Channel Myanmar

Stéphane Pézérat

Breaking Point / Un Coup De Des (2024)
Breaking Point / Un Coup De Des (2024) ဖောက်ပြန်ခြင်းကို အချစ်လို့ ခေါင်းစဉ်တတ်ကြတဲ့သူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ....မက်သရူးနဲ့ ဗင်းဆန့်ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရဲ့ ဘဝထဲကို အယ်လ်ဆာဆိုတဲ့ ကောင်မလေးတစ်ယောက်ဝင်လာခဲ့တဲ့အခါ......နှစ် ၂၀ လောက်ပေါင်းသင်းခဲ့တဲ့ မိန်းမအပေါ်ကို မထောက်ထားဘဲ အိမ်ထောင်ရေးဖောက်ပြန်နေတဲ့ သူငယ်ချင်းဖြစ်သူ ဗင်းဆန့်ကို တားဖို့ကြိုးစားနေရင်း အဲ့ဒီမိန်းကလေးကို ချစ်မိသွားခဲ့တဲ့ မက်သရူး......ဖောက်ပြန်ခြင်းကို အချစ်လောက်ခေါင်းစဉ်တတ်ကြသူတွေကြောင့် ဘဝတွေပျက်ခဲ့ရတဲ့ မိသားစုနှစ်စု....မိဘတွေရဲ့ မပြေလည်မှုရန်ပွဲတွေကြားက မြေစာပင်ဖြစ်ခဲ့ရတဲ့ သားသမီးတွေရဲ့ အဖြစ်အပျက်တွေ....အကြောင်းအရာပေါင်းစုံကို ရသစုံခံစားကြည့်ရှုရမယ့် ပြင်သစ်ဇာတ်ကားကောင်းတစ်ကားပါ....File size…(1.1 GB)/(679 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon 
movie

Breaking Point / Un Coup De Des (2024)

Employee of the Month (2021)
Employee of the Month (2021) ***ဒီကားကြည့်ပြီး လစာတိုးမပေးတဲ့ သူဌေးကို အပြတ်ရှင်းပြီး အလောင်းဘယ်လိုဖျောက်ရမလဲဆိုတဲ့ အကြံတွေဘာတွေ ရသွားမယ်ဆိုရင်တော့ CM က တာဝန်မယူပါဘူးနော်။***ဒီတစ်ခေါက်မှာတော့ IMDB 5.8/10, Rt 77% ရရှိထားတဲ့ Emplyoee of the month ဆိုတဲ့ Crime/Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သန့်ရှင်းရေးသုံးပစ္စည်းတွေ ရောင်းတဲ့ ကုမ္ပဏီဝန်ထမ်းဖြစ်သူ အင်းနစ်က ဘက်စုံတော်ပြီး အနေအေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဥပဒေရေးရာကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေမဲ့ ရုံးမှာတော့ နေရာတကာ သူပဲလုပ်နေရရှာပြီး အစုံသုပ်ဖြစ်လို့နေရှာတာပါ။ အလုပ်ဝင်လာတာ ၁၇ နှစ်တောင် ရှိပြီဖြစ်ပေမဲ့ တခြားအမျိုးသားဝန်ထမ်းတွေသာ တစ်နှစ်ပြီး တစ်နှစ်လစာတိုးသွားတယ်၊ သူမမှာတော့ နဂိုအတိုင်း လစာမတိုးလို့ အလုပ်ရှင်ပတ်ထရစ်ကို သူ့ကိုလစာတိုးပေးဖို့ ဝင်ပြောရာကနေ မထင်မှတ်ထားတဲ့ ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့ပါတော့တယ်။အဲဒါကတော့ အင်းနစ်နဲ့ အလုပ်သင်အသစ်ကလေး မယ်လိုဒီရဲ့လက်ချက်နဲ့ သူတို့ရဲ့အလုပ်ရှင်ပတ်ထရစ် သေဆုံးသွားတာပါပဲ။ တမင်လုပ်တာမဟုတ်ပေမဲ့ သေတဲ့လူက သေသွားပြီမို့ အလောင်းဖျောက်ဖို့ ကြိုးစားကြရတာပေါ့လေ။ သန့်ရှင်းရေးသုံးပစ္စည်းတွေကို ဘယ်နေရာမှာ ...
movie

Employee of the Month (2021)

The Takedown (2022) 5.7
The Takedown (2022) The Takedown (2022) ================ IMDb Rating 5.7/10အစစအရာရာမိုးနဲ့မြေ ဆီနဲ့ရေလိုကွာခြားလှတဲ့ မတည့်အတူနေ သူငယ်ချင်းရဲနှစ်ယောက်ဖြစ်တဲ့ Monge နဲ့ Diakite။ တစ်ချိန်တုန်းက တစ်ဖွဲ့တည်းအတူတူအလုပ်လုပ်ခဲ့ကြပေမယ့် အကြောင်းတစ်ခုကြောင့် တစ်ယောက်တစ်ဌာနဆီရောက်သွားခဲ့ကြပါတယ်။ ဒါပေမယ့် ရထား တစ်စီးပေါ်က လူသေအလောင်းကနေအစပြုပြီး နှစ်ယောက်သားပြန် ပေါင်းမိပြီး အမှုလိုက်ဖို့ဖြစ်လာခဲ့ပါတယ်။ နဂိုကတည်းကအရာရာ မတူညီတဲ့သူတို့နှစ်ဦး အမှုကိုဘယ်လိုလိုက်ကြမှာလဲ။ ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေတဲ့သူနှစ်ဦး အမှုအတူလိုက်တဲ့အခါ ဘာတွေအလွဲလွဲ အချော်ချော်တွေဖြစ်မှာလဲ စတာတွေကို ရယ်မောဖွယ်ကြည့်ရမယ့် Crime , Comedy, Drama ကားကောင်းလေးတစ်ကားပါလို့ညွှန်းပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size..........(2.5 GB) / (1.16 GB) / (816 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 59mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Crime Translator.......Chit Tee Encoder..........SWM
movie

The Takedown (2022)

2022
The Translators (2019) 6.3
The Translators (2019) ဒီဇာတ်ကားက ကျူးဘားနိုင်ငံရဲ့၁၉၉၀ ဝန်းကျင်ကဖြစ်ရပ်မှန်တခုကိုအခြေခံရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်မာလင်ဟာ ရုရှားစာပေကိုသင်ကြားနေတဲ့ ပါ‌မောက္ခတဦးဖြစ်ပီး သူ့မိန်းမ အိုက်ဆိုနာကတော့ပန်းချီပြခန်းဖွင့်ကြိုးစားနေတဲ့သူပါသူတို့မှာ ဟာဗီလို့ခေါ်တဲ့သားတယောက်ရှိပါတယ် ထူးခြားတာက အဲ့ဒီဟာဗီကိုယ်တိုင် ဒီဇာတ်ကားကိုရိုက်ကူးထားတာဖြစ်ပါတယ်၁၉၉၀ ဝန်းကျင်မှာ ဆိုဗီယက်ပြည်ထောင်စုကဒုက္ခသည်တွေကိုဆေးကုပေးဖို့ ကျူးဘားကို ပို့လိုက်ပါတယ် အဲ့ဒီမှာအခြေအနေအရ ကျူးဘားကတက္ကသိုလ်တွေပါပိတ်လိုက်ရပီးမာလင်အပါအဝင်ရုရှားစာပေပါမောက္ခတွေဟာ ဆေးရုံမှာဆိုဗီယက်ဒုက္ခသည်တွေအတွက်စကားပြန်လုပ်ပေးရပါတယ် မာလင်ကတော့ကလေးတွေအတွက် စကားပြန်လုပ်ပေးရပါတယ် မာလင်က အစပိုင်းမှာတော့ မပျော်ဘဲတဖြည်းဖြည်း ရောဂါဖြစ်နေတဲ့ကလေးတွေနဲ့အတူ‌ပျော်ရွှင်စရာ‌ တွေလုပ်ပေးကြိုးစားနေရင်းကနေ ပျော်ရွှင်လာပါတယ် တဖက်မှာတော့မိသားစုကို ပြန်မကြည့်တော့ပါဘူးအဲ့ဒီကနေဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဇာတ်ကားက ဒရမ်မာအမျိုးအစားဖြစ်ပီးတော့IMDb 7/10 နဲ့ Rotten Tomatoes 67% ရထားပါတယ်ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ထားတာမလို့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါNomination 13ခု ဝင်ထားပီး5ခု Winnerရထားတဲ့ဇာတ်ကားဖြစ်ပီးဇာတ်လမ်းအညွုန်းနဲ့ဘာသာပြန်သူကတော့ Lampard ဖြစ်ပါတယ်Thit San Khan မှ တင်ဆက်ပေးထားပါတယ်
movie

The Translators (2019)

2019