Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sminu Sijo
6.3
Oshana (2024)
Oshana (2024) "အချစ်မည်၏"ဘူတာရုံပလက်ဖောင်းက ခုံတန်းလျားလေးမှာ ထိုင်ပြီးပြုံးနေတဲ့အဘိုးကြီးကိုဘာလို့ပြုံးနေပါလိမ့်ဆိုတာ သိချင်စိတ်နဲ့ ဂျွန်တစ်ယောက် မေးကြည့်တာပေါ့။အဘိုးကြီးက ဒီလိုရှင်းပြတယ်။ သူငယ်ငယ်က ကောလိပ်ကျောင်းတစ်ခုရှေ့မှာ စက်ဘီးလေးတစ်စီးနဲ့ လက်ဖက်ရည်ရောင်းခဲ့တာ။တစ်နေ့ နတ်သမီးလေးလိုလှတဲ့ ကျောင်းသူလေးတစ်ယောက် သူ့ဆိုင်မှာလာသောက်တာပေါ့။ လာသောက်တိုင်းလည်း ချစ်ခြင်းမေတ္တာအပြည့်နဲ့ သူဖျော်ပေးတဲ့ လက်ဖက်ရည်ကိုသောက်ရင်း ကျောင်းသူလေးက သူ့ချစ်ခြင်းမေတ္တာကိုခံစားသွားမိပါရောတဲ့။တစ်နေ့တော့ ကျောင်းသူလေးက သူ့ကိုချစ်လားလို့မေးသတဲ့။ တစ်နေ့လုပ်လို့ တစ်နေ့နပ်မမှန်တဲ့သူ့ဘ၀ကြောင့် လက်ဖက်ရည်ရောင်းတဲ့ကောင်လေး ဘာမှပြန်မဖြေခဲ့နိုင်ဘူးတဲ့။ ဒါပေမဲ့ အဲဒီအပြုံးလေးကို ပြန်တွေးတိုင်း ကျေနပ်တဲ့စိတ်နဲ့ သူပြုံးနေခဲ့တာပေါ့။ဒါပေမဲ့ ဒီဇာတ်လမ်းကတော့ ဂျွန်ရဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်။ တစ်ပုဒ်တော့မဟုတ်ဘူး အချစ်ဇာတ်လမ်းတွေ။ ဘယ်ရထားမှာမှ မလွဲခဲ့ဘဲ ချစ်ရတဲ့ကောင်မလေးကို ရထားပေါ်မှာတွေ့ပြီး လွဲခဲ့ရတဲ့ ဂျွန်။ ဒီရထားမှာ ဂျွန်တစ်ယောက်လွဲခဲ့ပြီး ဘယ်လောက်ထိလွဲမလဲဆိုတာ ဒီအိန္ဒိယတောင်ပိုင်းအချစ်ဇာတ်လမ်းလေးမှာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 1.6 GB / 923 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Oshana (2024)
6.4
Idiyan Chandhu (2024)
Idiyan Chandhu ( 2024 ) လက်သီးချန်ဒူဒီဇာတ်ကားကတော့ ၂၀၂၄ ခုနှစ်ထွက် အိန္ဒိယ-မာလေယာလမ်စကားပြော action thriller ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ဇာတ်ကားအကျဉ်းကတော့ - ချန်ဒူလို့ခေါ်တဲ့ ဒေါသကုမ္မာန် ကလေးငယ်တစ်ယောက်ကို ဇာတ်အိမ်ပြုရိုက်ကူးထားပါတယ်။ချန်ဒူဟာ ဘယ်နေရာမှာမဆို လက်သီးသုံးကာဖြေရှင်းတတ်တဲ့ ကလေးဆိုးတစ်ယောက်ဖြစ်တာကြောင့် တက်သမျှကျောင်းကနေ အထုတ်ခံရတဲ့ကောင်ကလေးတစ်ယောက်ပါ။သူ့အဖေ ချန်ဒရာဆိုသူကလည်း ရဲဝန်ထမ်းတစ်ဦးဖြစ်ကာ အပြစ်သားများကို လူမဆန်စွာရိုက်နှက်ခြင်း ရာထူးအာဏာကိုအလွဲသုံးစားလုပ်ကာ ပြည်သူတို့ကို အနိုင်ကျင့်တတ်ခြင်းတွေကြောင့် ရွံကြောက်ကြောက်ကာ လက်သီးချန်ဒရာလို့ အမည်ပေးထားခံရပါတယ်။ချန်ဒူတစ်ယောက်ရဲ့ ဒေါသကြီးပြီး လက်နဲ့သာဖြေရှင်းတတ်တဲ့အကျင့်ဆိုးက သူ့အဖေကြောင့်လည်းအများကြီးပါပါတယ်။သူ့အဖေဟာ သူ့အမေကို ယောက်ျားတကာကိုမြူဆွယ်နေသူဆိုပြီး စွပ်စွဲပြောဆိုကာ ပြင်းပြင်းထန်ထန် တံခါးပိတ်ရိုက်နှက်တတ်တဲ့ အိမ်တွင်းအကြမ်းဖက်သူဖြစ်နေပါတယ်။ချန်ဒူ့မှာတော့ အမေအရိုက်ခံရတာကိုလည်း မြင်ရ ၊ အိမ်နီးနားချင်းတွေက သားဖြစ်နေပြီး အမေအရိုက်ခံရတာကို ထိုင်ကြည့်နေသလားဆိုပြီး ကဲ့ရဲ့ပြစ်တင်တာကိုလည်း ခံရတဲ့အတွက် ဒေါသကြီးတဲ့လူဆိုးလေးတစ်ယောက်အဖြစ်နဲ့ ကြီးပြင်းခဲ့ရတာလည်းဖြစ်ပါတယ်။တစ်ရက်မှာတော့ သူ့အဖေ ချန်ဒရန်တစ်ယောက် ရန်ကြွေးရှိသူတစ်စုက ဝိုင်းရိုက်တာကြောင့် သေဆုံးသွားခဲ့ပါတယ်။ တာဝန်ထမ်းဆောင်နေစဉ်သေဆုံးသွားတာဖြစ်လို့ ရဲဝန်ထမ်းရာထူးဟာ ချန်ဒူအတွက် ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ချန်ဒူက အသက်လည်းမပြည့်သေး ၁၂ တန်းလည်းမအောင်သေးတာကြောင့် လုပ်ခွင့်မရပါဘူး။ ဒီနောက်မှာတော့ ချန်ဒူတစ်ယောက် လူလိမ္မာဖြစ်ပြီး ရဲဝန်ထမ်းကောင်းတစ်ယောက်ဖြစ်လာမလား..ဆိုးမြဲဆိုးဆဲဖြစ်ပြီး အဖေ့ခြေရာနင်းတဲ့ ရဲဆိုးတစ်ယောက်ဖြစ်လာမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဗျ။( အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie
Idiyan Chandhu (2024)
7.3
Gumasthan (2024)
Gumasthan 2024 (ဂူမာစ်သန်)မိန်းမကို သံတုတ်နဲ့ရိုက်လိုက်မိလို့ မိန်းမသေသွားရာကနေ အမှုဖွင့်ခံထားရတဲ့ ဂီရိ၊ သူဟာ ထောင်မကျဖို့အရေး လွတ်လမ်းရှာရင်းနဲ့ တရားဥပဒေနဲ့ပတ်သတ်ပြီးတော့ ဉာဏ်ကြီးရှင်ကြီးတစ်ပါးဖြစ်တဲ့ ပါလီပါဒန်ကို သူ့ရဲ့ ရှေ့နေကနေတစ်ဆင့် သိခဲ့ပါတယ်။ပါလီပါဒန်ဟာဆိုရင် ဥပဒေရဲ့ ယိုပေါက်တွေအားလုံးကို သူသိနေပါတယ်။ ဥပဒေကနေ လွတ်လမ်းရှာချင်သူတိုင်း သူ့ဆီလာပြီးတော့ အကြံတောင်းကြပါတယ်။ တစ်ခုထူးခြားတာကတော့ ပါလီပါဒန်ဟာ ဆူညံမှုကို မုန်းတီးတာပါပဲ။ သူ့အိမ်မှာဆိုရင် အသံကျယ်ကျယ်ပြောလို့မရသလို ဘာဆူညံမှုမှလည်း လုပ်လို့မရပါဘူး။ဂီရိဟာ ဒီအမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်နိုင်ဖို့အတွက် ပါလီပါဒန်ဆီကနေ အကြံသွားတောင်းခံခဲ့ပါတယ်။ ပါလီပါဒန် အကြံပေးတဲ့အတိုင်း လုပ်ဆောင်ခဲ့ပေမယ့် ရဲအရာရှိတွေဟာလည်း ဂီရိရဲ့ မှုခင်းဇာတ်ကြောင်း အကြောင်းကို သိသွားကြတဲ့နောက်မှာ ရဲတွေဟာလည်း ဒီအမှုကို အမှန်ဖြစ်စေနိုင်ဖို့ လုပ်ဆောင်ပါတော့တယ်။ဒီလိုနဲ့ ဂီရိကို အမှုကနေ ကွင်းလုံးကျွတ်နိုင်ဖို့ ပါလီပါဒန်ပေးတဲ့ အကြံတွေအတိုင်းလုပ်ရင်း လွတ်သွားနိုင်မလား ...... ရဲတွေဘက်ကနေပဲ အားသာပြီး ဂီရိတစ်ယောက်အမှုမှာ ရှုံးသွားမလား ....... ပါလီပါဒန်ရဲ့ နောက်ကွယ်က အကြောင်းတွေကရော ဘယ်လိုတွေ စိတ်ဝင်စားဖို့ကောင်းမလဲ..... ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie
Gumasthan (2024)
4.3
Vivekanandan Viralanu (2024)
Vivekanandan Viralanu (2024) ဗီဗက်ကန်နန်ဒန်ကျော်ကြားနေပြီ =============================ဒါရိုက်တာ Kamal ရဲ့ငါးနှစ်အကြာမှပြန် Come Back တဲ့ အသစ်စက်စက် Comedy ကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်သာမန်လူတစ်ယောက်ဖြစ်တဲ့ ဗီဗစ်ကန်နန်ဒန်တစ်ယောက် သူ့ရဲ့သာမာန်ဘဝလေးမှာပဲနေထိုင်ရင်း ရုတ်တရက်ဆိုသလို ညတွင်းချင်းပဲ အင်တာနက်ပေါ်မှာ ကျော်ကြားသွားပါတော့တယ် နာမည်ကောင်းနဲ့တော့မဟုတ်ပါဘူး နာမည်ဆိုးကြီးနဲ့ပါဒီလိုဖြစ်ရတာသူ့အပြစ်လို့မဆိုသာပေမဲ့သူ့အပြစ်လဲမကင်းပြန်ပါဘူး ဗီဗက်ကန်တစ်ယောက် ပူပူနွေးနွေးအိမ်ထောင်ကျထားခါစဖြစ်ပေမဲ့ တွေ့သမျှအချောလေးတိုင်းနဲ့ပယော်ပရည် လုပ်ချင်နေတဲ့အကျိုးဆက်လို့လဲပြောလို့ရပါတယ်ဒီကိစ္စကဘယ်လောက်ထိကြီးသွားသလဲဆိုရဲတွေပါပါဝင်လာတဲ့အထိပါပဲ ဗီဗက်ကန်တစ်ယောက် သူအစစ်အမှန်နဲ့ လူအများသိထားတဲ့သူ ဘဝနှစ်ခုကို ဘယ်လိုချိန်သားကိုက်အောင်ချိန်ညှိဖို့ကြိုးစားသွားမှာလဲ? ပြဿနာတွေကိုရောအဆုံးမှာဖြေရှင်းနိုင်ပါ့မလား? ဆိုတာ ရင်တစ်ထိပ်ထိပ်နဲ့ ဟာသနှောရင်းကြည့်ရှုရမှာပါ(အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်) File size… 1.88 GB/ 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Vivekanandan Viralanu (2024)
7.4
Vaazha: Biopic of a Billion Boys (2024)
Vaazha - Biopic of a Billion Boys(2024) "အပယ်ခံသူငယ်ချင်းများ"IMDb 7.4ပရိသတ်တို့အတွက် မလေယာလမ် coming-of-age ဟာသဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်လိုက်ပါတယ်လူတိုင်းခံစားနားလည်နိုင်မယ့် ဒီဇာတ်ကားလေးဟာဆိုရင် ရုံဝင်ငွေ ၁၀ ဆ ပြန်ရထားတာပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ပတ်ဝန်းကျင်က ဖယ်ကျဥ်ထားတဲ့ သူငယ်ချင်းငါးယောက် ကျောင်းသားလူငယ်ဘဝအခက်အခဲတွေကို ရင်ဆိုင်ရာမှာ...ကျောင်းစာလည်းမတော်သလို ကျောင်းအုပ်ရုံးခန်းကို အိမ်ဦးကြမ်းပြင်လို ထပ်ချည်တလဲ သွားနေရတဲ့ သူတို့ဘော်ဒါတွေ အချစ်ကို စတင်ထိတွေ့တာစလို့ ကျောင်းရန်ပွဲတွေအလယ်နဲ့ ...ငယ်ရွယ်စဥ်ကလေးဘဝမှသည် ကြီးကောင်ဝင်တဲ့ လူပျိုအရွယ်၊ ဒီမှတစ်ဆင့် လူလတ်ပိုင်းအထိ ပြောင်းလဲရင့်ကျက်လာပုံ၊ အချစ်၊ အလွမ်းအလီလီတို့အဆုံး တွေ့မြင်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပါ File size… 2.6 GB/ 1.13 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Vaazha: Biopic of a Billion Boys (2024)
7.9
Rahel Makan Kora (2023)
Rahel Makan Kora (2024) "ချစ်ခြင်းတရားမှာ သက်သေတည်" IMDb - 8.1/10ရင်ကိုနွေးစေမဲ့ မလေယာလမ်းစကားပြော မိသားစုဒရာမာ အိန္ဒိယရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးပါရစေ။ဂါတမီဆိုတာ ဇွဲကောင်းမှု စိတ်အားထက်သန်မှုနဲ့အတူ စိတ်ဓာတ်မာကျောတဲ့ အမျိုးသမီးလေးတစ်ယောက်။မိသားစုကြီးရဲ့တာဝန်ကို အပြည့်အ၀ယူထားပြီး အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်နေရပေမဲ့ မှန်တာကို ရဲရဲဝင့်၀င့်ထောက်ပြရဲတဲ့ အာဂသတ္တိခဲမလေး။အသားယူတတ်တဲ့ အလုပ်ရှင်တွေကို ငြိမ်ခံမနေဘဲ တုံ့ပြန်တာကြောင့် အလုပ်အမျိုးမျိုးပြောင်းလုပ်နေရတဲ့သူ။ကိုရာကတော့ မိခင်နဲ့အတူ သားမိနှစ်ယောက် အေးချမ်းတဲ့ဘ၀လေးကို ဖြတ်သန်းနေတဲ့ လူတစ်ယောက်။မိခင်ဖြစ်သူကတော့ ရပ်ကွက်ရဲ့ အော်ကြောလန် အမှန်တရားဘက်တော်သားကြီးပေါ့။မိခင်ဖြစ်သူက ဂါတမီလေးကိုတွေ့တော့ သဘောအကျကြီးကျပြီး စိတ်ထဲမှာ သားတော်မောင်နဲ့ကြိတ်ပြီး သဘောတူနေလေရဲ့။ ဒါပေမဲ့ ဂါတမီနဲ့ ကိုရာတို့မှာကလည်း အရင်ဆုံဖူးသား ဇာတ်လမ်းလေးရှိနေတဲ့အခါမှာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2GB / 902MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Rahel Makan Kora (2023)
2023
5.5
Thundu (2024)
Thundu (2024) ရဲအရာရှိဘေဘီIMDb-5.7/10ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စိတ်သဘောထားကောင်း ရိုးသားကြိုးစားပေမဲ့ လုပ်သမျှတလွဲတွေချည်းဖြစ်နေတဲ့သူတွေမြင်ဖူးကြမှာပါ သူတို့လုပ်လိုက်တိုင်း ရယ်ရခက် စိတ်ဆိုးရခက်တွေချည်းပဲ ရဲအရာရှိဘေဘီဆိုတာလည်း အဲဒီလိုလူစား။ဘေဘီက ရဲအရာရှိ ၊ သူ့ဇနီးက ကလေးတွေအိမ်ခေါ်သင်ပေးတဲ့ဆရာမ ၊ သူ့သားက ၁၁ တန်းကျောင်းသား၊ တစ်တန်းလုံးကကျောင်းသားတွေအတွက် ခိုးစာပုံစံမျိုးစုံလုပ်ပေးလို့ ဆရာမကဘေဘီ့ကိုလှမ်းတိုင်တာပေါ့ ၊ ဘေဘီကလည်း အလျင်စလိုထွက်လာရင်း စစ်ဆေးရေးဂိတ်မှာဖမ်းထားတဲ့ သုံးဘီးတက်မောင်းပြီး ယာဉ်တိုက်မှုဖြစ်။နောက်ရက်မှာ အက်ဆီးဒင့်အမှုကိုစစ်မေးပြီးအပြန် ခွေးဝင်တိုက်ပြီးလဲ သူ့နောက်ကအရာရှိလက်ကျိုးပြီး တိုက်ခံရလို့ သေသွားတဲ့ခွေးကလည်း ဗိုက်ထဲမှာကလေးရှိနေတဲ့ ရဲခွေး...။ဒီလိုအလွဲလွအချော်ချော်နဲ့ဘေဘီဟာ သူ့နောက်မှလာပြီး စာမေးပွဲတွေအောင် ရာထူးတွေတက်သွားတဲ့အငယ်တွေကြား သူလည်းရာထူးတက်ချင်လို့ စာမေးပွဲ ဝင်ဖြေဖို့လုပ်တော့တာပဲ။အသက်ကကြီးနေတဲ့ကြားက အမြဲလွဲချော်နေတဲ့ဘာဘီတစ်ယောက် သူလိုချင်တဲ့ရာထူးတိုးရသွားမလား။ဝါးလုံးကွဲ ရယ်မောရတဲ့ကားမဟုတ်ဘဲ ရိုးသားဖြူစင်တဲ့လူတစ်ယောက်ရဲ့ တလွဲတချော်လေးတွေနဲ့ ပြုံးမိစေမဲ့ ဇာတ်ကားတစ်ကားပါ။အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် File size…1.5GB / 771MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ...
movie
Thundu (2024)
2024
6.9
Voice of Sathyanathan (2023)
Voice of Sathyanathan (2023) (IMDb 7.2/10)ရယ်ရယ်မောမောနဲ့ အက်ရှင်အကွက်တွေကို ကြည့်ရှုလို့ရမယ့် ဇာတ်လမ်းကောင်းလေးကို စောင့်မျှော်နေတာဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ကြည့်လိုက်ပါနော်။မင်းသားကြီး Dileepရဲ့ ရယ်ရမလိုလို ငိုရမလိုလို သရုပ်ဆောင်ချက်တွေကိုလည်း ကြည့်ရှုခံစားနိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်ကောင်"ဆပ်သရာနာသ်"တစ်ယောက်ကတော့ ပေါက်ပန်းလေးဆယ်ပြောတတ်တဲ့တစ်ယောက်ဖြစ်ပါတယ်။ ပြောချင်တာပြောပြီးလို့ ပြဿနာတွေတတ်လာရင် ဒရာမာတွေခင်းပြီး ဖြေရှင်းလို့ရမယ်လို့ ယုံကြည်ထားတဲ့သူတစ်ယောက်။တစ်နေ့မှာတော့ အရမ်းကြီးတဲ့အမှုကိစ္စတစ်ခုမှာ မထင်မှတ်ပဲပါသွားမိရာက.... ပတ်ဝန်းကျင်က ပြဿနာတွေကို ဒရာမာအမျိုးမျိုးခင်းဖြေရှင်းလို့ရပေမဲ့ ရဲတွေနဲ့ကျရင်ရော ဒရာမာတွေခင်းခွင့်ရပါဦးမလား... ဒါ့အပြင် တွဲဖက်တွေနဲ့ ဟန်ချက်ညီညီဟာသရုပ် သရုပ်ပေါ်အောင်တစ်မျိုး thriller ပုံစံတစ်မျိုး ပေါ်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို ဇာတ်အိမ်ထဲမျောရင်းတစ်ခါတည်း ကြည့်လိုက်ကြရအောင်ပါ....ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Team မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ File size… 2GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Voice of Sathyanathan (2023)
2023
8.1
Saudi Vellakka (2022)
IMDb 8.2လူတွေဟာ အကြောက်တရားနဲ့ပတ်သက်လာရင် လုပ်မိလုပ်ရာ လုပ်တတ်ကြရင်း ရှုပ်ထွေးသွားတတ်ကြပြီး ပြဿနာတွေတစီတတန်းကြီးတတ်ခဲ့ရပုံကို ဒီဇာတ်ကားလေးက မီးမောင်းထိုးပြထားတဲ့ ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်ကားနာမည်က မာလာယလမ်ဘာသာနဲ့ ပြန်ရင် ဆော်ဒီအုန်းသီးနုတဲ့ဟုတ်ပါတယ် ဆော်ဒီအာရေဗျက အုန်းသီးနုတော့ မဟုတ်ဘူးနော်မာလာယလမ်က ဒေသတစ်ခုလေးရဲ့နာမည်ကိုပြောတာပါဒီဇာတ်ကားလေးက အမှုတစ်ခုကို အခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်ကလေးတွေဟာ ခရစ်ကတ်ကစားရင်းနဲ့ အဖွားအိုကိုထိမှန်သွားရာကနေ စပြီး ဒီအမှုဟာ ကိုးနှစ်ကြာအထိ ကြာညောင်းခဲ့ပါတယ် အမှန်တော့ သူတို့မိသားစုကို ကြည့်မရတဲ့ဘေးအိမ်က တရားလိုမိသားစုကိုမြှောက်ထိုးပင့်ကော်လုပ်ပြီးအမှုဖွင့်ခိုင်းခဲ့တာပါ ပုဒ်မကလည်း ၃၂၆ အာမခံမရတဲ့ပုဒ်မပေါ့ အဘွားအရွယ် ဆီးချို သွေးတိုးလည်းရှိတဲ့လူအတွက် လွယ်ကူမနေလေတော့.... ဆက်လက်ပြီး ဒီအမှုမှာ ဘယ်သူဟာ အမှန်တရားကို အောင်နိုင်မလဲ ဘာတွေသင်ခန်းစာရမလဲဆိုတာကိုတော့ ဆက်လက်ပြီး ဇာတ်ကားထဲမှာ ရှုစားပေးပါနော်..။ File size…1.8GB / 971MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 17m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ OeliuJ ~ Taylor ~ Yunni
movie
Saudi Vellakka (2022)
2022
6.7
Heaven (2022)
Heaven(2022) Imdb-6.7/10 ဒီဇာတ်ကားမှာတော့ အခြားဘောလိဝုဒ် လူသတ်သမားရှာဖွေတဲ့ကားတွေနဲ့မတူညီဘဲ လူသတ်သမားလူဆိုးကိုကြိုတင်ပြထားတာတွေ အရိပ်အမြွက်ပြောထားတာတွေနည်းနည်းလေးမှ မရှိတဲ့ စုံစမ်းရေးရဲအရာရှိတစ်ယောက်ရဲ့ အမှုကိုနည်းစနစ်ကျကျလိုက်လံစုံစမ်းဖော်ထုတ်ပုံကို အသေးစိတ်စိတ်ဝင်စားဖွယ်ရိုက်ပြထားတာတွေ့ရမှာဖြစ်ပါတယ်စုံစမ်းစစ်ဆေးရေးရဲအရာရှိပီတာကူရီရှင်းကယ် တနေ့မှာတောအုပ်ထဲမှာပုပ်ပွသေဆုံးနေတဲ့အလောင်းတစ်လောင်းကို ရှာတွေ့ရာကနေ အဲ့ဒီအလောင်းကနေရနိုင်သမျှသဲလွန်စတွေကိုအသုံးချပြီး လူသတ်သမားကိုလိုက်ဖို့ကြံစည်ပါတော့တယ်ရဲအရာရှိပီတာက ဖြောင့်မတ်ပြီးအလုပ်ကြိုးစားတဲ့ရဲတစ်ယောက်ဖြစ်ကာ သူ့အမေနဲ့သူ့ရဲ့မိတဆိုးသားလေးပဲရှိတဲ့မိသားစုကိုတောင် အချိန်မပေးနိုင်ဘဲ အေးတိအေးစက်ဆက်ဆံတတ်တဲ့အလုပ်ကြိုးစားသူတစ်ဦး ဖြစ်ပါတယ် ဒီကားမှာတော့ ဗီလိန်နဲ့ဇာတ်လိုက် battleဆိုင်တာတွေ Tempoအတက်အကျဖြစ်အောင် အဓိကမရိုက်ပြထားဘဲ ရဲအရာရှိတစ်ဦးရဲ့ဘဝကို ထင်ဟပ်စေမဲ့လူမှုရေးတာဝန်လစ်ဟင်းမှုတွေ ဖွင့်မပြောပေမဲ့ခံစားတတ်တဲ့ ဖခင်တစ်ဦးရဲ့မေတ္တာတွေ(စာရေးသူရဲ့ အဖေအတိုင်းပါပဲ)၊ကို ကွက်ကွက်ကွင်းကွင်း အသားပေးရိုက်ပြထားလို့ ကြည့်ရှုသင့်တဲ့ drama mystery ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…1.8GB / 861MB Quality…1080p HQ AVC AAC5.1CH / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Allena & Kham Mon & Kevin Ag & Yunni
movie
Heaven (2022)
2022
8.2
Nayattu (2021)
[Unicode]Nayattu (2021) ========== IMDb Rating - 8.2ရဲအရာရှိသုံးယောက်နဲ့ လူတစ်ယောက်က မင်္ဂလာဆောင်က အပြန်မှာ ဆိုင်ကယ်စီးလာတဲ့သူကို ကားနဲ့ဝင်တိုက်မိသွားပါတယ်။ ကားမောင်းတဲ့လူက ကားပေါ်မှာပါလာတဲ့ ရဲအရာရှိရဲ့ တူဖြစ်ပြီးတော့ သူက ကြောက်ပြီး ထွက်ပြေးသွားပါတယ်။သေဆုံးသွားတဲ့သူက ဇာတ်နိမ့်မျိုးရိုးဖြစ်တာကြောင့် ဝန်ကြီးချုပ်က တရားခံကိုဖမ်းမိဖို့ ဖိအားပေးပါတော့တယ်။ နိုင်ငံရေးအမြတ်ထုတ်ချင်တာကြောင့် ဝန်ကြီးချုပ်က အပြစ်မရှိတဲ့ ရဲအရာရှိ၃ယောက်ကို တရားခံလို့ စွပ်စွဲပြီး ဇာတ်နိမ့်လူတန်းစားတွေရဲ့ မေတ္တာကို ခံယူလိုက်ပါတယ်။ "မှန်ကန်ရိုးသားတဲ့ရဲတွေက အမြဲပြဿနာကြုံရတယ်။ မရိုးသားတဲ့ရဲတွေကတော့ ဝန်ထမ်းကောင်းဆုကို ရသေးတယ်" ဆိုတဲ့ စကားအတိုင်း လောကကြီးမှာ အမှန်တရားက တစ်ခါတရံမှာ ပေါ်ချင်မှလည်း ပေါ်လာတတ်ကြောင်း ထိထိမိမိရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mya ပါ ) Quality__Web-DL 1080p , 720p IMDb Rating__8.2/10 Format__mp4 Duration__02:04:00 Type__Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Mya Encoded by Naing Aung Latt
movie
Nayattu (2021)