Channel Myanmar

Sophie Wennek

PlayTime (1967) 7.8
PlayTime (1967)  ဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ ၁၉၆၇ ခုနှစ်ကထွက်ခဲ့တဲ့ ပြင်သစ်ကားကောင်းလေးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင် ကိုယ်က ဇာတ်ကောင်တစ်ခု ဇာတ်လမ်းတစ်ခု ကိုကြည့်နေရတယ်ဆိုတာမျိုးမဟုတ်ဘဲ သူ့လောကထဲမှာ သူ့ဟာသူဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ဘေးကထိုင်ကြည့်နေရသလို ခံစားရစေမှာပါ။ ဒီကားဟာ ထွက်ခါစက အရှုံးပေါ်ခဲ့ရပေမယ့် နောက်ပိုင်းမှာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားတွေထဲ ထည့်သွင်းလာခြင်းခံခဲ့ရပါတယ်။ဒီဇာတ်ကားရဲ့ အဓိကပြကွက်ကတော့ Visual Comedy လို့ခေါ်တဲ့ ရုပ်နဲ့ပြတဲ့ဟာသ တွေပါပဲ။ Visual Comedy ဟာဆိုရင် ဒီဘက်ခေတ်တွေမှာ တော်တော်ကိုနည်းပါးလာပြီဖြစ်တဲ့ အနုပညာတစ်ရပ်လို့ခေါ်နိုင်ပါတယ်။ ဒီဘက်ခေတ်ဆို Edgar Wright ကတော့ Visual Comedy တွေသုံးပါသေးတယ်။ဒီဇာတ်ကားဟာ Visual Comedy ကိုအသားပေးတာကြောင့် Dialogue တွေဟာ ဇာတ်လမ်းကိုပြောပြဖို့ဆိုတာထက် နောက်ခံအသံတွေအနေနဲ့ပဲ အဆုံးသတ်သွားကြတာများပါတယ်။ ဟာသကားကို ကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ တခြားဟာသကားတွေနဲ့မတူပဲ တမူကွဲထွက်နေတဲ့ဒီကားလေးကို ကြည့်ဖြစ်အောင် ကြည့်လိုက်ကြဖို့ အကြံပေးချင်ပါတယ်။ File size…(2.4 GB)/(1.5 GB) Quality….Blu-Ray 1080p / ...
movie

PlayTime (1967)