Channel Myanmar

Steve Park

Desperate Measures (1998) 6.1
Desperate Measures (1998)    Desperate Measures (1998)ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၁၉၉၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ action ဇာတ်ကားလေးပဲဖြစ်ပါတယ်။မင်းသားကြီး Michael Keaton နဲ့ Andy Garcia တို့အဓိကသရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ ဖရန့်ကော်နာဟာရဲတပ်သားတစ်ဦးဖြစ်ပြီးတော့သူ့ရဲ့သားလေးကသွေးကင်ဆာရောဂါခံစားနေရပါတယ်။ရိုးတွင်ခြင်ဆီအစားထိုးနိုင်မှအသက်ရှင်သန်ခွင့်ရမှာပါ...ဒီတော့ဖရန့်ကော်နာကရိုးတွင်ခြင်ဆီအစားထိုးဖို့သင့်တော်တဲ့သူကိုလိုက်ရှာရင်းနဲ့ တစ်ယောက်ထဲသောသင့်တော်တဲ့သူကိုတွေ့သွားပါတယ်။သူကတော့ပီတာမက်ကိပ်ဆိုတဲ့ထောင်သားပဲဖြစ်ပါတယ်။ပီတာမက်ကိပ်ကလူသတ်မှုနဲ့ထောင်ကျထားတာဖြစ်ပြီးထောင်ထဲမှာပါလူထပ်သတ်လို့သီးသန့်ခွဲထားရသူပါ။ဒီတော့ဖရန့်ကော်နာရဲ့သားလေးကိုပီတာမက်ကိပ်ကခြင်ဆီလှူဒါန်းပေးမလား...ဘယ်လိုတွေဉာဏ်နီဉာဏ်နက်ထုတ်မလဲဆိုတာဆက်လက်ရှုစားပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ AKM ဖြစ်ပါတယ်။) File size… (3.6 GB) / (1.1 GB) Quality…. WEB-DL 1080p / 720p Format…. mp4 Genre…. Action, Crime, Drama, Thriller Duration…. 01:41:09 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by AKM
movie

Desperate Measures (1998)

1998
The Phoenician Scheme (2025) 6.9
The Phoenician Scheme (2025)   ဒီဇာတ်ကားလေးကတော့ အရင်လကမှ ထွက်ရှိထားပြီးတော့ ဟောလိဝုဒ် ဒိတ်ဒိတ်ကြဲထိပ်တန်းသရုပ်ဆောင်တွေများစွာ ပါဝင်ထားတဲ့အပြင် Rating အားဖြင့်IMDb 6.9/10, Rotten Tomatoes မှာ 78% တောင် ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း +++++++++++အန်နာတိုး ကိုဒါ တဖြစ်လည်း ဇာဇာဟာ တကယ့်ကို ကျိကျိတက်ချမ်းသာပြီးတော့ ဉာဏ်နီဉာဏ်နက် ရောင်စုံထွက်တဲ့ စီးပွားရေးသမားဖြစ်ပါတယ်။သူဟာ ခေါင်းပုံဖြတ်အမြတ်ကြီးစားမှု အခွန်ရှောင်မှု ဈေးကွက်ချုပ်ကိုင်မှု လာဘ်ပေးလာဘ်ယူမှု အစရှိတဲ့ စွပ်စွဲချက်ပေါင်းစုံနဲ့ နာမည်ဆိုးနဲ့ကျော်ကြားပြီးသူ့ကို မကျေနပ်တဲ့ စီးပွားပြိုင်တွေ ဂိုဏ်းတွေ အဖွဲ့အစည်းတွေက သူ့ကို ဘုံရန်သူအနေနဲ့ သတ်မှတ်ကာ စုပေါင်းပြီး လုပ်ကြံဖို့ အမျိုးမျိုးကြိုးစားကြပါတယ်။ဒီလိုနဲ့ အသက်ပြင်းတဲ့ ကိုဒါဟာ လုပ်ကြံရေးသမားတွေလက်ချက်နဲ့ ခြောက်ကြိမ်မြောက်လေယာဉ်ပျက်ကျပြီးတဲ့နောက်မှာ သူ့ရဲ့ တစ်ဦးတည်းသောသမီးသီလရှင်လောင်းလေးကို အမွေဆက်ခံခိုင်းဖို့ စီစဉ်ပါတော့တယ်။ဖြစ်ချင်တော့ အဲအချိန်မှာပဲ စီးပွားပြိုင်လုပ်ငန်းတွေ စုပေါင်းပြီး ဈေးကွက်ကို ကစားလိုက်တဲ့အခါ ဇာဇာတစ်ယောက် သူ့လုပ်ငန်းကိုင်ငန်းတွေကမောက်ကမဖြစ်သွားပြီးသူ့ခမျာ စည်းစိမ်မပျောက်အောင် သူ့သမီး သီလရှင်ပေါက်စလေးနဲ့အတူ သူနဲ့လက်တွဲထားတဲ့ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်တွေစီပွားရေးလက်မဲကြီးတွေကို ...
movie

The Phoenician Scheme (2025)

4K HEVC
Death of a Unicorn (2025) 6.2
Death of a Unicorn (2025)   Death of a Unicorn (2025)IMDb Rating (6.2) / Rotten Tomatoes (54%) Wednesday စီးရီးထဲက မင်းသမီး Jenna Ortega နဲ့ Antman မင်းသား Paul Rudd တို့ ပါထားတဲ့ မွန်းစတားဟော်ရာကားပါ။ယူနီကွန်းတွေနဲ့ဇာတ်လမ်းပေမဲ့ ချစ်စရာ ယူနီကွန်းတွေတော့ မဟုတ်ပါဘူး။ ချိုနဲ့ထိုးတယ် ကိုက်တယ် တစ်အိမ်လုံးဖျက်ဆီးတယ် အကုန်ကျုံးတယ်ဆိုတဲ့ကားမျိုးပါ။ဒီရုပ်ရှင်ကြည့်ပြီးရင် နောက်ဆို ယူနီကွန်း အပြင်မှာ မြင်ရင်တောင် တန်းပြီး ထွက်ပြေးပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းရှေ့နေ အဲလိယက် နဲ့ သူ့ရဲ့ သမီး ရစ်ဒလီ တို့ဟာ ဆေးဝါးကုမ္ပဏီကြီးတစ်ခုရဲ့ ပိုင်ရှင်မိသားစုဆီကို ပိတ်ရက်မှာ အရောက်သွားခဲ့ပါတယ်။အဓိကအချက်ကတော့ ဘုတ်အဖွဲ့ ကိုယ်စားလှယ်ရှေ့နေ အလုပ်ကို ရအောင်ယူဖို့ဖြစ်ပြီး သားအဖေနှစ်ယောက် တစ်သက်စားမကုန်အောင် ချမ်းသာဖို့ပါပဲ။ဒါပေမဲ့ လမ်းမှာ ယူနီကွန်းမြင်းပေါက်လေးကို ကားနဲ့တိုက်မိပြီး သေပြီမှတ်လို့ ကားထဲဖွက်သယ်လာပါတယ်။အဲဒီ မြင်းပေါက်လေးအလောင်းက ...
movie

Death of a Unicorn (2025)

2025
4K HEVC
Mickey 17 (2025) 7.0
Mickey 17 (2025)  Mickey 17 (2025)IMDb Rating (7.0) / Rotten Tomatoes (77%) 'Mickey7' ဆိုတဲ့ ဝတ္ထုကိုမှီးပြီး Parasite ဒါရိုက်တာ Bong Joon Ho က ဇာတ်ညွှန်းရေးရိုက်ကူးပြီးဘတ်မန်းအသစ်ကြီး Robert Pattinson နဲ့ ဟော့ခ်ကြီး Mark Ruffalo တို့နဲ့အတူ Hereditary မင်းသမီးကြီး Toni Collette တို့ ပါဝင်ထားတဲ့ ရုံတင်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။သိပ္ပံ စိတ်ကူးယဉ် ဂြိုလ်သား ဇာတ်လမ်းကိုမှ ရယ်ရခက်ငိုရခက် ဟာသအမျိုးအစား ရိုက်ကူးထားတာဖြစ်လို့ ကိုးရို့ကားယားနဲ့ အတော်ကြည့်ကောင်းမဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနာဂတ်ကာလ ကမ္ဘာပေါ်မှာ နေလို့ အခြေအနေမကောင်းတော့တဲ့အချိန်၊ ဂြိုလ်တွေကို နယ်ချဲ့ခရီးတွေ ထွက်ကြတဲ့အချိန်ပါ။အဲဒီအချိန်မှာ လူသားကို ကလုန်းပွားတဲ့ နည်းပညာလည်း ပေါ်နေပြီဖြစ်ပြီး ကျင့်ဝတ်နဲ့မညီလို့ ကမ္ဘာပေါ်မှာ ပိတ်ပင်ထားပါတယ်။ဒါပေမဲ့ ဂြိုလ်အသစ်တွေမှာ ရှာဖွေရေးထွက်တဲ့ အချိန်မှာတော့ အန္တရာယ်များလွန်းလို့ အဲဒီနည်းပညာကိုသုံးပြီး လူတစ်ယောက်တည်းကို ...
movie

Mickey 17 (2025)

2025
4K HEVC
Fargo (1996) 8.1
Fargo (1996) Fargo(1996) *************IMDb - 8.1/10_____Rotten - 94%Won 2 Oscars. Another 81 wins & 57 nominationsဒီကားက အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု နဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုရရှိထားပါတယ်...အခြားဆု(၈၁)ဆုရရှိခဲ့ပြီး ဆန်ကာတင် (၅၇)ဆုလည်းဝင်ခဲ့တယ်...မင်းသမီးကတော့ Three Billboards Outside မှာ အော်စကာထပ်ရခဲ့တဲ့ Frances McDormand ပါပဲ...ဒီကားက ၁၉၈၇ ခုနှစ် မီနီဆွန်တာမှာဖြစ်ခဲ့တဲ့ တကယ့်မှုခင်းကြီးကို အခြေခံပြီးပြန်လည်ရိုက်ကူးထားတာပါ....သိပ်ချမ်းသာတဲ့မိသားစုတစ်စုရှိတယ်.....ယောက္ခမက စည်းကမ်းကြီးသလို တိလည်းတိကျတယ်...ဒီမိသားစုမှာ သားမက်ကတော့ စီးပွားရေးပိုင်းရော လူမှုရေးပိုင်းရော အားနည်းတယ်...ဒါ့အပြင် အသုံးအစွဲကလည်းမတတ်ဆိုတော့ ကြာတော့ ငွေကအရမ်းလိုလာတယ်..ဒီတော့ ပြန်ပေးသမားတွေနဲ့ပေါင်းပြီး ကိုယ့်မိန်းမကိုယ် ပြန်ပေးဆွဲဖို့စီစဉ်တယ်..ယောက္ခမဆီကနေ ငွေညှစ်မယ်ပေါ့...သို့သော်လည်း သူထင်သလောက်ရိုးရိုးရှင်းရှင်းလေးဖြစ်မသွားဘူး....ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတော့ ခံစားကြည့်လိုက်ဦးဗျို့...ကားသစ်တွေကို တစ်ခါတစ်ရံစိတ်တိုင်းမကျတဲ့သူတွေအဖို့ ဒီလိုကားမျိုးကို နင်းကန်ကြည့်ဖို့ပြောပါရစေ...ဇတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ye Pye Sone ဖြစ်ပါတယ်.... File Size : 2.8 GB, 783 MB Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:38:00 Genre :  Crime, Drama, Thriller Subtitle : Myanmar ...
movie

Fargo (1996)

The Good Half (2023)
The Good Half (2023) Diector Robert Schwartzman ရိုက်ကူးထားပြီးအမေရိကန်အဆိုတော်၊ တေးရေး၊ သရုပ်ဆောင် Nicholas Jerry Jonasအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်မိခင်ဆုံးသွာလို့ မွေးရပ်မြေကိုပြန်လာတဲ့ အိပ်ပြေးသားတစ်ယောက်ဖြစ်တဲ့ ရန် ဟာမွေးရပ်မြေကိုပြန်ရောက်ချိန်မှာတော့ မိခင်ဖြစ်သူရဲ့ဈာပနပွဲအတွက်နဲ့ မဆုံတာကြာပြီဖြစ်တဲ့အစ်မဖြစ်သူနဲ့ အဖေဖြစ်သူတို့ကိုပြန်တွေ့ရဖို့အကြောင်းဖန်လာပါတယ် မိခင်ဖြစ်သူကိုဆုံးရှုံးရလို့ ခံစားချက်တွေအများကြီးရှုပ်ထွေးနေပြီးအားလုံးနဲ့ ကတောက်ကဆဖြစ်တာပေါ့ရင်ဆိုင်ဖို့သတ္တိကလည်းမရှိ အမေဖြစ်သူရဲ့နောက်ယောက်ျားနဲ့လည်းပေါက်အလမ်းမတည့် ပြဿနာတွေစုံနေတာပေါ့ဇာတ်လမ်းလေးကိုတော့ မေတ္တာဖွဲ့အနေနဲ့ပဲရိုက်ကူးထားတာဖြစ်တာကြောင့်ရန် တစ်ယောက်ဒီပြဿနာတွေ ဒီဝေဒနာတွေကိုဘယ်လိုအကောင်းဆုံးဖြေရှင်းသွားမလဲဆိုတာလေးကိုပဲကြည့်ရှုခံစားရမှာဖြစ်ပါတယ်File size…(1 GB)/(625 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre... Comedy, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leo 
movie

The Good Half (2023)

The Rebound (2009) 6.3
The Rebound (2009) The Rebound (2009)Wednesday ဇာတ်လမ်းတွဲထဲက Wednesday ရဲ့ အမေ Morticia Addams နေရာက သရုပ်ဆောင်ထားတဲ့ အန်တီလှလှကြီးဖြစ်တဲ့၊ ကျွန်တော်တို့တွေ ငယ်ငယ်ကတည်းက Zorro ကားထဲမှာ ငမ်းခဲ့ကြရတဲ့ Catherine Zeta-Jones အသက် ၄၀ ပြည့်တဲ့နှစ်က ရိုက်ကူးထားတဲ့ကားလေးပါ။ ဇာတ်ကားကြည့်လိုက်ရင် အသက် ၄၀ ဆိုတာ ဟုတ်ပါ့မလားလို့ ထင်သွားရလောက်အောင် နုပြီး လှနေပါတယ်။ဘာမှ ခပ်ဆန်းဆန်း ဇာတ်လမ်းတွေ မပါတဲ့ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးပါပဲ။အိမ်တွင်းအောင်းပြီး အိမ်ရှင်မဘဝမှာပဲ မြှုပ်နှံထားတဲ့ အမျိုးသမီးတစ်ယောက် ယောက်ျားက အိမ်ထဲမှာတင်ဖောက်ပြန်နေတာကို တွေ့သွားပါတယ်။ အဲဒီမှာမှ သူ့ဘဝက အိမ်ထောင်ရှင်မဆိုတဲ့ထဲမှာပဲ နစ်မြုပ်နေပြီး သူ့ဘဝဆိုတာ ပျောက်နေပြီဆိုတဲ့ အသိက နိုးထလာပါတယ်။ ကလေးနှစ်ယောက်လက်ဆွဲပြီး အိမ်ပေါ်ကဆင်း ဘဝသစ် စရင်းမှာ မရှာဘဲရလိုက်တဲ့ ကလေးထိန်း ကောင်လေးနဲ့ အနေနီးစပ်လာပြီး သူ့ထက် ၁၅ နှစ်လောက်ငယ်တဲ့ ...
movie

The Rebound (2009)

2009
Quick Change (1990) 6.8
Quick Change (1990) Quick Change (1990)~ IMDb - 6.8/10, Rotten Tomatoes - 84% ~တိုတိုပြောရရင်တော့ Bill Murray ရဲ့ ဘဏ်ဓားပြတိုက်တဲ့ကားပဲ။ လူအများစုကတော့ Oceans Eleven တို့၊ The Italian Job တို့၊ Money Heist တို့လို ဘဏ်ဓားပြတိုက်တဲ့ ရုပ်ရှင်တွေ စီးရီးတွေကြည့်ဖူးကြလိမ့်မယ်။ အဲဒီလို ဘဏ်ဓားပြတိုက်တဲ့ကားတွေမှာ အကြမ်းဖျင်း အဆင့် ၃ ဆင့်ရှိတယ်။ အစီအစဉ်အသေးစိတ်ဆွဲမယ်၊ ဓားပြတိုက်မယ်၊ လွတ်အောင်ပြေးမယ်။ အဓိက ဇာတ်လမ်းတည်တဲ့‌အပိုင်းကတော့ ဓားပြတိုက်တဲ့အပိုင်းပဲ။ ဒီရုပ်ရှင်က အဲဒီလို လမ်းကြောင်းနဲ့ ကွဲတယ်။ အစီအစဉ်ဆွဲတာကို ကျော်ပြီး လာလာချင်းကတည်းက ဓားပြတိုက်တာနဲ့စတယ်။ တခြားရုပ်ရှင်တွေထက် ပိုဒဲ့တိုးသွားတာပေါ့။ ဒီရုပ်ရှင်မှာ အဓိက ဇာတ်လမ်းတည်တာက လွတ်အောင်ပြေးတဲ့အပိုင်း။ ပိုထူးခြားတာက တခြားရုပ်ရှင်တွေထဲကလို CCTV တွေ hack ...
movie

Quick Change (1990)

1990
Showdown in Little Tokyo (1991) 6.1
Showdown in Little Tokyo (1991)  ဒီကားကတော့ ၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် အက်ရှင် ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ တွဲဘက်ညီတဲ့ ဒေသခံရဲနှစ်ယောက်က မူးယစ်ရာဇာရာကူဇာဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးကြတဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းLos Angeles ဒေသခံရဲတစ်ယောက်ဖြစ်တဲ့ Chris Kenner ဟာ ဂျပန်မှာကြီးတဲ့ အမေရိကန်တစ်ယောက်ဖြစ်ပေ့မယ့် သူ့ဖခင်ကိုတော့ ဂျပန် ရာကူဇာဂိုဏ်းသားတစ်ဦးက လုပ်ကြံသတ်ဖြတ်ခဲ့တာကြောင့် စိတ်ဒဏ်ရာ ရနေတဲ့သူလည်း ဖြစ်ပါတယ်။ သူနဲ့ သူ့တွဲဘက် Johnny Murata တို့ ၂ယောက်ကို L.A. မြို့ကြီးရဲ့ Little Tokyo လို့ ခေါ်တဲ့ အပိုင်းမှာ တာဝန်ချထားခြင်း ခံရပြီး သံသယရှိသူကို စုံစမ်းထောက်လှမ်းရင်း ဖခင်ဖြစ်သူကို လုပ်ကြံခဲ့တဲ့ မူးယစ်ရာဇာ ရာကူဇာဂိုဏ်းခေါင်းဆောင်နဲ့ ပက်ပင်းတိုးမိတဲ့အခါ လက်စားချေဖို့ ကြိုးစားပုံကို ပုံဖေါ်ရိုက်ကူးထားပါတယ်။ဒီဇာတ်လမ်းမှာ Johnny ရဲ့ အကြံပေးချက်အတိုင်း Kenner ဟာ မူးယစ်ရာဇာရာကူဇာဂိုဏ်းခေါင်းဆောင်ကို ရဲပီပီ ...
movie

Showdown in Little Tokyo (1991)

Do the Right Thing (1989) 8.0
Do the Right Thing (1989)  IMDb 8/10, RT 92% ရရှိထားတဲ့ Comedy/Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Cannes ရုပ်ရှင်ပွဲတော်က ဆုအပါအဝင် ဆုပေါင်း ၂၁ ဆုနဲ့ အော်စကာမှာလည်း nomination ဝင်ခဲ့တဲ့ ဒီ ဇာတ်ကားထဲမှာ ဒါရိုက်တာဖြစ်သူ Spike Lee က မူကီအဖြစ် ကိုယ်တိုင်ပါဝင်ထားတဲ့အပြင် ဆုံးပါးသွားပြီဖြစ်တဲ့ မင်းသားကြီး Danny Aiello ကလည်း ပါဝင်သရုပ်ဆောင်ထားတာပါ။ဘရွတ်ကလင်းက လူမည်းအများစု နေထိုင်တဲ့ ရပ်ကွက်လေးတစ်ခုမှာ အမေရိကန်-အီတလီ လူဖြူဖြစ်သူ ဆယ်လ်က သားနှစ်ယောက်နဲ့အတူ ပီဇာဆိုင်လေးဖွင့်ထားပါတယ်။ သူတို့လူမျိုးတူတွေရှိတဲ့ရပ်ကွက်မှာ သွားဖွင့်လို့ရပေမဲ့ တခြားပီဇာဆိုင်တွေ ရှိနှင့်နေပြီးတာမို့ လူမည်းတွေရှိတဲ့ ရပ်ကွက်ထဲ ဖွင့်ထားခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက်က လူမည်းတွေကပဲ သူ့ဆိုင်ကို အားပေးလာခဲ့ကြတာပါ။ သူ့ဆိုင်မှာ သူ့သားနှစ်ယောက်အပြင် မူကီဆိုတဲ့ လူမည်းကောင်လေးကိုလည်း ပီဇာ‌တွေ လိုက်ပို့ဖို့ ခန့်ထားပါသေးတယ်။ မူက ကတော့ သူ့သားအကြီးကောင်နဲ့ ...
movie

Do the Right Thing (1989)

A Serious Man (2009) 7.0
A Serious Man (2009)   IMDb 7 / Rotten Tomatoes 89% အပြင် ဆုပေါင်း ၁၇ ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး အော်စကာ ၂ ဆုအတွက်ပါ ဆန်ကာတင်ရွေးချယ်ခံခဲ့ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ခင်ဗျားတို့ဘ၀မှာ တချိန်တည်းမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ရမယ်ဆိုရင် ခင်ဗျားတို့ဘယ်လိုများရင်ဆိုင်ကျော်လွှားဖို့ကြိုးစားကြမလဲ။ ဒီရုပ်ရှင်ထဲက ဂျူးလူမျိုး ရူပဗေဒပါမောက္ခတစ်ဦးဖြစ်တဲ့ လယ်ရီဂေါ့ပ်နစ်ခ်ကလည်း သူ့ရဲ့သာယာနေတဲ့ဘ၀လေးထဲကို ပြဿနာပေါင်းစုံ၀င်လာလို့ ဒုက္ခပင်လယ်ဝေခဲ့ရတဲ့သူပါ။ လယ်ရီဂေါ့ပ်နစ်ခ်က တက္ကသိုလ်မှာ ရူပဗေဒဘာသာရပ်ကိုသင်ကြားရင်း မိသားစုကိုဦးဆောင်နေတဲ့ ကလေးနှစ်‌ယောက်အဖေ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ တစ်ရက်မှာတော့ လယ်ရီ့ရဲ့ ပါဆင်နယ်ရော ပရော်ဖက်ရှင်နယ်ဘ၀ထဲကိုပါ မထင်မှတ်ထားတဲ့ ပြဿနာအရှုပ်ထုပ်ပေါင်းစုံက တချိန်တည်းမှာဆိုက်ဆိုက်မြိုက်မြိုက်ကြီး၀င်ရောက်လာတဲ့အခါမှာတော့ လယ်ရီတစ်ယောက် ရရာကောက်ရိုးလေးတမျှင်ကိုဆွဲပြီး ဒီအခက်အခဲတွေကို အံတုရင်ဆိုင်ဖြေရှင်းဖို့ ကြံရပါတော့တယ်။လယ်ရီနေရာမှာသရုပ်ဆောင်ထားတဲ့ Michael Stuhlbarg ဟာဆိုရင်လည်း ၁၉၉၀ နဲ့ ၂၀၀၀ခုနှစ်ကျော်အတွင်းမှာ ရုပ်ရှင်ကားကောင်းတွေကိုရိုက်ကူးခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီးဆိုတော့ အက်တင်ဘာညာကတော့ ကြည့်မကောင်းမှာမပူရပါဘူး။ ရုပ်ရှင်ပြီးသွားတဲ့အထိကို ဘာဆက်ဖြစ်မလဲဆိုတာကို ပရိတ်သတ်ကိုဆက်ပြီး အတွေးနယ်ချဲ့ခိုင်းစေပြီး ချန်ထားခဲ့မယ့်ရုပ်ရှင်မျိုးပါ။ ပေါ့ပေါ့ပါးပါးနဲ့ ...
movie

A Serious Man (2009)

Morning Glory (2010) 6.5
Morning Glory (2010) Morning Glory (2010)~ IMDb - 6.5/10, Rotten Tomatoes - 55% ~မနက်ခင်း ‌အစောကြီး ရုပ်သံအစီအစဉ်တွေ ရုပ်မြင်သံကြားကနေ တင်ဆက်ပေးတာကို ကျွန်တော်တို့တတွေ ရင်းနှီးကြမယ်တော့ မထင်ပါဘူး။ မနက်ခင်း ၄ နာရီ ၅ နာရီလောက်မှာ တိုက်ရိုက်တင်ဆက်ကြတဲ့ အစီအစဉ်တွေပါ။ ကျွန်တော်ငယ်ငယ်ကတော့ ၇ နာရီလောက်မှာ အဖေဖွင့်ထားတဲ့ ရေဒီယိုကနေ ပြည်တွင်းပြည်ပ အသံလွှင့်အစီအစဉ်တွေ မရိုးတမ်း နားထောင်ခဲ့ရပါတယ်။ အခုလည်း ဒီလိုပါပဲ။ အန်ကယ်ဆမ်တို့ တိုင်းပြည်က ရုပ်မြင်သံကြား မနက်ခင်း အစီအစဉ်တွေပေါ့။ ကဏ္ဍစုံပါ‌ဝင်တာမလို့ သာမန်ပြည်သူ၊ စီးပွားရေးသမားကစလို့ ဝန်ထမ်း၊ သာသနာ့ဘောင်က ပုဂ္ဂိုလ်တွေပါ စောင့်ကြည့်ရတဲ့ အစီအစဉ်တွေပါပဲ။မနက်ခင်းအစီအစဉ် ထုတ်လုပ်တင်ဆက်တဲ့ ဘက်ကီ ဖူလာ ဆိုတဲ့ တက်ကြွတဲ့ ထုတ်လုပ်ရေးမှူးတစ်ယောက်ဟာ ကံမကောင်းစွာနဲ့ "မင်္ဂလာမနက်ခင်းပါ နယူးဂျာဆီ" အစီအစဉ်ကနေ အလုပ်ထုတ်ခံလိုက်ရပါတယ်။ ...
movie

Morning Glory (2010)

2022
Falling Down (1993) 7.6
Falling Down (1993) Falling Down (1993) အညွှန်း*************************IMDb...7.6,,,Rt....85%နာမည်ကျော်မင်းသားကြီး မိုက်ကယ်ဒေါက်ကလပ်ရဲ့ Gold but Old Crime/ Actionရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပြီး မင်းသားကြီးကိုယ်တိုင်ကသူသရုပ်ဆောင်ခဲ့သမျှထဲမှာ အကြိုက်ဆုံးလို့ ဆိုထားပါတယ်။ဝီလီယံဖော်စတာဟာ လောလောလတ်လတ်အလုပ်ထုတ်ခံလိုက်ရတဲ့ဒုံးကျည်အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ၊ညစ်ပတ်နေတဲ့လမ်းတွေ၊ ရိုင်းစိုင်းတဲ့လူတွေ၊ ကွဲအက်နေတဲ့ ပလက်ဖောင်းတွေကသူ့ရဲ့ မျှခြေမညီတဲ့ အတွေးအခေါ်တွေ၊ခံပြင်းဒေါသတွေနဲ့ခါးသီးမှုတွေကို ပေါက်ကွဲစေတဲ့ တွန်းအားတွေဖြစ်လာတဲ့အခါ ဝီလီယံတစ်ယောက် ပြစ်မှုတွေကို ဆက်တိုက်ကျူးလွန်မိပုံနဲ့ထိုခေတ်ထိုအခါက ခေတ်စနစ်ကို ပေါ်လွင်အောင် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။  File Size :(2.1GB)(711MB) and (217MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:53:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Falling Down (1993)

The French Dispatch (2021)
The French Dispatch (2021) The French Dispatch (2021)ရုပ်ရှင်တစ်ပုဒ်ဟာ ပြဇာတ်တစ်ပုဒ်လို အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို စိတ်ကူးယဉ်ဆန်ပြီးလှပ​နေပြီဆိုရင် Director Wes Andersonရဲ့လက်ရာ​တွေနဲ့ မကင်းနိုင်ပါဘူး၊ သူ့ဇာတ်ကား​တွေရဲ့ narrativeပုံစံ ဇာတ်လမ်းတင်ဆက်ပုံနဲ့ Uniqueဖြစ်သလို Colorfulလည်းဖြစ်တဲ့ ရိုက်ကွင်းအပြင်အဆင်တွေ​ကြောင့် ရုပ်ရှင်နဲ့မတူဘဲ ပုံပြင်ကမ္ဘာထဲ လက်​တွေ့​ရောက်သွားသလို ခံစားချက်မျိုး၊ The Palais Garnier ပြဇာတ်ရုံမှာ ကိုယ်တိုင်ပြဇာတ်ကြည့်​နေရသလို ခံစားချက်မျိုး ရ​စေတာကို- The Grand Budapest Hotel (2014) နဲ့ - Moonrise Kingdom (2012)မှာ ခံစားခဲ့ရပြီးပါပြီ၊ဒီ ဇာတ်လမ်းကလည်း Wes Andersonရဲ့ ​နောက်ထပ် ရုပ်ရှင်မဟုတ်​သောရုပ်ရှင်၊ ပြဇာတ် မဟုတ်​​သော ပြဇာတ်လို့ ထပ်ရည်ညွှန်းရမယ်ထင်ပါတယ်ဒီဇာတ်လမ်းက​​တော့ Andersonရဲ့ ဝတ္ထုတို​တွေကို ချစ်မြတ်နိုးမှု၊ စာနယ်ဇင်း​လောကကို နှစ်ခြိုက်မှုအ​ပေါ် ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းလိုက်တဲ့ လက်ရာမွန်တစ်ခုပါပဲ၊ Cast​တွေကလည်း ​ပြေးကြည့်စရာမလို​​​​အောင်ကို ဒိတ်ဒိတ်ကြဲ​ဖြစ်တဲ့၊ သူ့လက်စွဲ​တွေ ဖြစ်တဲ့ - ...
movie

The French Dispatch (2021)

2021
The Gambler (2014) 6.1
The Gambler (2014) The Gambler (2014)ဖဲကစားကြမယ်!!! လူအတော်များများ 21 ဖဲကိုဆော့ဖူးကြမှာပါ ဒီဇာတ်လမ်းထဲမှာဆိုရင်လည်း အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဂျင်ဘန်းနက်ဟာ 21 ကစားနည်းတစ်မျိုးကို အဓိကထားပြီး ဆော့တာကို တွေ့ရမှာပါ သူက တက္ကသိုလ်မှာ ရသစာပေသင်ကြားနေတဲ့ဆရာတစ်ဦးအနေနဲ့ဘဝတစ်ခုရှိနေပေမယ့် တစ်ဖက်မှာလည်း မစွန့်လွှတ်နိုင်တဲ့ဝါသနာကြောင့် လောင်းကစားရုံတွေကိုသွားပြီး အချီကြီးလောင်းကြေးထပ်တတ်တဲ့လောင်းကစားသမားအဖြစ် ဘဝတစ်ခုရှိနေပါတယ် မင်းသမီးအဖြစ်ပါဝင်ထားတဲ့ မမမာဗယ်ကတော့ ဆရာ့အတန်းမှာလာတက်တဲ့ ဉာဏ်ကောင်းတဲ့တက္ကသိုလ်ကျောင်းသူလေးပေါ့ ကဲ ဒီထဲမှာ ဂျင်ရဲ့ပြဿနာကဘာလဲဆိုတော့ လောင်းကြေးထပ်လိုက်ရင် ပုံမှန်ကြေးမဟုတ်ပဲ ရှိသမျှပုံအောလောင်းတတ်တဲ့ ‌All or nothingဆိုတဲ့ ဉာဉ်လေးပါပဲ ဒါကြောင့်လည်း ဟို့လူ့ဆီကချေး ဒီလူ့ဆီကချေးနဲ့ နောက်ဆုံးအကြွေး‌တွေတင်လာတဲ့အခါ.....သူဘာဆက်လုပ်မလဲ??? ချေးမိတဲ့သူတွေကလည်း ဂိုဏ်းစတားတွေဖြစ်နေတဲ့အတွက် သူနဲ့သူ့ဘေးကလူတွေရဲ့ အသက်အန္တရာယ်ကိုခြိမ်း‌ခြောက်လာတဲ့အခါ.....သူ ဘယ်လိုဖြေရှင်းမလဲ ??? ကျောင်းသူလေး မမမာဗယ်နဲ့ရော .... ???ဒီဇာတ်လမ်းလေးထဲမှာတော့ လောင်းကစားသမားတွေရဲ့ဘဝတွေ၊ မင်းသားရဲ့ စွန့်စွန့်စားစားလောင်းကြေးထပ်တဲ့အခန်းတွေနဲ့ မျှော်လင့်မထားတဲ့လှည့်ကွက်တွေနဲ့ အကြွေးပြန်ဆပ်ဖို့ပိုက်ဆံပြန်ရှာတဲ့ ဂျင်ရဲ့ဉာဏ်ပြေးမှုတွေကို ရင်တထိတ်ထိတ်နဲ့မြင်တွေ့ရမှာပါပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thwal Yadi ပဲ ဖြစ်ပါတယ်။Quality__1080p, 720p IMDb ...
movie

The Gambler (2014)

Snowpiercer (2013) 7.1
Snowpiercer (2013) ဒီတစ်ခါ Parasite ဇာတ်ကားနဲ့ ဆုပေါင်းများစွာကိုသိမ်းပိုက်ခဲ့တဲ့ ဒါရိုက်တာ Bong Joon Ho ရဲ့ Snowpiercer (နှင်းခွဲရထား) ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။၂၀၁၄ ခုနှစ်မှာ  CW7 ဆိုတဲ့ဓာတုပစ္စည်းတစ်မျိုးကိုအသုံးပြုပြီး ကမ္ဘာကြီးပူနွေးမှုကိုကာကွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် အကျိုးဆက်အနေနဲ့ ကမ္ဘာဟာမပူနွေးတော့ရုံမက အေးခဲလွန်းတဲ့ရေခဲခေတ်ကိုရောက်ရှိသွားပါတော့တယ်။ဒီလိုတွေဖြစ်လာမယ်ဆိုတာကြိုမြင်နေတဲ့ ဝဲလ်ဖို့ဒ်ဆိုတဲ့လူကြီးက ကမ္ဘာကြီးကို တစ်နှစ်တစ်ခါလည်ပတ်နေတဲ့ နှင်းခွဲရထားကြီးကိုတီထွင်ခဲ့ပါတယ်။နှင်းတွေကနေစွမ်းအင်ကိုယူပြီး အလုံပိတ်​ဂေဟစနစ်နဲ့ မရပ်မနားခုတ်မောင်းနေတဲ့ဧရာမရထားကြီးရဲ့ခေါင်းတွဲပိုင်းတွေဟာ လူချမ်းသာတွေအတွက် ဇိမ်ခံအဆင့်အတန်းမြင့်အခန်းတွေ၊ ဝန်ဆောင်မှုတွေနဲ့ ပြည့်နေပေမယ့် အသက်မသေဖို့အရေး ရထားပေါ်မရမကဖက်တွယ်လိုက်ပါလာတဲ့ လူဆင်းရဲတွေအတွက်ကတော့ ညစ်ပတ်ပေရေနေပြီး ကျောတစ်ချစာသာနေရာရှိတဲ့ ရထားနောက်တွဲအမှောင်ခန်းတွေထဲ လက်နက်ကိုင်စစ်သားတွေရဲ့စောင့်ကြည့်မှုအောက်မှာ နေကြရပါတယ်။ဒီလိုနဲ့ ၁၇နှစ်အကြာမှာ တိရစ္ဆာန်သာသာနေနေရတဲ့ လူ့အခွင့်အရေးဆိုတာကိုတစ်စက်မှမရကြရှာတဲ့ ရထားနောက်တွဲကလူတွေရဲ့ တော်လှန်​တဲ့ပုံရိပ်တွေကိုကြည့်ကြရမှာပါ။ဒီဇာတ်ကားမှာတော့ ကိုရီးယားဇာတ်ဆောင်နှစ်ဦးနဲ့ အင်္ဂလိပ်သရုပ်ဆောင်တွေ အဓိကသုံးထားပြီး အင်္ဂလိပ်ဘာသာနဲ့ပဲ အဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါရိုက်တာကြီး Bong Joon Ho ရဲ့လက်ရာဆိုတော့ အထူးတလည်ညွှန်းစရာလိုတော့မယ် မထင်ပါဘူး။ လုံးဝရိုးအီမသွားဘဲအတော်ကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။ ကြည့်ရှူခံစားလိုက်ကြပါဦး။File size…(1.7 GB) and ...
movie

Snowpiercer (2013)

Kajillionaire (2020) 6.4
Kajillionaire (2020) Kajillionaire (2020)================IMDb Rating - 6.4/10 ဒီဇာတ်ကားလေးဟာ IMDb Rating 6.4/10 ရရှိထားပြီး ကြည့်လို့ကောင်းတဲ့ Crime, Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ◌်းကိုပြောပြရရင် ရောဘတ်နဲ့ ထရီဇာဆိုတဲ့ စုံတွဲဟာ လူတွေကို လှည့်ပတ်လိမ်လည်နေတဲ့ဂျင်ပေါ်ကထုံး လမ်းဘေးကြွက် Con Artist နှစ်ယောက်ပါ၊ ရတဲ့ဝေစုကို အမြဲတမ်း ၂ ယောက်ခွဲယူတယ် ဒီလိုနဲ့ သူတို့ ဘဝကိုလည်ပတ်ဖြတ်သန်းနေတာပါ။ နောက်ပြီး သူတို့မှာ သမီးလေး တစ်ယောက်ရလာတော့လည်း ပညာအမွေပေးတဲ့အနေနဲ့ အဲ့ဒီသမီးကို ၂၆ နှစ်လုံးလုံး သူတို့လိုလူလိမ်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ (စေတနာတွေနော်)ရောဘတ်ပြောတဲ့ စကားအရဆို ငါ့သမီးက စာမရေးတတ်ခင် အရွယ်ကထဲက လူတွေကို ဘယ်လိုလှည့်ပတ်ရမလဲ သိနေပြီတဲ့....အဲ့ဒီလိုနဲ့ သူတို့ ၃ ယောက်အဖွဲ့ထဲကို မယ်လီနာဆိုတဲ့ ကောင်မလေး တစ်ယောက်ရောက်လာပြီး ဓားပြမှုတစ်ခုကို စီစဉ်ကြတဲ့အခါမှာဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုဆက်လက်ကြည့်ရှုပေးပါ ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thiha ...
movie

Kajillionaire (2020)

2020
The Brass Teapot (2012) 6.4
The Brass Teapot (2012) ဒါကတော့ မကြည့်ဖူးရင်တောင် အစိမ်းသက်သက်ဖြစ်မှာမဟုတ်တဲ့ကားဟောင်းလေးတစ်ကားပါ။အဲ့လက်ဖက်ရည်အိုးနားမှာထိခိုက်နာကျင်ရင်အိုးထဲကနေပိုက်ဆံ‌တွေထွက်လာတဲ့ ဇာတ်လမ်းလေးပါ။ကြိုးစားပေမယ့် အလုပ်လက်မဲ့ဖြစ်နေတဲ့လင်မယားနှစ်ယောက်မှာအဲ့ရှေးဟောင်းလက်ဖက်ရည်အိုးရှိသွားပါတယ်။နာကျင်ရင်နာကျင်သလောက်ထိခိုက်ရင်ထိခိုက်သလောက်ပိုက်ဆံတွေအများကြီးထွက်လာတာကို သူတို့သိသွားတဲ့အခါအရာရာကို ထိခိုက်ဒဏ်ရာတွေနဲ့ ဖြေရှင်းဖို့ပဲဖြစ်လာပါတော့တယ်။ပထမတော့ ဒေါ်လာတစ်သန်းပဲရှာပြီးလွန်လာရင်ရပ်လိုက်မယ်ဆိုပေမယ့်လောဘတွေတက်လာတဲ့အခါမှာတော့.....လက်ဖက်ရည်အိုးသုံးပြီးပိုက်ဆံရှာကြပုံတွေ လောဘတွေတက်လာတဲ့အခါဖြစ်လာတဲ့လူ့သဘာဝတွေကိုဒီဇာတ်လမ်းကောင်းလေးမှာ ခံစားကြည့်ရှုလိုက်ပါအုံး။ File Size : ( 949 MB , 353 MB )Quality :  WEB-DL 720pRunning Time : 1 hr 41 minFormat : Mp4Genre :  Comedy , Family , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated ...
movie

The Brass Teapot (2012)

2012