Channel Myanmar

Soumitra Chatterjee

A Holy Conspiracy (2022) 7.6
A Holy Conspiracy (2022) A Holy Conspiracy (2022) "ဘာသာရေးနဲ့ သိပ္ပံကြားက တရားခွင်"IMDb-7.6/10အိန္ဒိယတရားခွင်ဇာတ်ကားတွေထဲကမှ ဒီတစ်ခါရှုစားရမှာတော့ သိပ္ပံပညာနဲ့ ဘာသာရေးရဲ့ အားပြိုင်မှုတရားခွင်ပဲဖြစ်ပါတယ်။ခရစ်ယာန်အထက်တန်းကျောင်းတစ်ခုမှာ ချားစ်ဒါဝင်ရဲ့ သီအိုရီကို မသင်ခင် သမ္မာကျမ်းစာမှာပါတဲ့ ကမ္ဘာဦးကျမ်းအခန်းကြီး အရင်သင်ဖို့ စည်းကမ်းသတ်မှတ်တာကို လက်မခံတဲ့ ကျောင်းဆရာတစ်ယောက်။လူနည်းစုဘာသာရေးအသိုင်းအဝိုင်းကို စော်ကားတယ်၊ ကျောင်းပိုင်ပစ္စည်းတွေကို ဖျက်ဆီးတယ်၊ ကျောင်းအုပ်ကို ကိုယ်ထိလက်ရောက်ကျူးလွန်တယ်ဆိုတဲ့စွဲချက်တွေနဲ့ အဖမ်းခံပြီးတဲ့နောက် နှစ်လကြာတဲ့ထိ ဘာစစ်မေးမှုမှလည်းမရှိသလို အသနားခံစာတွေလည်း ပယ်ချခံရ၊ အစားအသောက်ကောင်းကောင်းမစားရနဲ့ ပြစ်မှုကြီးရာဇဝတ်သားလို ခံစားနေရတဲ့ ကျောင်းဆရာတစ်ယောက်။ဒီအမှုအတွက် တရားလိုရှေ့နေလိုက်မဲ့သူက နယူးဒေလီက ခရစ်ယာန်တွေရဲ့ အလေးထားကိုးကွယ်ကြတဲ့ဘုန်းတော်ကြီး ဘာဆန်တာကူးမားချက်တာဂျီး...။ကျောင်းဆရာဘက်ကလိုက်ပေးမဲ့ရှေ့နေကတော့ တစ်ချိန်က အထူးတရားရုံးက အမှုတွေထိဖြေရှင်းခဲ့တဲ့ အငြိမ်းစားရှေ့နေကြီး အန်တွန်ဒီဆူဇာ.....။ဘုန်းတော်ကြီးဘက်မှာက ဘာသာရေးသမားက နိုင်ငံရေးသမားအလယ် ဝန်ကြီးအဆုံး အကြီးအကဲအစုံရှိတယ်။ ဒီအမှုမှာလည်း ရုံးတင်စစ်ဆေးတာနဲ့ချက်ချင်း သူပဲ အနိုင်ရမယ်လို့ ယုံကြည်နေတာပေါ့။ရှေ့နေကြီးဒီဆူဇာကလည်း သူ့ရဲ့ပညာနဲ့ အမှန်တရားကို တထစ်ချယုံကြည်သူဆိုတော့ ဒီနှစ်ယောက်ကြားမှာ တရားခွင်ပေါ်က အမှန် အမှား ပြတ်ပြတ်သားသားဆုံးဖြတ်လို့မရတဲ့ သိပ္ပံနဲ့ ဘာသာရေးရဲ့ အားပြိုင်မှုတွေအပြင် ပညာနဲ့ သိက္ခာအားပြိုင်မှု၊ အမှန် နဲ့ အမှားဆိုတာထက် ပိုရှုပ်ထွေးတဲ့ ...
movie

A Holy Conspiracy (2022)

Charulata (1964) 8.1
Charulata (1964) Charulata ( 1964 )ဆတ္တရာဂျစ်ရေးရဲ့ Charulata ဟာ တဂိုးလို့သိကြတဲ့ ဘင်္ဂါလီကဗျာဆရာ ရာဘင်္ဒြာနတ်တဂိုး ၁၉၀၁ခုနှစ်တုန်းက ရေးသားခဲ့တဲ့ ဝတ္တုဖြစ်တဲ့ Nastanirhခေါ် The Broken Nestဆိုတဲ့ ဝတ္တုကို ပြန်ရိုက်ထားတယ်။ Charulataကို ရေးရဲ့အကောင်းဆုံးလက်ရာတွေထဲက တစ်ကားလို့ဆိုကြသလို the greatest films ever made စာရင်းထဲ မကြာမကြာ ပါတတ်တဲ့ ရုပ်ရှင်ဆိုလည်း ဟုတ်တယ်။ တဂိုးရဲ့ ဝတ္တုမှာတော့ Charulataကို ၁၉ရာစုမှာ ဇာတ်အိမ်တည်ထားပေမဲ့ ရေးကတော့ ၁၈၉၇မှာ ဇာတ်အိမ်ပြောင်းတည်ခဲ့တယ်။ ဒီလိုတည်ဖို့လည်း ရေးအနေနဲ့ သမိုင်းနောက်ခံတွေကို လပေါင်းများစွာ လေ့လာခဲ့ရတယ်။ တကယ်ရိုက်တဲ့အခါမှာလည်း ၁၈၈၀ခုနှစ်ရဲ့ အိန္ဒိယကို ပုံဖော်နိုင်တဲ့ ဆက်တင်တွေဖြစ်အောင် အကုန်လုံး ပြင်ဆင်ရိုက်ကူးခဲ့တယ်။ ရေးအတွက် Charulataဟာ သူ့ရုပ်ရှင်ရိုက်သက်တမ်းတစ်လျှောက်မှာ deadline မသက်မှတ်ထားခဲ့တဲ့ ပထမဆုံးကားဖြစ်ခဲ့သလို သူကိုယ်တိုင်ကလည်း သူ့ကားတွေထဲက သူ့အကြိုက်ဆုံးကားလို့ ပြောခဲ့ဖူးတယ်။ဆတ္တရာဂျစ်ရေးဟာ တဂိုးတည်ထောင်ခဲ့တဲ့ Visva-Bharati University မှာ ကျောင်းတက်ခဲ့တဲ့သူဖြစ်သလို တဂိုးဟာလည်း ကျွန်တော်တို့သိတဲ့ ဘင်္ဂါလီကဗျာဆရာတွေထဲ ...
movie

Charulata (1964)

1964