Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sofía Morandi
5.5
Camp Crasher (2024)
ပတ်ထရီစီယာဆိုတဲ့ အမျိုးသမီးဟာ ဖခင်ဖြင်သူ သေဆုံးပြီးခင်ပွန်းနဲ့လည်း ကွာရှင်းပြီးတဲ့အခါ မိမိဘဝထဲ ရာမီရိုဆိုတဲ့သားလေးတစ်ယောက်ပဲ ကျန်ခဲ့တော့တယ်။အလုပ်နဲ့ သားက လွဲလို့ ဘာမှမသိတဲ့ ပတ်ထရီဟာ သားလေးကိုတုန်အောင်ချစ်တဲ့အလျောက် မျက်စိအောက်ကအပျောက်မခံဘဲသေးသေးလေးကအစ စွက်ဖက်တတ်တဲ့ အမေမျိုးပါ။ဒီလိုတွေကြောင့် ကျောင်းမှာ မားမားဘွိုင်းလို့ အစခံနေရတဲ့ဆယ်ကျော်သက်ကောင်လေး ရာမီကတော့ အမေ့ကို နည်းနည်းမှကြည့်မရပါဘူး။ ပုန်ကန်တဲ့အရွယ်လေး ရောက်လာတာကြောင့်ရာမီဟာ တစ်အိုးတစ်အိမ်ထူထောင်နေပြီဖြစ်တဲ့ ဖခင်ဆီ သွားနေဖို့ကြံစည်တော့တယ်။ ရာမီရဲ့အကြံကို တိတ်တခိုးသိသွားတဲ့ပတ်ထရီဟာ ဘဝကြီးတစ်ခုလုံး တုန်လှုပ်သွားသလို ခံစားလိုက်ရပြီးသားလေးကို ဆုံးရှုံးရမှာ အရမ်းကြောက်သွားခဲ့တယ်။ဒါကြောင့် သူမဟာ အမိုက်စားမေမေဖြစ်တယ်ဆိုတာ ရာမီကိုပြသဖို့အတွက် ရာမီရဲ့ ကျောင်းလေ့လာရေးခရီးမှာ ဒရိုင်ဘာအနေနဲ့လိုက်လာပါတော့တယ်။မိဘမေတ္တာကို ဖော်ကျူးတဲ့ မိသားစုဇာတ်လမ်းလေးဖြစ်တဲ့အလျောက်ကြည်နူးစရာ၊ စိတ်ဆိုးစရာ၊ ရယ်စရာတွေကို အလှည့်ကျ ရှူစားရမှာဖြစ်ပြီး ပိတ်ရက်မှာ ပေါ့ပေါ့ပါးပါးကြည့်နိုင်မဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size… (1.93GB) / (1.01GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / ...
movie
Camp Crasher (2024)
5.2
(Un)lucky Sisters (2024)
(Un)lucky Sisters ( 2024 ) ကံဆိုးတာလား ကံကောင်းတာလား ပြောရခက်တဲ့ ညီအစ်မနှစ်ယောက်ရဲ့ ဇာတ်လမ်းပေါ့။ သူတို့အဖေဆုံးပြီးချိန်မှာ တစ်သက်လုံး တစ်ခါမှ မမြင်ဖူးခဲ့တဲ့ သူတို့ချင်းစတွေ့ရာကနေ ငကြောင်၂ကောင်ပေါင်းပြီး ကယောင်တွေ စလုပ်ကြပါတယ်။ သူတို့အဖေရဲ့အမွေဖြစ်တဲ့ တိုက်ခန်းကြီးကို သူတို့အမွေရလိုက်ပေမဲ့ အမှုပြဿနာတွေရှုပ်နေတာကြောင့် မြင်သာမြင်မကြင်ရဖြစ်နေရာကနေ ခဏလောက်တော့ သွားနေဦးမယ်ဆိုပြီး သူတို့အဖေရဲ့ တိုက်ခန်းမှာ သွားနေရင်း သူတို့အဖေဝှက်ထားတဲ့ တစ်ခန်းလုံးအပြည့် ငွေမဲတွေကို တွေ့ရာကနေ ဇာတ်စရှုပ်သွားတယ်။ဒီငွေတွေဟာ သူတို့အဖေငွေတွေလား သူတို့အဖေကို တစ်ယောက်ယောက်အပ်ထားတဲ့ငွေတွေလား ဘာမှမသေချာခင်မှာပဲ သုံးရင်းဖြုန်းရင်း ပိုက်ဆံရဲ့ပိုင်ရှင်အစစ်လို့ သူတို့လျှောက်ထင်နေတဲ့ မာဖီးယားတွေ ရာထူးရာခံကြီးပုဂ္ဂိုလ်တွေနဲ့ ကြုံလာရာကနေ ပိုက်ဆံတွေကို လှည့်ထုတ်ဖို့လုပ်ရင်း ဖြစ်လာတဲ့အလွဲတွေကို ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ဇာတ်လည်း သိပ်မဆိုးသလိုပဲ စပိန်ရုပ်ရှင်ဆိုတော့ ကြည့်ရလည်း မဆိုးပါဘူး။File size_(1.7GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:25:00 Genre_Comedy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated ...
movie
(Un)lucky Sisters (2024)