Channel Myanmar

Steve Monroe

Space Cowboys (2000) 6.5
Space Cowboys (2000)  Space Cowboys (2000)IMDb Rating (6.5) / Rotten Tomatoes (78%) "Space Cowboys" ဇာတ်ကားမှာ အနားယူသွားတဲ့ NASA အဖွဲ့ဟောင်းတစ်ဖွဲ့ကို အာကာသဂြိုလ်တု Ikon ရဲ့ ပြုပြင်ရေးအတွက် တာဝန်ခေါ်ယူလာတဲ့အခါ စွန့်စားခန်းအသစ်တစ်ခု စတင်ခဲ့ပါတယ်။အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Clint Eastwood, Tommy Lee Jones, Donald Sutherland, James Garner တို့ရဲ့ သရုပ်ဆောင်တာတွေကတော့ ဇာတ်ကားကိုပိုကောင်းမွန်စေပါတယ်။ဇာတ်လမ်းမှာ Ikon ကတော့ အန္တရာယ်များတဲ့ ရုရှားလက်နက်နဲ့ ပြည့်နေပြီး ကမ္ဘာပေါ်မှာ ထိခိုက်မှုတွေ ဖြစ်စေနိုင်တဲ့အခါ NASA က အာကာသစွန့်စားခန်းလုပ်ဖို့ အဖိုးကြီးတွေကို ပြန်ခေါ်ရပါတော့တယ်။ဒီအဖွဲ့ဟောင်းဟာ ၄၀ နှစ်ကြာပြီးမှ အလုပ်ပြန်လုပ်ရတာကြောင့် အခက်အခဲတွေနဲ့ ကြုံရပေမယ့် သူတို့ရဲ့ အရင်အတွေ့အကြုံတွေကြောင့် အခက်အခဲကို အေးဆေးကျော်ဖြတ်နိုင်ခဲ့ပါတယ်။Clint Eastwood ရဲသရုပ်ဆောင်ချက်က အဖွဲ့ခေါင်းဆောင်တစ်ဦးရဲ့ သတ္တိနဲ့ အစွမ်းအစကို ...
movie

Space Cowboys (2000)

2000
Miss Congeniality (2000) 6.3
Miss Congeniality (2000)  Miss Congeniality (2000)IMDb Rating (6.3) / Rotten Tomatoes (41%) Sandra Bullockရဲ့ ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ..FBIအေးဂျင့် ဂရေ့စ်ကမိန်းမဆန်ဆန်မနေတတ်သူတစ်ယောက်ပါ..မစ်ရှင်တွေမှာလည်းမဆင်မခြင်လုပ်ရပ်တွေနဲ့ပြသနာရှာတတ်သူတစ်ယောက်ပါ..တစ်နေ့မှာတော့ အလှမယ်ပြိုင်ပွဲကို ဗုံးဖောက်ရန်ကြံစဉ်နေမှုအား အသွင်ပြောင်းစုံစမ်းရန်ဖြစ်လာတဲ့အခါ သူ့ရဲ့နဂိုယောက်ျားဆန်တဲ့အကျင့်ကြောင့်အလှမယ်တွေကြားထဲမှာ အမျိုးမျိုးဒုက္ခရောက်ရင်း တစ်လွဲတစ်ချော်ဖြစ်ပုံတွေကိုဟာသမြောက်စွာကြည့်ရှုရမှာပါ..အလှမယ်နောက်ဆုံးပြိုင်ပွဲနေ့ကို ဖောက်ခွဲသူတွေဦးတည်ချက်ထားမှန်းသိသွားချိန်မှာတော့ဗုံးဖောက်ခွဲသူကိုလက်ရဖမ်းဆီးနိုင်ရန် ဆန်ခါတင်အလှမယ်၅ယောက်ထဲပါဖို့ကြိုးစားရန် လိုအပ်လာပါတော့တယ် ..အေးဂျင့် ဂရေ့စ်ကဘယ်လိုကြိုးစားမလဲ ဗုံးဖောက်ခွဲမှုကိုရော တားဆီးနိုင်မှာလားဆိုတာ ရင်တမမကြည့်ရမယ့် ဟာသကားကောင်းတစ်ကားဖြစ်ပါတယ်.. File size…(2.4 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy, Crime, Romance Duration….01:50:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nway Khin Khin
movie

Miss Congeniality (2000)

2000
Lonesome Soldier (2024) 6.6
Lonesome Soldier (2024)  Lonesome Soldier ဇာတ်ကားဟာ ၂၀၂၃ ခုနှစ်ထွက်ဖြစ်ရပ်မှန် Drama/Thriller/War ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။အပြင်မှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို အခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင်ကတော့Jackson Harlow လို့ခေါ်တဲ့ အသက်ငယ်ငယ် အမေရိကန်စစ်သားဟောင်းတစ်‌ယောက်ဖြစ်ပါတယ်။စစ်မြေပြင်ရဲ့ ထုထောင်းမှုတွေကြောင့် သူ့ရဲ့ဘဝက ဘယ်လိုမျိုးနောက်ဆက်တွဲပြဿနာတွေကို ရှိခဲ့လဲ သူ့ကိုချစ်တဲ့သူတွေကိုပါဘယ်လိုသက်ရောက်မှုရှိစေခဲ့သလဲဆိုတာတွေကို ထိထိမိမိရိုက်ပြထားတာမို့ ကိုယ်ကပါ သူ့မိသားစုဝင် တစ်ယောက်လိုမျိုးလိုက်ပါခံစားစေနိုင်တဲ့ ဇာတ်ကားကောင်းဖြစ်တာမို့ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ File size… (1.23GB) / (729MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 49m Genre …..Biography , Drama , Thriller , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung
movie

Lonesome Soldier (2024)

The Little Rascals Save the Day (2014) 5.1
The Little Rascals Save the Day (2014) The Little Rascals ဆိုတာကျွန်တော်တို့ရဲ့ ငယ်ဘဝရဲ့တစ်စိတ်တပိုင်းဆိုလည်းမမှားပါဘူး။The Little Rascals ခေါင်းစဉ်နဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေအများကြီးရှိပါတယ်။အဲထဲမှာ The Little Rascals Save The Day (2014) လည်းတစ်ကားအပါအဝင်ဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ ကြည့်ရှုသူကို အတော်လေး Comfort ဖြစ်စေပါတယ်။ကလေးတွေကို ဦးစားပေးရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်တာမလို့ ကလေးချစ်သူတွေကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ဒါ့အပြင် Wednesday သရုပ်ဆောင် Jenna Ortega ငယ်ငယ်က ပါဝင်သရုပ်ဆောင်ထားပါသေးတယ်ဇာတ်ညွှန်းThe Little Rascals ဇာတ်လမ်းတိုင်းမှာ အဓိကနေရာကပါဝင်တဲ့Alfalfa တို့အဖွဲ့တစ်သိုက်ဟာ ကျောင်းနောက်ဆုံးနေ့မှာ ကျောင်းလစ်လာခဲ့ပါတယ်။ကျောင်းလစ်ပြီး အလွဲတွေလုပ် နောက်ဆုံးမှာတော့ သူတို့ ဖွားဖွားရဲ့ ကိတ်မုန့်ဆိုင်ကိုရောက်သွားပါတယ်။အရသာမှာ ပြိုင်စံရှားဖြစ်တဲ့ ဖွားဖွားလက်ရာတွေကိုမြည်းပြီးတော့ ကလေးတစ်သိုက်ဟာသစ်ပင်အိမ်ပေါ်ကိုတက်ပြီး လာမယ့်အရည်အချင်းပြပြိုင်ပွဲအတွက် သီချင်းတိုက်ပါတော့တယ်။ခေါင်းဆောင်အဆိုတော်ကတော့ Alfalfa ဖြစ်ပြီး သိတဲ့အတိုင်းAlfalfa ကလည်း Darla မှမရှိရင် မိုက်ကိုလက်နဲ့တောင်မထိချင်တဲ့လူဖြစ်ပါတယ်။အဲဒီလိုနဲ့ သူတို့ရဲ့ တီးဝိုင်းလေးကလည်း တစ်ယောက်တမျိုး တိုင်ပတ်နေပါတော့တယ်။တစ်ဖက်မှာလည်း ...
movie

The Little Rascals Save the Day (2014)

It Ends with Us (2024) 6.7
It Ends with Us (2024)  Deadpool မင်းသား ရိုင်ရန်ရေးနိုးရဲ့ ဇနီးဖြစ်သူ Blake Lively ရဲ့အချစ်ကားအသစ်ထွက်လာပါတယ်။ သူ့ကိုတော့ The Age of Adalineကားမှာကတည်းက ရင်းနှီးကြမှာပါ။ Gossip Girls စီးရီးမှာလည်းပါဖူးတာမို့ သိကြမှာပါ။ အခုရုပ်ရှင်ကတော့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ခုကို အမျိုးသမီးတွေအတွက်ပညာပေးသလိုလေးလည်း ဖြစ်အောင် ရိုက်ပြထားတာပါပဲ။ရုပ်ရှင်ထဲက အလှဆုံးစကားကတော့ "နင် တစ်ယောက်ယောက်ကိုချစ်ဖြစ်ဦးမယ်ဆိုရင်တော့ ငါ့ကိုပဲ ချစ်ဖြစ်လိုက်ပါ" ဆိုတာပါပဲ။လီလီဘလွန်းဆိုတာ ပန်းဆိုင်ဖွင့်ဖို့အရမ်းကို ရူးသွပ်ခဲ့တဲ့ မိန်းကလေး။သူ့ရဲ့ အချစ်ဦးက အိမ်ခြေရာမဲ့ကောင်လေးတစ်ယောက်။ပန်းဆိုင်ဖွင့်ပြီးချိန်မှာ သူချစ်မိသွားတာက ဦးနှောက်အာရုံကြောခွဲစိတ်ဆရာဝန် လူချောကြီးတစ်ယောက်ပေါ့။ အဲဒီဆရာဝန်ကသူ့ကိုအရမ်းချစ်ပေမဲ့ သူ့မှာလည်း လူမသိတဲ့ အမှောင်လျှို့ဝှက်ချက်တွေရှိနေပြန်တယ်။ ဆရာဝန်လေးနဲ့တွဲနေကြချိန်မှာပဲ သူငယ်ငယ်ကအိမ်ခြေရာမဲ့ ကောင်လေးက သူ့ဘဝထဲကို ပြန်ဝင်လာခဲ့တယ်။ဒီအခြေအနေတွေကနေ အကောင်းဆုံးဖြစ်အောင် ဘယ်လိုရုန်းထွက်မလဲဆိုတာ ပြထားတဲ့ ရုပ်ရှင်ပါပဲ။အချစ်ကားကောင်းကောင်း ကြိုက်တတ်သူတွေအတွက် ကြည့်ရမဲ့ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။ File size…6.10GB / 2.38GB / 1.08GB Quality…WEB-DL ...
movie

It Ends with Us (2024)

4K HEVC
J. Edgar (2011) 6.5
J. Edgar (2011) J Edgar (2011)IMDb Rating (6.5)ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ဆရာကြီး လီယိုနာဒိုက အဓိကဦးဆောင်ထားပြီး သူ့ထက်ဆရာ့ဆရာ ကလင့်စ်အိစ်ဝုဒ်က ပရိုဂျူဆာ ဒါရိုက်တာလုပ်ထားတဲ့ ဘိုင်အိုဂရပ်ဖီကားလေးပါပဲလူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ထားတဲ့ဘိုင်အိုဂရပ်ဖီကားဆိုပေမြ့ ဂျေအက်ဂါဆိုတဲ့ အမေရိကန်ရဲ့နာမည်ကြီး ထောက်လှမ်းရေး အဖွဲ့အစည်း FBI ကို စတင်တည်ထောင်ခဲ့တဲ့သူပါ အဲ့တော့ သူ့အကြောင်းဆိုတာက FBI အဖွဲ့ကြီးရဲ့သမိုင်းကြောင်းပါပဲ စစ်အေးတိုက်ပွဲကာလမှာ ကမ္ဘာမှာ ကွန်မြူနစ်စနစ်ကြီးစိုးချိန် အမေရိကန်နိုင်ငံမှာ ကွန်မြူနစ်တွေရဲ့အန္တရာယ်ကိုကာကွယ်ဖို့ ဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့ရာကစပြီး အမေရိကန်ရဲ့ အကောင်းဆုံး ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်အောင် ဂျေအက်ဂါတစ်ယောက်သူ့ခြေသူလက်နဲ့ ဘယ်လိုတည်ထောင်ခဲ့လဲဆိုတာ သူ့ဘဝအကြောင်းနဲ့ ယှဉ်တွဲပြီးတော့ ပုံဖော်ပြထားတာပါ လီယိုနာဒိုကတော့ လီယိုနာဒိုပါပဲ လုံးဝကိုဇာတ်ကောင်နဲ့ထပ်တူညီတယ်လို့ခံစားရပြီး ရသလဲပေးနိုင်သလို အဲ့ခေတ်က အမေရိကန်အကြောင်း ဗျူရိုစနစ်တွေအကြောင်း တစေ့တစောင်းကို ဇာတ်လမ်းသွားလေးနဲ့ကြည့်ရမှာမို့ CM ပရိသတ်တို့ လက်မလွှတ်ကြဖို့ အကြံပေးလိုပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှတင်ဆက်ထားပါတယ်။)  File size…(1.9 GB)/(970 MB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:54 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Sai Thurein Lynn
movie

J. Edgar (2011)

Cast Away (2000) 7.8
Cast Away (2000) 2000 ခုနှစ်က ထွက်ရှိခဲ့တဲ့ Cast Awayဇာတ်ကားမှာဆိုရင် မင်းသားကြီးTom Hank ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ဒီဇာတ်ကားဟာ.အောင်မြင်မှုတွေများစွာရရှိခဲ့ပါတယ်ပါဝင်ရိုက်ကူးသမျှ ဇာတ်ကားတိုင်းကို အောင်မြင်စေသည့်မင်းသားတစ်လက်ဟုပင် တွမ်ဟန့်ခ်စ်ကို ညွှန်းဆိုရမှာဖြစ်ပါတယ်...Forrest Gum၊ Big၊ Sleepless in Seattle၊ Apollo 13၊Saving Private Ryan၊Catch Me If You Can၊The Green Mile၊Cast Away၊ Toy Story အစရှိသည့် ဇာတ်ကားများတွင်ဟန့်ခ်စ်ပါဝင်ခဲ့ပြီး ယင်းရုပ်ရှင်များ ရုံတင်ရာမှ ရရှိသည့်ရုံဝင်ကြေးသည် အမေရိကန် တစ်နိုင်ငံတည်းတွင်ပင်ဒေါ်လာ ၄.၂ ဘီလီယံမျှ ရှိခဲ့ပါတယ်..တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ဆိုလျှင်မူအဆိုပါ ငွေပမာဏ၏ နှစ်ဆအထိ တိုးသွားမည်ဖြစ်ပါတယ်...အော်စကာနှစ်ဆုရှင် ဟန့်ခ်စ်ကို ဟောလိဝုဒ်သမိုင်းတွင် အကျိုးအမြတ် အဖြစ်ထွန်းဆုံး စာရင်းဝင်မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံထားရပြီးသူ့ရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်ကြွယ်ဝမှုမှာမူ ဒေါ်လာသန်းပေါင်း ၃၅၀ ကျော်မျှ ရှိပါတယ်...Cast Awayကြည့်ခဲ့သမျှတွေထဲက စိတ်ထဲ ...
movie

Cast Away (2000)

2000
4K HEVC
Superhero Movie (2008) 4.6
Superhero Movie (2008) Superhero Movie (2008) ================== ဇာတ်လမ်းကတော့ ခေါင်းစဉ်အတိုင်းပါပဲ စူပါဟီးရိုးကားပါ။ ကျွန်တော်တို့ ကြည့်ဖူးတဲ့ စူပါဟီးရိုးတွေ အကုန်ပေါင်းထားတဲ့ ဇာတ်ကား လို့တောင်ပြောလို့ရတယ်။ ဘတ်မန်းမိဘတွေ သေတာကအစ စပိုက်ဒါမန်းရဲ့ အန်ကယ်ဘန် သေတာအဆုံး ပါပါသေးတယ်။ X-Men Universe က ချားစ် ဇေးဗီးယား ၊ ဝူဗာရင်းနဲ့ Fantastic 4 တောင်ပါလိုက်သေးတယ်။Spider-man No Way Home Crossover လုပ်တယ်ဆိုတာ ဒီကားကို ဘယ်မှီဦးမလဲ။ With great power comes with Hot Bitches ( ကြီးမားတဲ့ အစွမ်းတွေနဲ့အတူ စော်အလန်းတွေပါ ကပ်ပါလာလိမ့်မယ်) ဆိုတဲ့ စပိုက်ဒါ မန်းကားရဲ့ ဂန္တဝင် စကားလေးလည်း ပါလိုက်သေးတယ်ဗျာ။ Dragonfly ဆိုတဲ့ သဘာဝလွန်ပုစဉ်းတစ်ကောင် အကိုက်ခံလိုက်ရတဲ့ Rick Ricker ဟာ ပုစဉ်း လူသားဖြစ်လာပြီး ဘယ်လိုပေါက်ကရတွေလုပ်ပြီး အခက်ခဲတွေကို ကျော်ဖြတ် သွားမလဲဆိုတာကို အပျင်းပြေကြည့်ရှုရမှာဖြစ်ပါတယ်။ ပြောရရင်တော့ Superhero တွေကိုလှောင်ထား၊ ပြောင်ထားတဲ့ မူဗီလို့ဆိုရမှာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Superhero Movie (2008)

2008
The Harbinger (2022)
The Harbinger (2022) The Harbinger (2022)ပုဗ္ဗနိမိတ် (သို့) ရှေ့တော်ပြေး ဆိုတဲ့ခေါင်းစဥ်အတိုင်း Omen လို နိမိတ်တွေကို အဓိကထားတာ မဟုတ်ဘဲ Devil ရဲ့ ရှေ့တော်ပြေးအကြောင်းကို ရိုက်ကူးထားတဲ့ Horror, Thriller အမျိုးအစားပါ။ဒန်နီယယ်တို့ဟာ တစ်ချိန်တုန်းက သိပ်ကိုပျော်စရာကောင်းတဲ့ မိသားစုလေးပါ။ ယခုအခါမှာတော့ သမီးလေး ရိုဆလီရဲ့ ထူးဆန်းတဲ့အပြုအမူတွေနဲ့အတူ အလုပ်ကိစ္စကြောင့် တစ်မြို့ပြီးတစ်မြို့ပြောင်းရွေ့နေထိုင်ကြပါတယ်။ ဒီတစ်ခါရောက်သွားတဲ့ မြို့လေးမှာတော့ မိမိကိုယ်ကို သတ်သေမှုတွေ ဆက်တိုက်ဆိုသလို ကြုံလာရတယ်။ အမှုတိုင်းမှာလည်း ရှေးဟောင်းပစ္စည်းလေးတစ်ခုက ရှိနေတယ်။ အဲဒီမြို့လေးမှာ ကျိန်စာသင့်နေတယ်လို့ သမုတ်ကြတဲ့ မူလဇာတိသား အင်ဒီးယန်းလူမျိုးစုတွေရဲ့ ​နယ်မြေလည်း ရှိနေပြန်တယ်။ ဒီသတ်သေမှုတွေက ဒန်နီယယ်တို့ မိသားစုနဲ့ ဘယ်လိုပတ်သတ်နေမလဲ မူရင်း အင်ဒီးယန်းလူမျိုးတွေနဲ့ ဘယ်လိုဆက်စပ်နေမလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုအားပေးရင်း ရင်ဖိုနိုင်ရန် ညွှန်းဆိုလိုက်ပါရစေ...(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.5GB, ...
movie

The Harbinger (2022)

2022
Austin Powers: International Man of Mystery(1997) 7.0
Austin Powers: International Man of Mystery(1997) Austin Powers: International Man of Mystery(1997)***************************************************IMDb 7/10 Rotten Tomatoes 71% Commonsensemedia 3/5James Bondကားတွေကို ပြောင်တဲ့ရုပ်ရှင်တွေ၊ ဟာသကားတွေ (ဥပမာ Mr.Beanရဲ့Johny Englishလိုကားမျိုး)အများကြီးထွက်ဖူးပေမယ့်ဒဲ့ကြီးပြောင်ထားတဲ့ကားဆိုလို့ Austin Powers Trilogyပဲ ရှိမယ်ထင်ပါတယ်။ဘယ်လောက်တောင် ဒဲ့ကစ်ထားလဲဆိုရင် ဘွန်းရုပ်ရှင်တွေထဲမှာ နာမည်အကြီးဆုံးဘွန်းရဲ့ရန်သူတော်ကြီးဖြစ်တဲ့Ernst Stavro Blofeld (You Only Live Twice [1967])ကို Dr.Evilဆိုပြီး ဒဲ့ကစ်တာမျိုး။ကစ်တာဘယ်လောက်အထိလဲဆိုရင် Ernst Stavro Blofledရဲ့ထုံးစံအတိုင်း မီးခိုးရောင်ဝတ်စုံကိုဝတ်ပြီးကြောင်ပိုက်ထားတဲ့ဂတုံးပုံစံနဲ့မျက်လုံးမှာ အမာရွတ်ရှိတဲ့ပုံစံအတိုင်း Dr.Evilကလိုက်ဝတ်တာမျိုး၊ဘွန်းဇာတ်ကားထဲမှာ လူဆိုးOddjoဟာ ဦးထုပ်နဲ့တိုက်ခိုက်တာကို ပြောင်ထားတဲ့အနေနဲ့ဒီကားထဲမှာလည်း Random Taskဆိုတဲ့လူဆိုးဟာဖိနပ်နဲ့တိုက်ခိုက်တတ်တဲ့ပုံပြပြီး ဒဲ့ကစ်တာမျိုး၊ ဘွန်းဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တယ်ဆိုတာ ရုပ်ဖြောင့်လို့အပြင်ယောက်ျားပီပီသသရင်ဘတ်မွှေးရှိပြီး ဆွဲဆောင်မှုရှိတာကိုပြောင်တဲ့အနေနဲ့ရင်ဘတ်မွှေးတင်မက ခန္ဓာကိုယ်ရှေ ့ဘက်ခြမ်းတစ်ခုလုံးမျောက်တစ်ကောင်လိုအမွှေးတွေရှိတယ်ဆိုပြီး ပြထားတာမျိုးနဲ့ဒဲ့တွေကစ်ထားတဲ့ကားတွေပါ။အဲ့လိုဒဲ့ကစ်လွန်းလို့လည်း ဂျိန်းဘွန်းမင်းသားကြီး Danial Craigဟာဂျိန်းဘွန်းကားတွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေထားတာရှိပါတယ်။ဂျိန်းဘွန်းဇာတ်ကားတွေကိုပြောင်ထားတဲ့ Austin Powersဇာတ်ကားတွေ အရမ်းအောင်မြင်ခဲ့တာကြောင့်ဂျိန်းဘွန်းဇာတ်ကားတွေကိုထုတ်လုပ်တဲ့ရုပ်ရှင်ကုမ္ပဏီဟာ အရင်လိုစော်ကြည်ဘဲကြီး လက်နက်အဆန်းတွေသုံးပြီးလူဆိုးကိုအနိုင်ယူလေသတည်းဆိုတဲ့ဇာတ်လမ်းမျိုးကို ...
movie

Austin Powers: International Man of Mystery(1997)

HEVC 1080p 5.1
Promising Young Woman (2020) 7.4
Promising Young Woman (2020) Promising Young Woman အညွှန်းကတ်စီ ရဲ့ဘဝမှာ အရာရာတိုင်းက ထင်ထားသလို မဟုတ်ပါဘူးသူမဟာ လှသလောက် ဉာဏ်နီဉာဏ်နက်များပြီး ကလိမ်ကကျစ်လည်း ကျပါတယ်သူမဟာ ညဘက်ရောက်ရင် ကလပ်မှာ ယောက်ျားတွေကိုအမူးလွန်ချင်ယောင်ဆောင်ပြီး လှည့်ဖြားတတ်တဲ့ မိန်းမတစ်ယောက်ပါတစ်ချိန်က အရမ်းစာတော်တဲ့ ဆေးကျောင်းသူလေးက ဒီလိုဘဝမျိုးကို ဘယ်လိုများ ရောက်လာတာလဲ?တစ်ချိန်က စိတ်ဒဏ်ရာဖြစ်စေခဲ့တဲ့ အဖြစ်ဆိုးကို သူရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလားPromising Young Woman 2020 ဟာ 92% tomatometer ရထားပြီးIMDB score 7.4 ရထားတဲ့ ထိတ်လန့်သဲဖို ကားကောင်းတစ်ကားပဲဖြစ်ပါတယ်အပြင်ပန်းမှာ အချစ်ဟာသကားယောင် ဆောင်ထားပေမယ့်လူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်လာနိုင်တဲ့ စိတ်ဒဏ်ရာအကြောင်းနက်နက်နဲနဲ ရိုက်ကူးပြထားတဲ့ ကားကောင်းလေးပဲဖြစ်ပါတယ် Translated by : Htet Wai LwinEncoded by : YKQuality : 720 p WEBSCRFile Size : 1.2GbDuraion .1h 53minSubtitle ...
movie

Promising Young Woman (2020)

2020
Suburbicon (2017) 5.4
Suburbicon (2017) ‌ဆက်​ပ်​ပါ​ဘေကွန်​ဆိုတာက​တော့ အလွန်​​ငြိမ်​းချမ်​းပြီး​တော့၊မြို့ကြီးပြကြီး​တွေလိုကားသံယာဉ်​သံ​တွေနဲ့ရှုပ်​​ထွေးကြပ်​ညှပ်​​နေခြင်​းမရှိတဲ့ ​တောမကျမြို့မကျ​နေရာ​လေးတစ်​ခုပဲဖစ်​ပါတယ်​။ဇာတ်​လမ်​း​လေးက​တော့ ၁၉၄၀-၅ဝဝန်​းကျင်​​တွေ​လောက်​ကကြီးထွားခဲ့တဲ့ လူဖြူလူမည်​းခွဲခြား​ရေးပြဿ နာ​ပေါ်မူတည်​ပြီး ဇာတ်​အိမ်​ဖွဲ့ရိုက်​ကူးထားတာဖြစ်​ပါတယ်​။အဆိုပါ ဆက်​ပ်​ပါ​ဘေကွန်​ဟာ​တော့ လူဖြူအများစုသာ​နေထိုင်​ကြတဲ့​ဒေသဖြစ်​ပါတယ်​။တ​နေ့မှာ​တော့ လူမည်​းမိသားစုဖြစ်​တဲ့ ​မေယာတို့မိသားစုဟာအဆိုပါ​ဒေသကို​ပြောင်​း​ရွေ့လာတဲ့အခါမှာ​တော့လူဖြူ​တွေကအပြင်​းအထန်​ကန်​့ကွက်​ကြပြီး လူမည်​းမိသားစုကိုဆက်​ပ်​ပါ​ဘေကွန်​ကထွက်​ခွာသွား​အောင်​ နည်​းအမျိုးမျိုးနဲ့လုပ်​​ဆောင်​ပါ​တော့တယ်​။သို့​ပေမယ်​့ ဒီဇာတ်​ကားထဲမှာ​တော့ အဲ့ဒီလူမည်​းမိသားစုဟာ ဒီဇာတ်​လမ်​းရဲ့အဓိကဇာတ်​​ဆောင်​​တွေမဟုတ်​ဘဲနဲ့သူတို့ရဲ့အိမ်​နီးနားချင်​းဖြစ်​တဲ့ ​လောချ်​့မိသားစုကအဓိကဇာတ်​​ဆောင်​ဖြစ်​​နေပါတယ်​။ ​မစ္စတာ​လော့ခ်​ဟာ​အောက်​ပိုင်​းမသန်​​တော့တဲ့ သူ့ဇနီးဖြစ်​သူရယ်​ သူ့ရဲ့တစ်​ဦးတည်​း​သောသားက​လေးရယ်​၊ ခယ်​မဖြစ်​သူတို့နဲ့အတူ​နေပါတယ်​။တစ်​ညမှာ မစ္စတာ​လော့ချ်​တို့မိသားစုမှာ အကြမ်​းဖက်​မှုဖြစ်​ပွားခဲ့ပြီး မသန်​စွမ်​းတဲ့ဇနီးသည်​ရဲ့အသက်​​ဆုံးရှုံးခဲ့ရပါတယ်​။အဆိုပါ အကြမ်​းဖက်​မှုမှာ မစ္စတာ​လော့ချ်​ကိုယ်​တိုင်​ပါဝင်​ပက်​​နေတာဖြစ်​ပါတယ်​။ဘာ​ကြောင်​့မစ္စတာ​လော့်​ချ်​က ဒီလိုမျိုးလုပ်​ရတယ်​၊ အဲ့ဒီက​နေပြဿ နာ​တွေကြီးထွားလာပြီးဘာဆက်​ဖြစ်​မယ်​၊ ဘယ်​လိုအလိမ်​​တွေ​ပေါ်ကုန်​မလဲ၊ ဘယ်​လို​ဖြေရှင်​းကြမယ်​ဆိုတာကို​တော့ ဇာတ်​လမ်​းက​လေးမှာဆက်​လက်​ကြည့်​ရှု့လိုက်​ပါ။ဒီဇာတ်​​လမ်​းကို ကြည်​့ဖြစ်​​အောင်​ကြည်​့လိုက်​ကြပါ။ဘာဖြစ်​လို့လဲဆို​တော့ ဒီဇာတ်​လမ်​း​လေးဟာ ကြည်​့ပြီးသွားရင်​ ဘာမှမရလိုက်​တဲ့​ပေါကားဇတ်​လမ်​းမျိုးမဟုတ်​ပါဘူး။ကြည့်​ပြီးတာနဲ့ တစိမ်​့စိမ်​့နဲ့စဉ်​းစားစရာ​တွေချန်​ထားခဲ့မယ်​ဇာတ်​ကားမျိုးဖြစ်​ပါတယ်​။ဇာတ်​လမ်​း​လေးရဲ့အဓိက​ပေးချင်​တဲ့ မက်​​ဆေ့ချ်​က​တော့ လူ​တွေရဲ့အပြင်​ပန်​းအသွင်​အပြင်​နဲ့အသားအ​ရောင်​​တွေကိုကြည့်​ပြီး​တော့ လူမျိုး​ရေးခွဲခြား​နေတာဟာ လုံးဝမဖြစ်​သင်​့​ကြောင်​းပြသသွားတာပါ။လူမည်​းဖြစ်​​ပေမယ်​့စိတ်​ထားဖြူစင်​တဲ့ မိသားစုကို​တော့လူ​တွေကပစ်​ပယ်​ကြပြီး၊ လူဖြူ ဖြစ်​ပြီး စိတ်​ဓာတ်​ညစ်​နွမ်​းတဲ့မိသားစုကို​တော့ သနား​နေကြတဲ့ပုံကိုပညာသားပါပါ​လေးတင်​ပြသွားတာပါ။ကြည်​့ပြီးရင်​မိမိအတွက်​တစ်​ခုခုပြန်​ရလိုက်​မယ်​့ဇာတ်​ကား​လေးဖြစ်​လို့ ကြည်​့ဖြစ်​​အောင်​ကြည့်​လိုက်​ကြပါဦး File Size : (900 MB) and (360 MB) Quality : Blu-Ray 720p Running Time ...
movie

Suburbicon (2017)

2017