Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sondra James
7.9
Spider-Man: Homecoming (2017)
Marvel Cinematic Universe: Phase Three ကတော့ MCU ရဲ့ အကောင်းဆုံးအစိတ်အပိုင်းလို့ဆိုရတဲ့အထိ လူကြိုက်များပြီး ထောင့်စေ့ခဲ့ပါတယ်။Phase 3 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်နဲ့ မျက်နှာချင်းဆိုင်ဖိုက်ကြတဲ့အထိ ကြမ်းကုန်ကြပါပြီ။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 3 မှာတော့ ရုပ်ရှင် ၁၁ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။Captain America: Civil War (2016) Doctor Strange (2016) Guardians of the Galaxy Vol. 2 (2017) Spider-Man: ...
movie
Spider-Man: Homecoming (2017)
2017
4K HEVC
8.5
Joker (2019)
Joker (2019) IMDb - (8.5/10) RT - 68% Won 2 Oscars. Another 92 wins & 199 nominations DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။ခေတ်အဆက်ဆက် လင်းနို့လူသား ရုပ်ရှင်တွေမှာအကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်အဖြစ် ပါနေကျပါပဲ။ဒီကားကတော့ အရင်ဂျိုကာတွေ လင်းနို့လူသားတွေရဲ့ ဇာတ်လမ်းနဲ့ မဆက်စပ်ပါဘူး။အာသာဖလက်ဆိုတဲ့ သာမန်လူတစ်ယောက်ကနေ ဂျိုကာဆိုပြီးဘယ်လိုဖြစ်လာလဲ ဆိုတာကို ဇာတ်ညွှန်းအသစ်နဲ့ ပြသထားတာပါ။လက်ရှိ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကြမ်းဆုံး R rated ရုပ်ရှင်ပါ။သရုပ်ဆောင်၊ ဒါရိုက်တာ အကုန်ကောင်းမွန်တဲ့အရှိန်ရယ်၊ ခေတ်အဆက်ဆက် ရှိလာခဲ့တဲ့ ပရိသတ်တွေရဲ့ အရှိန် ၂ ခုလုံးပေါင်းမိသွားတာပါပဲ။စူပါဟီးရိုးဖန်တွေရော ရုပ်ရှင်ကောင်းကြိုက်တတ်တဲ့ သူတွေရော သဘောကျကြမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်....File Size : (6.7 GB) /(2.0 GB) /(950 MB) Quality : BluRay 4K ...
movie
Joker (2019)
2019
4K HEVC
6.4
The Dictator (2012)
The Dictator (2012) IMDb - 6.4/10_____Rotten - 57% ကြည့်ဖူးတဲ့သူကတော့ ဒီပုံလေးမြင်တာနဲ့ မှတ်မိမှာပါ။ အာဏာရှင် ကင်ဂျုံအီ၊ ကဒါဖီ တို့ကိုအခြေခံပြီး ဇာတ်ကောင်ဖန်တီးရိုက်ကူးခဲ့တဲ့ နိုင်ငံရေးသရော်တဲ့ ဟာသကားပါ။ ဒီကားထဲက အာဏာရှင် ဗိုလ်ချုပ်ကြီး အလာဒန် ဟာ နယူးယောက်ခ် ကုလအစည်းအဝေးကို လာတက်စဉ်မှာ ပြန်ပေးဆွဲခံလိုက်ရပြီး သူ့နေရာကို ပုံစံတူလူစားထိုးခံလိုက်ရပါတယ်။ရည်ရွယ်ချက်ကတော့ သစ္စာဖောက်ဦးလေးဟာ နိုင်ငံကိုဒီမိုကရေစီအဖြစ်ပြောင်းလဲပြီး ကိုယ်ကျိုးအတွက်စီးပွားရေးလုပ်ဖို့ပါပဲ။ ဘယ်သူမှမမှတ်မိတော့တဲ့ အလာဒန်တစ်ယောက် အခက်ခဲတွေကြားထဲကစွန့်စားပြီး သူ့နိုင်ငံကြီး ဒီမိုကရေစီမရဖို့အရေး သက်စွန့်ကြိုးပမ်းဆောင်ရွက်လာရတဲ့အခါမှာတော့.....File size…(1.6 GB)/(910 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Htet Lin Kyaw
movie
The Dictator (2012)
2012
Alfie (2004)
IMDb 6.2 ရရှိထားပါတယ်။ Comedy / Romance အမျိုးအစားလေးပါ။ ဇာတ်အိမ်ကတော့ အယ်လ်ဖီဆိုတဲ့ ဒရိုက်ဘာတစ်ယောက်ကိုတည်ထားတာ။ အယ်လ်ဖီက လီမိုကားမောင်းတဲ့ ဒရိုက်ဘာတစ်ယောက်။ သူ့ရုပ်ရည်က စွဲဆောင်မှုရှိတဲ့အထဲပါတယ်ပေါ့။ စော်ကြည်ဘဲပေါ့။အယ်လ်ဖီရဲ့အားသာချက်က တော်ကီကောင်းပြီး မိန်းမတွေကိုညှို့ယူဆွဲဆောင်ရမလဲဆိုတာကို ကောင်းကောင်းသိတာ။ စော်ကြည်ဘဲအယ်လ်ဖီက လီမိုကားဒရိုက်ဘာလုပ်ပြီး၀န်ဆောင်မှုပေးရတဲ့ အထက်တန်းလွှာအသိုင်းအဝိုင်းထဲက မိန်းမတွေနဲ့ငြိတယ်ပေါ့။ ဒီလို၀မ်းနိုက်စတန်းတွေနဲ့ စားချင်တိုင်းစားနိုင်နေတဲ့အယ်လ်ဖီရဲ့ မကောင်းတဲ့အကျင့်က မိန်းကလေးတစ်ယောက်ကို စိတ်ရှိသလိုအသုံးချပြီးရင် တာ၀န်ယူမှုတာ၀န်ခံမှုကျ မရှိတာပဲ။ သူက သူ့ရဲ့မကောင်းတဲ့လုပ်ရပ်တွေကို ဆင်ခြေဆင်လက်ပေါင်းစုံနဲ့ အပြစ်လွတ်အောင် အကြောင်းပြပြီး ရှောင်ပြေးနေကျ။ ဒါပေမဲ့ လည်လွန်းတဲ့ဘီး ချေးသင့်ဆိုတဲ့စကားအတိုင်း အယ်လ်ဖီက သူ့ရပ်တွေရဲ့ ကြောက်စရာအကျိူးဆက်တွေကို တဖြည်းဖြည်းခံစားလာရတော့တယ်။ဒီရုပ်ရှင်ထဲမှာ ဇာတ်လိုက် အယ်လ်ဖီကိုယ်တိုင်က ဇာတ်ကြောင်းပြောတဲ့သူနေရာကနေလည်း သရုပ်ဆောင်ထားတာကြောင့် သူက ဇာတ်၀င်ခန်းတွေမှာ ပရိတ်သတ်ကြည့်ပြီး စကားလှမ်းလှမ်းပြောတဲ့ပုံစံက ရုပ်ရှင်ကိုနည်းနည်းဆန်းသွားစေတယ်လို့ဆိုရမယ်။ ရုပ်ရှင်ကပေါ့ပေါ့ပါးပါးပါပဲ လိင်ကိစ္စ၊ ဖိုမသဘာ၀ ဟာသလေးတွေနဲ့ရောပြီး မက်ဆေ့ခ်ျလေးတွေကိုပေးသွားတာမလို့ အေးဆေးကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးပါ။ အဖော်အချွတ်ခန်းတွေပါ၀င်တာကိုတော့ သတိချပ်ပေးပါ။File ...
movie
Alfie (2004)
6.5
Ice Age: Continental Drift (2012)
ဒီဇာတ်ကားက Ice age franchiseရဲ့ စတုတ္ထဇာတ်ကား ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းကြီးတစ်ခုလုံးမှာ အစကတည်းက ပါဝင်ခဲ့တဲ့ ဝက်သစ်ချသီးကိုမှ အရူးအမူးစွဲလမ်း နေတဲ့ ရှဉ့်လေးကြောင့်ပဲ ဒီဇာတ်လမ်း မြစ်ဖျားခံလာခဲ့တယ်လို့ ပြောရမှာပါပဲ။ အမြဲတမ်း ကိုရီးယားကားလိုမျိုး တေ့လွဲလွဲနေတဲ့ ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း အဆိုပါရှဉ့်ဟာ ကမ္ဘာ့ဗဟိုချက် အူတိုင်ထဲကို ကျသွားပြီး သူ့ရဲ့ဂယက်ကြောင့်ပဲ ကမ္ဘာဦးခေတ်ရဲ့ ကုန်းမြေတွေ တစ်စစီပြိုကွဲသွားကာ ယနေ့ခေတ် တိုက်ကြီး၇ခုရဲ့ ကနဦးဗားရှင်းတွေ ဖြစ်လာခဲ့ပါတယ်။ဒီသက်ရောက်မှုကို အဓိကခံခဲ့ရတာက ကမ္ဘာပေါ်က တိရစ္ဆာန်တွေ ဖြစ်ပြီး မြေလွှာပြတ်ရွေ့မှုတွေကြောင့် နေရပ်ဌာနတွေ ပျက်စီးကာ မိသားစုပြိုကွဲမှုတွေ ကြုံခဲ့ရပါတယ်။ အဲဒီထဲမှာ ဇာတ်လိုက်ကျော် မန်နီတို့ မိသားစုလည်း ပါဝင်ခဲ့ပြီး ဇနီးအယ်လီ၊သမီးပိချက်စ်တို့ရဲ့ အဝေးကိုရောက်သွားခဲ့တာကြောင့် မိသားစုဆီပြန်ဖို့ မန်နီတို့အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ ခရီးမှာကြုံရတဲ့ ဓါးပြအဖွဲ့ရဲ့ အန္တရာယ် တွေကို ကျော်ဖြတ်ဖို့ကြိုးစားမှုတွေကို မြင်တွေ့ရမှာပါ။ ဒီကားမှာ character အသစ်တွေအဖြစ် ဒီယေဂိုရဲ့ချစ်သူဖြစ်လာမယ့် ရှီရာ ဆိုတဲ့ ကျားမလေးနဲ့ ဆစ်ဒနီရဲ့ အဘွားဖြစ်သူပါ ပါလာတာကြောင့် အလွဲအချော်တွေ၊ဟာသတွေနဲ့ Ice ageတွေရဲ့အရသာ မပျက်တဲ့ Animationဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ File size… ...
movie
Ice Age: Continental Drift (2012)
2012
4K HEVCHDR
6.4
Robots (2005)
တချို့ဇာတ်ကားတွေက ထွက်ရှိတာ ဘယ်လောက်ပဲကြာခဲ့ပါစေ၊ ပိုစတာလေး မြင်ရုံ၊ ဗီဒီယိုအတိုအစလေးတစ်ခုကို မြင်လိုက်ရုံနဲ့ အဲဒီဇာတ်ကားကို ကြည့်ခဲ့စဉ်က အချိန်နဲ့ အဖြစ်အပျက်တွေကို ပြန်လည်မြင်ယောင်လာတဲ့ Nostalgiaလို့ခေါ်တဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တဲ့ ဇာတ်ကားတွေ အများကြီးပါ။ ဘာသာပြန်သူလို ၁၉၉၀နှောင်းပိုင်းမွေးသူတွေအဖို့ ထိုခံစားချက်ကို အပေးနိုင်ဆုံး ဇာတ်ကားတွေက animationလို့ခေါ်ရမယ့် ကာတွန်းကားတွေပဲ ဖြစ်မယ် ထင်ပါတယ်။VCDခေတ်ကစလို့ တရုတ်ကလာတဲ့ ၃၂ကားတွဲ ကတ်ထူအဖုံးနဲ့ ကာတွန်းခွေတွေ၊ ၄ကားတွဲ၊ ၈ကားတွဲ ကာတွန်းခွေတွေ စသဖြင့် ကျွန်တော်တို့ ကလေးဘဝမှာ ကာတွန်းကား၊ ပါဝါရိန်းဂျားကား၊ ဘာဘီကားတွေနဲ့ မဖြတ်သန်းဖူးတဲ့သူဆိုတာ အတော်ရှားမှာပါ။ ဒီဇာတ်ကားကလည်း ငယ်ငယ်တုန်းက အခွေတွဲ အများစုထဲမှာ ပါခဲ့တဲ့ ဇာတ်ကားဖြစ်သလို အတော်များများလည်း ရင်းနှီးမယ့် ဇာတ်ကားပါပဲ။ဒီ Animationကို 20th Century Foxကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး IMDb 6.4နဲ့ RT 64%ရရှိထားပါတယ်။ Ratingတွေဆိုတာထက် ဒီဇာတ်လမ်းကို ကြည့်ရတဲ့ခံစားချက်ကိုက သဘောကျဖို့ကောင်း နေတဲ့ ဇာတ်ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းက နယ်မြို့လေးမှာ ကြီးပြင်းလာတဲ့ ရော့ဒ်နီ ကော့ပါးဘော်တွန်ဆိုတဲ့ စက်ရုပ်လေးက ငယ်ငယ်ကတည်းက တီထွင်ဖန်တီးရာမှာ ပါရမီရှိတဲ့သူ ဖြစ်သလို အကူအညီလိုအပ်နေတဲ့ တခြားစက်ရုပ်တွေကို ကူညီပေးဖို့ အထုံ ပါလာသူပဲ ...
movie
Robots (2005)
2005
Taking Woodstock (2009)
Taking Woodstock (2009)လူငယ်တို့ရဲ့ ငယ်ရွယ်မှုနဲ့လွတ်လပ်မှုကို ဘယ်အရာတွေနဲ့များ တားဆီးလို့ရနိုင်မှာတဲ့လဲ..၁၉၆၉ ခုနှစ်က ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး IMDB 6.7/10 ရရှိထားတဲ့ Taking Woodstock (2009) ဆိုတဲ့ Drama/Musicကားလေးပါ..ဇာတ်လမ်းအကျဉ်း ၁၉၆၉ ခုနှစ်က နယူးယော့ခ်ရဲ့ဝှိုက်လိတ်ခ်မြို့က အယ်လီယက်ဆိုတဲ့ လူငယ်ကောင်လေးတစ်ယောက်က သူ့ဘဝကို မိဘတွေရဲ့စိတ်တိုင်းကျ အယ်မိုနာခိုဆိုတဲ့အပန်းဖြေစခန်းလေး လည်ပတ်ရာမှာ အကူအညီပေးနေခဲ့ပြီး သူတို့ရဲ့ အပန်းဖြေစခန်းလေး ဘဏ်ကို အကြွေးနဲ့အသိမ်းမခံရဖို့အရေး ဂီတပွဲတော်လေးတစ်ခု ကျင်းပဖို့ ပြင်ဆင်နေခဲ့တာပါ.. နှစ်စဉ်ကျင်းပမြဲ ပွဲတော်နဲ့မတူဘဲ အဲဒီနှစ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် တကယ့်လူငယ်ကြိုက် ဝုဒ်စတော့ခ်အဖွဲ့ရဲ့ တေးဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်ပေးဖို့ အကြောင်းဖန်လာပါတော့တယ်.. လူသောင်းဂဏန်းလောက်ပဲ လာရောက်မယ်လို့ မှန်းထားပေမယ့် တကယ်တမ်း လူသိန်းပေါင်းများစွာ သူတို့ရဲ့ အညတရမြို့လေးကို စုရုံးရောက်ရှိလာခဲ့ချိန်မှာတော့ အယ်လီယက်တစ်ယောက် မြို့ခံတွေရဲ့ကန့်ကွက်မှုက တစ်မျိုး ပွဲကျင်းပရေး တာဝန်ခံတွေက တစ်ဖုံနဲ့ ဗျာများရပါတော့တယ်.. ဗီယက်နမ်စစ်ပွဲကြောင့် ပွဲငတ်နေတဲ့ လူငယ်လေးတွေက လုပ်ချင်ရာတွေလုပ် ဖြစ်ချင်ရာတွေဖြစ်ပြီး ကားတွေကြပ် လမ်းတွေပိတ် အခက်အခဲပေါင်းစုံကို အယ်လီယက်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ.. သူတို့ စီစဉ်ထားသလိုရော ဂီတပွဲတော်က အဆင်ပြေပြေ ပြီးမြောက်သွားပါ့မလား.. သူ့မိဘတွေရဲ့ အပန်းဖြေစခန်းလေးကိုရော ချောချောမွေ့မွေ့နဲ့ ပြန်ရယူနိုင်ပါ့မလား.. လူငယ်လေး အယ်လီယက်တစ်ယောက် လူငယ်တွေအတွက် ဂီတပွဲတော်ကျင်းပဖို့ကြိုးစားရင်း ပျောက်ဆုံးနေတဲ့ ...
movie
Taking Woodstock (2009)
7.0
Wall Street: Money Never Sleeps(2010)
Wall Street: Money Never Sleeps(2010)***********************************Shia LaBeouf နဲ့ Michael Douglas တို့လို ဆရာကြီးတွေအဓိကပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်... ဒီကားကတော့ 2008 ခုနှစ်တုန်းက ငွေကြေးပြဿနာတွေနဲ့ပတ်သက်ပြီးရိုက်ကူးထားတာပါ Gordon Gekko ဆိုတဲ့လူဟာ အမှုတစ်ခုကြောင့် ချောက်ချခံခဲ့ရပြီး ထောင်ကျခံလိုက်ရပါတယ် ...အဲ့ဒီအတွက်သူဟာ သူ့မိသားစုအပေါ် တာဝန်တွေ လစ်ဟင်းသလိုဖြစ်ခဲ့ပြီး သားကိုလည်းဆုံးရှုံးခဲ့ရပါသေးတယ်... အဲ့ဒီအတွက်သူ့ရဲ့သမီးဖြစ်သူ Winnie Gekko ဟာ သူ့ကို စိတ်နာနေခဲ့တာပါ... တစ်နေ့ သူထောင်ကထွက်လာတဲ့နေ့မှာပဲ သူထောင်ထဲမှာရေးခဲ့တဲ့ စာအုပ်အတွက် ဟောပြောပွဲတစ်ခုကို လုပ်ခဲ့ပါတယ် ...ထိုပွဲကို သူ့သမီးရဲ့ချစ်သူ Jacob moore လည်း လာရောက်ကြည့်ရှုခဲ့ပါတယ်... အဲ့ဒီကနေတစ်ဆင့် သူ့ရဲ့သမက်လာဖြစ်မယ့် Jacob moore ရဲ့ အကူအညီကို ယူပြီးသူ့သမီးနဲ့ဘယ်လို ပြန်အဆင်ပြေအောင် လုပ်မလဲ... သူ့ကို ချောက်ချခဲ့တဲ့လူကိုရော ဘယ်လိုပြန်လက်စားချေရမလဲဆိုတာကိုပါ ကြည့်ရှုရမှာပါ....File Size :(3.06GB)(1.01GB) and (378MB) Quality :BLU-RAY1080P5.1Ch,720p Format…mp4 Duration…02:13:00 Genre : Drama Subtitle : ...
movie
Wall Street: Money Never Sleeps(2010)
6.7
What’s Your Number?(2011)
What's Your Number?(2011)**************************"ဘဝတစ်လျှောက် ပျှမ်းမျှချစ်သူအရေအတွက် 10.5 ဆိုတာ နည်းတာပေါ့"ဒီစကားကိုပြောခဲ့တဲ့လူကတော့ မဘဲစီမလေးအယ်လီပါပဲ။ ဒါပေမဲ့ အယ်လီတစ်ယောက် ဘဲတွေမှိုလိုပေါက်ရတာအယ်လီအပြစ်ရယ်တော့လည်းမဟုတ်ပါဘူး။ ဘဲတွေက ထစ်ချုန်းမိုးလို ရေနံတူးဖို့လောက်သာစိတ်အားထက်သန်ပြီးရင် ပျောက်ပျောက်သွားတာကြောင့်ရယ်ပါ။ ဒါပေမဲ့ ပလေးဂဲလေးအယ်လီတစ်ယောက်ဒါကိုစိတ်ထဲ အလေးအနက်မထားပါဘူး သူပလေးကိုယ်ပလေး ဝမ်းဂိုး တူးကမ်း သရီးရယ်ဒီလုပ်နေခဲ့တာပေါ့။ဒါပေမဲ့ နောက်ဆုံးဘဲဘဲလေးရစ်ခ်ကျမှ အမေတွေနဲ့မိတ်ဆက်ပေးဖို့ ကြံရွယ်ပြီးမှ ထုံးစံအတိုင်း ရေနံမင်းသားလေးကဘိုင့်ဘိုင့်လုပ်သွားတဲ့အပြင် နေရင်းထိုင်ရင်းအလုပ်ကပါ သူ့ကိုပဲကွက်ပြီးလူလျှော့ပါသတဲ့။ဘဲရောအလုပ်ရှင်ကပါ ရင်ဝဆောင့်ကန်တာခံရတဲ့ အယ်လီတစ်ယောက် အလုပ်ကနေ ပစ္စည်းသိမ်းပုံးလေးကိုင်လို့ရထားစီးရင်းနဲ့ "What's your number"ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကိုဖတ်မိပါတော့တယ်။ဒီဆောင်းပါးလေးက ဘဲစီတော့ဘာဖြစ်လဲ You only live once ဆိုတဲ့အယ်လီကို အကြီးအကျယ်တုန်လှုပ်သွားစေပါသတဲ့။ဘာဖြစ်လို့လဲဆိုတော့ ဆောင်းပါးထဲမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးတွေရဲ့ ပျှမ်းမျှချစ်သူအရေအတွက်က၁၀.၅ ဖြစ်ပြီး အယောက် ၂၀ နဲ့အထက်ဆို လင်မရတော့ဘူးလို့ စစ်တမ်းနဲ့အခိုင်အမာပြောထားလို့ပါပဲ။ဘဲတွေမှိုလိုပေါက်ပေမဲ့ လင်တော့လိုချင်ရှာသေးတဲ့အယ်လီတစ်ယောက် exတွေတွက်ကြည့်တော့လည်း 19 ယောက်ဖြစ်နေတဲ့အခါမှာတော့...အယောက် 20 ကျော်ရင် ...
movie
What’s Your Number?(2011)
6.6
The Tender Bar (2021)
အချိန်က ၁၉၇၂ ခုနှစ်... ဖခင်ဖြစ်သူက မိသားစုကို စွန့်ပစ်သွားတဲ့နောက် ဂျေအာ လို့ခေါ်တဲ့ ကိုးနှစ်အရွယ်ကောင်လေးတစ်ယောက် သူ့အမေနဲ့အတူတူ အဘိုး အဘွားနဲ့ ဦးလေးတို့ရှိတဲ့ အိမ်ကြီးမှာ နေဖို့ဖြစ်လာတယ် ပြဿနာပေါင်း သောင်းခြောက်ထောင်တွေရယ် ပညာတတ်မရှိတဲ့ သူတို့မိသားစုမှာ ကိုးနှစ်သား ဂျေအာကတော့ သူတို့အိမ်ရဲ့ ဆည်းလည်းလေးပဲ ဒီတော့ ဒီလိုအရှုပ်ထုပ်တွေထဲကနေ အမေဖြစ်သူကတော့ သူ့လိုမဖြစ်စေချင်လို့ ဂျေအာကို ကောလိပ်ပညာတတ်ကြီးတစ်ယောက်ဖြစ်အောင်ထားမယ်ဆိုပြီး သန္နိဌာန်ချထားတယ် အဖေမရှိတဲ့ ဂျေအာအဖို့ ဦးလေးဖြစ်သူ ချာလီကို အရမ်းအားကိုးတယ် ချာလီကလည်း ဂျေအာအပေါ်ကို အဖေတစ်ယောက်လို အစ်ကိုတစ်ယောက်လိုစောင့်ရှောက်ပေးပါတယ် တကယ်တော့ ကိုးနှစ်သားကလေးတစ်ယောက်အတွက် မြင်ရကြားရသမျှအရာရာဟာ သူ့အတွက် သင်ယူစရာချည်းပဲ ဒီတော့ ဖခင်မရှိတဲ့ ဂျေအာအဖို့ ဘားဆိုင်ဖွင့်ထားတဲ့ ဦးလေးချာလီဟာလည်း သူ့အတွက် ဆရာပါဘဲ ကောလိပ်မတက်ခဲ့ရတဲ့ ဘားပိုင်ရှင်ချာလီဟာ လူနုံလူအတစ်ယောက်တော့မဟုတ်ခဲ့ဘူး အတန်းပညာ မပြည့်စုံပေမယ့် ဘ၀ပညာပြည့်စုံနေတဲ့သူတစ်ယောက်...သူ့တူလေးဂျေအာကို လူတော်လူကောင်းတစ်ယောက်ဖြစ်အောင် သူသိသမျှ တတ်သမျှ အရာရာတိုင်းနဲ့ ပံ့ပိုးပေးတယ် ဘားမှာရှိသမျှ စာအုပ်တွေကို ဂျေအာဖတ်ဖို့ပေးတယ် စာဖတ်များရင် ...
movie
The Tender Bar (2021)
5.1
Dating & New York(2021)
တစ်ချိန်ကနယူးယော့ခ်မှာပေါ့ဗျာ....ခဏခဏလမ်းခွဲခံရတဲ့ ဝင်ဒီ ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိသတဲ့...အချစ်စစ်အချစ်မှန်ကိုလိုက်ရှာနေတဲ့ မိုင်လိုဆိုတဲ့ ကောင်လေးတစ်ယောက်လည်း ရှိပါတယ်တဲ့ဝင်ဒီက ခဏခဏ စာလေးပေးပြီးဖြတ်ခံထားရတော့ လမ်းခွဲခံရတာ အဖြတ်ခံရတာကို စိတ်နာနေမိတာပေါ့။ Trauma ရနေတယ်ပေါ့။ဒါပေမဲ့လည်း တစ်ကိုယ်တည်းနေရတာထက် ဖူးစာရှင်အစစ်နဲ့ ဆုံတွေ့ချင်နေတဲ့အချိန်မှာ အချစ်စစ်ကိုလိုက်ရှာနေတဲ့ မိုင်လိုနဲ့သွားတွေ့ပါတယ်။သူတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက်သဘောကျပေမဲ့ ဝင်ဒီက လမ်းခွဲခံရမှာကြောက်နေတော့လည်း အတိအလင်းမတွဲဘဲ Friends with benefits ပုံစံမျိုးနဲ့ တွဲကြမယ်ဆိုပြီး စာချုပ်ချုပ်လိုက်ကြပါတယ်။မိုင်လိုကလည်း လိုလိုလားလား လက်ခံပြီး တွဲကြည့်နေကြရင်း စာချုပ်ထဲအချက်တွေကို တကယ်ပဲစောင့်ထိန်းနိုင်ပါမလား...သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးက ဘယ်လိုဖြစ်မလဲပျော်စရာဇာတ်သိမ်းလေးလား...ဝမ်းနည်းစရာဇာတ်သိမ်းလေးလား....ပုံပြင်လေးကတော့ စပါပြီ။(ဘာသာပြန်တင်ဆက်ပေးသူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်) File size…(1.3 GB)/ (690 MB)/ (318 MB) Quality…WEB-DL 1080p /720p / 480p Format…mp4 Duration….01:31:00 Subtitle….Myanmar Subtitle (Hardsub) Encoder….d3mon Translated by Tin Myo Lwin
movie
Dating & New York(2021)
2021
4.0
Already Gone 2019
ဒီ already gone ဆိုတဲ့ ဇာတ်ကားလေမှာက အထီးကျန်နေတဲ့ ဆယ်ကျော်သက်တစ်ယောက်က တစ်ရက် ပထွေးနဲ့စကားများပြီး အိမ်ပေါ်ကနေဆင်ပြီး ပထွေးလက်ကနေ ပထွေးရဲ့ကောင်မလေးနဲ့အတူတူ ထွက်ပြေးသွားပြီး ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်တယ်ဆိုရင် ကြည့်လိုက်ပါဗျ File Size : 600 Gb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr3 2 min Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thiha Naing Htoo Encoded by Littleneo
movie
Already Gone 2019
N/A
The Escape of Prisoner 614(2018)
Encoder - Kyaw Ye Aungaလတ်တလောထွက်ရှိလာတဲ့ကားသစ်လေးတစ်ကားကို မိတ်ဆက်ပေးလိုက်ပါတယ်။အက်ရှင်ဇာတ်လမ်းကြိုက်သူတွေအတွက်တင်ဆက်ထားတဲ့ ကားလေးနာမည်ကတော့The escape of prisoner 614 (2018)ပါ။ လောကကြီးမှာ အပြစ်မရှှိပဲနဲ့ မတရားခံရတာလောက်ခံပြင်းစရာကောင်းတဲ့ ကိစ္စမရှိတော့ပါဘူး အသွားမတော်မလှမ်း ဆိုတဲ့ အတိုင်းအထင်မှတ်ထားတဲ့ နေရာမှာ ကိုယ်က ထိုးကျွေးခံလိုက်ရတော့အပြစ်မရှိပဲ သူများအစား အပြစ်ကို ခံရပါတော့တယ်ဒီကားလေးက ကောင်းဘွိုင်ဆန်ဆန်ကားလေးဖြစ်ပြီးတော့ကောင်းဘွိုင်ကားကြိိုက်နှစ်သက်တဲ့သူတွေ အကြိုက်တွေ့မယ့်ကားလေးဖြစ်မှာပါဇာတ်လမ်းလေးအကျဉ်းကတော့အကျဉ်းသားတစ်ယောက်ထောင်ဖောက်ပြေးတာကနေ စတာပါ။အဲ့ဒီလွတ်မြောက်သွားတဲ့ အကျဉ်းသားဟာသူအပြစ်မရှိဘူးလို့ အခိုင်အမာငြင်းဆိုနေခဲ့ပါတယ်။ဇာတ်ရှိန်တက်လာတာနဲ့အမျှ သူ့တကယ်ပဲအပြစ်ရှိသလားအကွက်ဆင်လုပ်ကြံခံရတာလား အကွက်ဆင်ခံရတယ်ဆိုအဲ့ဒီနောက်မှာ ဘယ်သူတွေရှိနေတာလဲ သူခင်သလိုရောရိုးရှင်းလွယ်ကူပါ့မလားဆိုတာရင်တစ်ဖိုဖိုနဲ့ ကြည့်ရှုရမယ့်ကားကောင်းလေးပါ။Qty - 720p Web DLGern - Advanture / Comedy / CrimeDuration - 1hr 50minTranslator - Pyae SoneReview - Aye Mon Kyaw
movie
The Escape of Prisoner 614(2018)
2018