Channel Myanmar

Stephanie Romanov

Thirteen Days (2000) 7.3
Thirteen Days (2000)  Thirteen Days (2000)IMDb Rating (7.3) / Rotten Tomatoes (83%) ဒီရုပ်ရှင်ကားလေးကတော့ ၁၉၆၂ ခုနှစ် သမ္မတကနေဒီလက်ထက်တုန်းက အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုအကြား နျူးကလီးယားစစ်ပွဲဖြစ်လုနီးနီးဖြစ်ပျက်သွားတဲ့ သမိုင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကျူးဘားဒုံးကျည်အရေးအခင်းဆို လူတိုင်းသိကြမှာဖြစ်တဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။နိုင်ငံကြီးနှစ်နိုင်ငံအကြား အားပြိုင်ကြတာကို ကမ္ဘာက စောင့်ကြည့်ရင်း ရင်တမမနဲ့ ဘယ်တော့ အန်ကယ်ဆမ်နဲ့ ဆိုဗီယက်ခရူးရှက်တို့ ထိပ်တိုက်တွေ့မလဲဆိုတာ သည်းထိတ်ရင်ဖို ဖြစ်ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ကိုယ်တွေ မြန်မာနိုင်ငံက အတွင်းရေးမှူးချုပ်ဦးသန့်က ကမ္ဘာ့ကုလသမ္မဂမှာ တာဝန်ထမ်းဆောင်နေတဲ့အချိန်ဆိုတော့ သူ့နာမည်တောင် ရုပ်ရှင်ထဲမှာပါသေးတယ်။တကယ့်ကို သရုပ်ဆောင်ကောင်းတဲ့သူတွေနဲ့ သမိုင်းရဲ့ တကယ့်အဖြစ်အပျက်တစ်ခုကို အကောင်းဆုံးသရုပ်ဖော်သွားနိုင်တဲ့ ရုပ်ရှင်ကားလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Bunny ဖြစ်ပါတယ်။) File size…(2.9 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Thriller Duration….02:26:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Bunny
movie

Thirteen Days (2000)

2000
Last Night (2010) 6.5
Last Night (2010)  ဒီဇာတ်ကားကတော့ Romantic Drama ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ Massy Tadjedin က director အနေနဲ့ရောwriter အဖြစ်နဲ့ပါ ဦးဆောင်ရိုက်ကူးထားပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကတော့ Avatar ရုပ်ရှင်နဲ့ နာမည်ကြီးလာတဲ့ Sam Worthington, မင်းသမီးချော Keira Knightleyတို့က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Michael နဲ့Joanna တို့ဟာ သူတို့ရဲ့အိမ်ထောင်ရေးမှာ ပျော်နေကြတဲ့ဇနီးမောင်နှံနှစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အိမ်ထောင်ရေးထဲကို မမျှော်လင့်ထားတဲ့သူတွေ အမှတ်မထင် ဝင်ရောက်လာတဲ့အခါမှာတော့ အရမ်းချစ်ကြတဲ့ဇနီးမောင်နှံနှစ်ယောက်ဟာတစ်ယောက်ပေါ်တစ်ယောက် သံသယတွေဝင်လာပြီးတော့မယုံသင်္ကာတွေဖြစ်လာကြပါတယ်။ အဲဒီလိုမျိုး ဘေးကနေ မဆိုင်တဲ့လူတွေဝင်ပါလာတဲ့ကြားကနေ သူတို့နှစ်ယောက်ဟာ ပြန်လည်သင့်မြတ်အောင် ဘယ်လိုတွေကြိုးစားကြမလဲ၊ တကယ်ရော ပြန်လည်သင့်မြတ်နိုင်ပါ့မလားဆိုတာတွေကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ။File size…1.25GB / 587MB Quality…Blu-Ray  1080p  / 720p Format…mp4 Duration….1h 33m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie

Last Night (2010)

The Final Cut (2004)
The Final Cut (2004) လူသားတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ထဲကို မိုက်ခရိုချစ်ပ်လေး ထည့်လိုက်ပြီးတော့ လူသားတွေရဲ့ မွေးဖွားလာတဲ့အချိန်မှစ ဘဝတလျှောက်လုံးကို မှတ်တမ်းတင်ထားနိုင်တဲ့ အချိန်ကာလတစ်ခုမှာ ဒီဇာတ်လမ်းကို တည်ထားပါတယ်။ Implant ထည့်ထားတဲ့ လူသားက သေဆုံးသွားရင်တော့ ကွယ်လွန်သူမိသားစုရဲ့ ခွင့်ပြုချက်နဲ့ ကွယ်လွန်သူရဲ့ ဘဝအတွေ့အကြုံတွေ၊ အပျော်ရွှင်ရဆုံး အချိန်တွေ၊ အမှတ်တရတွေ၊ ဂုဏ်ယူရတဲ့ အခိုက်အတန့်တွေကို ပြန်ယူထားပြီး မိသားစုက သိမ်းထားခွင့် ရှိပါတယ်။အဲ့လိုမျိုး အမှတ်တရတွေကိုပဲ တည်းဖြတ်ပေးရတဲ့ လူတွေကို Cutter လို့ ခေါ်ပြီးတော့ အဓိကဇာတ်ဆောင် အယ်လန်ဟက်ခ်မန်း (Robin Williams) က အတော်ဆုံးကတ်တာ/ တည်းဖြတ်သူ ဖြစ်ပါတယ်။ အယ်လန်က ငယ်ရွယ်စဉ်အချိန်မှာတုန်းက မတော်တဆမှုတစ်ခုဖြစ်ဖူးတာကြောင့် စိတ်ဒဏ်ရာလည်း ရှိထားသူပါ။သူ့အနေနဲ့ ချားလ်စ်ဘန်နစ်စတာ ဆိုတဲ့ ရှေ့နေတစ်ယောက် ကွယ်လွန်သွားလို့ သူ့ဘဝရဲ့ အမှတ်တရအချိန်တွေကို တည်းဖြတ်မှုပြုဖို့ ဇနီးဖြစ်သူက သူ့ကို လာရောက်ငှားရမ်းတဲ့အခါ... ဖလက်ချာ (Jim ...
movie

The Final Cut (2004)

Spy Hard (1996) 5.4
Spy Hard (1996) Spy Hard (1996)ဒါလေးက Naked Gun မင်းသားကြီး Leslie Nielsen ပါဝင်ထားတဲ့စပိုင်ဇာတ်လမ်း အက်ရှင်ဟာသဇာတ်ကားလေးပါ ..007 ဟာသဗားရှင်းဆိုလည်း မမှားပါဘူး ..နာမည်ပေးထားတဲ့ Spy Hard ဆိုတာကလဲ ဘရုစ်ဝီလီရဲ့ နာမည်ကြီး Die Hard ကို အခွက်ပြောင်ထားတာပါ။အထဲမှာလဲ နာမည်ကြီးအက်ရှင်ဇာတ်ကားတချို့ကို အခွက်ပြောင်ထားပါသေးတယ်။ဇာတ်လမ်းကတော့...ကမ္ဘာကြီးကိုဖျက်ဆီးမယ့်ဂြိုလ်တုလွှတ်တင်ဖို့ကြံရွယ်နေတဲ့ လူဆိုးဗိုလ်ချုပ်ကြီးကိုတားဆီးဖို့အတွက်အထူးအေးဂျင့် Dick Steele (နာမည်ကအဆန်း) တစ်ယောက် အစွမ်းကုန်ကြိုးစားရင်းအလွဲလွဲအချော်ချော်ဖြစ်ပေါ်တာတွေကို ခွီရအောင်တင်ဆက်ထားတာပဲဖြစ်ပါတယ်။  File size…(1.4 GB) / (800 MB) / (400 MB) Quality…WEB-DL 1080p / 720p / 480p Format…mp4 Duration….01:21:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Lin Thar
movie

Spy Hard (1996)