Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Steve Mellor
Mickey Blue Eyes (1999)
Mickey Blue Eyes ကတော့ နယူးယော့ခ်မှာရှိတဲ့ လေလံလုပ်ငန်းတစ်ခုမှာ လုပ်ကိုင်နေတဲ့ ရိုးသားကြိုးစားတဲ့လူရိုးလေးတစ်ယောက် သူချစ်ရတဲ့မိန်းကလေးကို လက်ထပ်ခွင့်တောင်းလိုက်တဲ့အချိန်မှာ ကောင်မလေးမိသားစုနဲ့ပတ်သက်ပြီး မထင်မှတ်ထားတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရပြီးနောက် သူ့ဘဝကြီးဘယ်လိုပြောင်းလဲသွားမလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရမယ့် အလွဲတွေများတဲ့ အချစ်ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်မင်းသားရဲ့ရည်းစားကိုယ်တိုင်ထုတ်လုပ်ထားတဲ့ရုပ်ရှင်မို့ သရုပ်ဆောင်ပီပြင်ချက်တွေနဲ့ ကြည့်ရတာအရသာရှိမယ့် ကားတစ်ကားဖြစ်ပါတယ် The Godfather ဇာတ်ကားထဲမှ မင်းသားကြီး James Cann ကိုကြည့်မဝတဲ့သူတွေရှိရင်လည်း ဒီဇာတ်ကားထဲမှာ မင်းသားကြီးကိုယ်တိုင် မာဖီးယားအဖြစ် ပါဝင်ပေးထားတာမို့ ကြည့်ရတန်မယ်လို့ထင်ပါတယ် ဘာသာပြန်ကြောင့်ကြည့်ရတာ ပိုအနှစ်သာရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်File size… (2 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre...Comedy, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by KST
movie
Mickey Blue Eyes (1999)
6.8
Dan in Real Life (2007)
ဒီဇာတ်ကားလေးကတော့ ဇာတ်ကားနာမည်မှာပါတဲ့အတိုင်း Dan ဆိုတဲ့ လူတစ်ယောက် အကြောင်းပါ။ဇာတ်ကားအမျိုးအစားက အချစ်ဟာသဇာတ်မြူးလေးပါ။ ခွက်ထိုးခွက်လန်ရယ်ရတဲ့ဟာသကားမျိုးမဟုတ်ပါဘူး။ဒါပေမယ့် အချစ်ကားဆိုတာတော့ တကယ်အဟုတ်ပါ။Rating တွေကတော့ IMDb - 6.8/10 နဲ့Rotten Tomato 65% ဆိုတော့ ကြည့်ပျော်ပါတယ်ဆိုတာထူးညွှန်းစရာတော့ မလိုသလောက်ပါပဲ။ အရမ်းကြီးထူးထွေဆန်းပြားနေတာတွေ မပါဘဲဖြစ်တတ်တာလေးတွေကိုရိုက်ပြသွားတာကိုက တကယ်ဖြစ်ပျက်နေတာကို ကြည့်ရသလိုဖြစ်စေတာမျိုးပါ။Dan ဆိုတဲ့ သမီး ၃ ယောက်အဖေ မုဆိုးဖိုတစ်ယောက်ရဲ့အကြောင်းကို Thanks Giving အတွက်မိသားစုတွေဆုံကြတဲ့အချိန် ဆုံကြတဲ့နေရာလေးမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဇာတ်လမ်းလေးပါ။အချစ်အကြောင်းသိချင်တာဆို ကြည့်ကြည့်ပါလို့ပြောလို့ရတဲ့ ဇာတ်လမ်းပါ။ အချစ်က ဘယ်လိုဆိုတာပြထားတာလေးတွေအပြင် ထူးထူးခြားခြား အချစ်ကဘာဆိုတာ ပြောပြထားတာလေးပါ ပါတယ်။သိရအောင် ကြည့်ကြည့်လိုက်ပါဦး။အသက်အရွယ်ကို လိုက်ပြီးတော့ရောအချစ်က မတူကွဲပြားတတ်လားဆိုတာမျိုးကိုလည်းထည့်ရိုက်ပြထားသေးတယ်။နောက်ထပ်တစ်ခုက Right Time, Right Person မဖြစ်ရမကြုံရရင်ရော ဘာတွေများဖြစ်ကုန်တတ်လဲ၊အဲ့လိုကြုံရတဲ့လူတွေ ဘယ်လိုလုပ်ကြလဲဆိုတာလည်း သိရမယ့်ဇာတ်လမ်းလေးပါ။အချစ်အကြောင်းချည်းပဲလားဆိုတော့မဟုတ်ပါဘူး။ ဘဝအတွက် အရေးပါတဲ့သတင်းစကားလေးလည်း ပါတယ်။ဇာတ်ကားနာမည်မှာ In Real Life ထည့်ထားတာကအဲ့ဒီ့ ဘဝနေနည်းလေးကို သက်သေပြထားတာလို့ပြောလို့ရတယ်။ စာတွေရေးတဲ့လူက သူ့စာတွေထဲမှာရေးထားသလိုနေဖို့ထက် ...
movie
Dan in Real Life (2007)
Jaws 3-D (1983)
Jaws 3 ခေါ် 3-Dကတော့ မူလ ပရိုဂျူဆာတွေဆက်မထုတ်တော့ပါဘူး။ ဒီရုပ်ရှင်ကိုတော့ မူလ Jawsရဲ့ ပရိုဒတ်ရှင်း ဒီဇိုင်နာ , ဒုတိယ Jawsရဲ့ လက်ထောက်ဒါရိုက်တာလုပ်ခဲ့တဲ့ Joe Alvesက ရိုက်ထားတာပါ။ ဝေဖန်ရေးသမားတွေ ပျစ်ပျစ်နှစ်နှစ်ဝေဖန်တာခံခဲ့ရတဲ့ Jawsကားဆိုလည်း ဟုတ်ပါတယ်။ ငါးမန်းကို ကလေးကစားသလိုလုပ်သွားတာကြောင့်လည်း ပါကောင်းပါပါမယ်။ ဒီထဲက ငါးမန်းဟာ ပထမငါးမန်းတွေလို ရင်ဖိုထိတ်လန့်စရာအရသာမျိုး မပေးနိုင်တော့ပါဘူး။ ဆန်းသွားတာတွေလည်း ရှိတော့ရှိပါတယ်။ ဇာတ်ကတော့ ဘရိုဒီ့သားတွေရဲ့ ဇာတ်ဖြစ်သွားပါပြီ။ သူ့သား မိုက်နဲ့ ဆမ်ရဲ့ဇာတ်ပေါ့။ အဓိကကတော့ မိုက်ပါပဲ။ မိုက်က အဏ္ဏဝါအပန်းဖြေစခန်းတစ်ခုမှာ တည်ဆောက်ရေး အင်ဂျင်နီယာလုပ်နေတယ်။ သူ့ရည်းစားကတော့ အဲဒီမှာပဲ ဇီဝပညာရှင်လုပ်နေတယ်။ သူတို့အဏ္ဏဝါဥယျာဉ်ကို ပင်လယ်ထဲက ငါးမန်းတစ်ကောင်ရောက်လာတာကြောင့် နာမည်ကျော်စွန့်စားရေးသမား ဖီးလစ်နဲ့အတူတူ သူတို့ အဲဒီငါးမန်းကိုပါ ရှင်လျက်ဖမ်းပြီး ပြစားဖို့လုပ်ကြတယ်။ ဒါပေမဲ့ ဒီငါးမန်းနဲ့တင်ပြီးမသွားဘဲ နောက်ထပ်ပြဿနာတွေပေါ်လာတဲ့အခါ သူတို့ဘယ်လိုဖြေရှင်းကြမလဲ ကြည့်ရမှာပါ။ဒီမှာတော့ ...
movie
Jaws 3-D (1983)
7.0
Sleepless in Seattle(1993)
Sleepless in Seattle(1993) အညွှန်း****************************မင်းသားကြီး Tom Hanks အဓိကပါဝင်ထားတဲ့ဇာတ်ကားဆိုတော့ အညွှန်းတောင်ဖတ်စရာမလိုဘဲ ကြည့်သင့်ပါတယ်..ပြီးတော့ဒီကားက အော်စကာ ဆု(၂)အတွက်ဆန်ကာတင်စာရင်းဝင်ခဲ့သလိုအခြားဆုများစွာလည်းရရှိခဲ့ပါတယ်..အချစ်ဆိုတာကို လူတွေဘယ်လိုခံယူကြသလဲဗျ။တကယ်တမ်းဖြစ်စဉ်ကတော့ Samဟာ ချစ်ရတဲ့ဇနီးဆုံးသွားလို့ သားလေးတစ်ယောက်နဲ့အတူဝမ်းနည်းစွာ ကျန်ရစ်ခဲ့ရှာပါတယ်။ နေထိုင်ရာချီကာဂိုတစ်မြို့လုံးဟာ သွားလေသူချစ်သူရဲ့ပုံရိပ်တွေပြည့်နှက်နေတာကြောင့် သူ့အကြောင်းမတွေးမိအောင်ဆီယာတယ်ဆိုတဲ့ မြို့အသစ်ကို ပြောင်းရွှေ့သွားပါတယ်။ ဒါပေမဲ့ Samရဲ့သားလေး Jonahကတော့ မြို့အသစ်ကိုပြောင်းလာပေမယ့်အဖေဖြစ်သူဟာ ပူဆွေးမြဲပူဆွေးနေတာကြောင့် စိတ်ပညာအကြံပေးဖုန်းဖြေကြားလေ့ရှိတဲ့ရေဒီယိုအစီအစဉ်ကို ဖုန်းဆက်ပြီး သူ့အဖေကို မိန်းမအသစ်ရှာပေးဖို့ အကူအညီတောင်းပါတော့တယ်။ဒီတော့ရေဒီယိုအစီအစဉ်က ဖြေကြားသူဆရာဝန်ဟာ သူ့အဖေကို ဖုန်းပေးခိုင်းပြီး ဆွေးနွေးပါတယ်။အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို့တော့..ဇာတ်လမ်းလေးကလည်း ဆွဲဆောင်မှုရှိတဲ့အပြင်သီချင်းလေးတွေကလည်း အရမ်းကောင်းလို့ နောင်တမရအောင် ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပါရစေ။File Size :(2.7GB) (730MB) and (313 MB) Quality : Blu-Ray1080P5.1ch, 720p Format…mp4 Duration…01:45:00 Genre : Romance , Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Sleepless in Seattle(1993)