Channel Myanmar

Skylar Pierce

Trust in Love (2024) 7.1
Trust in Love (2024)   ၂၀၂၄ ခုနှစ်ကထွက်ရှိပြီး IMDb rating 7.1 ရရှိထားတဲ့Trust In Love ဟာ Drama အမျိုးအစားကိုမှ ဟာသနှောရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။တစ်ချိန်ကနာမည်ကျော်တေးထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့မစ်ကီဟာ ခေတ်ရဲ့ပြောင်းလဲမှုနောက်ကိုမလိုက်နိုင်တာကြောင့်ပေါက်တဲ့သီချင်းတွေကိုမဖန်တီးနိုင်တော့ဘဲ အောင်မြင်မှုနဲ့ဝေးကွာပြီး တေးထုတ်လုပ်သူဘဝကိုစွန့်လွှတ်ရတော့မလိုဖြစ်နေခဲ့ပါတယ်။ကံဆိုးချင်တော့ အသက် ၅၀ ကျော်အရွယ်မစ်ကီနဲ့မလိုက်ဖက်လောက်အောင် လှပချောမောလွန်းတဲ့ဇနီးငယ်ငယ်လေးကလည်းသူ့မှာနောက်တစ်ယောက်ရှိနေလို့ ကွာရှင်းမယ်လို့ ဆိုလာခဲ့ပါတယ်။မိဘတွေရဲ့ကွာရှင်းမှုက ဂျန်နီဖာနဲ့ကိုဒီတို့မောင်နှမအတွက်ကြီးမားတဲ့စိတ်ဒဏ်ရာတစ်ခုဖြစ်လာပြီး အထူးသဖြင့် သားငယ်ကိုဒီဟာ ကိုယ့်အခက်အခဲတွေနဲ့ကိုယ်ဖြစ်နေတဲ့ဖခင်မစ်ကီရဲ့အကူအညီကိုလိုအပ်နေခဲ့ပါတယ်။ မစ်ကီဟာ တစ်ချိန်တည်းမှာကြုံတွေ့လာရတဲ့ဘဝရဲ့စမ်းသပ်မှုတွေကိုကျော်လွှားနိုင်ဖို့ကြိုးစားလေလေ လွဲချော်မှုတွေနဲ့တွေ့ကြုံရလေဖြစ်ပုံကို ဟာသနှောကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။  File size… (1.58 GB) / (856 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by July
movie

Trust in Love (2024)