Channel Myanmar

Sophia Webster

Hot Frosty (2024) 5.8
Hot Frosty (2024)  Christmasမှာ ကြည့်ဖို့ Christmasကားလေးတွေရှာနေရင်တော့2024မှာထွက်ထားတဲ့ rating5.8ရှိတဲ့ Hot Frosty ဆိုတဲ့ကားလေးရှိနေတယ်နော်။ဒီကားလေးကတော့ Hope Spring မြို့လေးမှာမှော်ဆန်ဆန်ဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးကိုရိုက်ပြထားတဲ့ကားလည်းဖြစ်ပါတယ်။Kathy ဆိုတဲ့မိန်းကလေးတစ်ယောက်ကသူရဲ့ယောကျာ်းဆုံးပါးသွားပြီးကတည်းက ကိုယ့်ဟာကိုယ်တောင်ဂရုမစိုက်နိုင်တော့ဘဲအလုပ်တွေသာဖိလုပ်နေခဲ့ပါတယ်။ တစ်ခုသောညမှာတော့ သူမကခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနဲ့ နှင်းလူသားရုပ်တစ်ရုပ်ကိုသူမရဲ့လည်စည်းအနီလေးစည်းပေးပြီးအိမ်ပြန်သွားခဲ့ပါတယ်။အဲ့ညအချိန်မှာပဲ နှင်းလူသားရုပ်ဟာ မှော်ဆန်ဆန်နဲ့ အသက်ဝင်ရှင်သန်လာခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာ နှင်းလူသားနဲ့ Kathyတို့တွေ့ကြတဲ့အခါဘာတွေဆက်ဖြစ်သွားမလဲ....ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ....နှင်းလူသားကလဲအရည်ပျော်သွားမှာလား....Hot Spring မြို့ရဲ့ရိုးသားနွေးထွေးမှုတွေရယ် ရဲအရာရှိHunterရဲ့မြို့ကိုကြိုးစားပြီးကာကွယ်ပေးချင်တဲ့စိတ်ထားတွေရယ် အချစ်နဲ့မထိတွေ့ရတာကြာပြီဖြစ်တဲ့Kathyတို့ရဲ့အကြောင်းတွေကို စောင်ထဲကွေးပြီးကြည့်လိုကောင်းမဲ့ကားဖြစ်တဲ့အပြင် မိသားစုနဲ့ပါကြည့်လို့ရမယ့်ကားကောင်းလေးဖြစ်ပါတယ်။  File size…(1.48GB) / (801MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 32m Genre …..Comedy , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo
movie

Hot Frosty (2024)

The Kid Detective (2020) 7
The Kid Detective (2020) The Kid Detective (2020)IMDb...7.0အေ့လို့ခေါ်တဲ့ ကောင်လေးက အသက် ၁၂ အရွယ်ကနေ စပြီး ကလေးစုံထောက်အဖြစ် အလုပ်စလုပ်ခဲ့တယ်။ထက်မြတ်တဲ့ကလေးတစ်ယောက်ဖြစ်တာကြောင့် အမှုတွေကို ဖော်ပေးနိုင်ခဲ့တဲ့အတွက် သူ့မြို့လေးမှာသူဟာ အရမ်းကို နာမည်ကြီးလာခဲ့တယ်....မြို့လယ်ခေါင်မှာ ရုံးခန်းလေး ဖွင့်နိုင်တဲ့အထိ သူက အောင်မြင်ခဲ့တယ်။ အမှုအပ်တဲ့သူတွေများလာသလိုသူကိုယ်တိုင်လည်းအတွေ့အကြုံတွေများလာတဲ့အတွက် တော်ရုံအမှုဆို အချိန်တိုအတွင်းဖြေရှင်းနိုင်လေ့ရှိတယ်....နောက်ပိုင်း သူ့ရုံးခန်းလေးအတွက် အတွင်းရေးမှူးမလေးအဖြစ် သူ့သူငယ်ချင်း ဂရေစီကိုတောင်  အလုပ်ခန့်ထားပါသေးတယ်...အဲဒီနောက်မှာတော့ သူ့အောင်မြင်မှုတွေနဲ့ သူ့ဘဝကို ဟိုးအောက်ဆုံးဆွဲချသွားစေတဲ့ဖြစ်ရပ်တစ်ခုရောက်လာခဲ့တယ်..အဲဒါက သူ့ သူငယ်ချင်းမလေး ဂရေစီ ပြန်ပေးဆွဲခံရပြီး  သူဘယ်လောက်ပဲကြိုးစား ကြိုးစားပြန်မတွေ့တော့တဲ့အဖြစ်ကြောင့် စိတ်ဓာတ်တွေအကြီးအကျယ်ကျခဲ့တဲ့အပြင် သူ့ကိုလည်းအားလုံးက ဖယ်ကျဉ်လာကြတယ်...နောက်ဆုံးမှာတော့ သူ့နာမည်ကိုပြန်အဖတ်ဆယ် ခက်ခဲလွန်းတဲ့အမှုကြီးတစ်ခုကိုလိုက်ဖို့ဆုံးဖြတ်လိုက်တယ်...သူအောင်မြင်မလားဆိုတာကိုတော့.......စိတ်ဝင်စားစရာမှုခင်စုံထောက်ကားတွေသဘောကျတဲ့သူတွေအတွက်ကြည့်သင့်ပါကြောင်း... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်.... File Size : 1.23GB/ 460MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:41:00 Genre :  Comedy, Drama, Mystery Subtitle : Myanmar ...
movie

The Kid Detective (2020)