Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Steve Harris
7.4
The Rock (1996)
မင်းသားကြီးရှောင်ကွန်နရီ နဲ့ နီကိုလပ်ကေ့ချ် တို့အဓိကပါဝင်ထားတဲ့ ဒီဇာတ်ကားကြီးဟာ Armageddon,Transformers ဇာတ်ကားတွေကို ဖန်တီးသူ ဒါရိုက်တာ Michael Bay ရဲ့ နောက်ထပ်လက်ရာကောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။တိုင်းပြည်ရဲ့ လျှို့ဝှက်စစ်ဆင်ရေးတိုက်ပွဲတွေမှာ အသက်စွန့်ခဲ့ရပေမယ့် ဘာဂုဏ်ပြုမှတ်တမ်းမှ မရေးထိုးပေးဘဲ ချောင်ထိုးခံလိုက်ရတဲ့ ကျဆုံးစစ်သည်နဲ့ မိသားစုတွေအတွက် ရင်နင့်နေတဲ့ အမေရိကန်ဗိုလ်ချုပ်ဖရန့်ဟမ်းမဲလ်....ဘယ်သူမှဖဖောက်နိုင်တဲ့ထောင်ကို ဖောက်ထွက်ပြေးခဲ့ဖူးတဲ့ နာမည်ကြီးထောင်ဖောက်သမားကြီး ဂျွန်မေဆင်....FBI ဌာနရဲ့ ဓါတုဗေဒ ပညာရှင် ဂွတ်စပိဒ်....ဒီလိုထိပ်တန်းလူသုံးယောက် ကိုယ့်ခံယူချက် ယုံကြည်ချက်အတွက် တိုက်ပွဲဝင် ထိပ်တိုက်တွေ့ဆုံရာဝယ်.............။ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်....မင်းသားကြီးတွေရဲ့ သရုပ်ဆောင်မှုတွေ အသောအထေ့တွေက အသက်ဝင်လွန်းပါတယ်။နီကိုလပ်ကေ့ချ်ကို ငယ်ရွယ်နုပျိုစွာမြင်ရတာကလဲ အတော်ပဲ ကြည့်ပျော်မှာပါ။ File size…(2.6 GB)/(1.4 GB) Quality….BrRip 1080p / 720p Format… mp4 Duration…. 02:16:00 Genre... Action, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Myo Min Aung
movie
The Rock (1996)
1996
5.6
The Skulls (2000)
The Skulls (2000)IMDb Rating (5.6) / Rotten Tomatoes (9%) ၂၀၀၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်က အမေရိကန် အိုင်ဗီလိဂ် တက္ကသိုလ်တွေရဲ့ အထူးလျှို့ဝှက်အဖွဲ့အစည်းတစ်ခု အကြောင်းနဲ့ အဲဒီအဖွဲ့မှာ ပါဝင်ပတ်သက်မိတဲ့ ကျောင်းသားတစ်ဦး အကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။Fast and Furious ဇာတ်ကားတွေရဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Paul Walker နဲ့ Joshua Jackson တို့က အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ Luke ဟာ ဆင်းရဲနွမ်းပါးပေမဲ့ ထူးချွန်တဲ့ ကောလိပ်ကျောင်းသားတစ်ဦးဖြစ်ပြီး အိုင်ဗီလိဂ်လို့ခေါ်တဲ့ အမေရိက အရှေ့မြောက်ပိုင်းက ထိပ်သီးတက္ကသိုလ်ရှစ်ခုထဲက တစ်ခုမှာ တက်ရောက်နေသူဖြစ်ပါတယ်။ကြီးလေးတဲ့ ကျောင်းစရိတ်အတွက် စကောလားရှစ်တွေနဲ့ အချိန်ပိုင်းအလုပ်တွေကို လုပ်ကိုင်ပြီး ရုန်းကန်နေရသူဖြစ်ပါတယ်။ တစ်ညမှာတော့ Luke ကို Skulls လို့ခေါ်တဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက အသင်းဝင်အဖြစ် ကမ်းလှမ်းလာပါတယ်။Skulls အဖွဲ့အစည်းက တက္ကသိုလ်ကျောင်းသားတွေကြားမှာ ဒဏ္ဍာရီလိုလို ...
movie
The Skulls (2000)
2000
6.5
Takers(2010)
Takers (2010)လူ(၄)ယောက် အခန်းတစ်ခုထဲမှာ ဆုံကြတယ်...စကားအနည်းငယ်ပြောပြီးတာနဲ့ အသင့်ပါလာတဲ့ အနက်ရောင်ဝတ်စုံတွေလဲလိုက်ကြသလိုမျက်နှာဖုံးစွပ်အနက်တွေလည်း ဝတ်ဆင်လိုက်ကြတယ်...M4A1 Carbine နဲ့ Glock စီးရီးအလိုက် လက်နက်ငယ်တွေလည်း ကိုင်ဆောင်ထားကြတယ်...သူတို့ကြည့်ရတာ အချိန်အကြာကြီးစီစဉ်ထားကြသလို အကုန်လုံးကလည်းသွေးအေးတည်ငြိမ်လွန်းနေကြတယ်... သိပ်မကြာဘူး..လောစ့်အိန်ဂျလိစ်မြို့တွင်းက ဘဏ်တစ်ခုကို ဓားပြဝင်တိုက်ကြတယ်....ဘယ်လောက်တောင် ရဲတင်းလွန်းသလဲဆိုတော့ ဘဏ်စာရေးမကိုတောင် ရဲစခန်းကိုဓားပြတိုက်ခံနေရကြောင်း ဖုန်းဆက်ခိုင်းလိုက်ပါသေးတယ်....ကိုင်း ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး....ဘဏ်ဓားပြတွေက ဘယ်သူတွေဖြစ်မလဲ.... LA ရဲတွေကရော အမိဖမ်းနိုင်ပါ့မလား...ဒီလောက်သွေးအေးပြီး အစီအစဉ်တကျ ဓားပြမှုကျူးလွန်နိုင်လောက်အောင် ဒီလူတွေဘယ်လောက်တော်နေလဲ...ဒီကားကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Fast & Furious မင်းသား Paul Walker နဲ့Idris Elba တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်....အမိုက်စား ဘဏ်ဓားပြကားထဲက တစ်ကားအပါအဝင်ဖြစ်လို့ ခပ်လန်းလန်း စဆုံး Tempo မကျတဲ့ကားတွေမှသဘောကျတဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်ပါကြောင်း ညွှန်းဆိုပါရစေ.... File Size : 2.33GB & 880MB Quality : Blu-Ray 1080p ...
movie
Takers(2010)
12 Rounds (2009)
နယူးအော်ရီလန်က ရဲအရာရှိ ဒန်နီဖစ်ရှာ (John Cena) ဟာ နာမည်ကြီးခိုးမှုတစ်ခုရဲ့ တရားခံနောက်ကိုလိုက်နေတုန်းမှာ အဲဒီတရားခံရဲ့ ကောင်မလေးဟာ မတော်တဆ သေသွားခဲ့ရပါတယ်.လက်စားချေဖို့ကို ဆာလောင်နေတဲ့ ဉာဏ်ကြီးရှင်တရားခံဟာ တစ်နှစ်အကြာမှာ ထောင်ကနေ ဖောက်ပြေးလာပြီး ဒန်နီရဲ့ ဇနီးလောင်းကို ပြန်ပေးဆွဲသွားပါတော့တယ်.. သူ့ဇနီးလောင်းကိုကယ်ဖို့အတွက် ဒန်နီဟာ အဲဒီတရားခံနဲ့ ဉာဏ်ချင်းယှဉ်ပြိုင်ပြီး ၁၂ ချီရှိတဲ့ ကစားနည်းတစ်ခုကို သူ့ဇနီးလောင်းရဲ့အသက်နဲ့ရင်းပြီး ကစားရတဲ့အခါ....ဒန်နီက သူ့ဇနီးလောင်းကိုကယ်ဖို့ အောင်မြင်သွားမလား....ဒါမှဟုတ် တရားခံဖြစ်တဲ့ မိုင်းစ်ကပဲ ဒန်နီကိုဘယ်လိုတွေလှည့်စားပြီးတော့ ဇာတ်လမ်းပြီးတဲ့အထိ အနိုင်ယူသွားမလားဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်သင့်တဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်.အဓိကဇာတ်ဆောင်အနေနဲ့ WWE Superstar John Cena ပါဝင်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်. File size…(2.6 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jo Joe
movie
12 Rounds (2009)
5.6
Bringing Down the House (2003)
Bringing down the House (2003) Genre – Comedy IMDB – 5.6/10ခွက်ထိုးလန် ရယ်ရတာမျိုး မဟုတ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ ပြုံးရယ်နေရမယ့် ၂၀၀၃ ခုနှစ်တုန်းက ဟာသကားလေး တင်ဆက်ပေးချင်ပါတယ်ဗျ။မင်းသားကတော့ Pink Panther တို့ Cheaper by Dozen တို့လို ဟာသကားကောင်းလေးတွေ ရိုက်ကူးခဲ့တဲ့ဟာသမင်းသားကြီး Steve Martin ဖြစ်ပြီး အမွှေစိန်နေရာက မင်းသမီးတစ်ဖြစ်လဲရပ်ပ်အဆိုတော်လည်း ဖြစ်တဲ့ Queen Latifah တို့ အဓိက သရုပ်ဆောင်ပြီး ပံ့ပိုးထားကြတာပါ။American Pie ရုပ်ရှင်တိုင်းမှာ ပါလေ့ရှိတဲ့ ဘဲကြီး Eugene Levy ကလည်း ဒီကားထဲ ပရမ်းပတာနဲ့ ဝင်ဖောက်ထားပါသေးတယ်။ဒီကားလေးထဲမှာတော့ သက်လတ်ပိုင်းအရွယ် ကြုံဆုံရတဲ့ ဒုက္ခတွေနဲ့အတူလူမျိုးရေး ခွဲခြားမှု အိမ်ထောင်ရေး ပြဿနာ အဆင့်အတန်း ခြားနားမှုတွေကိုခပ်ပါးပါး သရော်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ပီတာဆိုတဲ့ အခွန်ရှေ့နေက ...
movie
Bringing Down the House (2003)
5.9
Quarantine (2008)
Horrorရုပ်ရှင်ရိုက်တဲ့နေရာမှာ နာမည်ကြီးဖြစ်တဲ့ ဒါရိုက်တာ John Eric Dowdle ရဲ့ 2008ခုနစ်က ထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။ တီဗီသတင်းတင်ဆက်သူနဲ့ သူမရဲ့ကင်မရာမန်းက မီးသတ်ဌာနမှာ လေ့လာရေးအစီအစဉ်သွားရိုက်ရင်း ထူးဆန်းတဲ့ဗိုင်းရပ်စ် ပျံ့နေတဲ့ အဆောက်အအုံထဲ ပိတ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…(1.8 GB)/(958 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Horror, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nang Aye Myat Phoo
movie
Quarantine (2008)
6.9
In Your Eyes (2014)
Genre – Fantasy, Romance IMDB – 6.9/10 အရမ်းကို ထူးခြားဆန်းကျယ်ပြီး ဆွတ်ပျံလွမ်းဆွေးဖွယ်ကြည်နူးရမယ့် စိတ်ကူးယဉ်အချစ်ဇာတ်ကားကောင်းလေးလို့ပြောချင်ပါတယ်။ အကြိုက်ဆုံး Romantic ကားတွေထဲကတစ်ကားအပါအဝင် ဖြစ်ပါတယ်။ သူဆန်းကျယ်တာကျLake House တို့လို တစ်ယောက်နဲ့တစ်ယောက်က နေထိုင်တဲ့ခုနှစ် မတူညီတာမျိုးမဟုတ်ဘူး About Time တို့ TimeTraveler’s Wife တို့လို အချိန်ခရီးသွားလို့ ရတာလည်းမဟုတ်ပြန်ဘူး။ သူကကျ တစ်နေရာစီမှာရှိနေတဲ့လူနှစ်ယောက်ကတစ်ယောက်နဲ့တစ်ယောက် အာရုံငါးပါးလုံး ချိတ်ဆက်နေတာမျိုးတစ်ဖက်ကလူက နှင်းလျှောစကိတ်စီးရင်း မတော်မဆ ဖြစ်ရင်ဒီဖက်ကလူလည်း အလကားနေရင်း သူနာကျင်ရသလို လိုက်နာကျင်ရတာမျိုး။ တစ်ဖက်လူက မြင်တာ၊ ကြားတာ၊ အနံ့ရတာ၊အရသာခံစားတာ အကုန်လုံးကို နှစ်ကိုယ့်တစ်စိတ် ဖြစ်နေတဲ့အပြင်အချင်းချင်းလည်း ဖုန်းတွေဘာတွေမလိုပဲ ဆက်သွယ်လို့ရနေတာမျိုးပါ။ဒီလိုမျိုး ထူးဆန်းတဲ့အတွေးအခေါ်လေးနဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖန်တီးပေးသွားတာကတော့ Avenger ပထမကားဒုတိယကား ရိုက်ကူးခဲ့တဲ့ Joss Whedon တစ်ယောက်ပဲ ဖြစ်ပါတယ်။မင်းသမီးလေး Zoe Kazan ချစ်စဖွယ်အပြုအမူလေးတွေနဲ့ ရိုက်လေ့ရှိပြီး ...
movie
In Your Eyes (2014)
7.6
Minority Report (2002)
Minority report (2002)IMDb Rating (7.6) / Rotten tomatoes (90%)တွမ်ခရုစ် ပါဝင်ထားတဲ့ sci-fi, thriller ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခံ့မှု၊ ဇာတ်လမ်းဆန်းသစ်မှုအပိုင်းတွေမှာ ပြောစရာမလိုအောင်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သက္ကရာဇ် ၂၀၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ တင်ကြိုမှုခင်းတားဆီးရေးအဖွဲ့ကို နိုင်ငံတော်အဆင့်ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ Precrime ဆိုတာက မှုခင်းတွေ၊ အထူးသဖြင့် လူသတ်မှုတွေမဖြစ်အောင် တားဆီးကာကွယ်ရတဲ့ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လိုတားဆီးသလဲဆိုတော့ precogs လို့ခေါ်တဲ့ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေက အခင်းဖြစ်ပွားရာနေရာ၊ အချိန်နဲ့ လူပုဂ္ဂိုလ်တွေကို အတိအကျခန့်မှန်းဟောကိန်းထုတ်ပေးပြီးတော့ precops လို့ခေါ်တဲ့ အထူးရဲတွေက အဆိုပါနေရာကို အချိန်ကိုက်သွားရောက်ဝန်းရံပြီးတားဆီးရတာပါပဲ။precops အဖွဲ့မှူးဖြစ်တဲ့ ဂျွန်အန်ဒါတန်(တွမ်ခရုစ်)ဟာ မကြာသေးမီက သားဖြစ်သူပျောက်ထားတဲ့ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ၊ စစ်ဆင်ရေးတွေမှာ တာဝန်ကျေပွန်ပေမယ့် သားပျောက်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေသူတစ်ဦးဖြစ်ပါတယ်။ Precrime ဌာနဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်ဆဲကာလမို့ နိုင်ငံတော်အဆင့်တရားဝင်ဖြစ်အောင် ဖယ်ဒရယ်ကအရာရှိတွေရဲ့ စစ်ဆေးမှုခံနေရတဲ့ အခြအနေပါ။ အဲ့လိုကာလအတွင်းမှာ ...
movie
Minority Report (2002)
2002
5.3
The First Purge (2018)
ဒီဇာတ်ကားက The Purge ဇာတ်ကားတွေရဲ့ မူလအစ Prequel ကားတစ်ကားပဲဖြစ်ပါတယ်။The Purge ကားတွေကိုတော့ မြန်မာပရိသတ်တွေသိပ်ပြီးစိမ်းကြမယ်မထင်လို့ အထူးတလည်မိတ်ဆက်ပေးမနေတော့ပါဘူး။ဒီဇာတ်ကားမှာတော့ ရှေ့ကထွက်ခဲ့တဲ့ဇာတ်ကားတွေထဲက Purge လို့ခေါ်တဲ့ပွဲကြီး ဘယ်လိုဖြစ်တည်လာလဲဆိုတာကို ပြသထားပါတယ်။ဒီဇာတ်လမ်းကိုရေးသားသူကတော့ ရှေ့ကားတွေကို ကိုယ်တိုင်ရေးပြီးကိုယ်တိုင်ရိုက်ခဲ့တဲ့ James Demonaco ဖြစ်ပြီး ကိုယ်တိုင်ရိုက်ကူးလိုစိတ်မရှိတာကြောင့် Gerard McMurray ဆိုတဲ့ဒါရိုက်တာကိုရိုက်ကူးခွင့်ပေးခဲ့ပါတယ်။အမေရိကန်နိုင်ငံဟာ လူဦးရေအရမ်းကိုအဆမတန်ထူထပ်များပြားလာတာကြောင့် စီးပွားပျက်ကပ်ဆိုက်နေတဲ့အခြေအနေကိုရောက်ရှိလာပါတယ်။အာဏာပိုင်တွေအနေနဲ့ ထိုပြဿနာကြီးကို ကိုယ်တွယ်ရာမှာ တိုးတက်ကောင်းမွန်လာတယ်လို့မရှိဘဲ ကြာလာတာနဲ့ ကြွေးမြှီတွေက လည်ပင်းအထိနစ်လာပါတော့တယ်။အဲဒီလိုကြံရာမရဖြစ်နေတဲ့အဆုံး နောက်ဆုံးနည်းကိုထုတ်သုံးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲဒီနောက်ဆုံးနည်းဆိုတာကတော့ လူဦးရေကိုလျှော့ချပစ်တဲ့နည်းပါ။Purge လို့လူအများခေါ်တွင်ကြတဲ့နည်းလမ်းကိုသုံးပြီး လူဦးရေကိုလျှော့ချပစ်တာပဲဖြစ်ပါတယ်။Purge ဆိုတာကတော့ သတ်မှတ်ထားတဲ့ညတစ်ညမှာ ကြိုက်တဲ့ရာဇဝတ်မှုကို ကြိုက်သလိုကျူးလွန်နိုင်တဲ့ပွဲကြီးပါပဲ။အဲဒီပွဲကြီးကိုအခွင့်ကောင်းယူပြီး လူသတ်ပြီး လုယက်ကြမယ့်လူတွေကလည်း မနည်းပါဘူး။အာဏာပိုင်တွေကတော့ အဲဒီပွဲကိုကိုယ်တိုင်ဦးစီးပြီး တရားဝင်အဖြစ်ကြေငြာထားပါတယ်။အဲဒီဒဏ်ကိုပထမဆုံးခံရတာကတော့ Staten Island လို့ခေါ်တဲ့ အခြေခံလူတန်းစားတွေနဲ့ လူမည်းတွေအများစုနေထိုင်တဲ့ မြို့ပါပဲ။အစိုးရကိုယ်တိုင်က လူဦးရေလျှော့ချချင်တဲ့အကြံကြီးနဲ့ မင်းမဲ့တိုင်းပြည်လို လူကြိုက်သလောက်သတ် ကြိုက်တာလုပ်ခွင့်ပေးထားတဲ့တစ်ညတာကို အဲဒီမြို့လေးရှင်သန်နိုင်ပါ့မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဘာသာပြန်ပေးထားသူတွေကတော့ ကိုမျိုးသန့်နဲ့မေမြတ်သူပါ) File ...
movie
The First Purge (2018)
2018