 8.3/10, Rt 97% ရရှိထားပြီး မင်းသားကြီး Cary Grant နဲ့ မင်းသမီးကြီး Eva Marie Saint တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ရော်ဂျာက နယူးယောက်က ကြော်ငြာအမှုဆောင်တစ်ယောက်ဖြစ်ပြီး အလုပ်ကိုတန်ိဖုးထားကာ ဘဝကို ကြိုးကြိုစားစား ဖြတ်သန်းနေသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ မမျှော်လင့်ဘဲ သူ့ကို ကတ်ပ်လန်ဆိုတဲ့လူလို့ အခိုင်အမာ စွပ်စွဲပြီး ပြန်ပေးဆွဲခံလိုက်ရပါတယ်။ သူက သူ့ကို ပြန်ပေးဆွဲထားသူတွေကို သူက ရော်ဂျာဖြစ်ကြောင်း၊ ကတ်ပ်လန်မဟုတ်ကြောင်း ဘယ်လောက်ပဲ ရှင်းပြပြောဆိုပေမဲ့ တစ်ဖက်ကလူတွေက လက်မခံဘဲ သူ့အသက်ကို ရန်မူဖို့ ကြိုးစားခဲ့ရာမှာတော့..သူက တကယ်ပဲ သူတို့ပြောသလို ကတ်ပ်လန်ဆိုတဲ့လူလား၊ အသတ်ခံရမှာစိုးလို့ ဟန်ဆောင်နေတာလား၊ တကယ်လို့ သူက ကတ်ပ်လန်မဟုတ်ဘူးဆိုရင်ရော သူတို့က ဘာလို့ ...
movie
North by Northwest (1959)
7.6
Gilda (1946)
Gilda (1946)~ IMDb - 7.6/10, Rotten Tomatoes - 90% ~အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ The Shawshank Redemption ဆိုတဲ့ ထောင်ဖောက်ဇာတ်ကားကို လူကြီးမင်းတို့ အပြန်ပြန်အလှန်လှန် ကြည့်ဖူးကြမယ်ဆိုရင်ပေါ့ဗျာ။ အဲဒီဇာတ်ကားထဲမှာ မိန်းမပျိုလေးတစ်ယောက်က အန်ဒီဆိုတဲ့ ဘူမိဗေဒသမားလေးကို ထောင်ဖောက်ဖို့ ကူညီပေးခဲ့တာ အမှတ်ရမိကြမှာပါ။အန်ဒီရဲ့ အခန်းနံရံက သူတူးထားတဲ့ လိုဏ်ခေါင်းပေါက်ကို အပြုံးလေးနဲ့ ကွယ်ပေးထားတဲ့ မင်းသမီးပိုစတာလေးကို ပြောတာပါလေ။ အဲဒီမင်းသမီးလေးက Rita Hayworth တဲ့။ထောင်မင်းသားတွေကို ရုပ်ရှင်ပြကြတော့ Gilda ဆိုတဲ့ဇာတ်ကားကို အထပ်ထပ် အခါခါ ပြခဲ့ကြတာပေါ့။ မင်းသမီးလေး Rita Hayworth က Gilda ဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ ဆံနွယ်လေးတွေကို ဝဲခနဲ ခါလိုက်တဲ့အခါမှာ ထောင်မင်းသား ပရိသတ် ဝေါခနဲ ဖြစ်သွားရတာပေါ့။Red ကတော့ တဖွဖွပြောလေရဲ့။ သူ့ရဲ့ဆံနွယ်လေးတွေ ...
movie
Gilda (1946)
1946