Channel Myanmar

Smita Jaykar

Na Tum Jaano Na Hum (2002) 4.9
Na Tum Jaano Na Hum (2002) Na Tum Jaano Na Hum (2002)ဒီဇာတ်ကားလေးကတော့ ပရိတ်သည်းစွဲ မင်းသားကြီးလက်ပွားမင်းသားအဖြစ်လည်း သိကြတဲ့ ရီသစ်က်ရောဝ်ရှန်းနဲ့ ဆေ့ဖ်အလီခန်းတို့က ပါဝင်သရုပ်ဆောင်ထားကြပြီးတော့ မင်းသမီးကြီး အီရှာဒီယိုလ်ကလည်း ပါဝင်အားဖြည့်ထားတဲ့ဟင်ဒီဇာကားပြော Romance/Drama အမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းရာဟုလ်ဟာ ရှင်မလာ့ ကိုယ်ပိုင်ကျောင်းမှာ တက်ရောက်ခဲ့စဉ်စာတစ်စောင်ကို အမှုမဲ့အမှတ်မဲ့ ရေးထားခဲ့ပါတယ်။ ၄နှစ် အကြာမှာ တော့ အီရှာက အဲဒီစာစောင်ကို အမှတ်မထင်ရှာတွေ့ခဲ့ပြီး ရေဒီယိုရုပ်သံလိုင်းကနေတဆင့် ဆက်သွယ်ဖို့ အခွင့်ရခဲ့ကြပါလေရော။ဒါပေမဲ့လည်း အီရှာက သူ့အဖိုး လက်ခံနိုင်တဲ့သူကိုပဲ သူက အဆုံခံမယ်ဆိုကာ လောလောဆယ်ဆယ် စာနဲ့ပဲ ဆက်သွယ်ကြမယ်လို့ပြောလာတော့ ရာဟုလ်ကလည်း ဒါကို လက်ခံလိုက်တာပေါ့။အီရှာနဲ့ လက်တွေ့ဘဝမှာ မဆုံရသေးတဲ့ရာဟုလ်ဟာ ဆိုရင်သူ့နဲ့အတူ ညီအစ်ကိုလို နေလာတဲ့ အက်ရှေးအတွက် မိန်းမရှာပေးဖို့ဆိုကာအီရှာ့ဆီ ရောက်လာတဲ့အခါမှတော့...ရာဟုလ်နဲ့ အီရှာတို့ရဲ့ အချစ်ဇတ်လမ်းက ဘယ်လိုအလှည့်အပြောင်းတွေဆီ ဆွဲခေါ်သွားမလဲ... အီရှာဟာ အပြင်မှာမမြင်ဖူးတဲ့ သူ့ချစ်သူနဲ့ ဆုံဆည်းခွင့်ရနိုင်မှာလား...ဟောင်းပေမဲ့ ကောင်းနေဆဲ ဇာတ်ကားလေးတစ်ကား ဖြစ်တာမလို့ ဘောလိဝုဒ် ပရိသတ်များ ...
movie

Na Tum Jaano Na Hum (2002)

Mujhse Dosti Karoge! (2002) 5.1
Mujhse Dosti Karoge! (2002) "ငါနဲ့သူငယ်ချင်းလုပ်မလား"သူငယ်ချင်း၊ ရင်းနှီးမှုအချစ်ဆိုတာ ဘာပါလဲ"အချစ်ဆိုတာ ရင်နှီးမှုပါပဲ လူတစ်ယောက်ကို မရင်းနှီးဘဲနဲ့ ဘယ်လိုမှ မချစ်နိုင်သလို သံယောဇဉ်လည်း မတွယ်နိုင်ပါဘူး ကဲ့ ဒါကြောင့် ငါနဲ့ သူငယ်ချင်းလုပ်မလား "ဒီဒိုင်ယာလော့လေးကတော့ နာမည်ကြီး ဂန္တဝင်အချစ်ဇာတ်ကား တစ်ကားဖြစ်တဲ့ Kuch Kuch Hota Hai (1998) ထဲကပဲဖြစ်ပါတယ်။အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကလည်း တခမ်းတနားနဲ့ အမှန်အကန်တင်ဆက်ထားတဲ့ ဘောလီဝုဒ်ကားကောင်း တစ်ကားပါပဲနာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Hrithik Roshan (ခ) လက်ပွားမင်းသား Rani Mukerji နှင့် Kareena Kapoor တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး တပုဒ်လည်း ဖြစ်ပါတယ်အခုလို မိုးရာသီဖွဲဖွဲလေးမှာ ဒီလို Romance, Dramaကား ခပ်ကောင်းကောင်းလေးကို တခါကြည့်ဖူးရုံနဲ့ ဇာတ်ဝင်တေးအားလုံးကလည်း တသက်လုံး မေ့လျော့နိုင်မှာ မဟုတ်ပါဘူးဒီကားကို ကြည့်ဖူးတဲ့သူတွေရှိသလို လုံးဝမကြည့်ရသေးတဲ့သူတွေလည်း ရှိပါလိမ့်မယ် အခု CMက ပြန်လည်တင်ဆက်ပေးထားတာကတော့ ရုပ်သံအကြည်လင်းဆုံးနဲ့ သီချင်းတွေကအစ မြန်မာမှုပြုပေးထားလို့ သိမ်းထားချင်သူတွေအတွက် နှစ်ခြိုက်စရာပါပဲဇာတ်လမ်းလေးကတော့ ရာ(ဂျ်)၊ တီနာနဲ့ ပူဂျာတို့ဟာ သိပ်ချစ်ကြတဲ့ သူငယ်ချင်းသုံးယောက်ပါ ဒီထဲမှာမှ ရာ(ဂျ်)က ...
movie

Mujhse Dosti Karoge! (2002)

2002
Pyaar Diwana Hota Hai (2002) 5
Pyaar Diwana Hota Hai (2002) Pyaar Diwana Hota Hai (2002) - ထူးဆန်းသောချစ်ခြင်းတရားသီတင်းကျွတ်အခါသမယလေးမှာ အိမ်တွင်းအောင်းကြမယ့် ပရိသတ်တွေအတွက် ဘောလီးဝုဒ်အချစ်ဟာသကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။(၂၀၀၂) ကထွက်ထားတာဆိုတော့ ကားဟောင်းလေးဆိုပေမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ နယူးဒေလီလို မြို့ကြီးမှာ အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့ မြို့ပေါ်တက်လာတဲ့ ကျေးလက်ဒေသရွာလေးတစ်ရွာက ဆွန်ဒါ...အနုပညာမှာထူးချွန်သလို ရုပ်ရည်ကလည်းသန့်ပြန်ချောမောပေမယ့် ဂေါ်မစွံသေးတဲ့လူပျိုကြီးဆွန်ဒါ...မြို့ပေါ်က လူလည်ကြီးသားသမီး သူငယ်ချင်းတွေက ဗျူဟာတွေခင်းပေးပေမယ့် ဂေါ်မစွံဖြစ်နေရှာတဲ့ ဆွန်ဒါတစ်ယောက် ပါယယ်ခူရာနာဆိုတဲ့ မိန်းမချောလေးတစ်ယောက်နဲ့ အမှတ်မတင်ဆုံစည်းခဲ့မိပြီး မိန်းမချောလေးရဲ့အချစ်ကိုရဖို့ ဟန်ဆောင်လိမ်ညာခဲ့ရင်းကနေအစပြုပြီးတော့......ဇာတ်လမ်းလေးအဆုံးမှာ ဂေါ်မစွံလူပျိုကြီးတစ်ယောက် မိန်းမချောလေးနဲ့ပေါင်းဖက်ခွင့်ရမလားဆိုတာကို ကြည့်ရှုခံစားရင်း သီတင်းကျွတ်အခါသမယကို ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးလိုက်ကြရအောင်လား။(အညွန်းနဲ့ဘာသာပြန်ကိုတော့ Bollywood Team မှ ရေးသားပေးထားတာဖြစ်ပါတယ်) File size… 2.8 GB / 1.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Pyaar Diwana Hota Hai (2002)

Sarfarosh (1999) 8.1
Sarfarosh (1999) Sarfarosh (1999) "တာဝန်" IMDb - 8.1/10ဒီတစ်ခါမှာဆိုရင် ၁၉၉၉ က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ရိုမန့်/အက်ရှင်ကားလေးကို ပရိသတ်ကြီးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ဝါရင့်သရုပ်ဆောင် Naseeruddin Shah, အားလုံးသိကြတဲ့ မင်းသား Aamir Khan နဲ့ တစ်ချိန်က မင်းသမီးချော Sonali တို့ ပါဝင်ထားပြီး အမြတ်ငွေ လေးဆပြန်ရခဲ့တဲ့ ခေတ်ဟောင်းကားလေးပါအိန္ဒိယနိုင်ငံမှာ လက်နက်မှောင်ခိုမှုတွေ ဖြစ်ပွားစဥ် အကြမ်းဖက်မှုတွေများလာတာကြောင့် အစိုးရက မွန်ဘိုင်းအထူးစုံစမ်းရေးကို တာဝန်ပေးနေရတဲ့ အချိန် ကောလိပ်ကျောင်းသား အဂျေး (အမီခန်း)ရဲ့အဖေက အကြမ်းဖက်တစ်ယောက်ကို ဆန့်ကျင်ထွက်ဆိုဖို့အသွား ပြန်ပေးဆွဲခံလိုက်ရပြီးအကြမ်းဖက်တွေလက်ချက်နဲ့ သူ့အစ်ကိုကြီးကိုဆုံးရှုံးလိုက်ရတဲ့အပြင် အဖေကပါ စကားမပြောနိုင်တော့ဘူး ဖြစ်သွားတဲ့အခါ အဂျေးတစ်ယောက် ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လူတိုင်းလေးစားရသူလဲဖြစ်၊ အဂျေးနဲ့ ချစ်သူကောင်မလေး ဆီမာတို့ အရမ်းသဘောကျတဲ့ ဂီတစာဆို ဂူဖမ်ဟာဆန်ဆိုသူမှာ ဘယ်သူမှမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတဲ့အခါမှာဆိုရင်တော့ .....အက်ရှင်ခန်းတွေသာမက ချစ်ခန်းကြိုက်ခန်းတစ်လှည့်စီ အရောင်အသွေးစုံလင်တဲ့ ဒီခေတ်ဟောင်းလက်ရာလေးကို ပရိသတ်ကြီးက ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…3.4GB ...
movie

Sarfarosh (1999)

1999
Hum Dil De Chuke Sanam(1999) 7.4
Hum Dil De Chuke Sanam(1999) Hum Dil De Chuke Sanam (1999) ********************************** ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်အချစ်တော် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဆလ်မန်းခန်း၊အာဂျေးဒေ့ဗ်ဂန်ဒ်နဲ့ မင်းသမီးချောလေး အက်ရှ်ဝါးရွိုင်တို့ ပါဝင် သရုပ်ဆောင်ထားကြတဲ့ Romance/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating ကလည်း 7.4အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း နန္ဒနီနဲ့ ဗန်ရား(ဂ်ျ)ဟာ မိဘတွေ ပေးစားတဲ့အတွက်ကြောင့် လက်ထပ်ခဲ့ရပါတယ်။ဗန်ရား(ဂ်ျ)နဲ့ လက်မထပ်ခင် နန္ဒီမှာ ဆမီး(ရ်)ဆိုတဲ့ ချစ်သူတစ်ယောက် ရှိခဲ့ပါတယ်။နန္ဒီဟာ ဗန်ရား(ဂ်ျ)နဲ့ လက်ထပ်လိုက်ရပေမဲ့လည်း သူ့ရဲ့အချစ်ဟောင်းကို မမေ့နိုင်ပဲ တလွမ်းလွမ်းတဆွေးဆွေး ဖြစ်နေခဲ့ပါတယ်။ ဒီအကြောင်းကို ဗန်ရား(ဂ်ျ)တစ်ယောက် သိသွားတဲ့အခါမှာတော့ နန္ဒီကို သူ့ရဲ့အချစ်ဟောင်း ဆမီး(ရ်)ရှိတဲ့ အီတလီကို လိုက်ပို့ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဗန်ရား(ဂ်ျ)နဲ့ နန္ဒီတို့ရဲ့ အိမ်ထောင်ရေး ပြိုကွဲသွားမှာလား ... နန္ဒီ့အနေနဲ့ လက်ရှိခင်ပွန်းနဲ့ အချစ်ဟောင်း နှစ်ယောက်ထဲက ဘယ်သူ့ကို ရွေးချယ်မှာလဲ .... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူပေးကြပါလို့ ...အချစ်၊အလွမ်း၊အဆွေးနဲ့ ဟာသတွေပါရောနှောထားပြီး ရသစုံစုံလင်နဲ့ ကြည့်ရမှာမလို့ ဘောလိဝုဒ် ပရိတ်သတ်များ လုံးဝလက်မလွှတ်သင့်ပါကြောင်း ... ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe ...
movie

Hum Dil De Chuke Sanam(1999)

1999
Yeh Raaste Hain Pyaar Ke(2001) 4.0
Yeh Raaste Hain Pyaar Ke(2001) Yeh Raaste Hain Pyaar Ke (2001)အခုတစ်ခါ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးပါတော့မယ်...မင်းသားကြီး အဂျေး..မင်းသမီး မာဒူရီးနဲ့ ပါးချိုင့်မင်းသမီးလေး ပရီတီးဇင်ဒါးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်ကားကောင်းပဲဖြစ်ပါတယ် cameo အနေနဲ့ မင်းသားကြီး ဆန်နီဒိုးကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်ဒီဇာတ်ကားမှာ ဗစ်ကီနဲ့ ဆာခရှီးတို့က ကားသူခိုးစုံတွဲ လူတွေကို နှစ်ကျပ်ကွက်ရိုက်ပြီး သူတို့ကားတွေကို ခိုးတယ် နှစ်ယောက်စလုံးက မိဘမဲ့...ဆာခရှီးကတော့ ဦးလေးမိသားစုမှာ ကပ်နေတယ်တစ်ရက် လူမိုက်တစ်ယောက်ကို မတော်တဆသတ်မိသွားရင်းနဲ့ သူတို့နှစ်ယောက်ဟာ အသက်ဘေးကြုံလာရပါတော့တယ်...ပြေးရင်းလွှားရင်းနဲ့ နှစ်ယောက်သား လမ်းကွဲသွားခဲ့ကြပြီး ကံကြမ္မာရဲ့လှည့်ကွက်တွေက သူတို့နှစ်ဦးအပေါ် ဘယ်လိုရက်စက်လာတော့မလဲဆိုတာကိုတော့ ဆက်လက်ပြီး ဇာတ်ကားထဲမှာ ရှုစားပေးပါဦးနော်...။ဒီဇာတ်ကားလေးမှာ ချစ်ခြင်းမေတ္တာ..သစ္စာတရားနဲ့ စာနာနားလည်မှုအကြောင်းကို အမိအရရိုက်ကူးပေးထားလို့ ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်...။ File size…4.02GB / 1.8GB Quality…1080p WEBRIP /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Yeh Raaste Hain Pyaar Ke(2001)

2001
Phir Bhi Dil Hai Hindustani (2000) 6.3
Phir Bhi Dil Hai Hindustani (2000) မင်းသားကြီးရှရွတ်ခန်းနဲ့ မင်းသမီးချော Juhi Chawla တို့ပါဝင်ထားတဲ့ နိုင်ငံရေးနောက်ခံ အချစ်ဒရမ်မာ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်...အိန္ဒိယနိုင်ငံကို အိန္ဒိယလူမျိုးတွေ နည်းမှန်လမ်းမှန်နဲ့ ချစ်ကြတဲ့ ခံစားချက်တွေကို ပေါ်လွင်ထင်ရှားအောင် ပြသနိုင်ခဲ့တဲ့ဇာတ်ကားအဖြစ် နာမည်ကြီးပါတယ်...ဇာတ်ကားနာမည်ကလဲ "ရင်ထဲကအိန္ဒိယ" တဲ့။ဇာတ်လမ်းလေးကတော့ အဂျေးဟာ လူတွေပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ နာမည်ကြီးသတင်းထောက်လေးပေါ့...သူ့ကိုအလဲထိုးဖို့ရောက်လာတဲ့သူကတော့ သတင်းထောက်မလေး ရီယား...မတူညီတဲ့ပြိုင်ဘက်ချန်နယ်တွေမှာ အလုပ်လုပ်ကြတဲ့ သူတို့နှစ်ယောက်ဟာ ကြောင်နဲ့ကြွက်...တကျက်ကျက်။တစ်နေ့တော့ နိုင်ငံရေးပါတီတစ်ခုရဲ့ဟောပြောပွဲတစ်ခုမှာ လူသတ်မှုတစ်ခုဖြစ်ပွားပြီးတဲ့နောက်ဒီမတည့်အတူနေ နှစ်ယောက်သား လူသတ်မှုနောက်ကွယ်က အမှန်တရားကိုလိုက်ကြရင်းနဲ့တကယ့်နိုင်ငံရေးအရှုပ်ထုပ်ထဲကို  ရောက်သွားပါတော့တယ်....ငွေနဲ့ အာဏာရဲ့ကြား သာမန်လူတစ်ယောက်ညှပ်သွားခဲ့ရင်ဒီလူဟာဘယ်လောက်ပဲရိုးသားဖြူစင်နေပါစေ ပြသနာအကြီးကြီးတက်တာပါပဲ...ငွေလည်းမရှိ အာဏာလည်းမရှိတဲ့ ဒီနှစ်ယောက်ဟာ စဉ်းလဲတဲ့နိုင်ငံရေးလောကရဲ့ ဘေးဒဏ်တွေကို ခံနိုင်ပါ့မလား...သူတို့လိုချင်တဲ့ တရားမျှတမှုကို ရအောင်ယူပေးနိုင်ပါ့မလားဆိုတာကတော့...။ File size…(4 GB)/(1.7 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:38:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor
movie

Phir Bhi Dil Hai Hindustani (2000)

Ajab Prem Ki Ghazab Kahani (2009) 6.4
Ajab Prem Ki Ghazab Kahani (2009) Ajab Prem Ki Ghazab Kahani ဆိုတာ ထူးဆန်းတဲ့အချစ်ရဲ့ ဟာသ story လေးပါတဲ့နာမည်နဲ့လိုက်အောင်ပဲ ရိုလည်းရို ငိုလည်းငိုရတဲ့အပြင် ရယ်စရာလည်းကောင်းတဲ့ romantic comedy film လေးဖြစ်ပါတယ် Cast တွေကလည်း အိန္ဒိယမှာ ခန်းသုံးခန်းအပြီး တက်လာတဲ့ မင်းသားတွေထဲမှာ အလားအလာအရှိဆုံးဖြစ်တဲ့ Ranbir Kapoor နဲ့ Bollywood နာမည်ကြီးမင်းသမီး Katrina Kaif တို့က ခေါင်းဆောင်အနေနဲ့ ပါဝင်ထားပါတယ် သုံးသပ်သူတွေဆီကလည်း Positive reviews တွေရခဲ့ပြီး 3 Idiots နဲ့ Love Aaj Kal ပြီးရင် 2009 ခုနှစ်ရဲ့ တတိယဝင်ငွေအကောင်းဆုံးကားလေး ဖြစ်ခဲ့ပါတယ် 2009 ခုနှစ်ရဲ့ ဝက်ဝက်ကွဲလူကြိုက်များတဲ့ရုပ်ရှင်တစ်ကား blockbuster လို့လည်း ပြောကြပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါပရမ်ဟာ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းပြီး သူတစ်ပါးကို ကူညီတတ်တဲ့ လူငယ်လေးတစ်ယောက်ပေါ့ ပေါ့ပေါ့နေ ...
movie

Ajab Prem Ki Ghazab Kahani (2009)

Pardes (1997) 7.0
Pardes (1997) Pardes (1997) *****IMDb Rating (7.0) / Rotten Tomatoes (72%)Pardes (နယ်မြေရပ်ခြားနိုင်ငံခြား) ဟာ ၁၉၉၇ ၊ ဩဂုတ်လ ၊ (၈)ရက် မှာ အိန္ဒိယနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ် ။ ဘောလီးဝုဒ်ဒါရိုက်တာ ဆရာကြီး ဆူဘတ်ရ်ှဂိုင်း ၊ ဇာတ်လမ်းဇာတ်ညွှန်း ဆူဘတ်ရ်ှဂိုင်း ၊ နီရတ်ဂ်ျပသစ်ခ် ၊ ဂျာဗေ့ဒ်ဆစ်ဒီကီးတို့မှရေးသားကာ ဒါရိုက်တာဆူဘတ်ရ်ှဂိုင်းရိုက်ကူးပြီး ၊ အမ်မရစ်ရ်ှပူရီး ၊ အာလိုခ်နတ် ၊ ရှာရွတ်ခန်၊ မာဟီမားကျောင်ဒရီး ၊ အပူရ်ဗားတို့မှ ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားကြပါတယ် ။ ဇာတ်လမ်းအကျဉ်း ************* ကစ်ရှိုးလားဂျီးဟာ အမေရိမှာ အခြေတကျအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက် ။ အမေရိကမှာနေပေမဲ့ ကိုယ့်နိုင်ငံရိုးရာ ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်သလို သူ့ရဲ့တစ်ဦးတည်းသောချစ်သားလေးရာဂျစ်အတွက် ချွေးမလောင်းလေးဟာလဲ ရိုးရာဓလေ့နဲ့လူ့ကြီးသူမကို လေးစားရိုသေ အလုပ်အကျွေးပြုတတ်သူ အလိမ္မာအိမ်ပါ အိန္ဒိယသူစစ်စစ်ဖြစ်ရမယ်ရယ်လို့ ...
movie

Pardes (1997)

1080p Untouched
Devdas (2002) 7.6
Devdas (2002) IMDb Rating(7.6) / Rotten Tomatoes (89%)တည်ငြိမ်နေတဲ့ ပတ်ဝန်းကျင်နဲ့ ထည်ဝါလွန်းတဲ့ အိမ်တော်ကြီး တစ်ခုမှာ ထူးထူးခြားခြား ဆူညံပွက်လောရိုက်နေတယ်ဘာကြောင့်လဲဆိုတော့ ဒေ့ဗ်ဒါးစ် ပြန်လာမယ်လို့ စာရေးလိုက်လို့.. ဒေ့ဗ်ဒါးစ် ဆိုတာ ငယ်စဉ်ကတည်းက လန်ဒန်ကို ပညာသင်လွှတ်လိုက်တဲ့ ဒီအိမ်တော်ကြီးရဲ့ သခင်လေးသားကိုတွေ့ရတော့မှာမို့ ပျော်လွန်းလို့ မျက်ရည်ကျနေတဲ့ အမေ ဘာလုပ်လို့ ဘာကိုင်ရမသိဖြစ်နေတဲ့ အစေခံတွေ "ငါ့သားလေးကို ငါအရင်တွေ့ပါရစေ အားလုံး မျက်လုံးတွေ မှိတ်ထားပေးကြပါ "============================================"နင် လန်ဒန်ကို ရောက်နေတော့ ငါ့ကို သတိရလား တစ်ခါမှ မရပါဘူးငါ့မှာတော့ အကြိမ်ပေါင်း ၂၈၅၀ လောက်စာတွေ ရေးခဲ့တယ် နင့်အတွက် ရည်စူးပြီး ထွန်းညှိထားတဲ့ ဆီမီးတိုင်က ၈၇၆၀၀ နာရီလောက်ကြာအောင် တောက်လောင်နေတာနင့်ကို သတိရတဲ့ တစ်ချိန်တော့ ရှိပါတယ်ဟာ ငါ့ အသက်တစ်ကြိမ် ရှုလိုက်တိုင်းမှာပေါ့"******************************************အမေဖြစ်သူမှာ အရင်တွေ့ချင်ပေမယ့် မြင်တွေ့ခွှင့်မရပဲ ဘေးအိမ်က ပါရိုဆီကို အပြေးသွားခဲ့လေသူ ဒေ့ဗ်သားဖြစ်သူရဲ့ ဦးစားပေးမှုကို လုယူခံလိုက်ရလို့ ပါရိုကို သမီးတစ်ယောက်လို ...
movie

Devdas (2002)

2002