Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Srikanth
5.7
Dinasari (2025)
Dinasari (2025)"နေ့တိုင်း" =====================တမီလ်မင်းသား ဆရီကန့်ရဲ့ အသစ်ထွက်ရှိထားတဲ့တမီလ်စကားပြော အချစ်ဟာသ ဒရာမာ ရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက်ဖြစ်သူ ရှက်သီဟာ အင်မတန်မှ ဇီဇာကြောင်ပြီး လောဘကြီး ကပ်စေးနည်းတဲ့ လူပျိုကြီးပါ။သူယူတဲ့မိန်းမက သူ့ထက် လစာကောင်းရမယ်ဆိုပြီး တလွဲစံကြီးထားထားတဲ့အတွက် အိမ်ထောင်ဖက်ရှစ်ယောက်တွေ့တာတောင် ရှစ်ယောက်လုံးကို ငြင်းထားတဲ့ အကြောတင်းလူပျိုကြီးပေါ့။အဲဒီလိုနဲ့ သူ့ကို လေးလအတွင်း မိန်းမ မရရင် နောက် ၇ နှစ်ထိ မိန်းမရကိန်းမရှိတော့ဘူးလို့ ဗေဒင်ဆရာက ဟောလိုက်တဲ့အတွက် သူ့ရဲ့မိသားစုကသူ့ကို မိန်းမအတင်းပေးစားဖို့ကြံနေတုန်းမှာပဲ ရုပ်ချော၊ဘော်ဒီမိုက်၊ လစာကောင်းတဲ့ အမေရိကပြန် မိန်းကလေးတစ်ယောက် ရှက်သီ့ဘဝထဲကို ဝင်လာတဲ့အခါမှာတော့.. ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.2 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 30min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Dinasari (2025)
6.1
Arjun S/O Vyjayanthi ( 2025 )
Arjun S/O Vyjayanthi 2025 သားကောင်းမိခင်ဒီနေ့မှာတင်ဆက်ပေးမှာကတော့ 1990 တုန်းက အတော်လူကြိုက်များခဲ့တဲ့ Karthavyam ဆိုတဲ့ဇာတ်လမ်းရဲ့ အဆက်ဖြစ်တဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာပါ။သရုပ်ဆောင်တွေအနေနဲ့ကတော့ Karthavyam ထဲကမင်းသမီးကြီး Vijaya Shanthiကပဲ IPS အရာရှိဟောင်း ဗိုင်ဂျာယန်တီအဖြစ် ပြန်လည်ပါဝင်ထားပြီးတော့ ဗိုင်ဂျာယန်တီရဲ့သား ဇာတ်လိုက်အာဂျွန်နေရာကိုတော့ Nandamuri Kalyan Ramကပါဝင်အားဖြည့်ထားပါတယ်။ ဒီတော့ ဇာတ်လမ်းလေးကို ဆက်လိုက်ကြပါဦးစို။ဒီဇာတ်လမ်းလေးကတော့ အရင်ဇာတ်လမ်းတွေရဲ့ ဆယ်စုနှစ်တွေအကြာ ကျွန်တော်တိုရဲ့ စူပါဟီးရိုးမလေး ဗိုင်ဂျာယန်တီရဲ့သားလက်ထက်ကို အခြေတည်ထားတဲ့ဇာတ်လမ်းလေးပါ။အာဂျွန်ဟာ ရဲအရာရှိရဲ့သားဆိုပေမဲ့ ထူးထူးဆန်းဆန်းပဲ ရဲစခန်းတိုင်းရဲ့ နံပါတ်တစ် အန္တရာယ်အများဆုံးလို သတ်မှတ်ထားရတဲ့ ရာဇဝင်ထဲကလူမိုက်ကြီးလူမိုက်ကြီးက ခိုးဆိုးလုနှိက်အလုပ်တွေ ဘာမှမလုပ်ပေမဲ့ လာရှုပ်တဲ့ လူမိုက်ပေါက်စတွေ တခြားလူဆိုးတွေအကုန်လုံးကိုတော့ တစ်ခါတည်းမရဏမြေကိုအရောက်ပိုတတ်သူမလို စခန်းတွေမှာ လူသတ်မှုအမှုဖိုင်တွေ ရာဂဏန်းလောက် စွဲချက်တင်ခံထားရတဲ့သူပါ။လူမိုက်ကြီးလို တံဆိပ်ကပ်ခံထားရပေမဲ့ ရွာသားအားလုံးက အာဂျွန်ကို ချစ်ကြောက်ရိုသေကြသလို သူ့ရဲ့ဂိုဏ်းသားတွေအားလုံးကလည်း လေးစားရတဲ့သူတစ်ယောက်ဆိုတော့ ရဲတွေလည်းအာဂျွန်ကို တော်ရုံမထိရဲကြဘူးဆိုပေမဲ့ ...
movie
Arjun S/O Vyjayanthi ( 2025 )
6.1
Game Changer (2025)
Game changer (2025) ဝှက်ဖဲRRR၊ ဘိုင်ရာဗားကားတို့နဲ့ လူသိများတဲ့ မင်းသားရမ်ချာရန်ရဲ့ရုံတင်ကားသစ်လေးဒစ်ဂျစ်တယ်ဗားရှင်းနဲ့အတူပဲ ပရိသတ်ရှေ့မှောက်သို့ ရရှိလာပါပြီ။RRR ကားပြီးကတည်းက ထွက်သမျှကားတိုင်း ထင်သလောက်မပေါက်ဖြစ်နေတဲ့ ဘိုင်ရာဗားတို့ ဒီတကားတော့ ဘယ်လိုကြမ်းနိုင်ဦးမှာလဲ ….ရမ်ချာရန်ရဲ့ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေ တောင်ပိုင်းကားဆန်ဆန်ပဲ အိန္ဒိအစိုးရဘာညာရှိတာအကုန်ဖဲ့ တွေ့တာအကုန်ကြုံးတဲ့ အက်ရှင်ခန်းတွေနဲ့အတူ ဘိုင်ရာဗားပရိသတ်တွေတော့ အားပေးသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။မင်းသမီးကတော့ ကျန်တဲ့သူတော့မသိ ကျွန်တော်တော့ Lust Stories ထဲမှာမှတ်မိနေတဲ့ ကီယာရာအဒ်ဘာနီက တွဲဖက်သရုပ်ဆောင်ထားပါတယ်။…..ဇာတ်လမ်းအကျဉ်းလေးကတော့ ရမ်နန်ဒန်ဟာ ရာထူးတိုးပြီးလို့ နယ်ပြောင်းတာကို နောက်ကလိုက်ရန်ရှာတဲ့လူမိုက်ငချွတ်လေးတွေရှိလို့ အေးဆေးရထားလေးစီးမသွားရပဲ ငချွတ်လေးတွေကို ဆုံးမပေးပြီးမှ ခရီးဆက်ရတဲ့ ဘက်စုံတော်ဖြောင့်မတ်တဲ့အရာရှိတစ်ဦးပါ။မိုပီဒေဗီကတော့ လက်ရှိပြည်နယ်မှာဝန်ကြီးချုပ်ဖြစ်ချင်နေပေမယ့် အဖေရောညီနဲ့ပါမတည့်တာကြောင့် ပါတီမှာ ပြသနာပတ်ရှာနေတဲ့ ဝန်ကြီးတစ်ယောက်ပေါ့ အဲ့ချိန်မှာ အားလုံးကိုပြုပြင်ပြောင်းလဲရေးဝင်မယ့် ခရိုင်မှူးကြီးရမ်နန်ဒန်နဲ့ ဟောက်စားတစ်သိုက် ရင်ဆိုင်ရတဲ့ပွဲမှာ ဘယ်သူ့လက်ထဲက ဘာဝှက်ဖဲတွေထုတ်လာပြီး ဘယ်လိုအနိုင်ကျဲကြမလဲဆိုတဲ့ နိုင်ငံရေးအက်ရှင်ဘောလိဝုဒ်ဇာတ်ကားလေးကို ပရိသတိကြီးအတွက် တင်ဆက်ပေးပါရစေအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်။ File size… 4 GB /2.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 45min Subtitle….Myanmar Subtitle (Hard ...
movie
Game Changer (2025)
4K HEVC
5.8
Kannai Nambathe (2023)
Kannai Nambathey 2023 (ကိုယ့်မျက်လုံးကို မယုံပါနဲ့)နီဇယ်ပရဟိတကျောင်းမှာ ကလေးငယ်လေးတွေကို ဂရုစိုက်ပေးနေတဲ့ အမျိုးသမီးကြီးတစ်ယောက်၊ ကလေးလေးတွေကြားထဲမှာမှ အသက်၇နှစ်အရွယ် ကောင်မလေးတစ်ယောက်လည်းရှိနေပါတယ်။ဒီကောင်မလေးကတော့ အမျိုးသမီးကြီးဟာ ကလေးငယ်ငယ်လေးတွေကိုပဲ ဂရုစိုက်နေတဲ့အတွက် မနာလိုဖြစ်နေပြီးတော့ သူ့ရဲ့ ၇နှစ်ပြည့်မွေးနေ့မှာ ကိတ်မုန့်ထဲ ဆေးခတ်ပြီး ကလေးတွေကို စားစေလိုက်တဲ့အတွက် ကလေးတွေ အစာအဆိပ်သင့်သွားတဲ့ မြင်ကွင်းနဲ့ စတင်ထားပါတယ်။အာရွန်ဆိုတဲ့ ကောင်လေးတစ်ယောက်၊ အိမ်ကနေ နှင်ချခံလိုက်ရတဲ့အတွက် အိမ်အငှားလိုက်ရှာရင်းကနေ သူကြိုက်နေတဲ့ကောင်မလေး ဒီဗယာတို့အိမ်မှာ တိုက်တိုက်ဆိုင်ဆိုင်အိမ်ငှားလိုအပ်နေတာကိုတွေ့သွားပါတော့တယ်။ဒါပေမဲ့လည်း ဒီအိမ်မှာ လူပျိုတစ်ယောက်တည်းကို မငှားဘူးလို့ဆိုလာတာကြောင့် ဇာတိမြေက မိခင်ဖြစ်သူ မကြာခင် လိုက်လာမှာပါလို့ လိမ်ပြီး ငှားနေလိုက်ပါတော့တယ်။ဒီလိုနဲ့ အာရွန်နဲ့ ဒီဗယာတို့ရဲ့ အချစ်ခရီးလမ်းလေး စတင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အချိန်နည်းနည်းကြာတဲ့အထိ မွေးရပ်မြေက မိခင်ဆိုသူ ရောက်မလာတဲ့အခါမှာတော့ လိမ်ထားတာတွေ ပေါ်ကုန်ပြီး အိမ်ကနေ ဆင်းပေးရပါတော့တယ်။ဒီလိုနဲ့ နောက်ထပ် အိမ်ငှားလိုက်ရှာရင်း တိုင်ပတ်ပြန်ပါတော့တယ်။ ခက်ခက်ခဲခဲနဲ့ အိမ်ငှားရှာတွေ့ပြန်တော့လည်း အခန်းဖော်နဲ့အတူ ငှားနေရမယ့်အခန်းဖြစ်နေပြန်ပါတယ်။ သို့ပေမဲ့လည်း အသက်အရွယ်မကွာတဲ့အတွက် မြန်မြန်ပဲ ရင်းနှီးမှုရရှိခဲ့ပါတော့တယ်။ ဒီလိုနဲ့ အာရွန်နဲ့ ဒီဗယာတို့ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လို ဆက်ဖြစ်လာမလဲ ..... အာရွန်တစ်ယောက် ရာဇဝတ်မှုတွေနဲ့ ဘယ်လို ဆက်စပ်မိသွားမှာလဲ ...
movie
Kannai Nambathe (2023)
6.4
Devara: Part 1 (2024)
Devara: Part 1 (2024) "ဒေဗာရာ" IMDb - 6.4/10ဘောလိ၀ုဒ်ပရိသတ်တို့ စောင့်မျှော်နေကြတဲ့ တောင်ပိုင်းမင်းသား N.T.Rama Rao Jr၊ ဟင်ဒီမင်းသားကြီး ဆေ့ဖ်အလီခန်းတို့ရဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။တစ်လအတွင်း အိန္ဒိယက ခရစ်ကတ်ကမ္ဘာ့ဖလားပွဲကို လက်ခံကျင်းပရတော့မယ်။ ဒါပေမဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုရှိတာကို သတင်းရထားခဲ့ရော။ဒီမှာပဲ သံသယတရားခံတွေကို လိုက်ဖမ်းတဲ့အချိန် တကယ့်ခေါင်းဆောင်ကို ဘယ်မှာမှရှာလို့မရ။ သတင်းရဖို့အတွက်သွားရမဲ့နေရာက ပင်လယ်နီလို့ခေါ်တဲ့ ပင်လယ်ကမ်းစပ်တစ်နေရာက ရွာတစ်ခု။ ရန်သူရဲ့သွေးတွေနဲ့ ရဲရဲနီနေခဲ့လို့ ပင်လယ်နီလို့ခေါ်တဲ့နေရာ။အဲဒီနေရာက ဒေသခံတွေချစ်ကြတဲ့ ဒေဗာရာဆိုတဲ့လူတစ်ယောက်အကြောင်း။ ဘောလိ၀ုဒ်အက်ရှင်ဇာတ်ကြမ်းနှစ်ခြိုက်သူတွေ သဘောတွေ့စေမှာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 3.4 GB / 1.8 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Devara: Part 1 (2024)
5.3
Anandapuram Diaries (2024)
Aanandhapuram Diaries (2024)"အိပ်မက်ဒိုင်ယာရီ" ========================================အသစ်ထွက်ထားတဲ့ မာလျာလမ်စကားပြော ရုပ်ရှင်ကားကောင်းလေးတစ်ခုကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ပန်းတိုင်နဲ့ အိပ်မက်ဆိုတာ အတူတူပဲလား။ ပန်းတိုင်ကိုသွားဖို့ နောက်ကျနေပြီလို့ အားလုံးက သတ်မှတ်လိုက်ကြတဲ့အချိန်မှာရော အိပ်မက် ဆက်မက်ခွင့်ရှိဦးမှာလား။ အာနန်ဒါပူရမ်ဆိုတဲ့မြို့လေးမှာရှိတဲ့ ဥပဒေကောလိပ်။အကြောင်းအမျိုးမျိုးကြောင့် အဲဒီကောလိပ်ကနေ ထွက်ခဲ့ရပြီး အသက် ၄၀ ကျော်မှ ကောလိပ်ကို ပြန်ရောက်လာတဲ့ နန်ဒနီ။ နန်ဒနီတစ်ယောက် အစစအရာရာပြောင်းလဲသွားပြီဖြစ်တဲ့ နယ်မြေဟောင်းထဲမှာ နှစ် ၂၀ ခြားနားမှုတစ်ခုကို အကျွမ်းဝင်ဖို့ကြိုးစားရင်း မိခင်တစ်ယောက်အဖြစ်နဲ့ ဥပဒေဘွဲ့ ပြန်ယူဖို့ ခက်ခက်ခဲခဲကြိုးစားရပုံနဲ့အတူ အာနန်ဒါပူရမ်ရဲ့ ဒိုင်ယာရီစာရွက် တစ်ရွက်ချင်းစီကို ဒီရုပ်ရှင်ထဲမှာ စိတ်ခွန်အားတက်ဖွယ်ရာ မြင်ရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.23 GB / 1.06 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 55 mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Anandapuram Diaries (2024)
7.5
Operation Laila (2024)
Operation Laila (2024)"လိုင်လာအော်ပရေးရှင်း" ==================================Cm ပရိသတ်တွေအတွက် IMDb 7.7/10 ရထားတဲ့ တမီလ်စကားပြော မှုခင်း ဟာသရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ဂိုဏ်းတစ်ခုကိုတောင် တစ်ယောက်တည်းဖြိုနိုင်တဲ့ ရဲအရာရှိဆူရိယဟာ မူဒရိုင်မြို့ကို တာဝန်နဲ့ပြောင်းလာခဲ့ပါတယ်။သူ့ရဲ့ အမွှာညီကိုဖြစ်သူ ရာဗီကတော့ ကျောင်းတစ်ကျောင်းရဲ့ ကာယဆရာဖြစ်ပြီး အန်ဂျလီဆိုတဲ့ ဆရာမလေးကို တိတ်တခိုးကြိတ်ပိုးနေသူပါ။ တစ်နေ့တော့ ရာဗီတို့ကျောင်းမှာ သရဲခြောက် အပမှီတာတွေဖြစ်ပြီး ကျောင်းသားတွေ၊ ဆရာတွေ ထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်။ သရဲခြောက်ခံရတဲ့သူတွေပြောစကားအရ သရဲမရဲ့နာမည်က လိုင်လာလို့သိရပြီး အဲဒီပြဿနာကိုဖြေရှင်းဖို့အတွက် ဆူရိယနဲ့ ရာဗီတို့ညီအစ်ကိုနှစ်ယောက်ဦးဆောင်တဲ့ လိုင်လာစစ်ဆင်ရေးကြီး ပေါ်ပေါက်လာပါတော့တယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.2GB/1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Operation Laila (2024)
2024
8.7
Pindam (2023)
Pindam (2023) အိမ်ကြီးတစ္ဆေIMDb - 8.7/10 ယခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ နောက်ခံသံကောင်းကောင်း ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် သရဲကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။အိန္ဒိယရဲ့တစ်ဦးတည်းသောလို့ဆိုနိုင်တဲ့ သရဲနှိမ်နင်းရေးပညာကို နိုင်ငံခြားအထိတောင်သွားရောက်ပြီးတော့ လိုက်စားထားတဲ့ မစ်အန်နာမာ။ သူ့ရဲ့အဖေကလည်း ဒီအလုပ်ကိုပဲ လုပ်ကိုင်ရင်း သူ့အဖေလိုက်နေတဲ့ ဝိညာဥ်တစ်ကောင်ကြောင့် သူ့ရဲ့ညီမနဲ့အမေဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရပြီးနောက်မှာတော့ သူ့အဖေကိုယ်တိုင်တောင် အဲဒီဝိညာဥ်ကိုတိုက်ခိုက်ရင်း အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ သူ့အဖေမသေဆုံးခင်မှာ ပညာအမွေတွေပေးခဲ့တဲ့အတွက်ကြောင့်နဲ့ မစ်အန်နာမာက သူ့အဖေတိုက်ခိုက်နေတဲ့ ဝိညာဥ်နောက်ကိုလိုက်ရင်း သရဲအပူးခံရသူ အနှောင့်အယှက်ပေးခံရသူတွေကို ကူညီရင်းနေလာခဲ့ပါတယ်။အဲဒီနောက်မှာတော့ သူ့ဆီကို လေ့လာဖို့ရောက်လာတဲ့ လော့ခ်နတ်၊ သူ့ရဲ့အင်တာဗျူးချက်အရ မစ်အန်နာမာမှာလည်း သူမနိုင်တဲ့ဝိညာဥ်မျိုးရှိတယ်ဆိုတာကို ပြောပြရင်းနဲ့ ဒီဇာတ်လမ်းလေး အစပြုခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ၁၉၉၀ခုနှစ်တုန်းက ခရစ်ယာန်မိသားစုတစ်စုဆီမှာ ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ဆန်စက်တစ်ခုမှာ စာရင်းကိုင်လုပ်နေတဲ့ အန်တိုနီတစ်ယောက် အလုပ်နဲ့နီးရာကို အိမ်ပြောင်းရင်းနဲ့ ဒီအိမ်ကြီးကို ရောက်ရှိလို့လာခဲ့ပါတော့တယ်။အဲဒီအိမ်ကြီးမှာ အန်တိုနီရယ် သူ့ဇနီးဖြစ်သူ မယ်ရီ၊ သမီးနှစ်ယောက်နဲ့အတူ သူ့ရဲ့မိခင်ကြီးပါ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ...
movie
Pindam (2023)
2023
7.8
Nanban (2012)
Nanban (2012) ****************** ဒီဇာတ်ကားကတော့ တောင်ပိုင်းရုပ်ရှင်ချစ်ပရိသတ်အသည်းစွဲ မင်းသားကြီး ဗီဂျေးနဲ့ မင်းသမီး အီလ်ယာနာ ဒီခရုဇ်တို့ ပါဝင်ထားတဲ့ Comedy/Dramaအမျိုးအစားပဲဖြစ်ပါတယ်။ IMDb rating 7.8အထိ ရရှိထားတဲ့ တမီလ်ရုပ်ရှင်တစ်ကားပါ။ဒီကားက အမာရ်ခန်းရဲ့ ဟင်ဒီရုပ်ရှင် 3idiots(2009)ကို Remakeပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဘောလိ၀ုဒ်ပရိသတ်တွေ အလွတ်ရတဲ့အထိ မှတ်မိနေပြီးဖြစ်တဲ့အတိုင်း သူငယ်ချင်းသုံးယောက်နဲ့ပဲ ဇာတ်အိမ်တည်ထားတာပါ။ဟင်ဒီရုပ်ရှင်ကို အမာရ်ခန်းတို့လို ဟင်ဒီသရုပ်ဆောင်တွေနဲ့ ကြည့်ဖူး စိတ်ထဲစွဲဖူးနေသူတို့အတွက် ခံစားမှု တမျိုးတမည်နဲ့ ကြည့်ရှုရမဲ့ တောင်ပိုင်းရုပ်ရှင်းကားလေးမို့ ကြည့်ရှုခံစားကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Thaik Sanပဲ ဖြစ်ပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 3.5GB / 1.63GB Quality…WEB DL 1080p /720p Format…mp4 Duration….3h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San
movie
Nanban (2012)
2012
6.3
Ravanasura (2023)
Ravanasura 2023 အသစ်ထွက်ရှိထားတဲ့ တေလဂူးမှုခင်းကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb 6.4 အထိရရှိထားပြီး ရုံ၀င်ငွေလည်း ၂၁ကုဋေအထိအမြတ်ရထားပါတယ်။ သရုပ်ဆောင်အနေနဲ့ တေလဂူးဝါရင့်ရုပ်ရှင်မင်းသားရာဗီကရှေ့နေအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကောလိပ်တက်တုန်းက ရည်းစားဟောင်းရဲ့လက်အောက်မှာ အလုပ်၀င်လုပ်နေရပြီး အငယ်တန်းရှေ့နေရာထူးနဲ့ ရုန်းကန်နေရရှာတဲ့ ရှေ့နေလေးရာဗင်ဒရာ၊ ငွေရပေါက်မြင်တာနဲ့ ဘာမဆိုလုပ်ဖို့ အမြဲအဆင်သင့်ဖြစ်နေတဲ့သူ၊ အများကလက်ရှောင်နေပါတယ်ဆိုတဲ့အမှုတောင် သူကခေါင်းမာပြီးအမှု၀င်ကိုင်တဲ့သူမျိုးပေါ့။တစ်နေ့မှာ ချမ်းသာတဲ့လုပ်ငန်းရှင်ကြီးတစ်ယောက် လူသတ်မှုနဲ့စွပ်စွဲခံရပြီး သမီးဖြစ်သူက အဖေ့ကိုထောင်ကထုတ်ဖို့ ဘာမဆိုပေးမယ်လုပ်နေတဲ့ချိန်မှာ ရာဗင်ဒရာတစ်ယောက် သမီးဖြစ်သူကိုလည်းသဘောကျ၊ ငွေကိုလည်းသဘောကျနဲ့ အရှေ့နောက်မစဉ်းစားဘဲ တာ၀န်ယူလိုက်တယ်။အမှုဟာ သူထင်ထားသလို မရိုးရှင်းနေတဲ့အခါ ငွေမက်တဲ့သူတစ်ယောက် ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပါဦးမလား၊ လူသတ်မှုကို သူဖော်ထုတ်သွားနိုင်မှာလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ မှုခင်းစုံထောက်၊အက်ရှင်ကား ဖြစ်လို့ ကိုယ်တိုင်ပဲစုံထောက်လုပ်ပြီး အဖြေရှာကြည့်ရအောင်ပါ.... File size…2.85GB /1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Nyein ~ Cherry
movie
Ravanasura (2023)
2023