Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Steven Gilborn
5.4
Dunston Checks In
Dunston Checks In (1996) IMDB : 5.4 Rotten Tomatoes: 17%Genre :Family/Comedy Dunston Checks In (1996)ကတော့ ဘဝအမောကိုခဏလောက်ပြေပျောက်သွားစေမယ့်ဟာသဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ ဟာသဇာတ်မြူးလေးမလို့မိသားစုနှင့်ဖြစ်စေ တစ်ဦးတည်းဖြစ်စေ ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ဇာတ်ညွှန်းရော်ဘတ်ဆိုတာကတော့ Majestic ကြယ်ငါးပွင့်ဟိုတယ်ကြီးရဲ့မန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ သားနှစ်ယောက်ရှိပြီးအဆိုပါဟိုတယ်ထဲမှာပဲ အတူတူနေထိုင်ကြတာဖြစ်ပါတယ်။သားနှစ်ယောက်ကလည်း အတော်မွှေတယ်ဆိုပါတော့။La Monde ခရီးသွားအဖွဲ့အစည်းကနေပြီး ကိုယ်စားလှယ်တစ်ယောက်လျှို့ဝှက်စေလွှတ်ကာ ကြယ်ငါးပွင့်ဟိုတယ်တိုင်းကို ကြယ် ၆ ပွင့်တိုးပေးမယ်ဆိုပြီး ဟိုတယ်ပိုင်ရှင်က မန်နေဂျာ ရော်ဘတ်ကိုပြောခဲ့ပါတယ်။ဖြစ်ချင်တော့တစ်ရက်မှာ မျောက်တစ်ကောင်နဲ့လူတစ်ယောက်ရောက်လာခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့ မျောက်ကိုခိုင်းပြီးလက်ဝတ်လက်စားတွေခိုးယူဖို့ဖြစ်ပါတယ်။သူဟာမျောက်ကိုလူမသိအောင်ခိုးသယ်လာခဲ့ပေမယ့်သတိထားမိသူတစ်ယောက်ရှိနေခဲ့ပါတယ်။အဲဒါကတော့ ရော်ဘတ်ရဲ့ သားအငယ်ကောင်ဖြစ်ပါတယ်။ ဒီလိုနဲ့ La Monde က ကိုယ်စားလှယ်ရောက်လာချိန်မှာမျောက်ကလည်း ဟိုတယ်ထဲပတ်မွှေနေပါပြီ။ဘယ်လိုအလွဲတွေဖြစ်မလည်းဆိုတာကိုတော့ဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ။ File size… 3.7 GB / 1.3 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre ..... Family / Comdey Subtitle…. Myanmar ...
movie
Dunston Checks In
6.1
Evolution (2001)
Evolution (2001)IMDb Rating (6.1) / Rotten Tomatoes (44%) ဇာတ်လမ်းအကျဉ်းဟောလီးဝုဒ် ဂြိုလ်သားတို့ ထုံးစံအတိုင်း အမေရိကန်ပြည်ထောင်စုကိုပဲ ဆင်းကြပါတယ်။တစ်ညမှာ ဥက္ကာခဲတစ်ခု အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်ပေါ်ကို ကျပြီး မြေအောက်လိုဏ်ဂူထဲ ပြုတ်ကျသွားပါတယ်။ကောလိပ်ကျောင်းဆရာ၂ယောက်ဖြစ်တဲ့ အိုင်ရာကိန်းနဲ့ ဟယ်ရီဘလော့ခ်တို့ သွားရောက်လေ့လာရာမှ အလွန်အပွားမြန်ပြီး ဆင့်ကဲပြောင်းလဲမှုမှာလည်း လျင်မြန်လွန်းတဲ့ ဂြိုလ်သားမျိုးစိတ်တွေကို အဆိုပါဥက္ကာခဲပေါ်မှ လေ့လာတွေ့ရှိခဲ့ပါတယ်။ဒါကို အိုင်ရာနဲ့ ကျောင်းတော်က ရန်စရှိဖူးတဲ့ အစိုးရ လက်အောက်ခံဗိုလ်ချုပ် ရပ်ဆယ်ဝုဒ်မန်းက သိသွားတဲ့အခါမှာတော့ ဂြိုလ်သားအန္တရာယ်ကို ပူးပေါင်းကာကွယ်ကြမလား၊ အချင်းချင်း စားမာန်ခုတ်ကြမလား ဆိုတာကို ရှုစားရမှာပါ။၂၀၀၁ခုနှစ်က ရုပ်ရှင်ဖြစ်ပေမယ့် အတော်လေး ကြည့်ပျော်ပါတယ်။ တိတ်ခွေခေတ်တုန်းက ဝက်ဝက်ကွဲအောင်မြင်ခဲ့သလို trend ဖြစ်စေခဲ့တဲ့ ပြကွက်တွေလဲ ပါပါတယ်။Golden Schmoes Award မှာ Best Sci-Fi Movie of the Year ၂၀၀၁ ...
movie
Evolution (2001)
2001
6.2
Alien Resurrection (1997)
Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie
Alien Resurrection (1997)
1997
5.4
Doctor Dolittle (1998)
Dr. Dolittle (1998) ==============နာမည်ကြီးမင်းသားကြီး Eddie Murphy ရဲ့ တော်တော်လေးကျော်ကြားခဲ့တဲ့ Dr. Dolittle ကို တင်ဆက်ပေးလိုက်ပါပြီ။ ငယ်စဉ်ကတည်းက တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်ပြီး ထူးထူးဆန်းဆန်း ကြောင်တောင်တောင်ကလေးလေးဖြစ်နေလို့ ပယောဂပါအနှင်ခံရမလိုဖြစ်ခဲ့တဲ့ Dolittle လေးတစ်ယောက် ဆရာဝန်ဖြစ်လာ ခဲ့ပါတယ်။ လူကြီးဖြစ်လာတဲ့ကာလတစ်လျှောက်မှာတော့ တိရစ္ဆာန်တွေရဲ့အသံကို မကြားနိုင်တော့သယောင်ဖြစ်နေခဲ့တာပေါ့။ တစ်နေ့... ကိုယ့်ကားနဲ့တိုက်မိမလို ဖြစ်သွားတဲ့ လမ်းဘေးခွေးက ပြန်ဆဲသွားတာကို ခံလိုက်ရပြီးနောက်မှာတော့ Dolittle ဟာ အရင်ကလို အကောင်ပလောင်တွေပြောသမျှ ပြန်ကြားနိုင်နေ မှန်း ကိုယ့်ကိုယ်ကိုသတိထားမိလာပါတော့တယ်။ဆရာဝန်အလုပ်စကတည်းက ပိုက်ဆံများများရှာရဖို့ကိုပဲ တစိုက်မတ်မတ်ဦး တည်ပြီး တည်တည်ကြည်ကြည် ကြိုးကြိုးစားစားအလုပ်လုပ်လာပြီးမှ ငယ် ငယ်ကလို လူထူးဆန်းဘဝပြန်ရောက်တော့မယ်ဆိုတော့ မခံချင့်မခံသာတွေ ဖြစ်ပြီး ဦးနှောက်ဓာတ်မှန်ရိုက်လိုက် ဘာလာလာမကြားယောင်ပြုလိုက်နဲ့ အရူးမီးဝိုင်းဖြစ်နေတာပေါ့။ ဒါပေမယ့် စိတ်ရင်းကောင်းတဲ့ Dolittle အတွက် တော့ အကူအညီလိုနေတဲ့ သတ္တဝါလေးတွေကို လျစ်လျူရှုဖို့က ထင်သလောက် လွယ်ကူမနေခဲ့ပါဘူး။ နယ်ရောက်တုန်း ဇီးကွက်တစ်ကောင်ကို ကူညီပေး အပြီးမှာတော့ Dr. Dolittle လည်း တစ်တောလုံးရဲ့ဆယ်လီဖြစ်သွားပါတော့ တယ်။ "ငါတို့ပြောတာတွေ နားလည်တဲ့ဆရာဝန်ဟေ့" ဆိုပြီး အိမ်တိုင်ရာ ရောက် အလုံးလိုက်အရင်းလိုက် အုပ်လိုက်ခဲလိုက်ရောက်ချလာပြီး ဆေးခန်း ထိုင်ခရော ...
movie
Doctor Dolittle (1998)
1998
6.3
Nurse Betty (2000)
Nurse Betty (2000) ============== IMDb Rating - 6.3/10ကန်းဆက်မြို့လေးက သာမန် အိမ်ထောင်ရှင်မလေး ဘတ်တီ... ရုပ်ရှင်စီးရီးတစ်ခုကို သိပ်သဘောကျရင်း Main character ဆရာဝန် ဒေးဗစ်ကို စွဲလမ်းနေတဲ့ ဘတ်တီ၊ တစ်ခုသော ညနေမှာ စီးရီးလေး ကြည့်နေတုန်း ခင်ပွန်းဖြစ်သူ ထမင်းစားခန်းထဲ ရက် ရက်စက်သက် အသတ်ခံလိုက်ရတာကို မြင်လိုက်ရတဲ့အခါ စိတ် ဖောက်ပြန်သွားပြီး သူ့ကိုယ်သူ စီးရီးထဲက character လို့ထင်သွား တယ်။ဒေးဗစ်ရဲ့ Ex အနေနဲ့ သူ့ကိုယ်သူ သတ်မှတ်ရင်း အပြင်မှာ မရှိတဲ့ စီးရီးထဲက ဇာတ်ကောင်ကို ရှာဖွေဖို့ နည်းလမ်းမျိုးစုံနဲ့ LA အထိ လိုက်လာခဲ့ချိန်မှာ ဘာတွေဆက်ဖြစ်မလဲတော့ ကြည့်ရှုအားပေး လိုက်ကြပါဦး။ နာမည်ကျော် Morgan Freeman နဲ့ Chris Rock တို့ အဓိက ပါဝင်ထားတဲ့အပြင် မင်းသမီး Renee Zellweger ရဲ့ Disney ဆန်ဆန် overacting တွေကိုလည်း ကြည့်ရှုရမှာဖြစ်ပါ ကြောင်းပြောကြားရင်း တင်ဆက်ပေးလိုက်ပါပြီ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ...
movie
Nurse Betty (2000)
2000