Channel Myanmar

Steve Nash

1995 (2024) 6.9
1995 (2024)  1995 (2024)IMDb Rating (6.9) 1995 ခုနှစ်ဆိုတဲ့ခုနှစ်က တချို့သောသူတွေအတွက် အမှတ်တရတွေ အောင်မြင်မှုတွေ ကျရှုံးမှုတွေ ဝမ်းနည်းစရာတွေ ဝမ်းသာစရာတွေရှိခဲ့ဖူးတဲ့ နှစ်တစ်နှစ်ဖြစ်နိုင်သလို အဲ့ဒီအချိန်ကာလမှာမမွေးဖွားသေးတဲ့လူတွေလည်းအများကြီးရှိပါတယ်။ဒါပေမယ့် ရီကာဒိုထရိုဂျီဆိုတဲ့ ကနေဒါ ရုပ်ရှင်ရိုက်ကူးသူတစ်ယောက်အတွက်ကတော့ အဲ့ဒီခုနှစ်က အထက်မှာပြောခဲ့သမျှအရာတွေအားလုံးဖြစ်ခဲ့ပြီး သူ့ဘ၀တစ်ဆစ်ချိုးခဲ့တဲ့ခုနှစ်ဖြစ်ခဲ့ပါတယ်။အဲ့ဒီအကြောင်းကိုပဲ သူကိုယ်တိုင် ဒါရိုက်တာလုပ် သူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး 1995 ဆိုတဲ့နာမည်နဲ့ပဲ Documentary ပုံစံမျိုးပေမဲ့ လုံး၀ကွဲထွက်နေပြီး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းအသွားအလာမျိုးနဲ့တင်ဆက်ပေးခဲ့ပါတယ်။IMDb မှာလည်း လက်ရှိ Rating 6.9 အထိရရှိထားပြီး သူကိုယ်တိုင်ကလည်းအရည်အချင်းရှိတဲ့ရိုက်ရှင်ရိုက်ကူးရေးသမားတစ်ယောက်ဖြစ်တဲ့အတွက် ကြည့်လို့ကောင်းပြီး ကိုယ့်ဘ၀အတွက် စိတ်ခွန်အားတက်ကြွစရာတစ်ခုခုကိုပေးစွမ်းနိုင်မယ်ဆိုတာကတော့အမှန်ပါပဲ။ရီကာဒိုထရိုဂျီက ငယ်ငယ်လေးကတည်းက အနုပညာကိုဝါသနာပါခဲ့ပေမဲ့ အနှောင့်အယှက်တွေများပြီး ဝင်ရောက်ဖို့ဆိုတာကလည်းခက်ခဲတဲ့လောကတစ်ခုဖြစ်နေတဲ့အတွက် အသက် ၂၀ ကျော်အထိ သူလိုချင်တဲ့ဘ၀ကိုမရရှိနိုင်ဘဲ သာမန်လူတွေထဲကသာမန်လူတစ်ယောက်အဖြစ် သာမန်အလုပ်လေးပဲလုပ်ပြီး နေခဲ့ရပါတယ်။ဒါပေမယ့် ပတ္တမြားမှန်ရင်နွံမနစ်ဘူးဆိုတဲ့အတိုင်း အဲ့ဒီခေတ်အခါက ရုပ်ရှင်ရိုက်ကူးသူတွေရဲ့အိပ်မက်လိုဖြစ်နေတဲ့ နာမည်ကြီး The Race ဆိုတဲ့ ရှိုးပွဲကနေ သူ့ကိုအင်တာဗျူးလာဖြေဖို့ဆက်သွယ်လာပါတော့တယ်။အဲ့ဒီအချိန်မှာတင် ရီကာဒိုရဲ့ဘ၀က စတင်တစ်ဆစ်ချိုးပြောင်းလဲသွားပြီး သူချစ်တဲ့အလုပ်ကို ...
movie

1995 (2024)

2024
Like Mike (2002) 5.4
Like Mike (2002) Like Mike (2002)IMDb Rating (5.4) / Rotten Tomatoes (57%) NBA ဟာသဇာတ်မြူးကားလေးပါ။အမေရိကန် Rapper Bow Wow, Jesse Plemons, Jonathan Lipnicki, Brenda Song စတဲ့မင်းသားမင်းသမီးတွေရဲ့ ငယ်ဘဝကဇာတ်ကားလေးတစ်ကားပါ။ဇာတ်ကားလေးကတော့ မိဘမဲ့ဂေဟာတစ်ခုမှာနေနေကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ကယ်လ်ဗင်၊ မာ့ဖ် နဲ့ ရစ်ဂျ် တို့သုံးယောက်ဟာ သူတို့ကိုမွေးစားမယ့်မိဘတွေကိုမျှော်လင့်တကြီးစောင့်စားနေကြတဲ့သူတွေပါ။ဂေဟာကိုအုပ်ချုပ်တဲ့သူကလည်း ကလေးတွေကို NBA ပွဲတွေမှာသကြားလုံးရောင်းခိုင်းပြီးပိုက်ဆံရှာပါတယ်။တစ်နေ့တော့ ကယ်လ်ဗင် ဆီကို MJ လို့ရေးထားတဲ့စာသားပါတဲ့ဖိနပ်တစ်ရံရောက်လာပါတယ်။ကယ်လ်ဗင် တို့သူငယ်ချင်းသုံးယောက်ကလည်း မိုက်ကယ်ဂျော်ဒန် ရဲ့ဖိနပ်ဖြစ်ရမယ်လို့ အတိအကျမှတ်ယူထားကြတာပေါ့ ဒီလိုနဲ့ အဲဒီဖိနပ်ကိုအကြောင်းပြုပြီးကယ်လ်ဗင် တစ်ယောက် NBA သမိုင်းမှာ အသက်အငယ်ဆုံး၊ အရပ်အပုဆုံး ဘတ်စကတ်ဘောစူပါစတားတစ်ယောက်ဖြစ်လာရာကနေ ဘာတွေဘယ်လိုဆက်ဖြစ်ကြမှာလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားကြဖို့တိုက်တွန်းလိုက်ရပါတယ်။ (ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Loe ပဲဖြစ်ပါတယ်။)File size…(2.6 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC ...
movie

Like Mike (2002)

2002