Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sook-Yin Lee
6.0
Darkest Miriam (2025)
ဖခင်သေဆုံးမှုကြောင့် ပူဆွေးသောကရောက်နေရဆဲဖြစ်တဲ့ စာကြည့်တိုက်မှူးမီရီအမ်ဟာ စာကြည့်တိုက်မှာဘာမှမဖြစ်သလိုပဲ နေ့စဉ်ပုံမှန်ဖြတ်သန်းလျက်ရှိပါတယ်။တစ်ရက်မှာတော့ စာကြည့်တိုက်ထဲကစာအုပ်တချို့ထဲမှာသူ့အတွက်ခြိမ်းခြောက်စာတွေရှိနေတာကိုတွေ့လိုက်ရသလိုတစ်ချိန်တည်းမှာပဲ ဆလိုဗေးနီးယားတက္ကစီသမားလေးယန်ကိုနဲ့ ချစ်ကြိုက်မိခဲ့ပါတယ်။ပူဆွေးနေရတဲ့မီရီအမ်ရဲ့ဘဝဟာ ယန်ကိုကြောင့်ပြောင်းလဲခဲ့ရပေမယ့် ယန်ကိုလည်း တစ်နေ့မှာ သူ့အဖေလိုရုတ်တရက်သူ့ဘဝထဲကထွက်ခွာသွားမှာကို တုန်လှုပ်စိုးရိမ်နေခဲ့ရပါတယ်။မီရီအမ်ရဲ့ဘဝထဲမှာ ယန်ကိုကဆက်ရှိနေဉီးမှာလား။ခြိမ်းခြောက်စာတွေကရော ဘယ်သူကပို့နေတာလဲဆိုတာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (1.45 GB) / (595 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre …..Drama , Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Darkest Miriam (2025)
Close to You (2024)
ဒီရုပ်ရှင်ကတော့ မင်းသား Elliot Page အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ Elliot Page ကို အရင်က Ellen Page ဆိုတဲ့ နာမည်နဲ့ Umbrella Academy, Inception, Juno စတဲ့ ရုပ်ရှင်တွေရဲ့ မင်းသမီးအနေနဲ့ ရင်းနှီးကြပါလိမ့်မယ်။ သူက အခုအချိန်မှာတော့ လိင်ပြောင်းပြီး ယောကျ်ားတစ်ယောက်အဖြစ်ခံယူထားသူဖြစ်နေပါပြီ။ ဒီရုပ်ရှင်ထဲမှာလည်း Elliot Pageက လိင်ပြောင်းထားတဲ့ Sam လို့ခေါ်တဲ့ Transsexual တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။Sam ဟာ လိင်ပြောင်းခွဲစိတ်ပြီးတည်းက အိမ်ကိုမပြန်ဖြစ်တာ ၅နှစ် ကြာခဲ့ပါပြီ။ ဒါပေမယ့် သူ့အဖေမွေးနေ့အဖြစ် အိမ်ကို မဖြစ်မနေပြန်ရမယ့် အချိန်မှာတော့ သူရှောင်လွှဲနေခဲ့တဲ့ သူ့မိသားစု နဲ့ သူ့အတိတ်ဘဝကို ပြန်ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်။ ဒီရုပ်ရှင်က လိင်ပြောင်းတစ်ယောက်ရဲ့ အခက်အခဲတွေ၊ Society ရဲ့ သူတို့အပေါ် ဆက်ဆံပုံတွေကို ...
movie
Close to You (2024)
6.4
(18+)Shortbus (2006)
LGBT(Lesbian, Gay, Bisexual, Transsexual) တွေ Straight တွေ ရောသမမွှေထားတဲ့ ဇာတ်ကားလေးလာပါပြီ ဆိုဖီယာဆိုတာ လိင်မှုကုထုံးမှာ အရမ်းတော်တဲ့ ဆရာမတစ်ယောက်ဖြစ်ပါတယ် သူမမှာ သိပ်ချစ်ရတဲ့ ယောင်္ကျား ရော့ဘ်ဆိုတာရှိတယ် သူမအလုပ်ကိုသူမ ကျွမ်းကျင်ပေမဲ့ သူမရောဂါကိုတော့ အဖြေမရှာနိုင်ဘူးဖြစ်နေပါတယ် သူမက တစ်ခါမှ ဆန္ဒမပြီးမြောက်ဖူးပါဘူးတဲ့ ဒါပေမဲ့ သူမယောင်္ကျားကို မပြောပြပါဘူး မျိုသိပ်ထားခဲ့တာကြာပါပြီ သူမအိမ်ထောင်ရေးကို အပျက်စီးမခံနိုင်ဘူးလေ ရော့ဘ် စိတ်ထိခိုက်ပြီး မကျေနပ်ဖြစ်မှာကိုလဲ သူမလိုလားဘူးလေ….ဂျိမ်းစ် နဲ့ ဂျမီ သူတို့ကတော့ လိင်တူချစ်သူစုံတွဲဖြစ်ပါတယ် သူတို့က ထူးဆန်းတဲ့ ကိစ္စတစ်ခုကို နှစ်ဦးသဘောတူ ဆုံးဖြတ်ချက်ချလိုက်ပါတယ် အဲဒါကတော့ Open Relationship လုပ်ဖို့ပါပဲ အဲဒီကိစ္စအတွက် ချစ်မှုရေးရာကျွမ်းကျင်တဲ့ ဆိုဖီယာဆီမှာ အကြံဉာဏ်လာယူပါတယ် စကားတွေပြောကြရင်းနဲ့ တစ်ယောက်အကြောင်းတစ်ယောက်သိရှိသွားပြီး တစ်ယောက်နဲ့တစ်ယောက်ကူညီ ပေးကြတဲ့အထိဖြစ်လာကြတဲ့အခါ…နယူးရော့ခ်မှာ Shortbus ဆိုတဲ့ သီးသန့်ဂေဟာလေးရှိတယ် အဲဒီကဘာတွေရလဲဆိုရင် လူကြီးကိစ္စအကုန်ရပါတယ် အလွယ်ပြောရရင် ပွဲတော်ကြီးကျင်းပတဲ့ ဗလာကွင်းကြီးပေါ့ အဲဒီမှာဆုံဖို့ ဆိုဖီယာကို ကမ်းလှမ်းလိုက်တဲ့အခါမှာတော့…. ရှုပ်ထွေးပွေလီလှတဲ့ လိင်မှုကိစ္စတွေမှာ ရှင်းလင်းဖို့လိုတယ်ဆိုတာရယ် ကိုယ့်စိတ်ကြိုက် ကိုယ်ဘာသာနေနိုင်အောင်ကြိုးစားဖို့ရယ် ဖုံးကွယ်လို့မရတာကို ကြိုးစားပြီးဖုံးကွယ်ပေမဲ့ အချိန်အတိုင်းတာတစ်ခုထိသာ ဖုံးကွယ်လို့ရတာပါပဲဆိုတာရယ်တွေကို ဘာ ဆင်ဆာမှမဖြတ်ပဲ ကွက်ကွက်ကွင်းကွင်း အတုံးလိုက် ...
movie
(18+)Shortbus (2006)
2006