Channel Myanmar

Steven Gallagher

The Returned (2013) 6.0
The Returned (2013) ဒီဇာတ်ကားကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Sci-fi Horror ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။Apocalyse ပုံစံ Zombie ရုပ်ရှင်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက်လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၀ ခုနှစ်တွေအတွင်း ဇွန်ဘီကပ်ရောဂါကြီးဖြစ်ပွားပြီးတော့လူပေါင်း သန်း၁၀၀ လောက်သေဆုံးခဲ့ပါတယ်။သုတေသနပညာရှင်တွေကလည်း ဒီရောဂါကိုကုသဖို့အတွက်လေ့လာချက်တွေအများအပြားဆောင်ရွက်ကြပြီး ကုထုံးကိုရှာဖွေကြပါတယ်။ဒီထဲမှာတော့ ကိတ်ဆိုတဲ့ ဆရာဝန်အမျိုးသမီးတစ်ယောက်က ဖုတ်ကောင်တွေကိုပုံမှန်လူအဖြစ်ပြန်ဖြစ်အောင် ကုသပေးနိုင်တဲ့ ကုထုံးတစ်ခုကိုရှာဖွေတွေ့ရှိသွားပါတယ်။ဒီဖုတ်ကောင်တွေကိုပြန်လည်ကုသပေးပြီး ကောင်းလာတဲ့လူတွေကိုတော့ The Returned (သေရွာပြန်)လို့ ခေါ်ကြပါတယ်။ဒါပေမဲ့ ဒီကုထုံးကိုလုပ်ဆောင်ဖို့အတွက် ပရိုတင်းကိုတော့Zombie တွေရဲ့ရိုးတွင်းခြင်ဆီကနေ အရည်တစ်မျိုးကို အသုံးပြုရပါတယ်။ဒါပေမဲ့ ဒီကုထုံးကိုဆောင်ရွက်ဖို့အတွက် အရင်းအမြစ်ဖြစ်တဲ့ ပရိုတင်းတွေကတစ်နေ့တခြားရှားပါးလာတဲ့အခါ ဒီကပ်ရောဂါကြီးကိုကျော်လွှားနိုင်ဖို့အတွက်စိန်ခေါ်မှုတွေ အဖက်ဖက်ကပေါ်လာပါတော့တယ်။ဒီဇာတ်ကားကတော့ သာမန် Zombie ကားတွေနဲ့မတူဘဲ ကမ္ဘာကြီးကပ်ဆိုက်လာတဲ့အခါကြုံရတဲ့ပြဿနာတွေ၊ ရက်စက်တဲ့လူ့သဘာဝတွေ လူ့အဖွဲ့အစည်းကြားကအကျည်းတန်တဲ့အမှန်တရားတွေကို မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။  File Size : 1.7 GB, 919 MB Quality : Blu-Ray 1080p / 720p Running Time : 1hr ...
movie

The Returned (2013)