Channel Myanmar

Soumyajit Majumdar

[18+] Gandu (2010) 5.4
[18+] Gandu (2010)   Gandu (2010) ကြည့်ဖူးသမျှ India ကားတွေထဲက လိင်မှုကိစ္စမှာအပွင့်လင်းဆုံး အကြမ်းဆုံးဇာတ်ကားဆိုရင် Kama Sutra: A Tale of Love ကိုပဲပြေးမြင်ကြပါလိမ့်မယ်။Kama Sutra ကတကယ်တမ်းလည်း သူ့ခေတ်သူ့အခါကကြမ်းခဲ့တာအမှန်ပါပဲ။ကြမ်းလွန်းလို့ India မှာတောင်ရုံတင်ခွင့်မရခဲ့ပါဘူး။ အခုတင်ဆက်ပေးမယ့်ဇာတ်ကားကလည်း နောက်ကနေသူ့ခြေရာကိုနင်းခဲ့တာပါပဲ။၂၀၀၉ မှာထွက်ခဲ့တဲ့ဇာတ်ကားဟာ ၂၀၁၂ မှာမှရုပ်ရှင်ပွဲတော်တစ်ခုကတစ်ဆင့် အများရှေ့ကိုရောက်ခဲ့တာပါ။ဇာတ်ကားနာမည်က Gandu လို့ခေါ်ပါတယ်။ Ganduဆိုတာ ဗမာစကားနဲ့ဆိုရင်အဓိပ္ပါယ်တစ်မျိုးထွက်ပေမယ့် ဘင်္ဂါလီစကားမှာတော့ ငပေါ၊ငကြောင်၊ကျပ်မပြည့်အစရှိတာတွေကိုခေါ်တာပါ။ဇာတ်လမ်းကတော့ Gandu လို့အများခေါ်ကြတဲ့ ရပ်ပ် ဝါသနာရှင်လူငယ်တစ်ယောက်၊ မိခင်ကိုမကျေနပ်၊ သူ့ဘ၀ကိုမကျေနပ်၊ လောကကြီးကိုမကျေနပ်၊အားလုံးကိုသီချင်းတွေနဲ့ဖောက်ခွဲဖော်ထုတ်ချင်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အကြောင်းပါပဲ။တစ်ကားလုံးနီးပါးကို အဖြူအမည်းနဲ့တင်ဆက်ထားပြီး ဇာတ်ကြောင်းကိုလည်း စိတ္တဇ ဆန်ဆန်ပုံဖော်ထားတာပါ။Gandu ဇာတ်လမ်းကိုကြည့်ပြီးနားလည်ဖို့မဟုတ်ပါဘူး။ခံစားဖို့သက်သက်ပဲဖြစ်ပါတယ်။ပြည်တွင်းမှာတော့ ကြမ်းတမ်းတဲ့လိင်မှုကိစ္စတွေ၊ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေကြောင့် အများကြီးဝေဖန်တိုက်ခိုက်မှုတွေကြုံခဲ့ရပေမယ့်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွေမှာအောင်ပွဲခံခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုတွေကိုလည်းရရှိထားပါတယ်။ခံစားကြည့်စေချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.3 GB) / (700 MB) Quality….WEB-Rip 1080p HEVC /720p Format…. mkv/mp4 Genre….Drama Duration….01:26:06 Subtitle….Myanmar ...
movie

[18+] Gandu (2010)

2010
Aashiqui 2 (2013) 7.1
Aashiqui 2 (2013) Aashiqui 2 (2013)IMDb Rating (7.1)ဘောလိ၀ုဒ်ပရိသတ်တွေကြားမှာမသိတဲ့သူ မရှိသလောက်ရှားမှာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Aashiqui 2 ကိုပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ အားလုံးသိထားတဲ့အတိုင်း Star is Born နှစ်ကားလုံးကိုအခြေခံထားတာဖြစ်ပါတယ်။အစောပိုင်းတုန်းကတော့ တက်သစ်စတွေ ခေါင်းဆောင်ထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် မူရင်းဇာတ်ကားကိုမမှီမှာပူပန်မှုတွေရှိခဲ့ပေမယ့် ဇာတ်ကားထွက်လာချိန်မှာတော့ အဲ့ဒီစိုးရိမ်မှုတွေ သံသယတွေကိုချေဖျက်ခဲ့ပြီး ၂၀၁၃ ရဲ့ဝင်ငွေအကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်ခဲ့တဲ့အပြင် Aditya Roy Kapur နဲ့ Shraddha Kapoor တို့ကိုလည်း ကောင်းကောင်းအသိအမှတ်ပြုမှုရစေခဲ့တဲ့ဇာတ်ကားဖြစ်လာခဲ့ပါတယ်။ဇာတ်လမ်းကတော့ အရက်စွဲပြီးပြဿနာပေါင်းစုနဲ့နာမည်ကျစပြုနေတဲ့ ရာဟူးဆိုတဲ့ တစ်ချိန်ကဒိတ်ဒိတ်ကြဲအဆိုတော်တစ်ယောက်၊ နယ်မြို့လေးတစ်မြို့မှာရှိုးပွဲသွားဆိုရင်း အဲ့ဒီမြို့က ခပ်နုပ်နုပ်ဘားတစ်ခုမှာ သီချင်းဆိုနေတဲ့ အာရိုနီဆိုတဲ့ ကောင်မလေးကိုအမှတ်မထင်တွေ့ပြီး စွဲလန်းသွားခဲ့မိပါတယ်။အစပိုင်းမှာ သူစွဲလန်းမိတာ လူကိုလား အနုပညာကိုလား မဝေခွဲတတ်ခဲ့ပေမယ့် အဲ့ဒီစွဲလန်းစိတ်နဲ့ပဲ ကောင်မလေးကိုမြို့ပေါ်ခေါ်သွားပြီးမြေတောင်မြှောက်ပေးဖို့စဉ်းစားခဲ့ပါတယ်။ တစ်ဖြည်းဖြည်းအတူနေရင်း သံယောဇဉ်တွေ ရင့်သန်လာကြရင်းနဲ့ ရာဟူးနဲ့ အာရိုနီရဲ့ ဘ၀အနိမ့်အမြင့်အတက်အကျတွေ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေနဲ့ ရာဟူးရဲ့စွဲလန်းမှုပြဿနာတွေကြားက သူတို့ရဲ့ဇာတ်လမ်းကိုရှုစားကြရမှာပါ။ဒီကားကဇာတ်လမ်းပေါက်ခဲ့သလို သီချင်းတွေလည်းအကုန်ပေါက်ခဲ့တဲ့ကားပါ။ ဇာတ်ကားမကြည့်ဖူးတဲ့ သူတွေတောင်သီချင်းတွေကိုတော့ နားစွဲနေမှာဖြစ်တဲ့အတွက် မကြာမှီလာမည်ဆိုတဲ့ Aashiqui 3 မလာခင်လေးမှာ အရင်ကားလေးကိုခဏလောက်ပြန်နွှေးထားကြရအောင်ပါ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။) File size…(7.9 GB)/(2.7 GB ...
movie

Aashiqui 2 (2013)

2013
4K HEVC