Channel Myanmar

Stephen Lobo

Balestra (2024) 5.0
Balestra (2024)  ပါရမီရှက်လို့ အများကသက်မှတ်ထားတဲ့ ဓားရေးကစားသမား ဂျိုအန်နာဟာ ပြိုင်ပွဲတွေမှခေတ္တအနားယူပြီးနောက် ပဲရစ်အိုလံပစ်တွင် ဝင်ပြိုင်ခွင့်ရရှိရန် ကြိုးပမ်းပါတော့တယ်။ပဲရစ်အိုလံပစ်တွင် ပြိုင်ခွင့်ရရန်အတွက် အမှတ်တက်အောင် တခြားပြိုင်ပွဲမျိုးစုံကို ဝင်ပြိုင်သော်လည်း ထင်သလိုရလဒ်များမထွက်လာသောအခါ ခေတ်မီနည်းပညာတမျိုးကို စမ်းသပ်ပြီး အိမ်မက်ထဲမှာပါ လေ့ကျင့်ခွင့်ရအောင်ကြိုးစားပါတော့တယ်။အဲဒီစက်ကို ဆက်တိုက်အသုံးပြုလာရင်းနှင့် ဂျိုအန်နာတစ်ယောက် အိမ်မက်တွေကိုစွဲလမ်းလာသောအခါ အစစ်အမှန်လောကနှင့် တဖြည်းဖြည်းကင်းကွာလာသောအခါ သူ၏ခင်ပွန်း နည်းပြဖြစ်သူက စက်ကိုအသုံးပြုခြင်းကို ရပ်တန့်ရန်ကြိုးစားပါတော့တယ်။ ဂျိုအန်နာတစ်ယောက် အိမ်မက်တွေကိုစွဲလမ်းခြင်းကို ရပ်တန့်နိုင်မလား မျှော်မှန်းထားသလို ရွှေတံဆိပ်ဆုရယူနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမည့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(750 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:25:00 Genre... Drama, Fantasy, Sci-Fi, Sport, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie

Balestra (2024)

The Painter (2024)
The Painter (2024) The Painter (2024)ဒီကားကို "The Painter" လို့ ခေါင်းစဉ်တပ်ထားပေမဲ့ တကယ့် ပန်းချီဆရာမဟုတ်ဘဲ ပန်းချီဆရာလို့တင်စားခံရလောက်အောင် လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ ထူးချွန်ပြောင်မြောက်လှတဲ့ လူတစ်ယောက်အကြောင်းဖြစ်ပါတယ်။ ပီတာဘယ်ရက်ဆိုတဲ့လူဟာ ငယ်စဉ်ဘဝ အက်ဆီးဒင့်တစ်ခုဖြစ်ကတည်းက သူ့ရဲ့အကြားအာရုံတွေဟာ ပုံမှန်လိုမဟုတ်တော့ဘဲ အလွန်အမင်းအားကောင်းလာခဲ့ပါတယ်။ မိဘတွေဆုံးပါးသွားတဲ့ပီတာလေးကို သူ့မိဘတွေရဲ့ သူငယ်ချင်းလည်းဖြစ် စီအိုင်အေဝန်ထမ်းတစ်ယောက်လည်းဖြစ်တဲ့ ဘန်းဆိုတဲ့သူက ပီတာ့ကိုမွေးစားပြီး အထူးအေးဂျင့်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ ပီတာကြီးလာတော့လည်း စီအိုင်အေက အေးဂျင့်တစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ပီတာ့မိန်းမဟာ ကိုယ်ဝန်တစ်ဖက်နဲ့ ထောက်လှမ်းရေးလုပ်နေသလို ပီတာကလည်းသူ့စစ်ဆင်ရေးနဲ့သူနဲ့ပေါ့။ ဒီလိုနဲ့ ပီတာတစ်ယောက် စစ်ဆင်ရေးအရောက် သူ့ပစ်မှတ်ကို လုပ်ကြံလုဆဲဆဲမှာပဲ တစ်ဖက်ကနေ ပီတာ့ပစ်မှတ်ကိုဖမ်းဖို့လုပ်နေတဲ့ သူ့မိန်းမကရောက်လာခဲ့ပါတယ်။ အဲဒီအခါ ရုတ်တရက်ဆိုလို ပစ်မှတ်ဘက်ကနေတုံ့ပြန်မှုကြောင့် ပီတာ့မိန်းမဒဏ်ရာရပြီး ရေမွှာပေါက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဆေးရုံအပြေးရောက်သွားခဲ့ပေမယ့် ပီတာနဲ့အယ်လီနာတို့ရဲ့ကလေးဟာ မွေးမွေးချင်းဆုံးသွားလို့ လင်မယားနှစ်ယောက်စိတ်ဒဏ်ရာရပြီး ကွဲသွားပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ပီတာ့ကို ကလေးတစ်ယောက်လာရှာပါတယ်။ သူ့ရဲ့သမီးလို့အမည်ခံပြီး သူ့မိန်းမအကြောင်းပြောလာတဲ့အခါမှာ ပီတာတစ်ယောက်မခံမရပ်နိုင်ဖြစ်ပြီး ...
movie

The Painter (2024)

2024
WifeLike (2022) 5.5
WifeLike (2022) Wifelike (2022)ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Wifelike ဆိုတဲ့ Sci-Fi, Thriller အမျိုးအစားဇာတ်ကားလေး ဖြစ်ပါတယ်။IMDb မှာ Rated R အဖြစ် သတ်မှတ်ထားတဲ့ဇာတ်လမ်းပါ။ဇာတ်လမ်းအကျဉ်းကတော့ William က Wifelike ကုမ္ပဏီက အေးဂျင့်တစ်ယောက်ပေါ့။ သူ့အလုပ်ကတော့ ကုမ္ပဏီကထုတ်တဲ့ လူသားစက်ရုပ်အဖော်တွေကို စောင့်ရှောက်ပေးရတာပါ။ တစ်ဖက်မှာလည်း စက်ရုပ်အဖော်တွေကိုဆန့်ကျင်တဲ့ SCAIR ဆိုတဲ့အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့က စက်ရုပ်တွေကို ပိုင်ရှင်တွေဆီကခိုးသွားပြီး အကြမ်းဖက်မှုတွေမှာ အသုံးချတယ်ဆိုပြီး နာမည်ကြီးတဲ့အဖွဲပေါ့။တစ်နေ့မှာတော့ ကုမ္ပဏီကနေ William အတွက် သူ့ရဲ့ဆုံးသွားတဲ့ဇနီး Meredith နဲ့ တစ်ပုံစံတည်းတူတဲ့ စက်ရုပ်အဖော်တစ်ယောက် လုပ်ပေးလိုက်ပါတယ်။ Meredith က သူ့ပရိုဂရမ်အရ အစပိုင်းမှာ ကိစ္စအားလုံးကိုမမှတ်မိသေးဘဲ နောက်ကျတော့မှ လူသား Meredith နဲ့ တဖြေးဖြေးပေါင်းဆည်းသွားပြီး တစ်သားတည်းဖြစ်သွားမှာပါ။အဲလိုနဲ့ Meredith စက်ရုပ်လေးက ဘာကိုမှမမှတ်မိသေးဘဲ အားလုံးကိုစူးစမ်းလေ့လာနေတဲ့အချိန်မှာ SCAIR အဖွဲ့က သူ့ဆီချဉ်းကပ်လာတော့ William အနေနဲ့ သူ့မိန်းမစက်ရုပ်လေးကို ဘယ်လိုကာကွယ်သွားမလဲ၊ SCAIR အဖွဲ့ရဲ့သရုပ်မှန်ကရောဘာလဲ၊ Meredith ကရော ...
movie

WifeLike (2022)

2022
Donkeyhead (2022) 6.3
Donkeyhead (2022) Donkeyhead (2021)လူအမျိုးမျိုး စိတ်အထွေထွေ" တဲ့ ...လူရယ်လို့ ဖြစ်လာရင် ကိုယ်ပိုင်ခံယူချက်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေက တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ မတူနိုင်ဘူး။မိသားစုတစ်ခုမှာတောင် မိဘနဲ့ သားသမီးဟာ စိတ်သဘောထားချင်း မတူတာများတယ်မလား၊ မျိုးဆက်တစ်ခု ကွာတဲ့ မိဘနဲ့ သားသမီးကို ခဏထားဦး အသက်ရွယ် သိပ်မကွာတဲ့ မောင်နှမ အချင်းချင်းတောင် အဆင်မပြေမှုတွေ ရှိတတ်တာပဲလေ။အခုဇာတ်လမ်းလေးကတော့ ဒီလိုဗျ ...မိသားစု တစ်ခုရှိတယ်။ အဖေဖြစ်သူက ကင်ဆာရောဂါသည်တစ်ယောက်၊ သမီးနှစ်ယောက် သားနှစ်ယောက်ရှိတယ်၊ သမီးဖြစ်သူ မိုနာကတော့ အဖေ့အိမ်မှာ အတူနေပြီး အနီးကပ် ပြုစုပေးနေတယ်ပေါ့။ကျန်တဲ့ မောင်နှမကိုယ်ဆီက အလုပ်အကိုင် အတည်တကျနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေတဲ့သူတွေ၊ မိုနာကတော့ စာရေးဆရာမ ဖြစ်ချင်ပေမဲ့ အခုထိစာအုပ်တောင် မယ်မယ်ရရ မရေးရသေးဘူး၊ သူ့စိတ်ထဲမှာ ဇာတ်လမ်းရှိတယ်ပဲ ပြောနေခဲ့တဲ့သူ၊တစ်နေ့မှာတော့ ကင်ဆာရောဂါသည် ဖခင်ကြီးက ကိုမာဝင်သွားခဲ့တယ်၊ ဒီတော့ တစ်နေရာစီမှာ အခြေကျနေတဲ့ မောင်နှမတွေအားလုံးကို မိုနာက ...
movie

Donkeyhead (2022)