Channel Myanmar

Skye Coyne

Murder at the Lighthouse (2025) 5.5
Murder at the Lighthouse (2025)  ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တာကတော့Murder at the lighthouse လို့ အမည်ရတဲ့Psychological Thriller အမျိုးအစားရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ် ။ဇာတ်လမ်းကတော့ နှိပ်စက်အနိုင်ကျင့်တဲ့ ခင်ပွန်းဖြစ်သူဆီကနေ ထွက်ပြေးလာတဲ့ ဂျက်စီကာဗစ်ကားစ်ကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ် ။ ခင်ပွန်းဖြစ်သူဆီကနေထွက်ပြေးလာတဲ့ ဂျက်စီကာဟာ မုန်တိုင်းထန်တဲ့ ညတစ်ညမှာ သူငယ်ချင်းဖြစ်သူ ရိုရီရဲ့ အကူအညီနဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီး ကနေဒါကို ထွက်ပြေးလာခဲ့ပါတယ် ။မုန်တိုင်းကြောင့် လှိုင်းကြီးလာတဲ့အခါ သူတို့လှေကလည်းလှိုင်းဒဏ်ကို မခံနိုင်ဘဲ မှောက်သွားရပြီးတဲ့နောက် ကံကောင်းပြီး အသက်မသေတဲ့ဂျက်စီကာဟာ ကမ်းတစ်ခုမှာ သွားတင်နေခဲ့ပါတယ် ။အဲဒီကမ်းခြေမှာ တစ်ယောက်တည်းနေတဲ့ အက်ဒလိုင်း လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်က ဂျက်စီကာကို ကယ်ထားပေးပြီး အနိုင်ကျင့်တဲ့ခင်ပွန်း လာလိုက်ရှာတာကနေပါကာကွယ်ပေးထားပေမဲ့ အဲဒီအမျိုးသမီးမှာလည်း လျှို့ဝှက်ချက်တွေရှိနေတယ်ဆိုတာကို ဂျက်စီကာ သိလိုက်ရပါတော့တယ် ။လူသူ အရောက်အပေါက်နည်းတဲ့ ကမ်းခြေမှာ တစ်ယောက်တည်း နေတဲ့ အက်ဒလိုင်းမှာ ဘာလျှို့ဝှက်ချက်တွေရှိနေတာလဲပြီးတော့ ဂျက်စီကာကရော ဘယ်လိုဆက်လုပ်မှာလဲသူ့ယောကျ်ားဆီကနေရော လွတ်အောင်ပြေးနိုင်သွားမှာလားဆိုတာကို Murder ...
movie

Murder at the Lighthouse (2025)

The Naughty List of Mr. Scrooge (2024) 5.0
The Naughty List of Mr. Scrooge (2024)   ကောလိပ်မှာကတည်းက ထူးထူးဆန်းဆန်းလက်ဆောင်လဲတမ်းဆော့ကြတဲ့ တက်ဘီတို့သူငယ်ချင်းတစ်သိုက်ဟာကျောင်းပြီးသွားပြီးတော့ ဆယ်စုနှစ်တစ်ခုနီးပါးကြာမှသူငယ်ချင်းတစ်သိုက်ပြန်ဆုံပြီး ငယ်ဘဝကအတိုင်းအချိန်ကုန်ကြဖို့စီစဉ်ကြပါတယ်။တွေ့ဆုံပွဲမှာ ကောလိပ်မှာတုန်းကအတိုင်း လျှို့ဝှက်လက်ဆောင်တွေလဲကြတဲ့အခါမှာ မထင်မှတ်ထားတဲ့လက်ဆောင်တွေရလာကြပြီး ဘယ်လိုမျိုးအဖြစ်အပျက်တွေကြုံရမလဲဆိုတာကိုကြည့်ရမယ့် Thriller ကားကောင်းလေးတစ်ကားဖြစ်လို့လက်မလွှတ်တမ်းကြည့်ကြဖို့တိုက်တွန်းလိုက်ပါရစေဗျာ....  File size… (837MB) / (425MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie

The Naughty List of Mr. Scrooge (2024)

Vanished in Yosemite (2023)
Vanished in Yosemite (2023) အခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် လျှိ့ဝှက်သည်းဖိုဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဂျနီဖာနဲ့ကတ်ထရီနာဆိုတဲ့ ညီအစ်မနှစ်ဦးဟာ Yosemite အမျိုးသားဥယျာဉ်ကို အားလပ်ရက်အလည်အပတ်ခရီးထွက်လာပါတယ်... Yosemite ဥယျာဉ်ကိုရောက်ပြီး ညရောက်တော့ သူတို့ညီအစ်မတည်းတဲ့ဟိုတယ်ရဲ့စားသောက်ဆိုင်မှာ ရစ်ခ်လို့ခေါ်တဲ့လူတစ်ယောက်နဲ့ အမှတ်မထင်ဆုံမိပါတယ်...ရစ်ခ်ကဓါတ်ပုံဆရာတစ်ယောက်ဖြစ်ပြီး ဥယျာဉ်ထဲမှာဓါတ်ပုံလိုက်ရိုက်ဖို့ ဂျနီဖာနဲ့ကတ်ထရီနာတို့ကိုဖိတ်ပါတယ်....နောက်နေ့ကျတော့ ဂျနီဖာကအစာအဆိပ်သင့်ပြီး နေမကောင်းဖြစ်နေတဲ့အတွက် ကတ်ထရီနာတစ်ယောက်ထဲ ရစ်ခ်နဲ့လိုက်သွားခဲ့ပါတယ်....နေ့လည်ပြန်ရောက်မယ်လို့ပြောခဲ့ပေမဲ့ ညနေအထိပြန်မရောက်လာတဲ့အခါ ဂျနီဖာဟာကတ်ထရီနာကိုစိတ်ပူလာပါတယ်....ဒီလိုနဲ့ဂျနီဖာဟာ ကတ်ထရီနာကိုလိုက်ရှာဖို့အတွက် ရည်းစားဟောင်းဖြစ်သူ ဝေါ်လီကိုဥယျာဉ်ကိုလိုက်လာခဲ့ဖို့ပြောပြီး ကတ်ထရီနာကိုလိုက်ရှာပါတော့တယ်....File size…(1 GB) Quality….Webrip  720p Format…mp4 Duration….01:20:00 Genre... TV Movie, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

Vanished in Yosemite (2023)

The Search for Secret Santa (2022) 5.7
The Search for Secret Santa (2022)   “လျှို့ဝှက်ဆန်တာရှာပုံတော်”ခရစ်စမတ်အားလပ်ရက်မှာ အလွတ်တန်းသတင်းထောက်မလေးဆိုဖီယာက တိုက်ခန်းတစ်ခန်းမှာငှါးနေဖြစ်ခဲ့ပါတယ်၊တနေ့ဆိုဖီယာဟာ ပစ္စည်းတွေကို စတိုခန်းထဲသွားထားရင်း အဲ့မှာ မဖောက်ရသေးတဲ့ခရစ်စမတ်လက်ဆောင်လေးကိုတွေ့လိုက်ရပါတယ်။ အက်ဘီဂေးလ်အတွက်လျှို့ဝှက်ဆန်တာကပေးထားတာလေးပါ။ဒါပေမဲ့လက်ဆောင်ကနှစ်ပေါင်းအတော်ကြာထိပိုင်ရှင်ဆီလည်းမရောက်သေးတော့သတင်းထောက်ပြီပြီစူးစမ်းရင်းဆောင်းပါးလေးပါရေးဖြစ်ပါတော့တယ်၊လက်ဆောင်ထဲမှာဘာတွေပါလဲ၊ လျို့ဝှက်ဆန်တာကဘယ်သူလဲ၊အက်ဘီဂေးလ်ဆိုတာဘယ်သူလဲ၊ ဘာလို့လက်ဆောင်ကဒီအတိုင်းရှိနေရသေးတာလဲစသဖြင့်မေးခွန်းတွေကိုအဖြေရှာသွားမှာဖြစ်ပါတယ်။ရှာပုံတော်ခရီးစဉ်ကိုပါဝင်အားဖြည့်ပေးတာတော့ရှေးဟောင်းပစ္စည်းတွေကိုစိတ်ဝင်စားတဲ့ဂျက်ဆင်ဖြစ်ပြီး နှစ်ဦးသားအဖြေရှာရင်းနှလုံးသားရေးရာအဆင့်တွေဘယ်လိုတက်သွားမလဲဆိုတာ ခရစ်စမတ်အငွေ့အသက်နဲ့ ရိုမန့်စ်ဆန်ဆန်ကြည့်ရမှာပါ။ File size…(1.6 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre...Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie

The Search for Secret Santa (2022)

Love At First Lie (2023)
Love At First Lie (2023) Right Person ကို Dating app ကနေတဆင့် ရှာနေတဲ့ ထက်မြက်တဲ့အမျိုးသမီးလေး ကိတ်ဟာဆိုရင် ဝေါ်ကာဆိုတဲ့ လူချောလူခန့်နဲ့ တွေ့ကြပါတော့တယ်။ မောင်လူချောက ပိုက်ဆံတွေသုံးပြီး ကိတ်ကို အချိုတွေကျွေးတော့ ကိတ်လည်း တစ်လအကြာမှာ သူဖွင့်ပြောတော့ ချက်ချင်းပဲလက်ခံပြီးတော့ တွဲခဲ့ကြတာပေါ့။ မောင်လူချောအကြောင်းသိထားတာဆိုလို့ ရုပ်ချော ရေလျှံတဲ့ အနုပညာပစ္စည်းကုန်သည်ဆိုတာအပြင် ဘာမှမရှိတော့ အချစ်ဆုံးသူငယ်ချင်းကလည်း သိပ်မယုံနိုင်ဖြစ်နေတော့ ကိတ်ခမျာ ချစ်သူဘက်ကကာပြီး သူ့ကို ဘယ်လောက်ထိချစ်ကြောင်းတွေပြောရတော့တာပေါ့။ တစ်နေ့တော့ ဝေါ်ကာတစ်ယောက် လူဆိုးတွေအလိုက်ခံရာကနေစပြီး သူတို့ကြားမှာ မသင်္ကာစရာတွေဖြစ်လာတော့ ဝေါ်ကာအကြောင်းစုံစမ်းရင်းကနေ ချစ်သူကောင်လေးအကြောင်းသိပြီးတော့ သူတို့တွေဘယ်လိုဆက်ပြီးနှစ်ပါးသွားကြမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Love at First Lie ဆိုတဲ့ ဒီဇာတ်ကား‌လေးက IMDb 4.9/10 ရရှိထားတာမလို့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမဲ့ ဇာတ်ကားလေးဖြစ်မှာပါခင်ဗျာ။ File size…(1.4 GB)/(620 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Drama, Tv ...
movie

Love At First Lie (2023)