Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Stacy Martin
4.0
DinoGator (2024)
DinoGator (2024)ယခုအခါတင်ဆက်ပေးလိုက်တာကတော့ အမေရိကန်သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်ကားအစမှာထဲက မြွေကိုမိကျောင်းအစိတ်အပိုင်းတွေနဲ့ပေါင်းစပ်ထားတဲ့ အကောင်ကြီးရဲ့ ခရီးသွားလာသူသုံးဦးကို ကိုက်စားလိုက်တာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဒီအကောင်ကြီးဟာ ဒီစိမ့်တောကိုလွတ်လာပြီးတော့ ခရီးသွားလာသူတွေကို ဖမ်းဆီးသတ်ဖြတ်နေတာပဲဖြစ်ပါတယ်။ဒါကိုမသိပဲ ထရွိုင်တို့အဖွဲ့က သီချင်းဗီဒီယိုရိုက်ကူးဖို့အတွက် ထိုစိမ့်တောကိုရောက်ရှိလာခဲ့ပါတယ်။သူတို့ရဲ့ပျော်ရွှင်စရာခရီးဟာ ဘယ်လိုအန္တရာယ်တွေနဲ့ကြုံရမလဲဆိုတာကို ရှုစားကြပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ AKM ဖြစ်ပါတယ်။) File size… (3.1 GB) / (1.6 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Horror, Sci-Fi Duration…. 01:23:33 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by AKM
movie
DinoGator (2024)
2024
7.9
The Brutalist (2024)
The Brutalist (2024)IMDb Rating (7.9) / Rotten Tomatoes (94%) အော်စကာ စကာတင် ၁၀ ဆု ဝင်ထားတဲ့ ၂၀၂၄ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခု လာပါပြီ။မင်းသားကတော့ The pianist နဲ့ လူသိများကြတဲ့ Adrien Brody ပါပဲ။ ဇာတ်လမ်းနာမည်ကတော့ Brutal - ရက်စက်သောဆိုတဲ့ စာလုံးကနေလာတာပါ။ဒါပေမဲ့ လူ့လုပ်ရပ်နဲ့ဆိုင်တာမဟုတ်ဘဲ Brutalism ဆိုတဲ့ ဗိသုကာသဘောတရားကနေလာတာပါ။ အဆောက်အဦဒီဇိုင်းကို ခပ်ကြမ်းကြမ်းပုံဖော်တာပေါ့။အလှအပတွေ အကွေ့အကောက်တွေထက် သင်္ချာကျကျ လေးထောင့်ကျကျ ခိုင်ခိုင်မာမာနဲ့ တောင့်တောင့်တင်းတင်း ဆောက်လိုက်တဲ့စတိုင်မျိုးပါ။ဒီရုပ်ရှင်ထဲမှာတော့ ဒုတိယကမ္ဘာစစ် ချွေးတပ်စခန်းကနေ လွတ်မြောက်လာတဲ့ ဂျူးဗိသုကာပညာရှင်ဟာ အမေရိကန်အိပ်မက်နောက်ကိုလိုက်ရင်း ၁၉၅၀ ကာလ ရှုပ်ထွေးတဲ့လူမျိုးရေးနိုင်ငံရေးတွေကြားမှာသမိုင်းတွင်တဲ့လက်ရာတစ်ခုကို တည်ဆောက်ခဲ့ပုံကို အခြေခံထားတာပါ။ ဖြစ်ရပ်မှန်မဟုတ်ဘဲ သမိုင်းနောက်ခံ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလက်စလိုတော့သ်ဟာ ဂျူးဗိသုကာပညာရှင်ကြီးတစ်ယောက်ဖြစ်ပြီး ချွေးတပ်စခန်းကနေ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ကို ရောက်လာခဲ့တဲ့လူပါ။ရောက်ရောက်ချင်း ...
movie
The Brutalist (2024)
2024
4K HEVC
6.8
All the Money in the World (2017)
All the Money in the World (2017)~ IMDb - 6.8/10, RT - 79%, Meta - 72% ~Gladiator, Alien, Blade Runner နဲ့ Kingdom of Heaven စတဲ့ တကယ့်ထိတ်ထိတ်ကြဲကားတွေချည်းရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Ridley Scott ရဲ့ True Story ကားကောင်းတစ်ကားပါ။ Mark Wahlberg နဲ့ Michelle Williams တို့လို သရုပ်ဆောင်ကောင်းတွေအပြင် Christopher Plummer လို ဝါရင့် သမ္ဘာရင့် ဂန္ထဝင် သရုပ်ဆောင်ကြီးတွေပါနေတာကလည်း ဒီကားကို ပိုကောင်းသွားစေပါတယ်။ဇာတ်လမ်းကတော့ တစ်ချိန်က ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူလို့ သတ်မှတ်ခံခဲ့ရတဲ့ ရေနံသူဌေးကြီး ဂျွန်ပေါလ်ဂတ်တီရဲ့ မြေးဦး ဂျွန်ပေါလ်ဂတ်တီ ၃ ပြန်ပေးဆွဲခံရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ဂျေပေါလ်ဂတ်တီ ...
movie
All the Money in the World (2017)
2017
6.4
Tale of Tales (2015)
Tale of tales (2015) =================== IMDb - 6.4/10, Rotten Tomatoes - 83%ဒီကားလေးကတော့ ၂၀၁၅ခုနှစ်ထွက် horror/fantasyအမျိုးအစားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ မတူညီတဲ့ ပုံပြင်သုံးပုဒ်အကြောင်းကို ကြည့်ရမှာပါ။ ရာပန်ဇယ်တို့ စင်ဒရဲလားတို့ကိုရေးခဲ့တဲ့ အီတလီစာရေးဆရာGiambattista Basileရဲ့ ပုံပြင်တွေအပေါ် အခြေခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။အိမ်နီးချင်းနိုင်ငံသုံးနိုင်ငံရှိပြီး တစ်နိုင်ငံစီရဲ့အရှင်သခင်တိုင်းက သူ့စွဲလမ်းမှုနဲ့သူပါ။ ပထမပုံပြင်က ကလေးလိုချင်နေတဲ့ဘုရင်မကြီးအကြောင်းဖြစ်ပြီး ဒုတိယကတော့ ဘုရင်ကြီးက အထင်မှားပြီးစိတ်၀င်စားခံရတဲ့အဖွားကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ တတိယပုံပြင်ကတော့ သန်းအမွေးကောင်းလို့ သမီးတော်ကိုဆုံးရှုံးလိုက်ရတဲ့ဘုရင်ကြီးအကြောင်းဖြစ်ပါတယ်။ တစ်ပုဒ်ချင်းစီရဲ့ မတူညီတဲ့ဇာတ်ကြောင်းတွေကို horror themeဖက်နွယ်ပြီး ဆန္ဒတစ်ခု တပ်မက်စိတ်တစ်ခုကြောင့် ဘယ်လိုအဆုံးသတ်သွားရလဲ စိတ်၀င်တစားကြည့်ရှုရမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Soe Thiri Swe ပါ )File size_(2.4GB)/(1.2GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:14:00 Genre_Drama, Fantasy, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Soe Thiri ...
movie
Tale of Tales (2015)
La graine (The Seed) (2023)
The Seed မြန်မာလိုဆို အစေ့ ၊ မျိုးစေ့ပေါ့အိနက်နဲ့ လူစီတို့ဟာ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြတဲ့လိင်တူချစ်သူနှစ်ဦးပါ၊ တနေ့ကျရင်သားသမီးလေးတွေနဲ့မိသားစုတစ်ခုတည်ဆောက်မယ်ဆိုတဲ့ အိမ်မက်တွေ အပြည့်.....ဒါပေမဲ့ ပြဿနာက သူတို့ နှစ်ယောက် အရေးကြီးဆုံးပစ္စည်း တစ်ခုလိုနေတာပါပဲ ၊ဆိုတော့နှစ်ယောက်သားဖန်ပြွန်သန္ဓေသားကြိုးစားယူခဲ့ကြရှာတာ ငါးကြိမ်မြောက်ကြိုးစားခဲ့ပြီးတဲ့ထိအဆင်မပြေခဲ့ပါဘူး၊ နောက်တစ်ခေါက်ကျ မစ္စတာပီတာနဲ့ တွေ့ပြီး အကောင်းတကာအကောင်းဆုံးမှဆိုတဲ့ မျိူးစေ့အလှူရှင်ကိုရှာထွက်ခဲ့ကြတဲ့အချိန်မှာတော့.........ဟာသရုပ်ရှင်အမျိုးအစားလေးမို့ ပေါ့ပေါ့ပါးပါးနဲ့ သူတို့ရဲ့ပြဿနာပေါင်းစုံကိုမျှဝေခံစားရင်ကြည့်ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.5 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie
La graine (The Seed) (2023)
6.6
[21+] Nymphomaniac: Vol. II (2013)
[21+] Nymphomaniac Vol.2 (2013)Rating အမြင့်တွေ၊ ဝေဖန်ချက်ကောင်းတွေချည် းရထားတဲ့ Adult Art flim တစ်ခု ဖြစ်ပြီး နာမည်ကျော်ဒါရိုက်တာ Lars Von Trier ရဲ့ အကောင်းဆုံး လက်ရာတွေထဲက တစ်ကားဖြစ်ပြီး ရှည်လွန်းလို့ နှစ်ကား ခွဲထားရတဲ့ Nymphomaniac Vol-1 ပထမကားရဲ့ အဆက် Volume 2 ပါ။Volume 1 နောက်ဆုံးမှာ လိင်ပိုင်းဆိုင်ရာ အာရုံခံစားမှုတွေ ပျောက်သွားတဲ့ ကာမစိတ်လွန်ကဲနေတဲ့ ဂျိုးတစ်ယောက် သူ့ရဲ့ ကာမခံစားမှုတွေနဲ့ orgasm ကို ပြန်ရဖို့အတွက် အားသွန်ခွန်စိုက် ကြိုးစားရင်း ဖြစ်လာခဲ့တဲ့ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်တွေ၊ ခံစားချက်တွေကို အဘိုးကြီးကို ပြန်ပြောင်းပြောရင်း ရင်ဖွင့်လိုက်ပါတယ်။သိုင်းချတဲ့အခန်းတွေတော့ အများကြီးမပါတော့ပေမဲ့ ဇာတ်လမ်းကတော့ အရမ်းကိုကောင်းသထက်ကောင်းရင်း ပြီးသွားတဲ့အထိကို ဇာတ်ရှိန်ကျမသွားတဲ့ တကယ်ကိုကောင်းမွန်တဲ့ Art Film တစ်ခုပါပဲ။ ဂျိုးနဲ့အဘိုးကြီးရဲ့စကားဝိုင်းကလည်း ...
movie
[21+] Nymphomaniac: Vol. II (2013)
2013
6.9
[21+] Nymphomaniac: Vol. I (2013)
[21+] Nymphomaniac Vol.1 (2013)Ratingအမြင့်တွေ၊ ဝေဖန်ချက်ကောင်းတွေချည်းရထားတဲ့ Adult Art film တစ်ခုဖြစ်ပြီး နာမည်ကျော်ဒါရိုက်တာ Lars Von Trier ရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ကားဖြစ်ပါတယ်။လမ်းထဲမှာ ဒဏ်ရာတွေနဲ့လဲကျနေတဲ့ မိန်းကလေးတစ်ယောက်ကို ဦးလေးကြီးတစ်ယောက်က ကူညီပြီးသူ့အိမ်ကိုခေါ်သွားရင်းနဲ့ ဘာတွေဖြစ်ခဲ့တာလဲလို့မေးတဲ့အခါ မိန်းကလေးက သူ့ဘဝဇာတ်ကြောင်းကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြောပြပါတော့တယ်။ (သူ့ဇာတ်လမ်းကို chapter 8ခန်းခွဲထားပြီး ဒီvol 1မှာတော့ 4ခန်းပါဝင်ပြီး နောက်4ခန်းကိုတော့ vol2မှာ ကြည့်ရှုရမှာပါ။) သူ့နာမည်ကတော့ ဂျိုးဖြစ်ပြီး ငယ်ငယ်ကတည်းက ကာမစိတ် လွန်ကဲနေသူဖြစ်လို့ ကိုယ့်ကိုယ်ကို အပျက်မ၊ အပြစ်ရှိသူလို့ ခံယူထားတာပဲဖြစ်ပါတယ်။သူရဲ့ ငယ်ဘဝကတည်းက ဘယ်လိုထန်ခဲ့ပုံ ... ယောင်္ကျားတွေနဲ့ ဘယ်လိုကစားခဲ့ပုံ ... သူရဲ့ အထီးကျန်လှတဲ့ ဘဝကို ယောက်ျားတွေနဲ့ ဖြေသိမ့်နေရပုံ ... တစ်ညတစ်ည ၁၀ ယောက်လောက်နဲ့ အလှူပေးပုံတို့ကို ရှင်းရှင်းလင်းလင်း ရိုက်ကူးပြသထားပါတယ်။ကိုးရီးယား 18+ တွေလို အားတိုင်းကြဲနေတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းဆန်ဆန် ...
movie
[21+] Nymphomaniac: Vol. I (2013)
7.0
The Electrical Life of Louis Wain (2021)
The Electrical Life of Louis Wain (2021)လူးဝစ်ဝိန်းလို့ခေါ်တဲ့ ကြောင်ချစ်သူပန်းချီဆရာတစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ဒါရိုက်တာ Will Sharpe က ပုံဖော်ရိုက်ကူးပေးထားတာပါလူးဝစ်ဝိန်းကို ၁၈၆၀ခုနှစ် ၈လပိုင်း ၅ရက်နေ့မှာ မွေးဖွားပြီး ၁၉၃၉ခုနှစ် ၇လပိုင်း ၄ရက်နေ့ အသက် ၇၉နှစ်ကွယ်လွန်ခဲ့ပါတယ်သူဟာ ပန်းချီဆရာတစ်ယောက်သာမက တီထွင်သူ စွန့်စားသူနဲ့ စောင့်ရှောက်မှုပေးသူလည်း ဖြစ်ခဲ့တယ်တစ်ချိန်က ကြောင်တွေကို နတ်ဆိုးတွေလို့ သမုတ်ထားကြပေမယ့် လူးဝစ်ဟာ လမ်းဘေးကြောင်လေးတစ်ကောင်ကို မွေးစားပြီးတဲ့နောက်မှာ ပုံမှန်မဟုတ်တဲ့ ကြောင်ပုံတွေကို ရေးဆွဲပြီး ကြောင်တွေပေါ်ထားတဲ့ လူတွေရဲ့ အမြင်ကို ပြောင်းလဲပေးခဲ့ပါတယ်လူးဝစ်ဟာ ကြောင်ပုံလက်ရာပေါင်း ၇၂ ခုကိုရေးဆွဲခဲ့ပြီး တန်ဖိုးတွေက size ပေါ်မူတည်ပြီး USD 248563 ထိပေါက်ဈေးရှိခဲ့ပါတယ်ဘဝတစ်လျှောက်လုံး ကြောင်ပုံတွေဆွဲ ကြောင်အရုပ်တွေလုပ် ကြောင်အကြောင်းတွေရေးသားရင်း ကြောင်တွေတွက်ပဲ နေရင်း ဘဝနေဝင်သွားတဲ့ လူးဝစ်ဝိန်းအကြောင်းကို ဒရမ်မာဆန်ဆန် အလွမ်းဓါတ်ခံလေးနဲ့ ကြည့်ရှုရမယ့် ...
movie
The Electrical Life of Louis Wain (2021)
6.9
The Night House (2020)
The Night House (2020)====================IMDb Rating - 6.9/10ဘတ်သ်နဲ့ အို၀င်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်အိုးတစ်အိမ် ထူထောင်ထားတဲ့ သိပ်ချစ်ကြတဲ့ စုံတွဲတစ်တွဲပါ၊သူတို့တူတူနေဖို့အတွက် ရေကန်စပ်မှာ အိမ်လေးတစ်လုံးဆောက်ပြီး ဘာအပူအပင်မှ မရှိဘဲ ပျော်ပျော်ရွှင်ရွှင်နေနေကြတာပေါ့။ ဒါပေမဲ့ ဘတ်သ်ရဲ့ ခင်ပွန်း အို၀င်ဟာ ဘာအကြောင်းပြချက်မှမရှိဘဲ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တယ်။ ခင်ပွန်းဖြစ်သူ အို၀င်သေပြီးနောက်ပိုင်း ၀မ်းနည်းနေတဲ့ ဘတ်သ် ဟာ အလုပ်မှာလည်း စိတ်ပင်ပန်းလူပင်ပန်းနဲ့ ဂယောင်ချောက်ခြားဖြစ် ထူးဆန်းတဲ့ အိပ်မက်လိုလို အဖြစ်အပျက်တွေလည်း ဆက်တိုက်ဖြစ်လာခဲ့တယ်။တစ်ရက်မှာ အို၀င်ရဲ့ဖုန်းကို ဘတ်သ် ယူကြည့်မိရာကနေ အို၀င်ရဲ့ လျှို့ဝှက်ချက်တွေကို ဘတ်သ် တစ်စတစ်စနဲ့ သိလာခဲ့ရသလို တစ်ဖက်မှာလည်း ဘတ်သ်က သူ့ရဲ့ ကန်စပ်နားက အိမ်မှာ ထူးဆန်းတာတွေတစ်ညပြီးတစ်ညဖြစ်လာပြီး အို၀င်ရဲ့ဝိညာဥ်က အနားမှာရှိနေတယ်လို့ ဘတ်သ်တစ်ယောက်ယုံကြည်လာပြီးနောက်ပိုင်း....ဘတ်သ်မသိသေးတဲ့ အို၀င်ရဲ့ လျှို့ဝှက်ချက်တွေက ဘာတွေလဲ၊ အိမ်မှာရှိနေတာ တကယ်ပဲ အို၀င်ရဲ့ ...
movie
The Night House (2020)
2020
6.3
Archive (2020)
Archive (2020)===========IMDb Rating - 6.3/10#Unicodeသေပြီးတဲ့နောက်မှာ ဘ၀ကြီးက ချက်ချင်းပြီးသွားတာ မဟုတ်ဘူးဆို ဘယ်လိုလုပ်မလဲ။ကိုယ့်ရဲ့ အသိစိတ်ကို ခဏသိမ်းထားလို့ရပြီး နောက်မှာ ကျန်ခဲ့မယ့်လူတွေကို နှုတ်ဆက်စကားပြောခွင့်ရမယ်ဆိုရဂ်ရော။ Artificial intelligence(ညဏ်ရည်တု)နည်းပညာနဲ့ပက်သက်တဲ့ နယ်ပယ်မှာ ပညာရှင်တိုင်းဖြေဖို့ကြိုးစားနေတဲ့မေးခွန်းတစ်ခုရှိတယ်။ "အသိစိတ်ကို ဖန်တီးလို့ရလား"ဆိုတဲ့မေးခွန်းပါ။ ဒီဇာတ်ကားထဲမှာတော့ ဒီမေးခွန်းကိုရိုးရိုးလေးဖြေပြသွားတာကိုတွေ့ရမှာပါ။ 1238ခုနှစ်မှာ စက်ရုပ်ပညာရှင်တစ်ယောက်က ဂျပန်နိုင်ငံရဲ့နှင်းတောထဲက အလုပ်ရုံတစ်ခုမှာ လူလိုအသိညဏ်ရှိတဲ့စက်ရုပ်တွေကို ကြိုးစားပြီးဖန်တီးနေတယ်။ သူ့ရဲ့အသိစိတ်ရှာပုံတော်က တော်တော်တောင်ခရီးရောက်နေပြီပြောရမယ်။လိုအပ်နေတာလေးတွေတော့ရှိသေးတာပေါ့။ ဒါပေမယ့် သူကတိကျတဲ့ရည်ရွယ်ချက်တစ်ခုအတွက် လူသားတစ်ယောက်နဲ့ထပ်တူကျတဲ့ စက်ရုပ်တစ်ရုပ်ကိုလိုချင်တာ။ တိတိကျကျပြောရရင် သေသွားတဲ့သူ့မိန်းမနဲ့တူတဲ့ စက်ရုပ်တစ်ရုပ်ကိုလိုချင်တာ။တဖြည်းဖြည်းနဲ့ သူ့ရဲ့အလုပ်က အန္တရာယ်များလာပြီး စွန့်စားရမှာတွေရှိလာတယ်။ သူအောင်မြင်ပါ့မလား။ ဘယ်လိုပြဿနာတွေကိုကြုံရဦးမလဲဆိုတာသိချင်ရင်တော့ ဇာတ်ကားလေးကို ကြည့်လိုက်ပါ။-------------- ဇာတ်ကားက IMDB Rating 6.3/10 ရရှိထားပြီး si-fi ဇာတ်ကားတစ်ကားအနေနဲ့ဆို မဆိုးဘူးလို့ပြောရမှာပါ။ ခပ်အေးအေးဇာတ်လမ်းနဲ့ မထင်မှတ်ထားတဲ့ အဆုံးသတ်နဲ့ ပရိတ်သတ်ကို ဪဒီလိုလားဆိုပြီးဖြစ်သွားစေပါလိမ့်မယ်။ ညဏ်ရည်တုနည်းပညာနဲ့ပတ်သက်ပြီး ညဏ်ရည်တုနဲ့လူသားတွေရဲ့ကြားထဲမှာရှိလာနိုင်တဲ့ သံယောဇဉ်တွေကိုပါချပြထားပါတယ်။စိတ်ကူးယဉ်သိပ္ပံဇာတ်ကားတွေကိုကြိုက်နှစ်သက်သူတွေအနေနဲ့ လက်မလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားပါ။(ဒီဇာတ်လမ်းရဲ့ ...
movie
Archive (2020)
5.6
High-Rise (2015)
High-Rise (2015)IMDb - 5.6/10_____Rotten - 60% "စကြဝဠာနဲ့ လူတွေရဲ့ ရူးသွပ်မှုသာ အဆုံးမဲ့ဖြစ်တယ်။ အရှေ့ကတစ်ခုကတော့ ကျွန်တော် မသေချာဘူး" လို့ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး သိပ္ပံပညာရှင်လို့ သမုဒ်ခံထားရတဲ့ Albert Einstein ကပြောခဲ့ပါတယ်။ လောဘကြောင့် ဒေါသကြောင့့်မောဟကြောင့် လူတွေ ရူးသွပ်နေကြပါတယ်။ Thor ဇာတ်ကားတွေထဲမှာ Loki အဖြစ်တွေ့ရတဲ့ Tom Hiddleton ကို High Rise (2015) မှာတော့ သူ့ရဲ့ရူးသွပ်မှုကို ရိုးရိုးရှင်းရှင်းလေး ခံယူလိုက်တဲ့ Dr. Laing အဖြစ်တွေ့ရမှာပါ။ Tom ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဒီဇာတ်ကားမှာ ထင်ထင်ရှားရှားတွေ့နိုင်မှာပါ။ ဆိုးဆိုးရွားရွား ရူးသွပ်သူတွေကြားမှာ ပုံမှန်ရူးသွပ်သူက ဆိုးရွားသူတစ်ယောက်ဖြစ်နေတတ်တာကို Dracula:Untold မင်းသား Luke Evans က Richard Wilder နေရာကနေသရုပ်ဆောင်ပြသွားပါတယ်။ Free will ဆိုတဲ့ လွတ်လပ်တဲ့ စိတ်ထားမှာ သန့်ရှင်းမှု တရားမျှတမှု ကောင်းမှု မကောင်းမှုတွေ ဆိုတာရှိဖို့မလိုပါဘူးဆိုတာ ဒီဇာတ်ကားမှာ ခပ်ကြမ်းကြမ်းလေးပြပေးထားပါတယ်။ လွတ်လပ်တဲ့ စိတ်ထားရှိသူတွေကို အာဏာရှင်တစ်ယောက်က မအုပ်ချုပ်နိုင်ဘူးဆိုတာရောပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ဦးနှောက်ခွဲစိတ်ဆရာဝန် Laing တစ်ယောက် ...
movie
High-Rise (2015)
2015
5.1
Rosy (2018)
IMDB rating -5.1ဒီဇာတ်ကားလေးကတော့နည်းနည်းကြောင်တောင်နိုင်တယ်ဗျဘာလို့လဲဆိုတော့အဲ့လိုမျိုးအပြင်တကယ်ရှိရောရှိရဲ့လားဆိုတာတွေးမိတယ်ရိုမန်တစ်ကားဆိုပေမယ့်thrillerခန်းနည်းနည်းတော့ပါတယ်အဲ့လိုယောက်ျားမျိုးနဲ့တွေ့ရင်မိန်းကလေးတွေဘယ်လိုလုပ်ကြမလဲမသိဘူးဒီဇာတ်လမ်းထဲမှာဒေါ့ခ်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်သူကရိုစီဆိုတဲ့ကောင်းမလေးကိုကြိုက်တာ ကြိုက်တာဆိုပေမယ့်ဖွင့်ပြောတာလဲမဟုတ်ဘူးတစ်ခါတည်းသတိမေ့အောင်လုပ်ပြီးသူအဖွားအိမ်ကမြေအောက်ခန်းထဲမှာထည့်ထားလိုက်တယ်ဒီတိုင်းထည့်ထားတာတော့မဟုတ်ဘူး လုံးဝဂရုစိုက်တယ် အစားအသောက်ကျွေးတယ်မှုခင်းဂျာနယ်တွေထဲမှာဖတ်ရသလိုမျိုးမြေအောက်ခန်းထည့်ထားပြီးမုဒိန်းကျင့်တယ်လို့ဘာတို့လုပ်တယ်ဆိုပြီးမဟုတ်ဘူးသေချာဂရုစိုက်တယ်အိမ်သာသွားတာရေချိုးတာကအစသေချာစောင့်ပေးတာဒါပေမယ့်ကောင်မလေးကိုဒီတိုင်းလွှတ်ထားတာတော့မဟုတ်ဘူး လက်ထိပ်ခတ်ထားတယ် ထွက်ပြေးမှာစိုးလို့ ကောင်လေးကအလုပ်သွားတယ်အလုပ်ကပြန်လာမှမြေအောက်ခန်းတံခါးကိုဖွင့်ပေးတယ်ကောင်လေးကကောင်းမလေးကိုသူဆီမှာရှိနေတာကိုဘယ်သူကိုမှမသိစေချင်ဘူးနေမကောင်းဖြစ်နေတဲ့သူ့ရဲ့အဖွားကိုဆရာဝန်ကအိမ်ပြန်ခေါ်ပြီးဆေးပိုက်တွေတပ်ထားပြီးနေလို့ရတယ်ဆိုတာတောင်သူကအိမ်ကိုမခေါ်ချင်လို့ဆေးပိုက်တွေဖြုတ်ပြီးသတ်ခိုင်းလိုက်တယ်အဲ့ကောင်မလေးလဲသူစိမ်းအိမ်မှာဘယ်ကြာကြာနေနိုင်မလဲ ထွက်ပြေးဖို့ကြိုးစားတာပေါ့အဲ့တော့ကောင်မလေးလဲမိန်းမမာယာတွေသုံးပြီးဘယ်လိုထွက်ပြေးမလဲဆိုတာဇာတ်လမ်းလေးထဲမှာကြည့်လိုက်ပါလို့ဇာတ်ကားထဲမှာဆိုက်ကိုဆန်ဆန်ကောင်လေးတစ်ယောက်ကကောင်မလေးတစ်ယောက်ကိုဘယ်လိုရူးရူးမူးမူးချစ်နေလဲဆိုတာကတော့ ကြည့်ကြည့်လိုက်ပါ(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုတင်မျိုးလွင် ပါ)File Size : (700 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 32min Format : Mp4 Genre : Comedy, Romance, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.XviD.AC3-FGT Translated by Tin Myo Lwin Encoded by Thanhtike Zaw
movie
Rosy (2018)
2017