Channel Myanmar

Sneha

Dragon (2025) 8.2
Dragon (2025) Dragon (2025) "နဂါးလေးရာဂါဗန်"လက်ရှိမှာ ၂၀၂၅ ခုနှစ်အတွက် ၀င်ငွေအကောင်းဆုံး တမီလ်စကားပြောရုပ်ရှင်အဖြစ်ရော စတုတ္ထမြောက်၀င်ငွေအကောင်းဆုံးအိန္ဒိယရုပ်ရှင်အဖြစ်ပါ စံချိန်တင်ထားတဲ့ အချစ်-ဒရာမာ-ဟာသဇာတ်လမ်းသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။လူတစ်ယောက်တကယ်ပြောင်းလဲချင်ရင် စက္ကန့်ပိုင်းပဲ ကြာတယ်ဆိုတဲ့စကားကို ကြားဖူးမှာပါ။ ဘာမဟုတ်တဲ့ကိစ္စလေးက လူတစ်ယောက်ကို အကြီးအကျယ်ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း ဒီလိုပါပဲ။ဒီရာဂါဗန်ဆိုတဲ့လူငယ်လေးဟာ ၁၂ တန်းကို ထူးထူးချွန်ချွန်အောင်မြင်ပြီး အင်ဂျင်နီယာကျောင်းကောင်းကောင်းကို ၀င်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ သူဆုရတဲ့နေ့မှာပဲ သူကြိုက်နေတဲ့သူငယ်ချင်းကောင်မလေးကို ဖွင့်ပြောမိရာကစလို့ သူ့ဘ၀ကြီးလုံး၀ပြောင်းလဲသွားရဖို့ ဖြစ်လာပါတယ်။စာတော်ပြီးလိမ္မာရင် မိန်းကလေးတွေကြိုက်ကြမယ်လို့ အထင်ရှိခဲ့တဲ့ လူလိမ္မာလေးရာဂါဗန်တစ်ယောက် သူချစ်တဲ့မိန်းကလေးက ကျောင်းကလူဆိုးလူပေကိုမှ ကြိုက်နေတာကို သိသွားပါတယ်။ အဲဒီကစလို့ ရာဂါဗန်ဟာ စာတော်တဲ့လူလိမ္မာကျောင်းသားလေးဘ၀ကို တစ်ခန်းရပ်ပစ်လိုက်ပါတယ်။ဒီရာ‌ဂါဗန်ဆိုတဲ့နာမည်ကိုလည်း နဂါးလေးလို့ သူ့ကိုယ့်သူပြောင်းမှည့်ပြီး အင်ဂျင်နီယာကျောင်းမှာ ကမ်းကုန်အောင်ဆိုးပါတော့တယ်။ သူ့ရဲ့ဆိုးမိုက်မှုတွေကြောင့်ဘွဲ့ရခါနီးမှ ကျောင်းတန်းလန်းနဲ့ ဟိုမရောက်ဒီမရောက် ဖြစ်သွားပါတယ်။ ဘွဲ့မရ အလုပ်မရှိနဲ့ ဘ၀ကိုအချိန်ဖြုန်းလေလွင့်နေပေမဲ့ မိဘတွေကိုတော့ အလုပ်ရှိသယောင် လုပ်ဇာတ်ခင်းထားတာပါ။ဒီလိုနဲ့တစ်နေ့တော့ ၆ နှစ်ကြာအောင် သူ့ရဲ့ဆိုးမိုက်မှုဒဏ်ကို သည်းခံပေးလာတဲ့ ချစ်သူမိန်းကလေးကပါ သူ့ကို ထားသွားဖို့အကြောင်းဖန်လာတဲ့အခါ...လေလွင့်‌နေတဲ့ ရာဂါဗန်တစ်ယောက် နောင်တရလာမှာလား၊ သူ့ဘ၀ပြောင်းလဲလာပါဦးမလား၊ သူ့မိဘတွေနဲ့ရော ဘယ်လိုရှေ့ဆက်စခန်းသွားမလဲဆိုတာကို အချစ်နဲ့ဒရာမာမှာ ဟာသလေးပါနှောပြီး ကြည့်ကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.4 GB ...
movie

Dragon (2025)

The Greatest of All Time (2024) 6.7
The Greatest of All Time (2024) The Greatest of All Time (2024) [ထင်ပေါ်ကျော်ကြား ပြိုင်စံရှား]TRUE WEB DL Quality UpdateGenre – Action, Thriller, Sci-fi IMDB – 6.7/10မင်းသားကြီး ဗီဂျေးရဲ့ ၂၀၂၄ ခုနှစ် ရုံတင်ကား အသစ်စက်စက်ကြီးကို ကြည့်လို့ရတဲ့ ကွာလတီကောင်းကောင်းနဲ့ ထွက်ရှိလာတဲ့အတွက် အားလပ်ရက်လေးမှာ အပန်းဖြေရအောင် CM ကနေ အမြန်ဆုံး ဦးဦးဖျားဖျား တင်ဆက်ပေးလိုက်ရပါတယ်၊ဇာတ်လမ်းအကျဉ်းလေးကတော့ ဂန်ဒီဆိုတာက တစ်ဖက်မှာ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ အကြမ်းဖက်နှိမ်နှင်းရေး အထူးတပ်ဖွဲ့ခေါင်းဆောင် ငဖိုက်၊ တစ်ဖက်မှာကျ ကိုယ်ဝန်သည်ဇနီးနဲ့ သားလေးနဲ့ အိန္ဒိယခရီးသွားလာရေး ကုမ္ပဏီက ဟန်ဆောင်ပန်ဆောင်ဝန်ထမ်းလေးဆိုပြီး မိန်းမ မသိအောင် နိုင်ငံ့တာဝန် ထမ်းဆောင်နေရသူပေါ့။မိသားစုသိရင် အန္တရာယ်များမှာဆိုလို့ ဖုံးကွယ်ထားရတော့ မိန်းမဖြစ်သူနဲ့ တကျက်ကျက်ပေါ့လေ။ ဒီလိုနဲ့ နောက်ထပ် စစ်ဆင်ရေးတစ်ခုက ထိုင်းနိုင်ငံမှာ ထမ်းဆောင်ရမှာကို မိသားစုကိုပါ အလည်အပတ်ခေါ်ပြီး သွားလိုက်တဲ့ဂန်ဒီတစ်ယောက် ကံဆိုးမိုးမှောင်ကျခဲ့ရပါတော့တယ်။ အဲဒါကြောင့် အရာအားလုံးကနေ အနားယူပြီး အေးချမ်းစွာ ...
movie

The Greatest of All Time (2024)

Keedaa Cola (2023) 8.3
Keedaa Cola (2023) Keedaa Cola (2023) "ကီဒါ ကိုလာ"အသစ်ထွက်ရှိထားတဲ့ အမှန်အကန်ရယ်ရမယ့် တေလဂူး crime/comedy ကားလေးဖြစ်ပါတယ်IMDb 8.3 နဲ့ Rotten Tomatoes 79% ရထားပြီး အိန္ဒိယရုပ်ရှင်ဝေဖန်ရေးဆရာ Paul Nicodemus ရဲ့ စကားနဲ့ပြောရရင် "ကြောင်တောင်တောင်နိုင်တဲ့ ဟာသရုပ်ရှင်ထဲကို ဒဿန ပါးပါးလေး သွတ်ထည့်ထားခြင်း" လို့ ညွှန်းချင်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ အဓိကဇာတ်ကောင် ဗီစသူ တစ်ယောက် ငယ်ငယ်တုန်းက ကားအက်ဆီးဒင့်တစ်ခုမှာ မိဘတွေ သေသွားခဲ့လို့ စကားထစ်သွားခဲ့ပြီး ဝှီးချဲလ်မှာ အဆင်သင့်သေးပေါက်လို့ ရတဲ့ အဘိုးဖြစ်သူနဲ့ပဲ နေထိုင်ခဲ့ပါတယ်ပင်ပင်ပန်းပန်းပိုက်ဆံမရှာပဲ အေးအေးချမ်းချမ်း ဘဝကို တောင့်တနေတဲ့ ဗီစသူ တစ်ယောက် ပိုက်ဆံလွယ်လွယ်ရဖို့ တရုတ်ကလာတဲ့ သရုပ်ပြလူနာ(patient simulator) အရုပ်မ တွေကို ဝယ်ပြီး ဆေးရုံတွေမှာ လိုက်ရောင်းဖို့ ကြိုးစားပေမယ့်လည်း အလုပ်မဖြစ်ပါဘူး မဖြစ်တဲ့အပြင် အဲဒီအရုပ်ကြောင့်ပဲ သူ့ရဲ့ ၃၅ ကြိမ်မြောက် မိန်းမတောင်းရမ်းပွဲမှာလည်း ...
movie

Keedaa Cola (2023)

2023
Shot Boot Three (2023) 8.6
Shot Boot Three (2023) Shot Boot Three (2023) "ခွေးလေးမက်စ်နဲ့ သူငယ်ချင်းတစ်စု"IMDb-8.7/10မိသားစုတွေအတူတူ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ရမယ့် တမီးလ်မိသားစုဟာသဇာတ်မြူးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အဓိကဇာတ်ကောင်ကတော့ ကလေးလေးယောက်နဲ့ ခွေးလေးတစ်ကောင်ပေါ့။ ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်အားဖြည့်ပေးထားပါတယ်။တစ်ကျောင်းတည်းအတူတက်နေတဲ့ သူငယ်ချင်းသုံးယောက်။မိဘဖြစ်သူတွေက အလုပ်တွေများတော့ ကလေးအပေါ်မှာ အချိန်မပေးနိုင်။ဒီတော့ သူငယ်ချင်းသုံးယောက်ထဲက တစ်ယောက်ဖြစ်သူက ခွေးလေးတစ်ကောင်မွေးလိုက်ပါတယ်။သူငယ်ချင်းသုံးယောက်လုံးဒီခွေးလေးနဲ့ အချိန်ကုန်ပျော်ရွှင်နေကြပါတယ်။ နောက်တော့ ခွေးလေး ပျောက်သွားတဲ့အတွက် သူငယ်ချင်းသုံးယောက်ပေါင်းပြီး ခွေးပျောက်ရှာပုံတော်ဖွင့်ကြပါတော့တယ်။မိဘတွေ ကိုယ့်သားသမီးကိုပစ်ထားခဲ့မိတာတွေကို နောင်မှရတဲ့နောင်တတွေ၊ သူငယ်ချင်းတွေကြားက သံယောဇဉ်တွေနဲ့အတူ ရယ်စရာပြုံးစရာဇာတ်ကွက်လေးတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.1GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Shot Boot Three (2023)

2023
Christopher(2023) 6.8
Christopher(2023) Christopher 2023 (IMDb 6.8/10)အိန္ဒိယရဲကားကောင်းကောင်းလေးကိုမျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် မင်းသားကြီးမမ်မွတ်တီးရဲ့ နောက်ဆုံးထွက် ရဲကားအလန်းလေးနဲ့ မိတ်ဆက်ပေးပါရစေအိန္ဒိယနိုင်ငံမှာ သိတဲ့အတိုင်း ဘာအမှုပဲဖြစ်ဖြစ် မုဒိမ်းကျင့်လူသတ်ရင်တောင် ငွေနဲ့မီးငြိမ်းသလို အမှုတွေပျောက်သွားအောင် လူအားငွေအားနဲ့ လုပ်နိုင်တာကို သိကြမှာပါ ဒီကိစ္စကို ရဲမှူးခရစ္စတိုဖာဖြေရှင်းတဲ့နည်းလမ်းကတော့ ရိုးရှင်းပါတယ် ဘယ်တရားရုံးမှပို့မနေပဲနဲ့ တရားခံတွေကို သူ့သေနတ်နဲ့ပဲ ကိစ္စတုံးပေးတာပါ ဆိုရှယ်မီဒီယာ ပြည်သူလူထုအားလုံးအတွက် ခရစ္စတိုဖာက ဟီးရိုးပါ ဒါပေမဲ့ မျှတတဲ့ဒီမိုကရေစီစစနစ်တစ်ခုမှာ တရားစီရင်ရေးမဏ္ဍိုင်ဆိုတာ မရှိလို့မရပါဘူး အဲ့ဒါကြောင့် အထက်ဌာနကနေ ခရစ္စတိုဖာကို စုံစမ်းစစ်ဆေးဖို့အတွက် အမျိုးသမီးအရာရှိတစ်ဦးကို တာဝန်ပေးအပ်လိုက်ပါတော့တယ် ခရစ္စတိုဖာရဲ့ မီးစတစ်ဖက်ရေမှုတ်တစ်ဖက် မှန်ကန်မျှတပေမဲ့ မညှာတာတတ်တဲ့ စရိုက်ကို အတိတ်ကစတူးဖော်ကြည့်မိတဲ့အခါ........ဒီဇာတ်ကားလေးဟာ ဇာတ်လမ်းလေးက မြင်နေကျဆိုပေမဲ့ ဆက်ပြီးကြည့်ချင်လောက်အောင် လှည့်ကွက်လေးတွေကို သူ့နေရာနဲ့သူပါထားပြီး မင်းသားကြီးမမ်မွတ်တီးရဲ့ အိုဗာတွေသိပ်မပါ ရင့်ကျက်တဲ့ပုံစံနဲ့မို့ ကြည့်ရရှုရတာ စိတ်ဝင်စားဖို့ကောင်းပြီး မှုခင်းဒရာမာ ရဲအက်ရှင်ကြည့်ချင်တဲ့သူတွေအတွက် ဇာတ်အိမ်ကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်း ဒီကားလေးကို လက်မလွှတ်ကြဖို့ လက်တို့ပေးပါရစေ File size…2.25GB / 1.1GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ...
movie

Christopher(2023)

2023
Son of Satyamurthy (2015) 7.1
Son of Satyamurthy (2015) Son Of Satyamurthy (2015)ဖခင်ဆိုတဲ့ ကြီးမားလှတဲ့အရိပ်ကို ခိုလှုံရင်း ဘဝကို ခပ်အေးအေးနေခဲ့တဲ့ လူငယ်တစ်ယောက်...အက်ဆီးဒင့်ကြောင့် ဖခင်ဖြစ်သူ သေဆုံးပြီးနောက်ပိုင်း ဖခင်အရိုက်အရာကိုလက်ခံကာ...ကြုံလာသမျှအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်သလဲဆိုတာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းတကယ်ကောင်းသလို ၊ ရိုက်ချက်တွေလည်းကောင်းတယ်။Stylish Star အာလူအာဂျွန်းရဲ့ ထုံးစံအတိုင်း ခပ်မြူးမြူးလေးဆိုတော့ကြည့်ဖူးသူလည်း မူရင်းတီလူဂူးအသံနဲ့ ထပ်ကြည့်လို့ရတာပေါ့ခင်ဗျာ။ အိုဗာအက်ရှင်ပါတာလေးတွေတော့ သည်းခံကြည့်ရမယ်။File size…4.64Gb / 2.4Gb / 1.2GB Quality…1080p Blu Ray AAC 5.1Ch / 1080p AAC 2.0 / 720p Format…mp4 Duration….2h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myint Thu  
movie

Son of Satyamurthy (2015)

2015
Vinaya Vidheya Rama (2019) 4.6
Vinaya Vidheya Rama (2019) ကဲ စာမမှန်ရင် မကြည့်ဘူး၊ကွာလတီမကောင်းရင်မကြည့်ဘူး ဆိုသူတွေအတွက်စာအမှန်နဲ့ ကွာလတီကောင်းကောင်းနဲ့ ရပါပြီ။ပထမဗားရှင်းမှာ စာမပါဘဲ ရုပ်ထွက်လည်းခုဗားရှင်းလောက် မကောင်းခဲ့ပါ။စာအမှန်ကို စောင့်ပေးကြတဲ့အတွက်ကျေးဇူးအထူးပင် တင်ပါတယ်။တေလဂူးမင်းသားချော ရမ်ချာရန်း အများအခေါ် ဘိုင်ရာဗာရယ်လို့ လူကြိုက်များတဲ့ မင်းသားရဲ့ ၂၀၁၉ မှာ ထွက်လာခဲ့တဲ့ကား ဆိုတာကို အထူးတလည် မိတ်ဆက်ဖို့ လိုမယ်မထင်ပါ။--------------------သိပ်ကို ဆင်းရဲနွမ်းပါးတဲ့ မိဘမဲ့ကလေး၄ယောက်မှာတနေ့တော့ ရထားလမ်းဘေးမှာ ကလေးတစ်ယောက် ကောက်ရခဲ့ပါတယ်။ရမ်ချာရန်းပါပဲ။သူ့ကို မွေးစားခဲ့တဲ့ ကလေး၄ယောက်ကိုအစ်ကိုကြီးတွေအဖြစ် သိပ်ကို ချစ်ရပါတယ်။အိပ်မပျော်ခင် နောက်ဆုံးတွေးတဲ့ အတွေးနဲ့မနက်အိပ်ယာထချိန် အစောဆုံး တွေးတဲ့ အတွေးတောင်သူတို့ လေးယောက် အဖို့ပါ။အဲ့သလောက်ကို ချစ်ပါတယ်။သူတို့လေးယောက်ရဲ့ ဇနီးတွေနဲ့ အတူရမ်းချာရန်ဟာ နေထိုင်ခဲ့တယ်။မိန်းမလား... ဟင့်အင်း စိတ်မဝင်စား ပညာရေးလား ... ဟင့်အင်း စိတ်မဝင်စားဘာဆို ဘာမှ မစဉ်းစားဘဲ အစ်ကို လေးယောက်အတွက်ပဲစဉ်းစားတတ်သူပါ။သူတို့အတွက်ဆို အသက်တောင်ပေးမလောက်ပဲ။တနေ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အစ်ကိုနဲ့လတ်တလော မဲဝင်ပြိုင်မယ့် ပါတီဝင်တွေနဲ့စကားများရာကစ...ပြဿနာတက်ခဲ့ရမှာတော့.....ကဲ ကိုယ်တိုင် ခံစားရမယ့် ...
movie

Vinaya Vidheya Rama (2019)

2019