Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Stephen Dorff
6.3
Somewhere (2010)
Somewhere (2010)IMDb - 6.3ကျွန်တော်တို့ရဲ့ မင်းသမီးလေး Elle Fanning ငယ်ငယ်လေးတုန်းက ရိုက်ထားတဲ့ကားပါ။ ဒီကားလေးက ဖြေးဖြေးအေးအေးကားမျိူးပါပဲ ဒါပေမယ့် ပျင်းစရာမကောင်းပဲနဲ့ ဇာတ်ကားလေးထဲမျောသွားမှာပါ။အဓိကဇာတ်ကောင်က သရုပ်ဆောင် ပြီးတော့ အိမ်ထောင်ကွဲနေတယ် ကလီယိုဆိုတဲ့သမီးလေးတယောက်လည်းရှိတယ်။ အရင်က အရက်သောက် ကောင်မလေးတွေနဲ့ရူပ်နေတဲ့ ဂျော်နီတယောက်ဟာ သူ့သမီးလေးရောက်လာမှ သူ့ရဲ့ဘဝကြီးက ပိုအဓိပ္ပါယ်ရှိသွားသလိုပေါ့ဗျာ။ဂျော်နီတယောက် သူ့ဘဝကိုသူဘယ်လိုဖြတ်သန်းမိနေလဲပါ ပြန်တွေးမိကုန်တာပေါ့။ တကယ်ကြည့်သင့်တဲ့ကားလေးပါ ခံစားချက်တမျိူးလေးတော့ ကျန်ခဲ့မှာသေချာပါတယ်။File Size -1.90 GB/ 763 MB Quality - BluRay 1080p/ 720p Duration - 1:39:43 Format - mp4 Genre - Drama, Romance, Comedy Subtitle - Myanmar Subtitle (Hard Sub) Translated by - Phyu Thew Zaw Encoded by - Treasure Htet
movie
Somewhere (2010)
5.0
Gunslingers
Gunslingers (2025)မင်းသားကြီး နစ်ကလပ်ကေ့ ပါတဲ့ ကောင်းဘွိုင် အက်ရှင်ကားပါ။ ပေါကားမဟုတ်ပါဘူး။ဇာတ်လမ်းအကျဉ်းမြို့လေးတစ်မြို့ဟာဝရမ်းပြေးတွေအားလုံးကို လက်ခံထားပါတယ်။ အချင်းချင်း ရန်မပြုသလို ဆုကြေးထုတ်ဖို့ ကြိုးစားတာတွေမလုပ်ပါဘူး။ဒါပေမဲ့ အဲဒီမြို့ကို နယူးယောက်က ရဲအဖွဲ့က ဆုကြေးအကြီးဆုံး ဝရမ်းပေးတစ်ယောက်ကို လာဖမ်းဖို့ ကြိုးစားပေမဲ့ တစ်မြို့လုံးက ပြန်ပြီးတိုက်ခိုက်ကြတဲ့အခါဝရမ်းပြေးတွေနဲ့ ဆုကြေးထုတ်ချင်တဲ့ကောင်တွေကြား တိုက်ပွဲအကြီးအကျယ်ဖြစ်လာပါတော့တယ်။ File size… (5.8 GB) / (1.7 GB) / (1 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…mp4/ mkv Duration….01:48:00 Genre...Action, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson
movie
Gunslingers
2025
4K HEVC
4.6
A Glimpse Inside the Mind of Charles Swan III (2012)
A Glimpse Inside the Mind of Charles Swan III (2012)IMDb Rating (4.6) / Rotten Tomatoes (16%) ယခုရုပ်ရှင်ကို The Godfather trilogy နဲ့ Apocalypse Now ရုပ်ရှင်တို့နဲ့ အရမ်း နာမည်ကြီးအောင်မြင်ခဲ့တဲ့ ဒါရိုက်တာ Francis Ford Coppola ရဲ့သား Roman Coppola က ရိုက်ကူးထားတာဖြစ်ပါတယ်။ရုပ်ရှင်အမျိုးအစားကတော့ Comedy/Drama ဖြစ်ပြီး နာမည်ကြီး ဟာသ သရုပ်ဆောင်တွေဖြစ်ကြတဲ့ Charlie Sheen နဲ့ Bill Murray တို့က အဓိက နေရာကနေ ပါဝင်ထားကြပါတယ်။ ဇာတ်လမ်း သဘောကတော့ graphic designer ဖြစ်တဲ့ Charles Swan III ဟာ စိတ်ကူး အရမ်းယဉ်တတ်ပါတယ်။ဒီလိုမျိုးတွေကြောင့် ရည်းစားဖြစ်သူ ...
movie
A Glimpse Inside the Mind of Charles Swan III (2012)
2012
4.8
Clear Cut (2024)
Clear Cut(2024)ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ကထွက်ရှိထားတဲ့ Action , thriller ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။မင်းသား Clive Standen , Alec Baldwin , Stephan Dorff တို့အဓိက ပါဝင်သရုပ်ဆောင်ထားပြီးတော့ဒါရိုက်တာကတော့ Brian Skiba ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းသစ်ထုတ်လုပ်သမား နှစ်ယောက် တောထဲကို သစ်ပင်ခုတ်ဖို့လာရင်းနဲ့ တောအုပ်အလယ်မှာ မူးယစ်ဆေးချက်တဲ့ နေရာတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။မူးယစ်ဆေးအရောင်းအဝယ်သမားများရဲ့ လျှို့ဝှက်ချက်ကို သိရှိသွားတဲ့အလျောက် သူတို့ဟာ မူးရစ်ဆေးသမားတွေရဲ့ ရန်ကနေလွတ်မြောက်အောင် လုပ်ဖို့ဖြစ်လာပါတယ်။Thriller ဆန်ဆန်ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပြီးတော့ မြှုပ်ကွက်တွေလဲ ပါတာမလို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size…(1.9 GB) / (1.1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Thriller Duration….01:28:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nay
movie
Clear Cut (2024)
2024
7.1
Blade (1998)
Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီးMCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီးလူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့် vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=blade+marvel ဒေါင်းပါ။ File size…(8.4 ...
movie
Blade (1998)
1998
4K HEVC
6.3
Cecil B. Demented (2000)
ဒီရုပ်ရှင်လေးကတော့၂၀၀၀ခုနှစ်ကထွက်ရှိခဲ့တဲ့black comedyရုပ်ရှင်အမျိုးအစားကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့Hollywood ကအခုနောက်ပိုင်း mainstream ရုပ်ရှင်တွေကို sequel ထုတ်လိုက် remake ထုတ်လိုက်နဲ့ပိုက်ဆံပဲရှာနေပြီး original ဇာတ်ကားကောင်းတွေမထုတ်တော့တာကိုသတိထားမိကြမှာပါ အဲဒီလိုဖြစ်နေတာကိုသဘောမကျတဲ့ရူးနေတဲ့ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Cecil B. Demented က Honey Whitlock ဆိုတဲ့နာမည်ကြီးရုပ်ရှင်မင်းသမီးကိုဖမ်းခေါ်ပြီးတော့သူ့ရဲ့ရုပ်ရှင်မှာဝင်သရုပ်ဆောင်ခိုင်းတာကနေဖြစ်လာတာတွေကိုဟာသနှောပြီးရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် File size…(1.9 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:27:00 Genre... Comedy, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie
Cecil B. Demented (2000)
Zoolander (2001)
IMDB 6.5/10 ရရှိထားတဲ့ Comedy ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် မင်းသမီး Christine Taylor နဲ့ မင်းသားကြီး Will Ferrell တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ထူးခြားတဲ့အကြည့်တွေနဲ့ ဆွဲဆောင်နိုင်စွမ်းရှိသူ ဒဲရစ်ဇူးလန်ဒါက ဖက်ရှင်လောကရဲ့ အောင်မြင်တဲ့ အမျိုးသားမော်ဒယ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ သူ့ရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို အစွန်းအထင်းဖြစ်စေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီး သူက မော်ဒယ်လောကကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အနားယူဖို့ ဆုံးဖြတ်ပြီး မကြာခင်မှာပဲ ဖက်ရှင်လောကရဲ့ အကျော်အမော်ဒီဇိုင်နာကြီး မူဂါတူက အလုပ်အတူလုပ်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် ရိုးရိုးသားသား လက်ခံခဲ့ပေမဲ့ တကယ်တမ်း မူဂါတူရဲ့အကြံက သူ့ကို ...
movie
Zoolander (2001)
5.4
Blood for Dust (2024)
Blood for Dust ( 2023 )Scoot McNairy နဲ့ ဂျွန်စနိုးလို့ အများသိကြတဲ့ Kit Harington အဓိကသရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖိုမှုခင်း ရုပ်ရှင်ပါ။ Rotten Tomatoes 85%ရထားတာမို့ ပမာဏတစ်ခုအထိတော့ ကောင်းတဲ့ရုပ်ရှင်ဖြစ်ကြောင်း မပြောလည်း သိကြမှာပါ။ ဝေဖန်ရေးသမားတွေကတော့ ဘာဆက်ဖြစ်မလဲ ခန့်မှန်းရသိပ်ခက်တဲ့ ရုပ်ရှင်လို့ ဆိုကြပါတယ်။ ပြောတာလည်း မလွန်ဘူးလို့ ထင်ရတာပါပဲ။ ရှုပ်နေရာက ရှင်းလာတဲ့ဇာတ်ကို ခန့်မှန်းရလွယ်ပေမဲ့ ရှင်းနေရာက ရှုပ်သွားတဲ့ဇာတ်ကိုတော့ မှန်းရခက်ပါတယ်။ ဒီဇာတ်ဟာ ရှင်းနေရာကနေ ရှုပ်သွားတဲ့ဇာတ်ပါပဲ။ကျောရိုးကတော့ နယ်လှည့်အရောင်းသမားတစ်ယောက်ကနေ စပါတယ်။ ဒီလူက နယ်လှည့်ပြီး ပစ္စည်းအစုံရောင်းနေတဲ့လူပါ။ ဖောက်သည်က ဘာအပ်အပ် အပ်ထားတာကို ရအောင်ပတ်ရောင်းပါတယ်။ ခဲတံကနေပြီး နွားအထိအကုန်ရောင်းပါတယ်။ ဒါကတော့ စစချင်းအပြပေါ့။ နောက်ပိုင်းတော့ သူ့ အရောင်းသမားအချင်းချင်းအဆက်အသွယ်တွေ , အတိတ်က သူတို့အရောင်းသမားတစ်အုပ်လုပ်ခဲ့ကြတဲ့ စာရင်းလိမ်လည်မှု ကိစ္စတွေ, အဲဒီကိစ္စအတွက် ခေါင်းခံသွားတဲ့သူအကြောင်းတွေ အကုန်တဖြည်းဖြည်းချင်း အစပေါ်လာပါတယ်။ ကျွန်တော်တို့အတွက်တင်ပေါ်တာမဟုတ်ဘဲ သူ့အလုပ်ရှင်ဆီမှာပါ အစပေါ်လာတဲ့နောက် အလုပ်ပြုတ်သွားတယ်။။ အဲဒီနောက် သူ့အရောင်းသမား သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ...
movie
Blood for Dust (2024)
2024
5.5
Officer Down (2013)
Officer Down (2013) ==================ဒီ Officer Down ဇာတ်ကားကိုတော့ ဒါရိုက်တာ Brian A. Miller က တည်းဖြတ်ထားတဲ့ သဲထိပ်ရင်ဖို အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်လမ်းကိုတော့ "ကယ်လာဟမ်" လို့ခေါ်တဲ့ စုံထောက်တစ်ယောက်အပေါ် ဇာတ်အိမ်တည်ထားတာဖြစ်ပြီး သူ့ရဲ့ မတူညီတဲ့ဘဝနှစ်ခုအကြောင်းကို ပြန်လည်သရုပ်ဖော်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းနောက်ခံ----- ကယ်လာဟမ်ဆိုတဲ့ဆိုထောက်တစ်ယောက်ဟာ အလက်ဇန္ဒားဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ပြုထားပြီး လာနာလို့ခေါ်တဲ့ သမီးတစ်ယောက်ထွန်းကားထားပါတယ်။စုံထောက်တစ်ယောက်ဆိုပေမယ့်လို့ ကယ်လ်ဟာ ကျင့်ပျက်ခြစားတဲ့ရဲတစ်ယောက်ဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးနဲ့ အရက်သေစာကို စွဲလမ်းနေတဲ့အပြင် ဖော်ချွတ်ကလပ်မှာပါ ရမ္မက်ဖြေလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ ကယ်လ်ဟာ ဆေးရောင်းဝယ်ရေးသမား တစ်ယောက်ကိုစစ်ဆေးရင်း သေနတ်နဲ့ပစ်ခံပြီး သေလုဆဲဆဲဖြစ်သွားပါတယ်။ ဒါပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ အရေးပေါ်အခြေကနေလွတ်ခဲ့ပြီး အတော်အတန်မေ့မျောပြီးတဲ့နောက် သတိပြန်ရလာခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာ ကယ်လ်ဟာ သူ့ရဲ့အတိတ်ကဆိုးသွမ်းမှုတွေကို သတိမရခဲ့ပါဘူး။ ဒါပေမဲ့ သူပြန်ကြားရတဲ့အရ သူအသက်ရှင်သွားခဲ့ရတာဟာ သူအပစ်ခံလိုက်တဲ့အချိန်တုန်းက အရေးပေါ်ကယ်ဆယ်ရေးကို ကယ်ဖို့ခေါ်ခဲ့တဲ့လူတစ်ယောက်ရှိတယ်ဆိုတာကို သိလိုက်ရပါတယ်။ကယ်လ်ကို ကယ်ခဲ့တဲ့သူဟာ ဘယ်သူဖြစ်မလဲ၊ ကယ်သေနတ်နဲ့ပစ်ခံခဲ့ရတဲ့နောက်ကွယ်မှာ မစဉ်းစားနိုင်လောက်အောင်ကြီးမားတဲ့ ဒုစရိုက်မှုတွေရှိနေမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ...
movie
Officer Down (2013)
6.1
Brake (2012)
ကားနောက်ခန်းထဲထည့်ပိတ်ခံရတဲ့ကားတွေအများကြီးထဲမှာဒီကားကတော့ Plot Twist ပေါင်းမျိုးစုံနဲ့ကြည့်လို့တော်တော်ကောင်းတဲ့ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့Break ဖြစ်ပြီး IMDb Rating 6.2 ရရှိထားပါတယ်။ဒီပုံစံနဲ့အလားတူတခြားကားတွေလို နောက်ဖုံးထဲမှာပဲ ပျင်းစရာကောင်းနေတာမျိုးမဟုတ်ဘဲ စိတ်ဝင်စားစရာတွေအများကြီးထည့်ထားပေးတဲ့အတွက်ဒီလိုပုံစံဇာတ်ကားမျိုးကိုကြိုက်နှစ်သက်တဲ့သူတွေကြည့်သင့်ပါတယ်။ဇာတ်ကားအကျဉ်းချုပ်ကတော့များများစားစားပြောစရာမရှိဘဲ စစချင်းမှာတင်ဂျယ်ရမီဆိုတဲ့လူတစ်ယောက်ကကားနောက်ဖုံးထဲမှ ာအဖမ်းခံထားရပြီးဒီအတိုင်းရိုးရိုးတန်းတန်းအထည့်ခံထားရတာမဟုတ်ပဲ အလုံပိတ်သေတ္တာကြီးနဲ့ပါတစ်ဆင့်ထည့်ထားတဲ့အတွက် လွတ်မြောက်ဖို့ဆိုတာကတော့မဖြစ်နိုင်သလောက်ပါပဲ။စစချင်းမှာတော့ သူယူထားတဲ့လောင်းကစားကြွေးရှင်က လုပ်တယ်ထင်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့Roulette ဆိုတဲ့ နေရာကိုသိချင်လို့ဖမ်းခေါ်လာပြီးမေးမြန်းနေတာပဲဖြစ်ပါတယ်။Roulette ဆိုတဲ့နေရာကဘာလဲဆိုတော့သူတို့နိုင်ငံမှာအရေးအခင်းကြီးတစ်ခုခုဖြစ်ရင် သမ္မတပုန်းခိုလို့ရအောင်လုပ်ထားတဲ့လုံခြုံတဲ့မြေအောက်အလုံခန်းကြီးပဲဖြစ်ပါတယ်။အဲ့ဒီနေရာကိုဘာလို့သူ့ကိုမရမကမေးနေရတာလဲ အဲ့ဒီနောက်ဖုံးထဲကရောဂျယ်ရမီတစ်ယောက်ဘယ်လိုနည်းလမ်းတွေသုံးပြီးလွတ်မြောက်အောင်ကြိုးစားမလဲဆိုတာတွေကိုကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…2.14GB / 936MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Brake (2012)
5.9
Divinity (2023)
Divinity (2023)~ IMDb - 5.9/10, RT - 57%, Meta - 61% ~ဦးနှောက်ခြောက်စရာမရှိလို့ ကိုယ့်ထမင်းကိုယ်စားပြီး ဦးနှောက်ခြောက်ချင်တဲ့လူတွေအကြိုက်တွေ့စေမယ့်ရုပ်ရှင်ပါ။လက်တွေ့လူ့သမိုင်းတလျှောက်မှာ မအိုဆေးရှာပုံတော်ဖွင့်ခဲ့ကြတာ တစ်ပုံတပင်ရှိပါတယ်။ ဒီအကြောင်းကိုရုပ်ရှင်တွေ ဝတ္ထုတွေ ရေးခဲ့ကြတာလည်း မနည်းပါဘူး။ ဒီရုပ်ရှင်ကတော့ မအိုဆေးရှာတွေ့သွားပြီး မအိုဆေးသောက်ကြသူတွေရဲ့ကမ္ဘာဖြစ်သွားပုံပါ။ တကယ့်အပြင်မှာ မအိုဆေးဆိုပြီး အရက်သောက်ကြသလိုတော့မဟုတ်ဘူး။ ဒါက မအိုဆေးစစ်စစ်ပေါ့။ ဒါပေမဲ့ ဒီဆေးမှာ ဘေးထွက်ဆိုးကျိုးတစ်ခုရှိတယ်။ အဲဒါကိုလည်း ကြည့်ရင်းနဲ့မှ တွေ့ရပါလိမ့်မယ်။ အဲဒီဆေးရဲ့ ပါဝင်ပစ္စည်းကလည်း သိပ်ကောင်းတဲ့အရာတော့မဟုတ်ဘူး။ ဒါပေမဲ့ လူတွေက မသိဘဲ သောက်သုံးကြတာပေါ့။ တစ်နေ့မှာ ထူးဆန်းတဲ့ ညီအစ်ကို ၂ ယောက်က ကောင်းကင်ပေါ်က ကျလာပြီး အဲဒီဆေးဖန်တီးတဲ့လူကို ဖမ်းချုပ်ပြီး သူ့ရဲ့ဆေးကိုပြန်သွင်းတယ်။ အဲဒီကနေမှ တဖြည်းဖြည်း အထုတ်ဖြည်ပြသွားတာပါပဲ။ထူးခြားတဲ့အချက်ကတော့ ဒီရုပ်ရှင်ကို အဖြူအမည်းနဲ့ရိုက်ထားတယ်။ ကမ္ဘာကြီးက အိပ်မက်ဆိုးကြီးလိုဖြစ်သွားပုံကိုပြချင်တဲ့သဘောပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ ...
movie
Divinity (2023)
2023
7.1
I’ll Find You (2019)
I'll Find You (2019)===============IMDb Rating - 7.1/10ချစ်ခြင်းအစ မုန်းခြင်းကလို့ ဆိုသလို ကိုယ်တို့နှစ်ယောက်ရဲ့ အချစ်အသီးအပွင့်တွေဟာ အမုန်းပင်စည်ကြီးကနေ အခြေတည်တယ်။အချစ်နဲ့ အမုန်းဟာ ဆန့်ကျင်ဘက်ဖြစ်သလို ကိုယ်တို့အတွက် အရာရာတိုင်း နီးပါးကလည်း ဆန့်ကျင်ဘက်ဖြစ်နေတယ်။ကက်သလစ်တစ်ယောက်ဖြစ်တဲ့ ကိုယ် ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ မင်းဘာသာရေးကွဲပြားချက်တွေကြောင့် ပေါင်းစည်းဖို့ ခက်ခဲနေတဲ့ကြားက စစ်ပွဲကြီးက ကိုယ်တို့ကို ခွဲခဲ့တယ်။မည်သို့ပင်ဖြစ်စေကာမူ ရေကန်ဟာ ကြာရှိမှ သင့်သလို ကိုယ်ဟာလည်း မင်းရှိမှ ဖြစ်မှာပါ။အလားတူ ကိုယ့်ရဲ့ အသံက မင်းလေးရဲ့ တယောသံလေးနဲ့မှ ပိုလို့ ငြိမ့်ညောင်းနိုင်မှာမလို့ ဘာတွေပဲ ဖြစ်လာလာ ကိုယ်မင်းကို တွေ့အောင် ရှာမှာပါ ....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(2.4 GB) / (863 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 56Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Music, Romance Translator.......Act Molemy Encoder..........SWM
movie
I’ll Find You (2019)
2019
5.0
Carjacked (2011)
Carjacked (2011) ============ဒီဇာတ်ကားလေးကတော့ ဘဏ်ဓားပြတစ်ယောက်က single mother တစ် ယောက်ရဲ့ကားကို အနုကြမ်းစီးပြီးခိုင်းစေတာနဲ့ အနုကြမ်းစီးခံရသူက ဘယ်လို ထွက်ပြေးလွတ်မြောက်အောင်ကြိုးပမ်းမလဲဆိုတာ ကြည့်ရမယ့်ကားလေးပါ။လော်ရိန်း ကယောက်ျားနဲ့ကွဲနေသူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့သားလေး ချက်ဒ် နဲ့အတူဘ၀ကိုခက်ခက်ခဲခဲရင်ဆိုင်နေရတာပါ။ တစ်နေ့တော့ သူနဲ့သူ့သား လေးတို့ကားကို ရွိုင် လို့ခေါ်တဲ့ ဘဏ်ဓားပြတစ်ယောက်က အနုကြမ်းစီးပါတော့ တယ်။ ရွိုင် ကလော်ရိန်းကိုခြိမ်းခြောက်ပြီး သူသွားချင်တဲ့နေရာကိုပို့ခိုင်းတဲ့အခါ လော်ရိန်း တစ်ယောက်သန်မာတဲ့မိန်းမတစ်ယောက်အနေနဲ့ ဘယ်လိုရုန်းကန်လွတ် မြောက်မလဲဆိုတာ ရပ်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(1.63 GB) / (684 MB) Quality...........BLU-RAY 1080p / 720p Duration........1Hr 29Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Thriller Translator......Theo Katt Encoder..........SWM
movie
Carjacked (2011)
2011
6.0
King of Killers (2023)
ဂယ်ရန်လို့ခေါ်တဲ့ လူတစ်ယောက်ကကြေးစား လူသတ်သမားတစ်ယောက်ဖြစ်ပြီးသူ့ကိုသတ်ဖို့ တာဝန်ပေးတဲ့လူတွေကို လိုက်သတ်ပေးရတဲ့လူဖြစ်ပါတယ်။ပြီးတော့သူက အဲ့လိုလုပ်ကြံတဲ့နေရာမှာလဲ အရမ်းကိုထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့ သူအလုပ်လုပ်ဖို့သွားနေတုန်း သူ့မိန်းမက အဲ့ဒီကိုလိုက်လာခဲ့ပါတယ်။ ဒီလိုနဲ့သူ့မိန်းမ သေနတ်မှန်သွားပြီးတော့ သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီကနေစပြီး ဘဝကလဲပျောက်ဆုံးသွားပြီးတော့ ကျန်ရစ်သူဖြစ်တဲ့ သူ့သမီးကိုတောင်ဂရုမစိုက်ဖြစ်ခဲ့ပါဘူး။ဒါပေမဲ့ နောက်ပိုင်းမှာ သမီးဖြစ်သူက နှလုံးရောဂါဖြစ်ပြီးတော့ နှလုံးခွဲစိတ်အစားထိုးဖို့ဖြစ်လာပါတော့တယ်။ ဒါပေမယ့် သူ့မှာရှိတဲ့ပိုက်ဆံနဲ့ မလောက်မငှဖြစ်နေတဲ့အချိန်မှာ သူ့ကိုကမ်းလှမ်းထားတဲ့ ဒေါ်လာဆယ်သန်းတန်ပစ်မှတ်တစ်ခုကို လက်ခံလိုက်ရပါတော့တယ်။အဲ့ဒီပစ်မှတ်ကတော့ တခြားသူမဟုတ်ပါဘူးသူတို့ရဲ့ လုပ်ကြံရေးသမားလောကထဲမှာ အတော်ဆုံးဆိုတဲ့ လူသတ်သမားတွေရဲ့ဘုရင် ဒရေကိုဆိုတဲ့ လူကိုသတ်ဖို့ပါပဲ။ဒါပေမယ့် သူ့ကိုသတ်ဖို့က ပုံမှန်အလုပ်တွေလိုရိုးရှင်းမနေပဲနဲ့ တခြားလူတွေနဲ့ပြိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ အဲ့ထက် ပိုထူးဆန်းတာကဒရေကိုကိုသတ်ဖို့ သူတို့ကို ဒရေကိုကိုယ်တိုင်ကငှားထားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဂယ်ရန်နဲ့ တခြားလူသတ်သမားတွေ ဒရေကိုကို သတ်ဖို့ကြိုးစားပြီးတော့ နောက်ဆုံးမှာလူသတ်သမားတွေရဲ့ ဘုရင်ဆိုတဲ့ဂုဏ်ပုဒ်ကို သူတို့ထဲက တခြားလူတွေက ပိုင်ဆိုင်သွားမလား ဒရေကိုကပဲ ဆက်ထိန်းသိမ်းထားနိုင်မလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.24GB / 491MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Action , ...
movie
King of Killers (2023)
5.5
Mob Land (2023)
Mob Land (2023)မင်းသားကြီး John Travolta ပါဝင်ထားပြီး မူးယစ်ဆေးစွဲသူတွေ ဆေးရောင်းတဲ့ လူဆိုးဂိုဏ်းတွေနဲ့ မသမာသူတွေ ကြီးစိုးနေတဲ့ မြို့အကြောင်းအခြေတည်ထားတဲ့ Action ရုပ်ရှင်သစ်တစ်ကားပါ။ယခင်က ပြိုင်ကားမောင်းသမားဖြစ်ခဲ့တဲ့ ရှယ်ဘီဟာ ဇနီး သမီးလေးနဲ့အတူ မြို့ငယ်လေးမှာ အခြေချခဲ့ပါတယ်။ သူ့အလုပ်က မြို့လေးနဲ့မအပ်စပ်တဲ့အတွက် သူတို့မိသားစုက အဆင်ပြေလှတယ်ရယ်တော့မဟုတ်ပါဘူး။ ယောက်ဖဖြစ်သူ ထရေးနဲ့ အသိ ရဲမှူးဘိုဒီတို့ကလည်း မကြာခဏလာလည်ကြပါတယ်။ဇနီးနဲ့သမီးလေး ဆွေမျိုးတွေဆီခဏသွားတဲ့အခါ ထရေးက ဆေးရောင်းသမားတွေဆီက ငွေကို ဓားပြတိုက်ဖို့ လာဆွယ်ပါတယ်။ ရှယ်ဘီက မလုပ်ချင်ပေမယ့် ငွေလိုနေတာရော ထရေးအဆွယ်ကောင်းတာကြောင့်ရော သဘောတူလိုက်ပါတယ်။အစီအစဉ်ဆွဲတုန်းကတော့ အဆင်ချောပေမဲ့ လက်တွေ့မှာ ထင်သလိုမဖြစ်လာဘဲ ထရေးက လူသတ်မိတဲ့အခါ...သူတို့ဓားပြတိုက်မိတာက မာဖီးယားဂိုဏ်းက ငွေတွေဖြစ်ပြီး အရှုပ်တွေဆက်တိုက်ဖြစ်လာတဲ့အခါ...ထရေးတို့ကို လက်စားချေဖို့ မာဖီးယားဂိုဏ်းက လူ လိုက်လာတဲ့အခါ...ရှယ်ဘီကရော ဘယ်လို ပြစ်မှုတွေ ဆက်လုပ်ရဦးမလဲ သူတို့ကျူးလွန်ခဲ့တဲ့အပြစ်အတွက် ဘာတွေပြန်ပေးဆပ်ရမလဲဆိုတာ စိတ်၀င်စားဖွယ် အားပေးရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune ...
movie
Mob Land (2023)
2023
7.4
Felon(2008)
အိပ်မက်ကောင်းလေး မက်နေတုန်း. ဆွဲကိုင်လှုပ်နှိုးခံလိုက်ရသလို ဘဝမှာ မျှော်မှန်းထားသမျှတွေ ဖြစ်လာရုံရှိသေးကြမ္မာဆိုးဝင်ကာ မရည်ရွယ်ဘဲ သတ်ခဲ့မိတဲ့ လူသတ်မှုတစ်ခုကြောင့် ဘယ်သူ့ကိုမှ ရှင်းပြခွင့်မရဘဲ ထောင်ထဲဝင်ကာ အချိန်နဲ့ပေးဆပ်ခဲ့ရတဲ့ ဝိတ်ဒ်.ဖြစ်လာသမျှကို အကောင်းဆုံး ရင်ဆိုင်ကျော်လွှားမယ် စိတ်ကူးရင်းကိုပဲ ဆုံးဖြတ်ချက်အမှားတွေ ထပ်ခါထပ်ခါ ကျူးလွန်မိရင်း အဆိုးဘက်ကို ရောက်လာခဲ့ပါတယ်။ ချစ်ဇနီး၊ သမီးတို့ကို ဆုံးရှုံးထားရပြီး လက်စားချေခြင်းကို ကိုယ််တိုင် အေးစက်စွာ စားသုံးပြီးတဲ့နောက် မှာတော့ထောင်ထဲမှာ ရှင်လျက်သေနေရတဲ့ဘဝမျိုးနဲ့ ဖြတ်သန်းနေခဲ့တဲ့ ဂျွန်စမစ် နဲ့ ဆုံမိတဲ့အချိန်မှာတော့. သာမန်စီးပွားရေးသမားဘဝကနေ အကျဉ်းထောင်ကျောင်းကြီးရဲ့ ပညာပို့ချပေးမှုတွေကြောင့် သတိမထားမိခင်မှာဘဲ ဒုစရိုက်သမား ဂိုဏ်းစတားဘဝကို တဖြည်းဖြည်း ပြောင်းလဲလာနေတဲ့ ဝိတ်ဒ်ရဲ့ စိတ်ခံစားချက်တွေအကျဉ်းထောင်အတွင်းက လူမိုက်ဂိုဏ်းတွေနဲ့ ထောင်စောင့်ရဲတွေကြားထဲက ပဋိပက္ခတွေ.ဝိတ်ဒ်ရဲ့ ဇနီးဖြစ်သူ လော်ရာတစ်ယောက် ယောကျ်ားဖြစ်သူကို အားကိုး၍ မရတော့သည့်အချိန် အပြင်လောကအခက်အခဲများကို ကိုယ်တိုင်ဖြေရှင်းရင်း Single Mother ဘဝနဲ့ ရုန်းကန်ရပုံများ.စသည် လက်တွေ့လူ့ဘောင်လောကကို အနီးစပ်ဆုံး ထင်ဟပ်ပြသထားတဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ကိုCM မှ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…2.28GB / ...
movie
Felon(2008)
5.1
The Price We Pay (2022)
The Price We Pay (2022)"အဖိုးအခတော့ ပေးရလိမ့်မယ်" ဒီစကားဟာ လောကနိယာမအရ ဘယ်နေရာမှာမဆို အကျုံးဝင်တဲ့ စကားဖြစ်ပါတယ်။ ကိုယ်ဘာပဲလုပ်လုပ် တန်ပြန်သက်ရောက်မှုရဲ့ အကျိုးရလဒ်ကို လူသားတိုင်း ခံစားကြရမှာပါ။ ဒီဇာတ်ကားလေးကလည်း ဒီသဘောကို သရုပ်ဖော်ထားတဲ့ Horror ကားလေးပါ။ဇာတ်လမ်းအကျဉ်း ...ဂရေ့စ် တစ်ယောက် အကြွေးတွေမဆပ်နိုင်လို့ ရှိတာလေးထုချေပြီး အကြွေးဆပ်ဖို့ အပေါင်ဆိုင်ကို ရောက်နေချိန်မှာ ဓါးပြတိုက်မှုနဲ့ ကြုံရပြီး ဓားစာခံအဖြစ် အဖမ်းခံလိုက်ရပါတယ်။ဒီလိုနဲ့ ဓားပြသုံးယောက်နဲ့အတူ သူမ စီးလာတဲ့ကားဟာ လယ်တော တစ်ခုအနီးမှာ ပျက်သွားတဲ့အခါ ...ညကြီးမင်းကြီးဆိုတော့ အနီးအနားလူနေအိမ်တစ်ခုကို ရအောင်ရှာပြီး အကူအညီတောင်းဖို့ ကြိုးစားကြရပါတယ်။ သို့ပေမဲ့ ...အဲ့ဒီအိမ်က ဘယ်သူတွေနေတာလဲ? ဘာတွေလုပ်ကြတာလဲ? ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်ရှုအဖြေရှာလိုက်ကြစို့နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size : 1.2GB, 452MB, ...
movie
The Price We Pay (2022)
2022
7.0
The Iceman(2012)
The Iceman(2012)****************လူပေါင်း (၁၀၀) လောက်ကို သတ်ခဲ့တဲ့သူဆိုတာ လူဆိုးကြီးတစ်ယောက်ဖြစ်မယ်ဆိုတာလူတိုင်း အလွယ် တကူ သိနိုင်ပါတယ်။ ဒီလို လူအကြောင်းကို ဇာတ်လမ်းရိုက်ပြတော့ သတ်တာဖြတ်တာ၊မကောင်းတာတွေပဲ ဆို ရင်တော့ မှားသွားနိုင်ပါတယ်။ ဘာကိုမှ မကြောက်မရွံ့ သွေးအေးအေးနဲ့လူသတ်တတ်လို့ ရေခဲလူသား (Iceman) လို့ အမည်ပေးခံထားရ တဲ့ကူကလင်စကီးဟာ ပြင်ပလောကမှာ တကယ်ရှိခဲ့တဲ့ ကြေးစားလူသတ်သမား ဖြစ်ပါ တယ်။မာဖီးယားဂိုဏ်းတွေအတွက် အခကြေးငွေနဲ့ ရက်ရက်စက်စက်သတ်တဲ့လူဆိုးကြီးဟာတစ်ဖက်မှာတော့ ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်၊ မိသားစုကို တန်ဖိုးထားအလေးပေးသူ၊ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် ကလေး တွေနဲ့ မိန်းကလေးတွေကို လုံးဝမသတ်သူစတဲ့ဂုဏ်ပုဒ်တွေနဲ့ ပိုင်ဆိုင်ထားပါသေးတယ်။ လောကဓံနဲ့ အကြင်နာမဲ့ တဲ့လူကြီးတချို့ကြောင့် ဒီလိုကြေးစားလူသတ်သမားဘဝကို ကူကလင်စကီး ရောက်သွားရပုံ၊သူ့ဘဝ အနိမ့်အမြင့် ဖြစ်ပျက်ပုံတွေ၊ ဇာတ်သိမ်းပုံတွေကို ကြမ်းကြမ်းရမ်းရမ်းရော၊နုနုရွရွရော ပေါင်းစပ်ထားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်တဲ့Michael Shannon နဲ့ Chris Evans တို့ ဦးဆောင်ပါဝင်တဲ့ဇာတ်ကား ဖြစ်လို့ မကောင်းမှာတော့ ...
movie
The Iceman(2012)
Paradise City (2022)
နာမည်ကျော်မင်းသားကြီးနှစ်ယောက် Pulp Fiction အပြီးမှာပြန်ဆုံကြတဲ့ကားလေးပါ။ Bruse Willis နဲ့ John Travolta တို့တွဲဖက်သရုပ်ဆောင်ထားတဲ့ အက်ရှင်ကားလေးပါ။ Ryan ဆိုတဲ့လူငယ်တစ်ယောက်သူ့အဖေ ဖြစ်သူသေဆုံးသွားတဲ့ Maui ကျွန်းပေါ်ကိုရောက်လာပြီး ဖြစ်ရပ်မှန်ဖော်ထုတ်ဖို့ကြိုးစားရာကနေ ထင်မထားဘဲ ရန်သူတွေဝိုင်းလာပါတော့တယ်။ Ryan လည်းရသမျှအကူအညီယူပြီး မူးယစ်ရာဇာတစ်ယောက်နဲ့ထိပ်တိုက်တွေ့ရာကနေ ပွဲကြမ်းလာပုံကိုကြည့်ရှုရမှာပါ။File size…(1.67GB) / (907.94MB) / (466.59MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre... Action / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
Paradise City (2022)
7.3
Old Henry (2021)
IMDb Rating (7.3) / Rotten Tomatoes (96%)လူသူဝေးတဲ့တစ်နေရာမှာ မုဆိုးဖိုလယ်သမားကြီးတစ်ယောက်ဟာ သူ့သားလေးနဲ့အတူတူ အေးအေးလူလူ နေထိုင်ပါတယ်၊ တစ်နေ့မှာ သားရေလွယ်အိတ်ငွေထုပ်နဲ့သေနတ်ဒဏ်ရာရနေတဲ့ လူတစ်ယောက်ကို အိမ်ခေါပြီးကယ်မိလိုက်ပါတယ်၊ အဲ့ဒီ ပိုက်ဆံတွေအတွက် လာရှာတဲ့လူတွေ ရှိတဲ့အခါမှာတော့ လယ်သမားကြီးက ဘယ်သူ့ကိုယုံရမလည်းစဉ်းစားရကြပ်သွားပါတော့တယ်။သူ့ကိုယ်သူနဲ့ သူ့သားကို ကာကွယ်ရတဲ့အချိန်မှာတော့ သူ့ရဲ့ ပုံစံအစစ်လို့ပြောလို့ရတဲ့ သေနတ်ပစ် စွမ်းရည်တွေနဲ့ တိုက်ရည်ခိုက်ရည်တွေကိုထုတ်ပြရပါတော့တယ်။1900 ခုနှစ် အစပိုင်းကိုအခြေတည်ထားတာဖြစ်ပြီးဇာတ်လမ်းက အချိန်ကြာလာလေ ဇာတ်ရှိန်မြင့်လာလေမို့ အေးအေးဆေးဆေး နှပ်ကြည့်မယ့်သူတွေအတွက်တော့အသင့်တော်ဆုံးပါပဲ။ IMDb rating 7.3 နဲ့ Old Henry ပါ။ File size…(1.4 GB)/(800 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Murphy
movie
Old Henry (2021)
1
2
Next