Channel Myanmar

Steve James

Avenging Force (1986) 5.8
Avenging Force (1986) ဒီဇာတ်လမ်းဟာ 1986 ခုနှစ်မှာထွက်ရှိထားတဲ့ Action/Thriller အမျိုးအစား ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။IMDb 5.8 ရရှိထားပြီးတော့ Rotten tomatoes 50% ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အေးဂျင့်တစ်ယောက်ဖြစ်တဲ့ ဟန်တာဟာ မိဘတွေဆုံးပါးသွားတဲ့အခါကစပြီးညီမလေးကိုစောင့်ရှောက်ဖို့ အေးဂျင့်အလုပ်ကနေထွက်လိုက်ပါ‌တယ်။တစ်နေ့တော့ သူ့ရဲ့သူငယ်ချင်းဟောင်းတစ်ယောက်ဆီအလည်သွားရင်း သူငယ်ချင်းရဲ့မိသားစုကိုလုပ်ကြံမှုနှင့် ကြုံတွေ့ပါတော့တယ်။ထိုအခါ သူငယ်ချင်းကို အေးဂျင့်ဟောင်းဖြစ်တဲ့ဟန်တာက ဘယ်လိုကာကွယ်မလဲ၊သူငယ်ချင်းအစစ်မှန်ဟာဘယ်လိုမျိုးလဲ ဆိုတာကို ရှုစားရမှာပါ။1986 ခန့်ထွက်ရှိခဲ့ပေမယ့် ယခုအချိန်ထိ ကြည့်ရှု၍ကောင်းနေဆဲ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။အက်ရှင်ကားကြိုက်တဲ့ Channelmyanmar ပရိတ်သတ်ကြီးတို့ ခံစားကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ File Size :  2.2 GB, 1.3 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 44min Format :Mp4 Genre : Action, Drama, Thriller  Subtitle : Myanmar Subtitle (Hard Sub) Translated by : KK Encode by ...
movie

Avenging Force (1986)

The Player (1992) 7.5
The Player (1992) The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie

The Player (1992)

The Warriors (1979) 7.5
The Warriors (1979) ဒီဇာတ်ကားက​တော့ New york မြို့ရဲ့ ဂိုဏ်းတစ်ခုက အာဏာရှိတဲ့ ဂိုဏ်း​ခေါင်း​ဆောင်တစ်​ယောက်ကို သတ်မှုနဲ့ စွပ်စွဲခံရတဲ့အ​​ကြောင်းပဲဖြစ်ပါတယ်။ Warriors လို့​ခေါ်တဲ့ စစ်သည်ဂိုဏ်းဟာသူတို့ အိမ်အပြန်လမ်းမှာ ပြိုင်ဘက် ဂိုဏ်းအဖွဲ့​တွေ ရဲ​တွေလက်က​​နေ ဘယ်လိုအတာအစီး​တွေကို​ကျော်ဖြတ်ရသလဲဆိုတာပြသထားပါတယ်။ ဒီဇာတ်ကားမှာ ဂိုဏ်း​တွေရဲ့ တိုက်ခိုက်မှု​တွေ ဓ​လေ့​တွေအပြင် ဂိုဏ်းသား​တွေရဲ့ သစ္စာရှိမှု ရှင်သန်ဖို့ရုန်းကန်မှု​တွေကိုဘယ်လိုပြသထားသလဲဆိုတာကို​တော့ ဇာတ်ကား​လေးထဲမှကြည့်ရှူ့ကြပါဦးခင်ဗျာ။   File Size :  3.9 GB, 1.1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Jack Encode by : Thit San Khant
movie

The Warriors (1979)

American Ninja 3: Blood Hunt (1989)
American Ninja 3: Blood Hunt (1989)  ဒီတစ်ကားမှာတော့ ရှောင်ဒေးဗစ်ဆန်ဆိုတဲ့ကောင်လေးဟာ သူ့အဖေပါဝင်မယ့် နပန်းပွဲကို ကြည့်ဖို့ရောက်နေတာ ဖြစ်ပြီး စိတ်လှုပ်ရှားနေတဲ့အတွက် သူ့အဖေကို စင်နောက်မှာ သွားရှာပါတော့တယ်။ ဒီအချိန်မှာ ကောင်တာကို ဓားပြတိုက်ဖို့ လာတဲ့အဖွဲ့နဲ့တိုးပြီး ရှောင်ကို ဓားစာခံအဖြစ် ချုပ်ထားပါတော့တယ်။ဒီအချိန်မှာပဲ ရှောင်ရဲ့အဖေဖြစ်သူဟာ ရှောင့်ကို ကယ်ဖို့ကြိုးစားရင်း ပစ်သတ်ခံလိုက်ရပါတော့တယ်။ ဖခင်ကိုဆုံးရှုံးလိုက်ရတဲ့ ရှောင့်ကို ဂျပန်လူမျိုး အီဇူမိုဆိုတဲ့လူကြီးက ပြုစုစောင့်ရှောက်ခဲ့ပြီး နင်ဂျာအတတ်ပညာတွေကို ဆရာစားမချန် သင်ကြားပေးခဲ့တဲ့အတွက် သူဟာ နင်ဂျာတစ်ယောက် ဖြစ်လာခဲ့ပြီး ကရာတေးချန်ပီယံအနေနဲ့ ဘဝကိုဖြတ်သန်းနေပါတော့တယ်။ ဒီလိုနဲ့ ကျွန်းတစ်ကျွန်းမှာ နိုင်ငံတကာ ကရာတေးပြိုင်ပွဲ ကျင်းပပေးတဲ့အတွက် ရှောင်တစ်ယောက် ပြိုင်ဖို့ရောက်လာပါတော့တယ်။ဒီအချိန်မှာ အရင်ဇာတ်ကားမှာပါဝင်ခဲ့တဲ့ ဇာတ်လိုက်ကျော်ကြီး ဂျက်ဆန်လည်း လာရောက်ယှဉ်ပြိုင်ပါတယ်။ တစ်ကယ်တမ်းကျ ကရာတေးပြိုင်ပွဲက အယောင်ပြသာဖြစ်ပြီး ဒီကျွန်းပေါ်မှာ အန္တရာယ်ရှိဗိုင်းရပ်စ်တွေကို စမ်းသပ်နေတာဖြစ်ပါတယ်။ ဒီကိစ္စမှာ ရှောင်နှင့် ဂျက်ဆန်တို့နှစ်ယောက် ဘယ်လိုပါဝင်ပတ်သက်လာပြီး ဘယ်လိုတားဆီးကြမလဲ ရှောင့်အနေနဲ့ သွေးကြွေးဆပ်ဖို့ ဘယ်လိုကြုံကြိုက်လာမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပြီး ...
movie

American Ninja 3: Blood Hunt (1989)

American Ninja 2: The Confrontation (1987)
American Ninja 2: The Confrontation (1987) ဒီတစ်ကားကတော့ အမေရိကန်နင်ဂျာရဲ့ ဒုတိယအပိုင်းဆက်ပါ။ဒုတိယပိုင်းမှာကတော့ ကျွန်းတစ်ကျွန်းကို သံတမန်ရေးရာ သွားရောက်နေတဲ့ ရေတပ်ဌာနက ရေတပ်သားတွေ ပြန်ပေးဆွဲခံရပြီး ပျောက်ချင်းမလှ ပျောက်သွားလို့ ကျည်းတပ်ကို အကူအညီတောင်းတဲ့အတွက် ဂျိုးနှင့် ဂျက်ဆန်ကို စစ်တပ်ဘက်က လွှတ်လိုက်ပါတော့တယ်။ သူတို့ရောက်တဲ့အခါမှာ ရေတပ်သားတွေလေးယောက် ပြန်ပေးဆွဲခံထားရပြီး ဒီကိစ္စဟာလည်း သွေးရိုးသားရိုး မဟုတ်တဲ့အတွက် လိုက်လံစုံစမ်းတဲ့ကြပါတော့တယ်။ဒီအချိန်မှာ ရေတပ်သားတစ်ယောက်ဖြစ်တဲ့ တေလာက ရေတပ်ကို သစ္စာဖောက်နေပြီး ခြင်္သေ့ဆိုတဲ့လူကြီးကို ပြန်ပေးဆွဲမှုတွေမှာ ကူညီလုပ်ကိုင်ပေးနေကြောင်း ဂျိုးတစ်ယောက် သိလာရပါတော့တယ်။ ဒီလိုနဲ့ တေလာ့ကို ရအောင်မေးရာကနေ ခြင်္သေ့ဆိုတာ မုတ်ဆိတ်နက်ကျွန်းကိုပိုင်တဲ့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ပြီး မူးယစ်ဆေးကို အကြီးအကျယ်ကုန်သွယ်နေပြီး ရလာတဲ့ပိုက်ဆံတွေကို မျိုးရိုးဗီဇပြောင်းလဲထားတဲ့ လူသားနင်ဂျာတွေဖန်တီးတဲ့ဆီမှာ သုံးနေတာကို သိလိုက်ရတဲ့အခါ ဂျိုးတစ်ယောက် ရေတပ်နဲ့ ပူးပေါင်းပြီး ဒီမူးယစ်ဆေးကုန်သွယ်မှုနဲ့ မျိုးရိုးဗီဇပြောင်းလဲဖန်တီးမှုတွေကို ဘယ်လိုတားဆီးမလဲဆိုတာကို ရင်ဖိုင်စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီဇာတ်ကားကိုကြည့်တော့မယ်ဆိုရင် ပထမကားကို ကြည့်ပြီးသားဖြစ်မှာမို့လို အထူးတလည်ညွန်းစရာမလိုတော့ပါဘူး။ ဒီတော့ ...
movie

American Ninja 2: The Confrontation (1987)

American Ninja (1985)
American Ninja (1985)  ဂျိုးဆိုတဲ့ကောင်လေးဟာ ကိုယ့်မိဘ ဘယ်သူမှန်းလည်း မသိ၊ ကိုယ့်မွေးနေ့မွေးရက်ကိုလည်းမသိတဲ့အပြင် ကျွန်းတစ်ကျွန်းမှာ ပေါက်ကွဲမှုကြောင့် အတိတ်မေ့သွားရှာတဲ့ ကောင်လေးတစ်ယောက်ပါ။ သူဟာ အရွယ်ရောက် ကတည်းက ပြဿနာအမျိုးမျိုးတက်ပြီး လူငယ်ထိန်သိမ်းရေးကျောင်းကိုလည်း ခဏခဏရောက်ပြီး နောက်ဆုံးမှာ တရားရုံးက စစ်မှုထမ်းဖို့ အမိန့်ချမှတ်လိုက်တဲ့အတွက် စစ်တပ်ထဲရောက်လာတဲ့သူပါ။တစ်နေ့မှာတော့ သူတာဝန်ကျရာစခန်းက ကာနယ်ကြီးရဲ့သမီးကို အိမ်ပြန်ပို့ဖို့ တာဝန်ကျလို့ ပြန်ပို့ရာလမ်းမှာ နင်ဂျာတစ်ဖွဲ့က သူတို့ထရပ်ကားတွေကို ဝင်စီးတဲ့အခါမှာ ထူးဆန်းစွာပဲ သူခန္ဓာကိုယ်အလိုအလျောက်တုန့်ပြန်ပြီး ကာနယ်သမီးကို နင်ဂျာအတတ်ပညာဖြစ်တဲ့ နင်ဂျုဆုတွေကို အသုံးပြုပြီး ကယ်တင်လိုက်ပါတယ်။ဒီလိုနဲ့ ပြန်ရောက်တဲ့အခါမှာ ဆာဂျင်က သူ့ကိုပြစ်ဒဏ်ချတဲ့အနေနဲ့ ထရပ်ကားသိုလှောင်ရုံဘက်မှာ တာဝန်ချရာကနေ စစ်တပ်နဲ့ ဒီနင်ဂျာသူပုန်အဖွဲ့ဟာ ပူးပေါင်းကြံစည်နေပြီးတော့ နိုင်ငံတော်ပိုင်လက်နက်တွေကို မှောင်ခိုထုတ်နေမှန်းသိလိုက်ရာကနေ သူ့ကိုလိုက်သတ်နေတဲ့နင်ဂျာအဖွဲ့တွေဆီကရော သူ့ကို ပြဿနာကောင်အနေနဲ့ မြင်တဲ့ စစ်တပ်က လူတွေကိုရော ဘယ်လိုယုံအောင်ရှင်းပြမလဲ ဒီကိစ္စရဲ့နောက်ကွယ်မှာရော ဘယ်သူတွေပါဝင်နေလဲ သူကရော နင်ဂျာအတတ်ပညာတွေကို ဘယ်လိုတတ်မြောက်နေတာလဲ အတိတ်မေ့နေတဲ့မှတ်ဉာဏ်တွေကရော ပြန်ပေါ်လာပါ့မလား ဆိုတာကို ...
movie

American Ninja (1985)

The Delta Force (1986)
The Delta Force (1986) The Delta Force (1986)1985 တုန်းက လေယာဉ်ပြန်ပေးဆွဲခံခဲ့ရတဲ့ တကယ့်ဖြစ်ရပ်မှန်ကို Reference ယူပြီး ရိုက်ထားတဲ့ 1986 က ​ကားဟောင်းလေးပါ။ Delta Force Trilogy ထဲက ပထမဆုံးကားဖြစ်ပါတယ်။ အမေရိကန် ဖိုက်တာကြီး Chuck Norris ပါဝင်သရုပ်ဆောင်ထားတာမို့ အပစ်အခတ် ​အကြမ်းစားတွေ သေချာပေါက်တွေ့ရမှာပါ။ဇာတ်လမ်းကတော့... အကြမ်းဖက်သမားနှစ်ယောက် အဒူရာဖိုင်းနဲ့ မူစတာဖာတို့က အေသင်ကနေ ရောမ နယူးယောက်ကိုသွားမယ့် လေယာဉ်ကို ပြန်ပေးဆွဲသွားပြီး ဘဲရု လက်ဘနွန်ကို ပျံခိုင်းလိုက်တယ်။ အမေရိကန် ဒယ်တာတပ်ဖွဲ့က ကာနယ်နဲ့ မေဂျာစကော့တို့ ဦးဆောင်ပြီး ဓားစာခံတွေကိုကယ်တင်ဖို့ တာဝန်ကျလာတယ်။ အဒူရာဖိုင်းက ခရီးသည် ၁၄၄ ယောက်ထဲက ဂျူးတွေနဲ့ မရိန်းတပ်သားတွေကို ခွဲထုတ်ပြီး ဘဲရုမှာထားခဲ့ပြီးတော့ သူတို့အစား အကြမ်းဖက်သမားအဖော်တွေခေါ်တင်လာတယ်။ အယ်ဂျီးရီးယားကို ဆက်ပျံလာပြီး ဓားစာခံမိန်းကလေးတွေကို လွှတ်ပေးမယ်ဆိုတော့ ဒယ်တာတပ်ဖွဲ့က အကြမ်းဖက်သမား ၂ယောက်ပဲပါတယ်ဆိုပြီး ...
movie

The Delta Force (1986)

1986