Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Stephen Graham
8.3
Snatch (2000)
Snatch(2000)IMDb Rating (8.2) / Rotten Tomatoes (74%)Brad Pitt, Jason Statham , Vinnie Jones တို့လို မင်းသားကြီးတွေနဲ့ ဒီရုပ်ရှင်က ဒါရိုက်တာကြီး Guy Ritchie ရဲ့ dark comedy crime film ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့.... စိန်တုံးကြီးတစ်တုံးကိုအခြေတည်လို့ လက်ဝှေ့ပွဲစီစဉ်သူရယ် အူကြောင်ကြားဓားပြတစ်ဖွဲ့ရယ် ဂျူးကျောက်မျက်ကုန်သည်ရယ် လက်နက်မှောင်ခိုသမားရယ် လူမိုက်ဂိုဏ်းခေါင်းဆောင်ရယ် စတဲ့အဖွဲ့ပေါင်းစုံကြားက ဇာတ်ရှုပ်တွေကိုထိုင်ကြည့်ရမှာပါ။ စိန်တုံးကိုလိုက်ကြရင်း လူ့သဘော လူ့မနောတွေကို ဟာသတွေနှောရင်း အလှပဆုံးပုံဖော်ထားလို့ UK 2001 ရဲ့ ဒါရိုက်တာ Empire Award ဆုကိုရရှိခဲ့တယ်... Bratt Pitt ကြီးကတော့ အကောင်းဆုံးဇာတ်ပို့ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး အခြားဆု(၄)ဆုလည်း ရရှိခဲ့တယ်။ File size…(6.9 GB) / (1.9 GB )/ (910 MB) Quality…BluRay 4K HEVC/ 1080p HEVC / ...
movie
Snatch (2000)
2000
4K HEVC
6.7
Journey’s End (2017)
Journey's End (2017)IMDb Rating (6.7) / Rotten Tomatoes (91%) ဒီဇာတ်ကားကတော့ 2017ကထွက်ရှိထားပြီး IMDb 6.7/10ရရှိခဲ့တဲ့ war/dramaရုပ်ရှင်အမျိုးအစားပါပဲ။1928 တုန်းကပြသခဲ့တဲ့ပြပွဲတစ်ပွဲကို အခြေခံပြီး ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာပါ။နာမည်ကျော်" The Space between us "," Hugo "အစရှိတဲ့ဇာတ်လမ်းတွေထဲက သရုပ်ဆောင် Asa Butterfield.. " Me before u","Love Rosie!" အစရှိတဲ့ Romanceကားတွေနဲ့ နာမည်ကြီးလာခဲ့တဲ့ မင်းသား Sam Clafin..ဒီလိုနာမည်ကြီးသရုပ်ဆောင်တွေက သူတို့ရိုက်နေကြ Characterတွေကနေခွဲထွက်ကာ ဒီဇာတ်လမ်းထဲမှာပီပြင်အောင်သရုပ်ဆောင်နိုင်သွားတာလဲ ချီးကျူးစရာပါပဲ။Rating ကပ်စေးနည်းတဲ့ Rotten Tomatoesကတောင် 91%ပေးထားတာမို့ ကြည့်ရှုသင့်တဲ့ကားလေးတစ်ကားဆိုလဲ မမှားပါဘူး။ရုပ်ရှင်ဝေဖန်ရေးသမားတွေကလဲ Rating တွေရက်ရက်ရောရောပေးထားတာတွေ့ရပြန်ပါတယ်။ ဇာတ်လမ်းလေးကိုမြည်းစမ်းကြည့်ဖို့အတွက် ဇာတ်လမ်းအကျဉ်းလေးလဲ တင်ပြပေးပါရစေ။ဇာတ်လမ်းအကြောင်းကတော့ ပထမကမ္ဘာစစ်တုန်းက ရှေ့တန်းမှာရောက်နေခဲ့တဲ့အင်္ဂလိပ်စစ်သားတွေရဲ့ဘဝနဲ့ အခက်အခဲတွေကိုရိုက်ကူးပြထားတာပါ။သူတို့စခန်းချထားတဲ့နေရာရဲ့ရှေ့မှာက အင်အားများလွန်းတဲ့ရန်သူတွေဖြစ်ပြီး နောက်ကိုပြန်ဆုတ်ဖို့ကလဲ အထက်ကလူကြီးတွေက နောက်ဆုတ်ခွင့်လုံးဝမပေးလို့ ရှေ့တိုးနောက်ဆုတ်မရဖြစ်နေတဲ့အချိန်ပါ။ဒါ့အပြင်သူတို့တပ်စိတ်ရဲ့ကပ္ပတိန်ဖြစ်သူကပါ ...
movie
Journey’s End (2017)
2017
7.5
Gangs of New York (2002)
Gangs of New York(2002) *************************ကားဟောင်းအများစုဟာ ဇာတ်လမ်းပြသချိန်ရဲ့ ၃ပုံ ၁ပုံလောက်ထိ သည်းခံပြီးကြည့်ရပါတယ်.. ပြီးမှ ကားရဲ့ဆိုလိုရင်းနဲ့ ဇာတ်လမ်းဇာတ်ကွက်ကို အနည်းငယ်ရိပ်မိလာတာပါ...ဒီလိုကားကောင်း ကားဟောင်းတွေကြားထဲမှာ Gangs of new york ကတော့ ဇာတ်လမ်းစစချင်းပဲ ခပ်သွက်သွက်နဲ့ မပျင်းမရိအောင် စထားတယ်...ပြီးတော့ မင်းသားတွေကလည်း နာမည်ကြီး Leonardo DiCaprioနဲ့ Daniel Day-Lewisတို့ ဖြစ်တဲ့အပြင် မင်းသမီးကလည်း , Cameron Diaz, ဗျ...ဒီဇာတ်ကားဟာ အမေရိကန် ပြည်တွင်းစစ် ဖြစ်နေတုန်းအချိန်က ရှိခဲ့တဲ့ နယူးယောက်မြို့ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားခဲ့တာပါ။ နယူးယောက်ဟာ ဂိုဏ်းပေါင်းစုံ အဖွဲ့အသီးသီး နှင့် ရှိနေကြပြီး အဓိက ဂိုဏ်းကြီးနှစ်ခုဖြစ်သည့် ဒေသခံဂိုဏ်းနှင့် ယုန်သေဂိုဏ်းတို့ဟာ သမိုင်းကြွေးတွေ ရှိခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ခိုးဝင်လာတဲ့ အိုင်ရစ်တွေရဲ့ အရေးကလည်း ရှိပါသေးတယ်။ ဒါ့အပြင် ပြည်တွင်းစစ်အတွက် စစ်မှုမထမ်းမနေရ အမိန့်ကို မကျေနပ်တဲ့ သာမန်လက်လုပ်လက်စား ဆင်းရဲသား တွေကလည်း ရှိပါသေးတယ်။ပြဿနာပေါင်းများစွာနဲ့ လွန်ခဲ့တဲ့ ...
movie
Gangs of New York (2002)
7
Tinker Tailor Soldier Spy (2011)
Tinker Tailor Soldier Spy (2011) ********************************* IMDb - 7.0/10_____Rotten - 83% Tinker Tailor Soldier Spy ဇာတ်ကားကလည်း စပိုင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်..စပိုင်တွေရဲ့ ထုံးစံအတိုင်း လျှို့ဝှက်တယ် အနေအထိုင်ကျစ်လစ်တယ်...သူ့တို့ဟာ တခြားဘက်ကလူဆိုတာကို မသိနိုင်လောက်အောင် လျှို့ဝှက်တတ်ကြတယ်...အရမ်းတော်တဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ လျှို့ဝှက်အေဂျင်စီတစ်ခုရှိတယ်....ဒီအေဂျင်စီခေါင်းဆောင်ဟာ သူ့အဖွဲ့ထဲမှာ စပိုင်တစ်ယောက်ပါနေတယ်လို့သံသယရှိနေတယ်...ဒါကြောင့် ခေါင်းဆောင်ဖြစ်သူဟာ စပိုင်ကိစ္စကိုစုံစမ်းဖို့ သူယုံကြည်ရတဲ့ သူတစ်ယောက်ကိုစုံစမ်းဖို့ ဘူတာပက်စ်ကို လွှတ်ခဲ့ပါတယ်။ သို့ပေမယ့် သူလွှတ်လိုက်တဲ့သူဟာ ဘူတာက်စ်မှာ ပစ်သတ်ခံခဲ့ရပါတယ်...စပိုင်တွေရဲ့ နေထိုင်မှုပုံစံတွေနဲ့ အလုပ်တစ်ခုမှာ ယုံကြည်မှုဆိုတာ ဘယ်လိုမျိုးလဲ ကောင်းကောင်းပြထားတဲ့ကားပါ...ဒီကားထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့သူတွေက နာမည်ကြီးမင်းသားတွေဖြစ်တဲ့အပြင် IMDb, Rotten ရောအကောင်းဆုံးအနေအထားမှာရှိနေပါတယ်....ကျွန်တော်တို့ရဲ့ doctor strange ကြီးလည်း ပါဝင်ထားပါတယ်... File Size : 3.46GB/ 670MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:08:00 Genre : Drama, Mystery, Thriller Subtitle : Myanmar ...
movie
Tinker Tailor Soldier Spy (2011)
6.2
Venom: The Last Dance (2024)
မာဗယ် စူပါဟီးရိုးမကျဗီလိန်မကျ ဇာတ်ကောင်ဖြစ်တဲ့ ဗဲနွမ်သုံးကားမြောက်လာပြီ။ ဒါရိုက်တာက ၁ တုန်းကလိုပဲKelly Marcel ပါ။ မင်းသားကလည်း တွမ်ဟာဒီ ပါပဲ။ဗဲနွမ် အသံသရုပ်ဆောင်အဖြစ်လည်း တွမ်ဟာဒီပဲလုပ်ပေးထားတာပါ။ ဆိုနီအတွက် နောက်ဆုံး ဗဲနွမ်ရုပ်ရှင်လို့လည်းဆိုပါတယ်။ ဇာတ်လမ်းအကျဉ်း*************စကြဝဠာကြီးထက်တောင် ရှေးကျတဲ့ နောလ် ဆိုတဲ့ဆင်ဘီအုတ်တွေရဲ့ ဖန်တီးရှင်ကြီးဟာ ဆိုးသွမ်းလွန်းလို့ဆင်ဘီအုတ်တွေ ကိုယ်တိုင်က ပြန်အကျဉ်းချထားရတာပါ။သူသာလွတ်လာရင် ဂြိုလ်တွေအကုန် ဖျက်ဆီးပစ်မှာမို့ပါပဲ။သူလွတ်လာဖို့ကလည်း ကိုဒက်စ်ဆိုတဲ့ သော့ချက်ကိုလိုပြီးအဲဒီသော့ကတော့ ထုံးစံအတိုင်း အက်ဒီ နဲ့ ဗဲနွမ်တို့ နှစ်ကောင်ဆီရောက်နေပြန်ပါတယ်။ ဒါကို လိုက်ရှာဖို့အတွက် ဇယ်နိုဖာ့ဂျ်ဆိုတဲ့ မုဆိုးကိုလွှတ်လိုက်ပါတယ်။ဒီတော့ ကိုဒက်စ်ကိုမရအောင် ဆင်ဘီအုတ်တစ်သိုက်နဲ့ဗဲနွမ်တို့ ဘယ်လို လွတ်အောင် ပြေးရင် ပြန်တိုက်ခိုက်ကြမလဲဆိုတာဒီမှာ တွေ့ရပါလိမ့်မယ်။ File size…(4.1 GB)/ (1.77GB) / (1.04GB ) Quality… WEB-DL 4K HEVC/ 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre ...
movie
Venom: The Last Dance (2024)
4K HEVC
6.3
Venom: Let There Be Carnage (2021)
Venom: Let There Be Carnage (2021)==========================IMDb Rating - 6.3/10Venom 2 WebDL video quality, sound quality ကောင်းကောင်းနဲ့ Digital Released ထွက်လာပြီမို့ . update လုပ်ပြီးတင်ဆက်ပေးလိုက်ပါပြီ။Venom ဒုတိယကားမှာလည်း အက်ဒီ နဲ့ ဗယ်နွန်က မတည့်အတူနေပါပဲ။ ငြင်းလိုက်ခုန်လို့ ရန်ဖြစ်လိုက်နဲ့ လူဆိုးတွေနဲ့ ချနေဆဲပါပဲ။ကလိတပ်ဆိုတဲ့ စိတ္တဇလူသတ်သမားဆီကို အနီရောင် ကပ်ပါးကောင် ကာနေ့ဂျ် ရောက်သွားပြီ ထောင်ကနေ လွတ်မြောက်သွားပါတယ်။ကလိတပ်က သူ့ရဲ့ချစ်သူကိုပါ ထောင်ထဲက ကယ်ထုတ်ပြီး အက်ဒီ နဲ့ဗယ်နွန်ကို ကလဲ့စားချေဖို့ လိုက်လာတဲ့အခါ.....အဆက်အစပ်ရှိချင်ရင်တော့ CM မှာတင်ပေးထားတဲ့ Venom 1 ကိုကြည့်လို့ရပါတယ်။ နောက်ပြီးတော့ Venom-2 ရဲ့ အဆုံးမှာစပိုက်ဒါမန်း နဲ့ ဆက်စပ်မယ့် တစ်ခန်းပါသေးတာမို့ သေချာလေး ရှာကြည့်လိုက်ပါဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ...
movie
Venom: Let There Be Carnage (2021)
2021
4K HEVC Web-DL
6.3
Blitz (2024)
Blitz (2024)IMDb Rating (6.3) / Rotten Tomatoes (81%) ဒီဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီက ဗြိတိန်ကို ဗုံးတွေကြဲခဲ့ချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ရီတာလို့ အမည်ရတဲ့ အမျိုးသမီးဟာ သူ့ရဲ့ အဖေရယ် သားဖြစ်သူ ဂျော့ဂ်ျရယ်နဲ့ ဘဝကို အေးအတူပူအမျှ ဖြတ်သန်းနေသူပေါ့။ဒါပေမဲ့ တစ်နေ့တော့ သူတို့နေထိုင်ရာ မြို့လေးဟာ နာဇီတို့ရဲ့ လေကြောင်းကနေ ဗုံးကြဲမဲ့ ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါကြောင့်မလို့ သားသမီးရှိတဲ့ မိသားစုတွေဟာ ကလေးတွေ ဘေကင်းဖို့အတွက် ကျေးလက်ဒေသဘက်ကို စစ်ရှောင်ဖို့ ပို့ဆောင်ကြရပါတယ်။ဒီထဲမှာ ရီတာရဲ့ သားလေး ဂျော့ဂ်ျလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ဂျော့ဂ်ျဟာ သူ့အမေနဲ့ပဲ နေချင်သူပါ။မိခင်နဲ့ ကတောက်ကဆဖြစ်ပြီး ရထားပေါ် ပါသွားတဲ့ ဂျော့ဂ်ျဟာ အမေမှာလိုက်တဲ့ လိမ်လိမ်မာမာနေနော်ဆိုတဲ့ စကားကို နားမထောင်ဘဲ တစ်ကိုယ်တည်း အိမ်ပြန်ဖို့ ကြိုးစားပါတော့တယ်။ဒီဇာတ်လမ်းမှာ ရီတာအဖြစ် Ladybird, Little Women စတဲ့ ...
movie
Blitz (2024)
2024
4K HEVC
7.6
Boiling Point (2023)
စားသောက်ဆိုင်တစ်ဆိုင်ကို စီမံရတဲ့စားဖိုမှူးခေါင်းဆောင်တစ်ယောက်လုပ်ရတာက တစ်ကယ်ပဲလွယ်ကူမှုရှိရဲ့လားစားသောက်ဆိုင်တစ်ဆိုင်လည်ပတ်ရတာကရော ရိုးရှင်းရဲ့လားစားဖိုမှူးတစ်ယောက်က အစားအသောက်လေးကိုချက်ပြုတ်ရုံလေးပဲလို့ထင်မိလားဒီလိုထင်မိရင်တော့ ဒီကားလေးကိုကြည့်လိုက်ပါ။အန်ဒီဆိုတဲ့ စားဖိုမှူးခေါင်းဆောင်နဲ့အတူ စားသောက်ဆိုင်ရဲ့လည်ပတ်ပုံတွေကို ကိုယ်တိုင်လိုက်ပါကြည့်ရှုလိုက်ပါ။မိသားစုပြဿနာတွေကြားဗျာများနေရပေမယ့်အန်ဒီတစ်ယောက် ခရစ်စမတ်အကြိုသောကြာနေ့ညအတွက် စားဖိုဆောင်မှာအကောင်းဆုံးတာဝန်ထမ်းဆောင်နေပုံတွေစားသောက်ဆိုင်အလုပ်ရဲ့ ဖိအားတွေပြဿနာတွေကို ကိုယ်တိုင်စားသောက်ဆိုင်ထဲမှာရောက်နေသယောင်ဖြစ်အောင် Single Shot နဲ့ပဲရိုက်ကူးထားပြီး ဆုလေးဆုရကာ ဆု(၁၄)ဆုမှာဇကာတင်စာရင်းဝင်ထားတဲ့ဇာတ်ကားဆိုတော့ ကြည့်လိုက်မိလို့နောင်တရစရာမရှိမှာတော့သေချာပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__(1.66GB) / (850MB) Quality__1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__01:36:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by a hao
movie
Boiling Point (2023)
7.5
Young Woman and the Sea (2024)
ဒီဇာတ်ကားလေးဟာ တကယ့်အပြင်ကဖြစ်ရပ်မှန် နယူးယောက်မြို့ကဂျာမန်သူ ရေကူးကစားသမား ထရူဒီ အယ်ဒါလီအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။လက်ရှိအခြေအနေအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျနေသူတွေ၊စိတ်ပျက်အားလျော့နေသူတွေ မိုတီယူဖို့အတွက် ကြည့်နိုင်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ကြည့်နေရင်းနဲ့ကို ဇာတ်က ဆွဲဆောင်သွားပြီး ထိုင်ရာကမထကြည့်ရှုရမှာပါ...ဇာတ်လမ်းအစကိုတော့ ဝက်သက်ပေါက်ပြီး အိပ်ရာပေါ်မှာလဲနေတဲ့ ကောင်မလေး ထရူဒီနဲ့ စထားပါတယ်ဝက်သက်ဝေဒနာကို အပြင်းအထန်ခံစားနေရလို့ "ဒီနေ့ညကိုမကျော်နိုင်ဘူး" လို့ ဆရာဝန်ကပြောခဲ့ပေမဲ့ ရောဂါကို အံတုပြီးအသက်ဘေးကလွတ်ခဲ့တဲ့ ထရူဒီ သူနေမကောင်းဖြစ်နေတုန်းမှာရေမကူးတတ်လို့ သင်္ဘောပေါ်မှာ မီးလောင်သေဆုံးကြတဲ့အမျိုးသမီးတွေအကြောင်းကို ကြားထားရတဲ့ အမေဖြစ်သူကသားသမီးတွေ အကုန်လုံးကို ရေကူးသင်ပေးမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ် ဖြစ်ချင်တော့ ထရူဒီဟာ ဝက်သက်ရောဂါကနားအထိဝင်ခဲ့တာမလို့ ရေထဲဆင်းရင် နားကန်းမှာဆိုတဲ့အတွက်ရေကူးသင်ခွင့် မရခဲ့ပါဘူး ဒါပေမဲ့ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ်ခေါင်းမာမာနဲ့ ရအောင်လုပ်ခဲ့တဲ့ ထရူဒီဟာ ရေကူးတာကို ဝါသနာပါတဲ့အလျောက် ရေကူးတဲ့နေရာမှာလည်း သူမတူအောင် ထူးချွန်ခဲ့ပါတယ်..မိန်းကလေးဆို အချိန်တန် ယောကျ်ားယူ၊ ကလေးမွေး၊ အိမ်မှုကိစ္စပဲလုပ်ရမယ်ဆိုတဲ့ အယူအဆတွေ၊ ပတ်ဝန်းကျင်တွေရဲ့ကြားထဲမှာ ထရူဒီတစ်ယောက် အမေနဲ့ အစ်မဖြစ်သူရဲ့ အားပေးမှုကိုအကူအညီယူလို့ ရအောင်တွန်းလှန်ခဲ့ပါတယ်သို့ပေမဲ့လည်း ဘယ်လိုနေရာမှာမဆို ကျရှုံးအောင် ...
movie
Young Woman and the Sea (2024)
4K HEVC
5.4
Hellboy (2019)
ဒီရုပ်ရှင်ကတော့ အရင်တုန်းက ထွက်ခဲ့တဲ့ Hellboy ၁ နဲ့ ၂ ရဲ့ အဆက်မဟုတ်ပါဘူး။အစကနေ ပြန်ရိုက်တဲ့ reboot ဖြစ်ပါတယ်။Dark Horse Comic ရဲ့ Hellboy ဇာတ်ကောင်ကို ကြည့်ဖူးတဲ့သူအတော်များပါတယ်။ဒီတစ်ခါတော့ R rated ဖြစ်တဲ့အတွက် သတ်ဖြတ်ခန်းတွေ နည်းနည်းတော့ ကြမ်းပါလိမ့်မယ်။ဇာတ်လမ်းကတော့ မြှပ်ထားတာတွေ အများကြီးပါလို့ မပြောပြတော့ပါဘူး။action, adventure, fantasy အမျိုးအစားဖြစ်ပါတယ်။စောင့်နေတဲ့လူများကြည့်လို့ရပါပြီနော်... File size… 4GB / 2 GB / 996 MB Quality… BluRay 4k / 1080p / 720p Format… mp4 Duration…. 2hrs Genre ..... Action , Adventures , Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Littleneo
movie
Hellboy (2019)
2019
4K HEVC
Doghouse (2009)
သူငယ်ချင်း အုပ်စုတစ်စုဟာ ကွာရှင်းလိုက်တဲ့သူငယ်ချင်းတစ်ယောက်ကို စိတ်ပြေလက်ပျောက်ဖြစ်အောင် ကျေးလက်တောရွာလေးတစ်ခုမှာ သောက်စားပျော်ပါးဖို့ ခေါ်သွားရာက ဇာတ်လမ်းစပါတယ်။သူတို့သွားတဲ့ကျေးလက်ရွာလေးက Moodley လို့ အမည်ရပြီး ယောက်ျား၊ မိန်းမအချိုး 1:4 ရှိတဲ့ ရွာတစ်ရွာဖြစ်တယ်။ ပြီးတော့ ကံမကောင်းစွာပဲ ဗိုင်းရက်စ်ကူးစက်ခံနေရတဲ့ ရွာတစ်ရွာလဲဖြစ်နေခဲ့တယ်။ ဗိုင်းရက်စ်က ထူးထူးဆန်းဆန်းပဲ အမျိုးသမီးတွေကိုပဲ ကူးစက်တတ်ပြီး ကူးစက်ခံအမျိုးသမီးတွေက ရွာမှာရှိသမျှ ယောက်ျားတိုင်းကို စားပစ်ကြတယ်။ သူတို့ရောက်သွားတဲ့အချိန်မှာ ယောက်ျားတွေကို အမဲလိုက်နေတဲ့ အမျိုးသမီးဇွန်ဘီးတွေကြားထဲ ဘယ်လိုမျာ အသက်ရှင်သန်အောင် ရုန်းထွက်ကြမလဲ❓ File size…(1.5 GB)/(849 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moshimoshi
movie
Doghouse (2009)
6.0
Blood (2012)
အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားကို အားလုံးပဲတစ်နေရာမှာရင်းရင်းနီးနီးမြင်ဖူးမှာပါ...Marvelဇာတ်ကောင်တစ်ခုဖြစ်တဲ့ visionနေရာမှာ သရုပ်ဆောင်ထားတဲ့မင်းသား Paul Bettanyပဲဖြစ်ပါတယ်...။သူ့ရဲ့ လေသံခပ်အေးအေးနဲ့ သရုပ်ဆောင်ဟန်ကိုဒီမှာလည်းမြင်တွေ့ရမှာပါ...။ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်ကမ်းခြေမြို့လေး တစ်မြို့မှာ စုံထောက်ညီအစ်ကိုနှစ်ယောက် အမှုတစ်ခုကိုလိုက်ကြတယ်...။အမှုက ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက် ဓားဒဏ်ရာတွေနဲ့ရက်ရက်စက်စက်အသတ်ခံရတဲ့အမှု....။စုံထောက်နဲ့ တရားခံဆိုတာ ပြေးတမ်းလိုက်တမ်းကစားသလိုပါပဲ...တစ်ခါတလေမှာ ပြေးရင်းလိုက်ရင်းနဲ့ စုံထောက်က တရားခံဖြစ်သွားမိတာမျိုးပါ...။သို့ပေမဲ့လည်း အမှန်တရားဆိုတာ ဖုံးကွယ်မြှုပ်နှံထားလို့ရတာမျိုးမှမဟုတ်ပဲ...။ဒီစုံထောက်ညီအစ်ကိုနှစ်ယောက်ကရော အမှုလိုက်ရင်းနဲ့ထင်မထားမိတာတွေဘာတွေကြုံရမလဲ...။ဒီလိုဇာတ်အိမ်မျိုးဟာ အဆုံးသတ်မှာ ဘာဖြစ်မလဲဆိုတာကြိုတင်မှန်းဆလို့မရနိုင်တာမျိုးမို့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါဗျာ...။ File size…1.3 GB / 585 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Blood (2012)
8.7
The Irishman (2019)
ဒီရုပ်ရှင်ကတော့ မာတင်စကော်ဆက်ဆီရဲ့ ရုပ်ရှင်တွေထဲမှာ အရှည်ဆုံး ရုပ်ရှင်ကားပါ။ ၃ နာရီ ၂၉ မိနစ်ရှိပါတယ်။ဒါရိုက်တာနဲ့ သရုပ်ဆောင်အားလုံးက တကယ့် legend တွေပါပဲ။ဒါရိုက်တာ မာတင်စကော်ဆက်ဆီးက Goodfells, Taxi driver, Departed နဲ့ Raging bull လို ရုပ်ရှင်တွေကြောင့် နာမည်ကြီးပါတယ်။သူက အခု အဓိက မင်းသား ၃ ယောက်ကို ခေါ်ထားလိုက်ပါတယ်။အဓိကသရုပ်ဆောင် Robert De Niro ကိုတော့ Taxi Driver, Goodfellas, The Untouchables, Jackie Brown, Casino တို့လိုကားတွေနဲ့ သိကြမှာပါ။Al Pacio ဆိုတာနဲ့ Godfather ကို ပြေးမြင်ကြပါလိမ့်မယ်။ Joe Pesci ကလည်း Goodfellas, Casino, Raging bull နဲ့ ကမ္ဘာကျော်ပါပဲ။ဇာတ်လမ်းကတော့ ကမ္ဘာကျော်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားပါတယ်။သမ္မတ နစ်ဆွန် ...
movie
The Irishman (2019)
2019
4K HEVC
5.4
Season of the Witch (2011)
14 ရာစုနှစ်မှာ လူဖြစ်လာခဲ့ရင် အသက်ရှင်သန်ဖို့ လွယ်ကူမှာ မဟုတ်ဘူး။ ကိုးကွယ်တဲ့ ဘာသာတွေ လွှမ်းမိုးမှု ရရှိနိုင်ဖို့ ဘာသာရေးစစ်ပွဲတွေ အပြိင်အဆိုင် ဆင်နွှဲကြတဲ့ ခေတ်ကာလ အမျိုးသမီးတွေဆိုရင် ဆေးကုတော်တာ ရေမနစ်တာ အဲဒီလိုအဖြစ်မျိုးတွေ ကြုံလာခဲ့ရင်တောင်မှ စုန်းမဖြစ်တယ်/ စုန်းပညာ တတ်စားတယ်ဆိုပြီး အထင်လွဲခံရတဲ့ ခေတ် စုန်းမ လို့ အထင်မှား ခံရတာနဲ့ ကြိုးပေးမယ်/ရေနှစ်သတ်မယ် ပြန်လည်ချေပခွင့်မရှိခဲ့ဘူး ဒီဇာတ်လမ်း ဖြစ်ပုံက Bhemen နဲ့ Felson ဆိုတဲ့ ဘာသာရေးစစ်သူရဲကောင်း ၂ယောက်ဟာ ရှေ့တန်းကနေ စစ်မတိုက်တော့ပဲ ပြန်လာခဲ့ကြတယ်။ သူတို့ အပြန်လမ်းမှာ မြို့တစ်မြို့ကို ရောက်တော့ လူတွေက ကပ်ရောဂါဘေးကြောင့် သေကြပျက်စီးစပြုနေကြပြီ ဒီလိုဖြစ်တာ ၃ နှစ် ကြာပြီဆိုတာလည်း စုံစမ်းသိရပြီးနောက် Bhemen နဲ့ Felson တို့ နှစ်ယောက် မြို့ကနေ ထွက်ဖို့ ...
movie
Season of the Witch (2011)
5.7
Texas Killing Fields(2011)
၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်အစောပိုင်းကာလတွေမှာအမျိုးသမီးငယ် ၄ ယောက်ရဲ့ အလောင်းကို ရှာဖွေ တွေ့ရှိပြီးတဲ့နောက်တက္ကဆက်ပြည်နယ်က ရွံမြေတွေနဲ့ ရေနံချက်စက်ရုံတွေကြားက ဟူစတန်နဲ့ ဂဲဗတ်စတန်ကမ်းခြေမြို့ကို ဆက်သွယ်ထားတဲ့ပြည်နယ်တွင်းလမ်းကြောတစ်လျှောက်မှာ ရှိတဲ့ မြေကွက်ကျယ်တစ်ခုကိုလူသတ်ကွင်းတွေ လို့ အမည်ကင်ပွန်းတပ်ခဲ့ကြပါတယ်.နှစ်တွေကွာခြားပေမယ့် ဒီအမျိုးသမီး ၄ ဦးစလုံးကိုတစ်နေရာတည်းမှာပဲ ရှာတွေ့ခဲ့ကြပါတယ်.သူတို့ရဲ့သေဆုံးမှုတွေက ဆက်စပ်မှုရှိသလား.တိုက်ဆိုင်မှုလားဆိုတာတော့ အဖြေမရှာနိုင်ခဲ့ပါဘူး.ဒီဇာတ်လမ်းကိုတော့ “The Killing Fields” လို့အမည်ရပြီးကာလမှာ အခြေတည်ထားပါတယ်.တက္ကဆက်မြို့ငယ်လေးက စုံထောက်တစ်ဦးဖြစ်တဲ့မိုက်ခ်ဆောက်ဒါ ဟာ နယူးယောက်မြို့က ပြောင်းလာတဲ့ပါတနာ စုံထောက်ဘရိုင်ယန်ဟေ့ဂျ်နဲ့အတူ.လူသတ်မှုတွေကို ဖော်ထုတ်နေသူ ဖြစ်ပါတယ်.အမျိုးသမီးငယ်တွေ ဆက်တိုက်ပျောက်ဆုံး၊ သေဆုံးမှုတွေကြားကနေအမည်ဆိုးနဲ့ကျော်ကြားတဲ့ ”The Killing Fields” နဲ့ ရင်ဆိုင်ကြုံတွေ့ရချိန်မှာတော့.တစ်ကြော့ပြန်လာတဲ့ အတိတ်ကို သူတို့လက်ထက်မှာ ရပ်တန့်နိုင်မလား. ဉာဏ်များပြီးကောက်ကျစ်တဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးနိုင်မလားဆိုတာကို ဥပဒေဘက်တော်သားနဲ့ ရာဇဝတ်သား အားပြိုင်မှု၊ ဉာဏ်ကစားပုံများ၊ ဇာတ်ကွက်အလှည့်အပြောင်းများကို စိတ်ဝင်စားဖွယ် တင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size… 1.69GB / 771MB Quality… Blu-Ray 1080p ...
movie
Texas Killing Fields(2011)
2011
The I Inside (2004)
ကြိမ်ဖန်များစွာ ပြန်ပြင်ဆင်ချင်မိတဲ့အချိန်တွေဆိုတာ လူသားတိုင်းမှာ ရှိတတ်ကြပါတယ်။ ဒီဇာတ်လမ်းအကျဥ်းကတော့ ကားတိုက်မှုတစ်ခုကနေ သတိပြန်ရလာတဲ့မစ္စတာကေဘယ်က ၂နှစ်တာမှတ်ဉာဏ်ပျောက်ဆုံးသွားပြီးနောက်မှာ ဖြစ်ပျက်ခဲ့သမျှမှတ်ဉာဏ်အပိုင်းအစတွေကို တစ်ခုချင်းပြန်လည်ရှာဖွေတော့တယ်။ မှတ်ဉာဏ်တွေကို သတိရလာသလိုမဟုတ်ပဲ ကိုယ်ကိုယ်တိုင် အတိတ်ကိုရောက်သွားသလိုဖြစ်လာခဲ့တယ်။ လူမှုရေးဖောက်ပြန်မှုတွေ၊ အမွေဝေစုမတည့်တဲ့အစ်ကိုနဲ့ မစ္စတာကေဘယ်ကြား အဖြစ်အပျက်တွေ၊ ဆေးရုံနဲ့ အမွေဆိုင်အိမ်ကြားမှာ ဟိုရောက်လိုက် ဒီရောက်လိုက်ဖြစ်နေတဲ့ မစ္စတာကေဘယ်ရဲ့မှတ်ဉာဏ်တွေ...နောက်ဆုံးမှာတော့ ဖြစ်ပျက်နေသမျှအရာအားလုံးရဲ့ အကြောင်းအရင်းအမှန်ကိုသိခဲ့ရပါတယ်။ ဒီကားကတော့ နောက်ဆုံးဇာတ်သိမ်းခန်းမှာမှ ဇာတ်ဖြည်ပေးတဲ့ကားမျိုးပါ။ မစ္စတာကေဘယ်က တကယ်တမ်းဘာတွေဖြစ်ခဲ့တာလဲ၊ ပြန်လည်ပြင်ဆင်ချင်တာတွေကိုရော ပြင်ဆင်ခွင့်ရပါ့မလား၊ အတိတ်ရဲ့အမှားတစ်ခုကနေ လွတ်မြောက်ခွင့်ရနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားလို့ရပါပြီ။File size…(2 GB)/(900 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:31:00 Genre...Drama, Thriller, Mistery, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie
The I Inside (2004)
7.3
Roald Dahl’s Matilda the Musical (2022)
Roald Dahl's Matilda the Musical (2022) ============================= IMDb Rating - 7.3/10ဒီတစ်ခါမှာတော့ IMDb Rating 7.3 ရရှိထားတဲ့ "Matilda the Musical" ဆိုတဲ့ဇာတ်ကားကောင်းလေးကို တင်ဆက် ပေးပါရစေ။ စာရေးဆရာ Roald Dahl ရဲ့ Matilda ဆိုတဲ့ဝတ္တု ကို ပြန်လည် အသက်သွင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ် ပါတယ်။ ဒီဇာတ်ကားလေးရဲ့ ထူးခြားချက်က သီချင်းတွေပါ။ သံစဉ်ပိုင်းကတော့ ရှယ်ပါပဲ။"မာတေလ်ဒါ" ဆိုတဲ့ကလေးမလေးဟာ မိဘတွေရဲ့မလိုလားမှုကို ခံနေရသူလေး။ ကျောင်းမထားပေးလို့ ကျောင်းမနေခဲ့ရပေမယ့် အသိအန်တီတစ်ယောက်အကူအညီနဲ့ စာဖတ်ဝါသနာအိုးလေးဖြစ် နေခဲ့တာပေါ့။ ပုံပြင်အပြောကောင်းသူဆိုလည်းဟုတ်ပါတယ် ။ တစ်နေ့ကျ သူ့မိဘတွေက စစ်ဆေးရေးကြောင့် သူ့ကိုမဖြစ်မနေ ကျောင်းထားပေးခဲ့ရပါတော့တယ်။အဲ့ကျောင်းက ကျောင်းသားတွေ ပြောပုံအရဆိုရင် ကျောင်းကထောင်ကြီးတစ်ခုလိုပဲတဲ့။ အဲ့လိုနဲ့ ဖြတ် ထိုးဉာဏ်ကောင်းတဲ့ မာတေလ်ဒါလေးနဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကျောင်းအုပ်ကြီးထရွန့်ရှ်ဘူးလ်တို့ ထိပ်တိုက်တွေ့ကြပါလေရော။ ဘဝကမတရားဘူးလို့ခံစားရရင် ညစ်ကျယ်ကျယ်ထလုပ်တတ်တဲ့ မာတေလ်ဒါလေးတစ်ယောက် ကျောင်းတက်ရင်းဘာတွေကြုံရမလဲ။ ဆိုးသွမ်းတဲ့ကျောင်းအုပ်ကြီးနဲ့ရော ဘယ်လိုနှစ်ပါးသွားကြမလဲ...ဆို တာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်ကားတစ်ခုလုံးစကားပြောတွေချည်းမဟုတ်ဘဲ ဇာတ်ကွက်တွေကို သီချင်းတွေနဲ့တွဲပြီး အကောင်းဆုံးပုံဖော်ထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ဇာတ် ကားမြူးမြူးလေးတွေ ကြည့်ချင်သူများလက်မလွှတ်သင့်ပါကြောင်း ဖြည့် စွက်ပြောကြားလိုပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zinမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Ngwe Zin, May ...
movie
Roald Dahl’s Matilda the Musical (2022)
2022
6.6
Pirates of the Caribbean: Dead Men Tell No Tales(2017)
Pirates of the Caribbean: Dead Men Tell No Tales(2017) ဟိုးအရင် အတိတ်တစ်ချိန်က ဂျက်စပဲရိုးပီပီ ဖျံကျခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် ကျိန်စာမိကပ္ပတိန် တစ်ယောက် ဂျက်ကို သတ်ဖို့ လိုက်ရှာတော့တယ်။ စာနာစိတ်ရယ်လို့ တစ်စက်မှမရှိတဲ့ သင်္ဘောသားတွေကို ဦးဆောင်တဲ့၊ သင်္ဘောကြီး ဆိုင်းလင့်န်မေရီရဲ့ ကပ္ပတိန် ဆလာဇာပေါ့။ ဒီတစ်ကြိမ်ကျ အထာနပ်သွားတဲ့ ဆလာဇာကို ဖျံကျလို့မရတော့တဲ့အတွက် သူ့ကိုနိုင်ဖို့ တစ်ခုတည်းသော လက်နက်ဖြစ်တဲ့ သမုဒ္ဒရာ ခုနှစ်စင်းလုံးကို ပိုင်စိုးသူ နတ်ဘုရား ပိုဆိုက်ဒန်ရဲ့ ခက်ရင်းခွကို လိုက်ရှာရတော့တယ်. ----------------------------------------------------------------------------------- . File Size : (2.5GB) and (1.3GB) Quality : HEVC 1080p 5.1, 720P Format…mp4 Duration…02:09:00 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae
movie
Pirates of the Caribbean: Dead Men Tell No Tales(2017)
2017
4K HEVC
6.6
Pirates of the Caribbean: On Stranger Tides(2011)
Pirates of the Caribbean: On Stranger Tides(2011) ဂျက်နဲ့ လူမှားပြီး ဂစ်ဘ်ကို ကြိုးပေးမယ့်အရေးမှာ ဝင်ကယ်ပေးလိုက်ရပြီးတဲ့နောက် တစ်ကိုယ်တည်းကောင်းစားနေတဲ့ ဘာဘိုဆာဆီ ရောက်သွားကြပြန်တယ်။ ဒါပေမယ့် ဂစ်ဘ်ပဲကျန်ခဲ့ပြီး ဂျက်ကတော့ သူ အချစ်ဟောင်း အန်ဂျလီကာကောင်းမှုနဲ့ မုတ်ဆိတ်နက်ဆီရောက်သွားတဲ့နောက် စပိန်တွေက တပန်းသာနေတဲ့ ထာဝရသက်ရှည်ရေပန်းကို ရှာနိုင်ဖို့ စိုင်းပြင်းရပြန်တယ်... File Size : (5.06GB)(3.63GB) and (1.24GB) Quality : Blu-Ray 4K HEVC,1080p 5.1CH,720P Format…mp4 Duration…02:23:00 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae
movie
Pirates of the Caribbean: On Stranger Tides(2011)
2011
4K HEVC
6.1
Inkheart (2008)
Inkheart (2008)တချို့ပုံပြင်တွေဟာ ဖတ်ရုံပဲဆိုပေမယ့် တချို့ပုံပြင်တွေဟာ အသက်ဝင်လာနိုင်ပါတယ်.... အဲ့လို အသက်ဝင်အောင် လုပ်နိုင်စွမ်းရှိတဲ့ ပုံပြောဆရာတွေလည်း ရှိခဲ့တယ်... အသံထွက်ဖတ်ပြီး ဇာတ်ကောင်တွေ၊ အဖြစ်အပျက်တွေကို ဆင့်ခေါ်နိုင်တဲ့သူတွေပေါ့။မော်တီမာလည်း အဲဒီအစွမ်းကို မွေးရာပါ လက်ဆောင်အနေနဲ့ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူက အဲဒီအစွမ်းကိုမသိပဲ အသံထွက်ဖတ်ပြီး ပုံပြင်ထဲက လူဆိုးတွေကို ဆင့်ခေါ်မိတဲ့အခါမှာ လူဆိုးတွေရဲ့တိုက်ခိုက်တာလည်းခံရ၊ သူ့ဇနီးလည်း ပုံပြင်စာအုပ်ထဲကိုရောက်ရှိသွားပြီး မော်တီမာ တစ်ယောက်ဒုက္ခရောက်သွားတယ်။သူ့ဇနီးရောက်သွားတဲ့ပုံပြင်စာအုပ်ကို နှစ်နဲ့ချီ လိုက်ရှာနေရင်း တစ်နေ့မှာတော့ အတိတ်ရဲ့ တစ္ဆေတွေဟာ သူ့အိမ်တံခါးကို လာခေါက်ပါတော့တယ်။သူ့ရဲ့ဇနီးကို စာအုပ်ထဲကနေ ပြန်ခေါ်နိုင်မလား၊ စာအုပ်ထဲက လူဆိုးတွေကပဲ တကယ့်လောကကြီးမှာ ကြီးစိုးသွားမလား ဆိုတာတော့ Mummy ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Brendan Fraser ဦးဆောင်ပါဝင်ထားတဲ့ ဒီ Old but Gold ဇာတ်ကားကောင်းလေးကိုကြည့်ရင်း အဖြေထုတ်ကြတာပေါ့ဗျာ......(ဇာတ်ကားနဲ့အညွှန်းကို Sai Thurein Lynn မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.6GB, ...
movie
Inkheart (2008)
2008
1
2
Next