Channel Myanmar

Sonam Kapoor Ahuja

Bombay Talkies (2013) 6.6
Bombay Talkies (2013) Bombay Talkies ဟာဘောလိ၀ုဒ်ရုပ်ရှင်လောကရဲ့ နှစ်တစ်ရာပြည့်အဖြစ်ပွဲထွက်ခဲ့တာဖြစ်ပြီး Karan Johar, Dibakar Banerjee, Zoya Akhtar နဲ့ Anurag Kashyap တို့ နာမည်ကျော်ဒါရိုက်တာလေးဦးရဲ့ ဇာတ်လမ်းတိုလေးပုဒ်နဲ့ဖွဲ့စည်းထားတဲ့ anthology film ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဒါရိုက်တာလေးဦးရဲ့ anthology သုံးကားတွဲထဲက ပထမဆုံးဇာတ်ကားဖြစ်ပြီး နောက်ပိုင်းမှာ အားလုံးသိကြတဲ့ Lust Stories (2018) Ghost Stories (2020) တို့ဆက်ပြီး ထွက်ရှိထားပါသေးတယ်။ ဇာတ်လမ်းတိုတွေထဲမှာ Rani တို့လို Nawazuddin Siddiqui တို့လိုနာမည်ကျော်တွေ ပါဝင်သလို သရုပ်ဆောင်ဘက်မှာမခေတဲ့ အဲ့ဒီခေတ်အခါက တက်သစ်စတွေလည်းအင်တိုက်အားတိုက်ပါဝင်ထားပါတယ်။ Amitabh Bachchan တို့ Katrina Kaif တို့ကိုလည်း cameo နေရာမှာတွေ့မြင်ရမှာပါ။ ဘောလိ၀ုဒ်နှစ်တစ်ရာ ဂုဏ်ပြုသီချင်းဖြစ်တဲ့ အပိတ်သီချင်းမှာတော့ ပိတ်ကားပေါ်မှာ တစ်စုတစ်စည်းထဲ မြင်ရခဲတဲ့ ဘောလိ၀ုဒ်ရဲ့နာမည်ကျော် ဒိတ်ဒိတ်ကြဲ မင်းသားမင်းသမီးတွေ အများကြီးကို သီချင်းတစ်ပုဒ်ထဲမှာတွေ့မြင်ရမှာဖြစ်တဲ့အတွက် ဘောလိ၀ုဒ်ချစ်သူတွေလက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဆိုတာတော့လက်တို့လိုက်ပါရစေ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Alias ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Bombay Talkies (2013)

2013
Mausam (2011) 4.8
Mausam (2011) Mausam (2011) "မုန်တိုင်းကို ရင်ဆိုင်၍"၂၀၁၁ က ထွက်ရှိခဲ့တဲ့ ဟင်ဒီရိုမန့်ရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်ဗျာမျက်နှာထားချိုချိုနဲ့ မင်းသား Shahid Kapoor နဲ့ မင်းသမီး Sonam Kapoor တို့ ပါဝင်ထားတဲ့ ဒီဇာတ်လမ်းမှာဆိုရင် ၁၉၉၂ - ၂၀၀၂ ကြား သမိုင်းနောက်ခံဖြစ်ရပ်တွေ အရေးခင်းတွေကိုပါ ထည့်သွင်းဖော်ပြထားပါတယ်၁၉၉၂ မှာ အာရက်နဲ့ သူ့အဒေါ်ဟာ ကတ်ရှ်မီးယားကနေ Mallukut ကို ထွက်ပြေးလာပါတယ် သူ့အမေကို စစ်သွေးကြွတွေလက်ချက်နဲ့ ဆုံးရှုံးခဲ့ရတာပါအဲဒီမှာ ပျော်ပျော်နေတတ်တဲ့ တက်တက်ကြွကြွကောင်လေး ဟယ်ရီနဲ့ စတွေ့ပါတယ် ဒီလိုနဲ့ ချစ်သူတွေဖြစ်သွားကြတယ် ဆိုပါတော့ဒါပေမဲ့ သူတို့တွေအကြောင်းတစ်ခုကြောင့် ခွဲခွာခဲ့ရပြီး နောက်ထပ်ပြန်လည်ဆုံတွေ့ချိန်မှာလည်း နိုင်ငံရေးအခြေအနေတွေက သူတို့နှစ်ယောက်နီးစပ်ရေးကို အမျိုးမျိုးတားဆီးပြန်ပါတယ်မတူညီတဲ့ နောက်ခံမှလာတဲ့ ချစ်သူနှစ်ဦး... စစ်ပွဲ၊ ဘာသာရေးပဋိပက္ခ ခလုတ်ကန်သင်းတွေကြားမှ လွတ်လမ်းကို အတူရှာတွေ့သွားနိုင်မှာလားအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 4.2 GB / 1.9 GB Quality…WEB DL ...
movie

Mausam (2011)

Khoobsurat (2014) 6.4
Khoobsurat (2014) Khoobsurat (2014) "ကန့်လန့် ချစ်သူ"IMDb 6.5 ရထားတဲ့ ဟင်ဒီကားဟောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် Fawad Khan နဲ့ မင်းသမီးချောလေး Sonam Kapoor တို့ ပါဝင်ထားတဲ့ romantic comedy ကားလေးပဲဖြစ်ပါတယ် ရုံတင်ဝင်ငွေ ရူပီး သန်း ၈၀၀ နီးပါးပြန်ရခဲ့တဲ့ ကားကောင်းလေးတစ်ကားပါဇာတ်လမ်းအကျဥ်းကတော့မီလီချက်ကရာဗာတီဆိုတဲ့ သွက်လက်ချက်ချာ ကောင်မလေးဟာ အိန္ဒိယ ခရစ်ကတ်ပရီးမီးယားလိဂ်မှာ အကြောပြင် ဆရာဝန် Physiotherapist အဖြစ် လုပ်ကိုင်တာဖြစ်ပြီး နာမည်ကြီးအသင်းရဲ့ ကစားသမားတစ်ယောက်ကို ပွဲချိန်တွင်း ပြန်ကစားလို့ရအောင် ကုသပေးလိုက်နိုင်တာကြောင့် တော်ဝင်မိသားစုတစ်စုက သူ့ကို ခေါ်ပါတော့တယ် မီလီရဲ့ အမေကလည်း မီလီ့နည်းတူ ခေတ်ဆန်ပြီး ပေါ့ပေါ့ပါးပါးနေတတ်ပြီး သူ့သမီးကိုလည်း သမီးစိတ်ကြိုက်ယောကျာ်းတစ်ယောက် အမြန်ရစေချင်သူပါ တော်ဝင်မိသားစုက ဝှီးချဲလ်ပေါ်က သိပ်ခေါင်းမာလွန်းတဲ့ ဘုရင်ကြီးကို ကုပေးရမှာဖြစ်ပြီး သူ့ရဲ့ ကတော်ကလည်း ဟိတ်ဟန်ဆန်လွန်းပြီး သားတော် မင်းသား ဗစ်ကရမ်ကပါ အမေနဲ့ တစ်ပုံစံတည်းပါ စရောက်တဲ့နေ့ကတည်းက ဒေါက်တာမလေး မီလီတစ်ယောက် အလွဲလွဲအချော်ချော်ဖြစ်နေပြီး ...
movie

Khoobsurat (2014)

Sanju (2018) 8.4
Sanju (2018) ဂုဏ်သရေရှိ အမျိုးသမီး အမျိုးသားအပေါင်းတို့ ခင်ဗျာ ဒီနေ့ဟာဆိုရင် ကျွန်တော့်အတွက် အင်မတန်မှ ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့တစ်နေ့ပါ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ ကျုပ်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် ထွက်ရှိမှာ မို့လို့ပါကျွန်တော့်လောက် ကဏ္ဌစုံတဲ့လူ တစ်ယောက်ကို ဘယ်မှာမှတွေ့နိုင်ဖို့မရှိဘူးဗျ ကျွန်တော်က အရက်သမား၊ ဆေးသမား၊ မိန်းမပွေလွန်းတဲ့လူဗျ ဒါပေမဲ့ အကြမ်းဖက်သမားတော့ မဟုတ်ပါဘူးAK 56 ရိုင်ဖယ်တွေလက်ဝယ်တွေ့ရှိမှု၊ RDX တွေရှိနေလားဆိုတဲ့ မေးခွန်းပေါင်းများစွာကြောင့် အများအမြင်မှာ အကြမ်းဖက်သမားတစ်ယောက်ဖြစ်နေတဲ့ နာမည်ကျော်မင်းသားကြီး ဆန်ဂျေးဒတ်ဟာ ထောင်နန်းစံရတော့ပါမယ်အဲဒီအတွက်ကြောင့် ပြည်သူတွေကိုအမှန်တိုင်း သိစေဖို့ ရည်ရွယ်ပြီးနာမည်ကျော် စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ ဝင်နီဒိုက်(ဇ်)ကို သူ့ဘဝဇာတ်ကြောင်းရေးပေးဖို့ အကူညီတောင်းခဲ့ရပါတော့တယ်ဆန်ဂျေးဒတ်ရဲ့ ဘဝဇာတ်ကြောင်းက ဘာတွေလဲ ... တကယ်ပဲ သူက အကြမ်းဖက်သမား တစ်ယောက် ဟုတ်မဟုတ်ဆိုတာကိုတော့ ...နာမည်ကျော်မင်းသားကြီး ဆန်ဂျေးဒတ်ရဲ့ ဘဝဇာတ်ကြောင်းကို မင်းသား ရန်ဘီးကပူးရ်က အကောင်းဆုံးသရုပ်ဆောင်ထားပြီးပါလေသမျှ သရုပ်ဆောင်တိုင်းက ကဏ္ဌအသီးသီးကနေ အကောင်းဆုံးပုံဖေါ်ထားနိုင်လွန်းလို့ အင်မတန်မှ ကောင်းမွန်တဲ့ Bio, Drama ဇာတ်ကားကောင်း ...
movie

Sanju (2018)

2018
4K HEVC