Channel Myanmar

Steven Thomas Capp

The Lady of the Lake (2024) 5.0
The Lady of the Lake (2024)   ဒီဇာတ်ကားကတော့ ဒါရိုက်တာ Maria Capp ရိုက်ကူးထားပြီးမင်းသမီး Nia Sioux နဲ့ မင်းသားကြီး Seth Gilliam တို့ကပါဝင်သရုပ်ဆောင်ထားတဲ့ သဲထိပ်ရင်ဖို ကျိန်စာတွေပါဝင်တဲ့ကားလေးပါ။ဂျေမီရှောဇ်ကတော့ အထက်တန်းကျောင်းက ဘွဲ့ရတော့မယ့်ကျောင်းသူတစ်ယောက်ဖြစ်ပြီး သူ့မိသားစုနဲ့အတူ ရွန်ကွန်ကိုမာရေကန်ကြီးဘေးမှာ နေထိုင်တာပါ။သူတို့ကမ်းရိုးတန်းက ဒေသခံမျိုးနွယ်စုတွေကြားမှာ ကျိန်စာလိုမျိုးဒဏ္ဍာရီတစ်ပုဒ်ရှိပါတယ်။ ရွန်ကွန်ကိုမာလို့ခေါ်တဲ့ အမျိုးသမီးလေးကသူ့ချစ်သူကို ဆုံးရှုံးလိုက်ရလို့ ရေကန်ထဲမှာ သတ်သေခဲ့ပါတယ်...သူက ဆုံးရှုံးသွားရတဲ့ ချစ်သူကိုပြန်ရှာဖွေဖို့ ရေကန်ထဲမှာ စောင့်နေရင်းတစ်နှစ်ကို ယောကျ်ားလေးတစ်ယောက် ရေနှစ်သတ်တတ်ပါတယ်တဲ့။ဒေသခံအများစုကတော့ ဒါကကျိန်စာမဟုတ်ဘဲ သာမာန်ပုံပြင်လို့ပဲသတ်မှတ်ထားကြတာပါ။ဂျေမီဘွဲ့မရခင် တစ်နှစ်အလိုမှာပဲ ဂျေမီ့ရဲ့အကို ရေကူးချန်ပီယံ အဲရစ်ကရေကန်ထဲမှာရေကူးရင်းနဲ့ ရေနစ်သေဆုံးခဲ့ပါတယ်။ ဂျေမီကသူ့အကိုရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ သူဘွဲ့ရပြီးတဲ့နောက် မွေးနေ့ကိုရေကန်ဘေးမှာ ပါတီလုပ်ချင်ခဲ့ပါတယ်။ သားဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးရေကန်ရဲ့ကျိန်စာကို ကြောက်နေတဲ့ မိသားစုကလည်း ဂျေမီ့ကိုရေကန်ဘေးမသွားဖို့ သတိပေးထားပါတယ်။ ဒါပေမယ့် ကျိန်စာကိုမယုံကြည်တဲ့ ဂျေမီတို့ သူငယ်ချင်းတစ်စုက ရေကန်ဘေးမှာ မွေးနေ့ပါတီလုပ်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါ....သူတို့ဘာတွေဆက်ဖြစ်ကြမှာလဲ....ဒီတစ်ခေါက်မှာရော ပစ်မှတ်ကဘယ်သူဖြစ်သွားမလဲ...ရေကန်ကရော တကယ်ပဲဒဏ္ဍာရီထဲကလို ကျိန်စာရှိနေတာလား...ဒါတွေကို ...
movie

The Lady of the Lake (2024)

Reach (2018) N/A
Reach (2018) ကျွန်တော်တို့အားလုံးမဟုတ်ရင်တောင်၂၀%လောက်က လူ့ပတ်ဝန်းကျင်မှာအဆင်မပြေကြပါဘူး လွယ်လွယ်နဲ့ရထားတဲ့ဘ၀ဖြစ်ပြီးလွယ်လွယ်နဲ့အဆုံးသတ်လိုက်ဖို့တွေးမိနေကြပါတယ် သောကြာနေ့ညတွေဟာ24/7ပါပဲ အထီးကျန်လွန်းလှပါတယ် တကယ်ရှင်သန်ရတယ်ဆိုတာဘယ်လိုလဲမသိပါဘူး အဲ့လိုပါပဲ စတိဗင်လည်းမသိခဲ့ပါဘူး ငယ်ငယ်လေးထဲကအမေဖြစ်သူက သူရှေ့မှာသတ်သေသွားခဲ့လို့ရှေ့ဆောင်လမ်းပြလည်းကောင်းခဲ့တယ်လို့ပြောရမယ် စတိဗင်လည်းသူရဲ့ဆယ်တန်းနှစ်မှာသတ်သေဖို့လုပ်နေပါပြီ ၁၈နှစ်ပြည့်မွေးနေ့မှာသေဖို့ဆိုပြီးဆေးတောင်ဆောင်ထားပါတယ် အဖေဖြစ်သူရဲ့အုပ်ထိန်းမှုဟာ ဘယ်လောက်ကောင်းကောင်းအမေကိုတော့မမှီတာဟာမဆန်းပါဘူး စတိဗင်ရဲ့အဖေမှာလည်းအဲ့လိုလိုအပ်ချက်တွေရှိနေတဲ့အပြင် ရဲဝန်ထမ်းဖြစ်နေတော့အခြေအနေတွေကကောင်းလှတယ်လို့မရှိပါဘူး ဒါပေမယ့်စတိဗင်မှာသူငယ်ချင်းရလာပါတယ် အသစ်ပြောင်းလာတဲ့ ကလဲရန့်စ်ဟာဂျစ်ပစီတွေကမွေးလာတာဖြစ်ပြီး နေရာအစုံကနေရလာတဲ့သူ့ပုံပြင်တွေနဲ့အမူအကျင့်တွေကစတိဗင်အတွက်တော့ လူပတ်ဝန်းကျင်ထဲပြန်ဝင်ခွင့်ရဖို့မျှော်လင့်ချက်ပြတင်းပေါက်တွေဖြစ်ခဲ့ပြီး ရှင်သန်ရတဲ့အရသာကိုသူရှာတွေ့ခဲ့ပါတယ် အရာအားလုံးပြောင်းလဲသွားပြီလို့ သူထင်နေတဲ့အချိန်မှာကလဲရန့်စ်ရဲ့လျှိုဝှက်ချက်နဲ့ သူနဲ့သိတယ်လို့ခံစားရတဲ့သူ့အဖေနဲ့ကလဲရန့်စ်ဆီကနေ သူ့၁၈နှစ်ပြည့်မွေးနေ့ကိုအမေ့ခံလိုက်ရတဲ့အခါမှာတော့... ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်းစတိဗင်နဲ့ကလဲရန့်စ်လိုလူတွေရှိနေပါတယ်စတိဗင်လိုလူတွေအတွက်ကလဲရန့်စ်ဖြစ်ပေးလိုက်ပါသတ်သေဖို့ဆိုတာဆုံးရှုံးစရာတွေများလွန်းပါတယ်ကလဲရန့်စ်ကိုစောင့်ရင်းနေကြပါ<3
movie

Reach (2018)

2016